ခွဲမွေးပြီး ကိုယ်ဝန်နောက်တစ်ကြိမ်ရဖို့ ဘယ်လောက်ကြာအောင် စောင့်ရမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇန်နဝါရီ 25, 2021 . 2 mins read
Share now

ကလေးမွေးဖွားရာမှာ အများဆုံးသုံးတဲ့ နည်းလမ်းကတော့ ခွဲမွေးတာပါပဲ။ ဒီနည်းလမ်းဟာ ကလေးမွေးတဲ့အချိန်မှာ မိခင်ရဲ့ ဝမ်းဗိုက်နဲ့ သားအိမ်ကို အပေါက်သေးသေးလေး ခွဲပြီး ကလေးကို ထုတ်တာပါ။

ဒီလိုခွဲမွေးတာမျိုးဟာ သဘာဝမွေးဖွားမယ့်အချိန်ထက် ပိုစောမွေးလို့ရပေမယ့် တကယ်လို့ မိခင်မှာ အန္တရာယ်များနေတဲ့အခြေအနေတွေရှိနေတယ်ဆိုရင်လည်း မိခင်နဲ့ ကလေးကို အန္တရာယ်ကင်းစေဖို့အတွက်လည်း ခွဲမွေးနိုင်ပါတယ်။

နောက်တစ်ကြိမ် ကိုယ်ဝန်ရနိုင်ဖို့ ဘယ်လောက်စောင့်ရမလဲ။

ဒါကတော့ သင့်ရဲ့ အခြေအနေပေါ်မှာမူတည်ပြီး စောင့်ဆိုင်းရတဲ့အချိန်ဟာ ၆လမှ ၂နှစ်ထိရှိနိုင်ပါတယ်။ ဒါဟာ သဘာဝအတိုင်းမွေးဖွားထားတဲ့ မိခင်တွေစောင့်ဆိုင်းရတဲ့ အချိန်ကာလနဲ့ အတူတူပါပဲ။

အန္တရာယ်အကင်းဆုံးကတော့ သင့်ခန္ဓာကိုယ်က ပြောင်းလဲမှုတွေနဲ့ အသားကျတဲ့အချိန်ထိ တတ်နိုင်သမျှ ကြာကြာစောင့်ဆိုင်းတာပါပဲ။ ဒါပေမဲ့ လူတိုင်းရဲ့ အခြေအနေက တူညီကြတာမဟုတ်ပါဘူး။ အကောင်းဆုံး အကြံဉာဏ်ကို ရယူနိုင်ဖို့ အတွက်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

ဒီအချိန်အတွင်းမှာ သင့်ခန္ဓာကိုယ်က သူ့အလိုလိုပျောက်ကင်းဖို့ ကုသနေမှာဖြစ်ပြီး ဆုံးရှုံးသွားတဲ့ အာဟာရတွေကို ပြန်လည်ဖြည့်တင်းနေတဲ့အပြင် သင့်ကလေးအတွက်လည်း နို့ရည်တွေ ထုတ်ပေးနေရပါသေးတယ်။

ဒီလို အလုပ်တွေ အများကြီး ဆောင်ရွက်ရခြင်းဟာ သင့်ခန္ဓာကိုယ်ကို ဝန်ပိစေတဲ့အတွက် နောက်ကလေးတစ်ယောက်ကို ဆက်ယူခြင်းက သင့်ခန္ဓာကိုယ်ကို ထိခိုက်ပျက်စီးစေတဲ့အပြင် ကလေးအတွက်လည်း အန္တရာယ်မကင်းလှပါဘူး။

ဥပမာ- ကိုယ်ဝန်ဆောင်စဉ်တုန်းက ကလေးနဲ့ အချင်းကို ပို့ထားပေးရတဲ့ သံဓာတ်တွေနဲ့ သွေးတွေ ဆုံးရှုံးထားတာကြောင့် ကလေးမွေးပြီးချိန်မှာ သွေးအားနည်းရောဂါတွေ ဖြစ်နေနိုင်ပါတယ်။

ခွဲမွေးတဲ့အမျိုးသမီးတွေကတော့ ရိုးရိုးမွေးတာနဲ့စာရင် သွေးကို ၂ဆဆုံးရှုံးထားရတာပါ။

ကလေးမွေးပြီးတဲ့နောက် ဘာတွေကို ပြင်ဆင်မျှော်လင့်ထားရမလဲ

မွေးပြီးချိန်မှာတော့ သင်ဟာ ပင်ပန်းပြီး နာကျင်နေနိုင်ပါတယ်။ ခါးနာတာမျိုးကို မပြောနဲ့။ နာကျင်နေတဲ့ နို့သီးခေါင်းတွေနဲ့ Perineum (စအိုနဲ့ မိန်းမကိုယ်ကြားနေရာ) တွေမှာ နာကျင်နေတာဟာ ရက်သတ္တပတ်အနည်းငယ်တော့ ကြာမြင့်ဦးမှာပါ။

ကလေးတစ်ယောက်မွေးဖွားခြင်းဟာလည်း သင့်မိသားစုအပေါ်မှာ ဖိစီးမှုအနည်းနဲ့အများဖြစ်စေပြီး မိခင်ဘဝကို အသစ်စဖို့အတွက် သင်ချင့်ချိန်ရမှာတွေ ရှိနေပါသေးတယ်။ ဒီလို ဖိစီးမှုတွေပေးတဲ့ ကိစ္စအားလုံးကြောင့်လည်း သင်ခါတိုင်းလို နေ့စဉ်ဘဝကို ရရှိနိုင်ဦးမှာ မဟုတ်ပါဘူး။

တကယ်လို့ ချက်ချင်းကြီး နောက်ထပ် ကလေးတစ်ယောက်ယူမယ်ဆိုရင် သားအိမ်ကွဲခြင်း ဒါမှမဟုတ် အချိန်မတိုင်မီမွေးခြင်း ဒါမှမဟုတ် အလေးချိန်မပြည့်တဲ့ကလေးမွေးခြင်း စတဲ့ ကိုယ်ဝန်ပြဿနာတွေကို ရင်ဆိုင်ရနိုင်ပါတယ်။

ခန္ဓာကိုယ်အနားရဖို့အတွက်နဲ့ သူ့အလိုလို ကုသပျောက်ကင်းနိုင်ဖို့အတွက် အချိန်တစ်ခုပေးထားပါ။ သင်ကိုယ်တိုင်လည်း အနားယူချိန်များများယူခြင်းအားဖြင့် ကလေးကိုလည်း ပိုပြီးဂရုစိုက်နိုင်မယ့်အပြင် နောက်တစ်ယောက်အတွက်လည်း ပိုပြီးကောင်းမွန်တဲ့ အခြေအနေတစ်ခုကို ဖန်တီးပေးနိုင်မှာပါ။

တကယ်လို့ မွေးဖွားပြီး ၁၈လမတိုင်ခင်မှာပဲ နောက်တစ်ကြိမ်ကိုယ်ဝန်ရခဲ့မယ်ဆိုရင်လည်း သိပ်စိတ်မပူပါနဲ့။ အချို့သောအမျိုးသမီးတွေ အထူးသဖြင့် ၃၅နောက်ပိုင်းအမျိုးသမ်းတွေမှာတော့ ချက်ချင်းကလေးထပ်ယူတာက ကိုယ်ဝန်ပြဿနာတွေကို ပိုနည်းစေတယ်လို့လည်း ဆိုကြပါတယ်။

ဒါကြောင့် နောက်တစ်ကြိမ် ကိုယ်ဝန်ထပ်ယူဖို့ ဘယ်အချိန်က အကောင်းဆုံးဖြစ်မလဲဆိုတာဟာ တစ်ယောက်ချင်းစီအပေါ်မူတည်ပါတယ်။ ဒါကြောင့် သင့်ရဲ့ လိုအပ်ချက်တွေနဲ့ အခြေအနေတွေကို ဆရာဝန်နဲ့ ပြောပြတိုင်ပင်တာက အကောင်းဆုံးအဖြေဖြစ်ပါလိမ့်မယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် Skin Care လုပ်သင့်လား

ဒီပြဿနာက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ မကြာခဏ မေးတတ်ကြတဲ့ ကိစ္စတစ်ခုပါ။ များသောအားဖြင့် ...

ရေးသားသူ Ye Myo Myat
အရေပြားကျန်းမာရေး, အလှအပ နိုဝင်ဘာ 30, 2020 . 3 mins read

အမျိုးသားများ ရင်သား နို့ထွက်နိုင်သလား…

အမျိုးသား ရင်သား နို့ထွက် နို့တိုက် အမျိုးသမီး ဆီးကျိတ် သားအိမ် ကိုယ်ဝန်ဆောင် ဟော်မုန်း ပရိုလက်တင် အသည်း အာဟာရ သိုင်းရွိုက်ဟော်မုန်း ကလေး နို့သီးခေါင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

ကိုယ်ဝန်ဆောင်မေမေနဲ့ သင့်တော်မယ့် လေ့ကျင့်ခန်းများ

ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရနိုင်တဲ့ နာကျင်ကိုက်ခဲမှုတွေကို သက်သာစေမယ့် နည်းလမ်းကောင်း တစ်ရပ်ကတော့ လေ့ကျင့်ခန်း လုပ်တာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကျွန်မဖျောက်ဖျက်ပစ်ခဲ့တဲ့ မိဘအမွေ

ဒီရောဂါနဲ့ အသက်ရှင်ဖို့ဆိုတာက လွယ်တာတော့ မဟုတ်ပါဘူး။ လူကောင်းလို ဟန်မပျက် သွားလာလှုပ်ရှားနိုင်ပေမယ့် စိတ်ထင့်ရတဲ့ အချိန်တွေ ရှိခဲ့တယ်ဆိုတာ မငြင်းနိုင်ပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု ဆိုတာ

ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု ဆိုတာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 2, 2021 . 3 mins read
ကိုယ်ဝန်လအလိုက် ကြုံရနိုင်တဲ့ ကျန်းမာရေး ပြဿနာများ

ကိုယ်ဝန်လအလိုက် ကြုံရနိုင်တဲ့ ကျန်းမာရေး ပြဿနာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 22, 2021 . 3 mins read
အာထွာဆောင်းဂျူးဒိတ်နဲ့ ရာသီရက် ဂျူးဒိတ်နဲ့ ကွာနေရင် ဘယ်ဒိတ်ကို ယူရမလဲ။

အာထွာဆောင်းဂျူးဒိတ်နဲ့ ရာသီရက် ဂျူးဒိတ်နဲ့ ကွာနေရင် ဘယ်ဒိတ်ကို ယူရမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 7, 2020 . 3 mins read

ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တဲ့ တင်းတိပ်ပြဿနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 30, 2020 . 2 mins read