backup og meta

နို့တိုက်နေစဉ် နောက်ထပ်ကိုယ်ဝန်ရနိုင်တဲ့ အကြောင်းရင်း


Dr. Thant Zin မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နို့တိုက်နေစဉ် နောက်ထပ်ကိုယ်ဝန်ရနိုင်တဲ့ အကြောင်းရင်း

    ကလေးကို နို့တိုက်နေတဲ့ကာလမှာ ဓမ္မတာ မလာတာ၊ မမှန်တာ ကြုံရတတ်ပါတယ်။ ဒီလိုအဖြစ်ကြောင့် ကလေးနို့တိုက်ကာလမှာ ကိုယ်ဝန်ဆောင်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒါပေမယ့်

    ကလေးနို့တိုက်ကာလမှာ ကိုယ်ဝန်ဆောင်နိုင်ခြင်းကို မြင့်စေမယ့် အကြောင်းတွေကတော့

    -နို့တိုက်တဲ့ အကြိမ်ရေ မပြည့်တာ

    သင့်ခန္ဓာကိုယ်က သင်နို့မတိုက်ရမှန်းသိတဲ့အခါ ပရိုလက်တင် ပမာဏဟာ ကျဆင်းပြီး ကိုယ်ဝန်ဆောင်နိုင်မယ့် အခြေအနေ မြင့်လာပါလိမ့်မယ်။ နို့ဖြတ်နေချိန်မှာ မျိုးဥကြွေခြင်းကို အနှောင့်အယှက် မဖြစ်စေဖို့ စိတ်ဖိစီးမှု မဖြစ်အောင်နေပါ။

    – အနည်းဆုံး ၆နာရီလောက် ညဘက်မဟုတ်တဲ့ အချိန်မှာ နို့တိုက်ကျွေးပြီး နို့ထွက်စေတဲ့ ဟော်မုန်းတွေထွက်ခြင်းကနေ သက်သာအောင် နေတာ

    – သင် နို့လုံးဝ မတိုက်တော့တဲ့အခါ

    – အစာများများ စားခြင်းဟာလည်း ကိုယ်ဝန်ဆောင်နိုင်စွမ်းကို မြင့်တက် စေပါတယ်။ အာဟာရဓာတ်ပြည့်ဝတဲ့ အစားအစာတွေဟာ ခန္ဓာကိုယ်က အင်ဆူလင် ပမာဏကို တက်စေပါတယ်။ အင်ဆူလင် တက်လာတဲ့အခါ မျိုးဥအိမ်ကနေ စတီးရွိုက် ထွက်လာစေပြီး အီစထရိုဂျင်ဓာတ်ကိုပါ တက်လာစေပါတယ်။ ဒီအဖြစ်အပျက်ဟာ ဟန်ချက်ညီအောင် သူ့ဖာသာသူ ထိန်းနိုင်ပါတယ်။ အင်ဆူလင် မြင့်တက်ခြင်းဟာ အဆီဆဲလ်တွေကတဆင့် အင်ဆူလင်ဓာတ် ပုံမှန်ပြန်ဖြစ်သွားအောင် တွန်းအားပေးပါတယ်။ ဒီဖြစ်စဉ်ဟာ နို့ထုတ်လုပ်ခြင်းကို ခဏတာ လွှမ်းမိုးသွားပြီး မျိုးဥကြွေခြင်းကို တိုးမြှင့်ပေးပါတယ်။

    (ဒီအချက်ကြောင့် နို့တိုက်ချိန်မှာ အစာလျှော့စားစရာ မလိုပါဘူး။ အမေအာဟာရပြည့်မှ အမေနို့စို့တဲ့ ကလေး အာဟာရပြည့်မှာပါ။ ကလေးမလိုချင်ရင် တခြားနည်းတွေနဲ့ တားထားလို့ရပါတယ်။)

    နို့တိုက်နေတုန်း ကိုယ်ဝန်ရလာခဲ့ရင် စောင့်ရှောက်နိုင်ဖို့

    – မိဘဆီက ဗီတာမင်ဓာတ်တွေဟာ ကြီးထွားလာမယ့် ကလေးအတွက် အားဖြစ်စေပြီး နို့ထုတ်လုပ်မှုအတွက်လည်း အဆင်သင့်ဖြစ်စေပါတယ်။ ကလေးမှာ ချို့ယွင်းချက်မဖြစ်အောင် သင့်ခန္ဓာကိုယ်ဟာ တစ်နေ့ကို ဖောလစ်အက်ဆစ် ၈၀၀ မိုက္ကရိုဂရမ် လိုအပ်ပါတယ်။

    – ရေဓာတ်ရရှိမှုဟာ ကျန်းမာရေးအတွက် အရေးကြီးပါတယ်။ နို့တိုက်ကာလမှာ ကိုယ်ဝန်ဆောင်ချင်သူ အမျိုးသမီးတစ်ဦးဟာ နို့ကောင်းကောင်းထုတ်လုပ်နိုင်ဖို့ အနည်းဆုံး ၂-၃ လီတာခန့် လိုအပ်ပြီး ကလေးငယ်အတွက် ကောင်းမွန်တဲ့ အခြေအနေဖန်တီးပေးဖို့ ၃-၄ လီတာခန့် လိုအပ်ပါတယ်။

    – ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်မှုပုံစံဟာ ကိုယ်ဝန်စတင်ရချိန်သာမက နောင်ကိုယ်ဝန်ဆောင် ကာလတလျှောက်အတွက် အရေးကြီးလှပါတယ်။ မျှတတဲ့ စားသောက်မှု၊ သင့်တော်တဲ့ လေ့ကျင့်ခန်း၊ စိတ်ဖိစီးမှုကင်းတဲ့ ဘ၀ စတာတွေဟာ သင့်ကိုယ်ဝန်ကို ပိုပြီး သက်သောင့်သက်သာဖြစ်စေပါတယ်။

    ကိုယ်ဝန်ဆောင်စဉ် နို့တိုက်ခြင်းဟာ ဘေးကင်းသလား

    အမျိုးသမီးများဟာ နို့တိုက်ခြင်းကြောင့် သားအိမ်ကျုံ့ဆန့်မှု ဖြစ်တဲ့အတွက် ကိုယ်ဝန်ဆောင်ခြင်း အတွက် စိုးရိမ်မှုရှိကြပါတယ်။ ဒါပေမယ့် ကျန်းမာရေး ကောင်းမွန်တဲ့ ကိုယ်ဝန်ဆောင်တွေမှာ ပြသနာ မရှိပါဘူး။ လမစေ့မီမွေးခြင်း မဖြစ်နိုင်ပါဘူး။ နို့တိုက်စဉ်မှာ ထုတ်လုပ်တဲ့ အောက်ဆီတိုစင် ဟော်မုန်းကြောင့် သားအိမ်လှုပ်ရှားခြင်း ဖြစ်ပါတယ်။ ဒါကြောင့် နို့တိုက်နေစဉ် သားအိမ်လှုပ်ရှားမှုများဟာ ကိုယ်ဝန်ပျက်ခြင်း၊ လမစေ့မီ မွေးစေခြင်း စတာတွေ ဖြစ်ရလောက်အောင် ဆိုးရွားခြင်း မရှိပါဘူး။ ဟော်မုန်းပမာဏ အနည်းငယ် နို့ထဲပါသွားနိုင်ပေမယ့် ကလေးအတွက် အန္တရာယ်မရှိပါဘူး။

    ကိုယ်ဝန်ဆောင်စဉ် နို့တိုက်ခြင်းဟာ အန္တရာယ် မရှိပေမယ့် နို့ဖြတ်သင့်တဲ့ အခြေအနေတွေ ရှိပါတယ်။ အဲဒါတွေကတော့

    – ကိုယ်ဝန်ဟာ ပျက်နိုင်ခြေ၊ လမစေ့ဘဲ မွေးနိုင်ခြေ များနေသောအခါ

    – အမြွှာကိုယ်ဝန်ရှိသောအခါ

    – ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်ရန် လိုအပ်သောအခါ

    – မိန်းမကိုယ်မှ သွေးထွက်ခြင်း၊ သားအိမ်အောင့်ခြင်း ရှိသောအခါ စတာတွေ ဖြစ်ပါတယ်။

    ဒီအခြေအနေတွေရှိနေရင် ဆရာဝန်နဲ့တိုင်ပင်ပြီး နို့ဖြတ်ခြင်းဟာ သင့်အတွက်၊ နို့တိုက်နေတဲ့ ကလေးအတွက်၊ နောင်မွေးလာမယ့်ကလေးအတွက် အကျိုးရှိမရှိ ဆုံးဖြတ်ရပါလိမ့်မယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement