ကိုယ်ဝန်အတွက် အူတိုင်ကြွက်သားများ သန်မာစေခြင်း

    ကိုယ်ဝန်အတွက် အူတိုင်ကြွက်သားများ သန်မာစေခြင်း

    လူသားမျိုးနွယ်၌ ကိုယ်ဝန်ဆောင်ခြင်းဆိုသည်မှာ သဘာဝဖြစ်စဉ်ဖြစ်သော်လည်း ကလေးငယ်အား လောကထဲသို့ခေါ်ဆောင်ရာတွင် ပြင်ဆင်မှုများစွာ လိုအပ်ပါသည်။ ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ယောက်အတွက် ဗီတာမင်များသောက်သုံးရန်၊ ကောင်းကောင်းစားရန် အနာများများယူရန် လိုအပ်ကြောင်း ကျွန်တော်တို့အားလုံး သိထားပြီးသားပင်။ သို့သော် အူတိုင်ကြွက်သားများ၏အရေးပါပုံကိုတော့ ဘယ်သူမှသတိမပြုမိကြပါ။ အောက်တွင် အူတိုင်ကြွက်သားများ အရေးပါပုံနှင့် သန်မာစေမည့်နည်းများကို ဖော်ပြထားပါသည်။

    အူတိုင်ကြွက်သားဆိုတာဘာလဲ။

    အူတိုင်ကြွက်သားများဆိုသည်မှာ ဗိုက်၏နက်ရှိုင်းသောနေရာများမှ ကြွက်သားများကိုဆိုလိုပါသည်။ ၎င်းတို့သည် ခန္ဓါကိုယ်အလယ်ပိုင်းအား ကိုယ်ကြပ်အတွင်းခံအင်္ကျီသဖွယ် ဆောင်ရွက်ပေး၏။ နောက်ကျောရှိ ကြွက်သားငယ်များလည်း ၎င်းအုပ်စုတွင်ပါဝင်ပါသည်။ ဗိုက်ကြွက်သားများကို သန်မာစေခြင်းသည် သင့်ခါးရိုးအား ထောက်ကန်ပေးထားသည့်ကြွက်သားများကို သန်မာစေခြင်းပင်ဖြစ်သည်။ တင်ပဆုံမှကြွက်သားများကိုလည်း အူတိုင်အဖြစ် ယူဆနိုင်၏။ တင်ပဆုံကြွက်သားများသန်မာလျှင် မွေးဖွားပြီးနောက် ဆီးမလုံသည့်ပြဿနာ မဖြစ်စေပါ။

    အူတိုင်ကြွက်သားများသန်မာအောင် ဘာကြောင့်လုပ်ရသလဲ။

    အူတိုင်ကြွက်သားများသန်မာပါက နောက်ကျောအောင့်မှု နည်းပါးခြင်း၊ လွယ်လွယ်ကူကူဖွားနိုင်ခြင်း၊ မြန်မြန်သက်သာစေခြင်း စသည့်ကျေးဇူးများ ရရှိနိုင်ပါသည်။ မီးဖွားချိန်တိုခြင်းနှင့် တစ်ကိုယ်ရေကျန်းမာမှုဆက်စပ်ကြောင်း သုတေသနများ၌ တွေ့ရ၏။ လူအများစုက ဗိုက်ကြွက်သားများသန်မာခြင်းသည် ကိုယ်ဝန်ရနိုင်သော အခွင်းအရေးပိုကြောင်း ပျက်ကျနိုင်ချေနည်းကြောင်း ယုံကြည်ထားကြသည်။ ထိုယုံချက်အား ထောက်ခံပေမည့် သိပ္ပံဆိုင်ရာသက်သေမျိုးတော့ မရှိသေးပါ။

    သင့်အူတိုင်ကြွက်သားများကို သန်မာအောင် ဘယ်လိုလုပ်မလဲ။

    အခုဆို အူတိုင်ကြွက်သားများသန်မာရခြင်း၏ အကျိုးကို သင်သိသွားပါပြီ။ သန်မာစေမည့် လေ့ကျင့်ခန်းများကို လိုက်လုပ်ကြည့်ပါ။

    ကြမ်းပြင်တွေ ပက်လက်အနေအထားအတိုင်း ခြေဆင်းကာ တင်ပဆုံအကျယ်အတိုင်းကားလျက် လှဲလိုက်ပါ။ လက်များကိုလည်း ဘေးကပ်ထားပြီး လက်ဖဝါးများမှောက်လျက်ထားကာ ကြမ်းပြင်ကို အနည်းငယ်ဖိထားပါ။

    အသက်ပြင်းပြင်းရှုလိုက်ပြီး တင်ပါးများကို ငြိမ်နေအောင်ထားရင်း မှုတ်ထုတ်ပေးပါ။ ၉၀ ဒီဂရီထောင့်ပုံစံရောက်သည်အထိ ညာဒူးကို ကွေးပါ။ အသက်ရှုသွင်းပါ။ ဘယ်ဖက်ဒူးကိုလည်း ညာနှင့်ညီသည်အထိကွေးရင်း အသက်ရှုထုတ်လိုက်ပါ။ သင့်ပုံစံသည် ထိုင်ခံတစ်ခုတွင် ထိုင်နေသည့်ပုံ ပေါက်နေပါလိမ့်မည်။

    အသက်ရှုသွင်းရင်း ညာဒူးကို ဖြည်းဖြည်းချင်း ပြန်ချပါ။ ဗိုက်မှကြွက်သားများကို သုံးရပါမည်။ ကြမ်းပြင်နှင့်ခြေထောက်ထိသည်နှင့် အသက်ရှုထုတ်ပါ။ ဘယ်ဖက်ကိုလည်း ထိုအတိုင်းလုပ်ပါ။

    ထိုလေ့ကျင့်ခန်းအား တစ်ရက်နှစ်ကြိမ်လုပ်သင့်ပါသည်။

    အထိုင်များသောသူဆိုပါက ထိုလေ့ကျင့်ခန်းစလုပ်ခါစတွင် ခက်ခဲပါလိမ့်မည်။ စိတ်မပူပါနှင့်။ လုပ်ရင်း အဆင်ပြေသွားပါလိမ့်မည်။ အဓိကကြွက်သားအုပ်စုနှစ်ခုဖြစ်သော တင်ပဆုံးကြမ်းပြင်ကြွက်သားများနှင့် ဗိုက်ကြွက်သားများ တစ်နည်း အူတိုင်ကြွက်သားများကို အာရုံစိုက်ထားရန် မမေ့ပါနှင့်။ ထိုကြွက်သားများမှ သင့်ကိုယ်ဝန်ဆောင်စဉ် အထောက်အပံ့ပေးနေမည်ဖြစ်သည်။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement
    advertisement
    advertisement
    advertisement