သားအိမ်ပြင်ပသန္ဓေတည် ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 25, 2020 . 2 mins read
Share now

ကိုယ်ဝန်ရှိဖို့ဆိုရင် အရင်ဆုံးမျိုးအောင်ပြီး သန္ဓေတည်ရပါတယ်။ မမျိုးဥလေးနဲ့ သုက်ကောင်လေးက သားဥပြွန်မှာဆုံတွေ့မယ်။ မျိုးအောင်မယ်။ သန္ဓေသားလေးဖြစ်မယ်။ အဲ့ဒီသန္ဓေသားလေးက သားဥပြွန်ကနေပြန်ဆင်းလာပြီး သူ့အတွက် ကျယ်ကျယ်ဝန်းဝန်းရှိတဲ့ သားအိမ်နံရံမှာ ပြန်လာတွယ်မယ်။ ဒါကပုံမှန်ကိုယ်ဝန်ဆောင်တဲ့ပုံစံပါ။ တချို့တွေကတော့ ထူးထူးခြားခြား သန္ဓေအောင်ပြီးခါမှ သန္ဓေတည်ခါနီးကျရင် သားအိမ်ကိုဆင်းမလာဘဲ သားဥပြွန်မှာ သန္ဓေတည်လိုက်ပါတယ်။ တချို့ကျတော့လည်း သားဥအိမ်၊ သားအိမ်ခေါင်း၊ ဝမ်းဗိုက်ထဲထိသန္ဓေတည်တတ်ပါတယ်။ ဒါကြောင့် အလွယ်ပြောရင် သားအိမ်ကလွဲပြီး တခြားနေရာမှာ သန္ဓေတည်ရင် သားအိမ်ပြင်ပသန္ဓေတည် တယ်လို့ ခေါ်ပါတယ်။

ဘာကြောင့်ဖြစ်ရတာလဲ။

သားအိမ်ပြင်ပသန္ဓေတည် တဲ့ထဲမှာ သားဥပြွန်မှာသန္ဓေတည်တာအများဆုံးပါ။ ၉၀ရာခိုင်နှုန်းလောက်ရှိပါတယ်။ သားဥပြွန်ကနေ သားအိမ်ကိုဆင်းလာတဲ့လမ်းမှာ ကြာနေတာကြောင့် သားဥပြွန်မှာ သန္ဓေတည်လိုက်တာပါ။ သားဥပြွန်မှာ ချို့ယွင်းချက်တစ်ခုခုရှိနေရင် သန္ဓေတည်ဖို့ အောက်ကိုဆင်းမလာနိုင်ဘဲ လမ်းမှာတန့်နေမှာပါ။ ဥပမာပြောရရင်

ဘယ်သူတွေပိုဖြစ်နိုင်လဲ။

  • အသက်၃၅ကျော်မှကိုယ်ဝန်ဆောင်တဲ့ အမေတွေ
  • မိန်းမကိုယ်အတွင်းပိုင်း ခွဲစိတ်မှုလုပ်ထားတဲ့သူတွေ၊ ဗိုက်ခွဲဖူးတဲ့သူတွေ၊ ခဏခဏကိုယ်ဝန်ပျက်ကျတတ်တဲ့သူတွေ
  • မိန်းမကိုယ်အတွင်းပိုင်းပိုးဝင်ပြီးရောင်ရမ်းဖူးသူတွေ
  • ​သားအိမ်တစ်ရှူးနေရာမှားရှိသူတွေ (endometriosis)
  • သားကြောဖြတ်ထားပြီး (tubal ligation) သို့မဟုတ် သားအိမ်ထဲပစ္စည်းထည့်ပြီး ကိုယ်ဝန်တားထားလျက်နဲ့ ကိုယ်ဝန်ရသွားသူတွေ
  • သားဥကြွေဆေးတွေသုံးပြီး သန္ဓေအောင်အောင်လုပ်ထားသူတွေ
  • ဆေးလိပ်သောက်တဲ့သူတွေ
  • အရင်က သားအိမ်ပြင်ပသန္ဓေတည်ဖူးသူတွေ
  • ​ဆီးပူညောင်းကျ သို့မဟုတ် ကလိုင်မိုင်းဒီးယား စသဖြင့် လိင်ကတစ်ဆင့်ကူးစက်တဲ့ရောဂါဖြစ်ဖူးသူတွေ
  • သားဥပြွန်ပုံပျက်နေတဲ့သူတွေမှာဖြစ်နိုင်ချေများပါတယ်။

ဘာလက္ခဏာပြမှာလဲ။

တချို့ဆိုရင်သိတောင်မသိလိုက်ပါဘူး။ တချို့ကျတော့လည်း ကိုယ်ဝန်ရှိသလိုမျိုး ရာသီထိန်တာ၊ပျို့တာ၊ ရင်သားနာတာစသဖြင့်ခံစားရပါတယ်။ ဆီးစစ်ကြည့်တော့လည်း ၂ကြောင်းပေါ်ပါတယ်။ နေရာလွဲတာကလွဲရင် သာမန်ကိုယ်ဝန်ဆောင်တွေနဲ့တူတူပါပဲ။ ဒီသန္ဓေသားလေးကြီးလာလေလေလက္ခဏာတွေပိုပေါ်လေလေပါပဲ။ အရင်ဆုံး လက္ခဏာကတော့ မိန်းမကိုယ်အတွင်းပိုင်းကအောင့်တာပါ။ သွေးလည်းနည်းနည်းဆင်းပါမယ်။ သားဥပြွန်ကနေ သွေးထွက်လာလေလေ ဗိုက်အောင့်လေပါပဲ။ ဝမ်းသွားချင်သလိုလို နေမထိထိုင်မသာဖြစ်နေပါမယ်။ ဒီထက်ပိုများလာရင်တော့ သွေးတွေ ဝမ်းခေါင်းထဲထိရောက်လာပြီး ပုခုံးနာတတ်ပါတယ်။ သန္ဓေသားလေးဒီထက်ပိုကြီးလာရင်တော့ သားဥပြွန်ပေါက်ထွက်သွားပြီး အသက်အန္တရာယ်ရှိပါတယ်။ ဒါကြောင့်

  • ကိုယ်ဝန်ရှိချိန်မှာ ဗိုက်တော်တော်အောင့်နေတယ်
  • သွေးဆင်းလည်းများလာတယ်
  • ခေါင်းတွေမူးပြီး တစ်ချက်တစ်ချက်မိုက်ခနဲဖြစ်သွားတယ်ဆိုရင် ဆေးရုံကိုမြန်မြန်သွားပါ။ ဒါက သားဥပြွန်ပေါက်ပြီး သွေးလွန်တဲ့လက္ခဏာပါ။

ဒါကြောင့် သားအိမ်ပြင်ပသန္ဓေတည်တာရှိရင် အမြန်ဆုံးကုသပါ။ အချိန်ကြာလာလေလေ သားဥပြွန်ပေါက်နိုင်လေလေ သွေးထွက်လွန်ပြီး အသက်အန္တရာယ်ရှိလေလေပါ။

ကုသနည်းများ

သွေးထွက်တာလည်းနည်းတယ်။ လောလောဆယ်အန္တရာယ်မရှိဘူးလို့ယူဆရင် ဆေးထိုးလို့ရပါတယ်။ ခွဲစိတ်လို့ရပါတယ်။ သွေးဆင်းများတယ်ဆိုရင်တော့ အရေးပေါ်ခွဲစိတ်တာမျိုးလုပ်ရမှာပါ။

ကာကွယ်နည်းများ

ကာကွယ်လို့ရတဲ့နည်းလမ်းတော့မရှိပါဘူး။ ဖြစ်နိုင်ချေနည်းချင်ရင်တော့

  • လိင်ဆက်ဆံဖော်နည်းပါစေ။
  • လိင်ကတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါတွေမဖြစ်အောင် အတူနေရင်ကွန်ဒုံးသုံးပါ။
  • ဆေးလိပ်မသောက်ပါနဲ့။ သောက်တတ်ရင် ကိုယ်ဝန်မယူခင်ကြိုဖြတ်ထားပါ။

သားအိမ်ပြင်ပသန္ဓေတည်ပြီးရင် နောက်တစ်ခါကိုယ်ဝန်ယူဖို့ အခက်အခဲရှိသွားပါပြီ။ သားဥပြွန်ခွဲထုတ်လိုက်ရရင်ပိုဆိုးပါတယ်။ ခွဲစိတ်ပြီးရင်လည်း အနည်းဆုံး၃လလောက် ပြန်စောင့်ပြီးမှ ကိုယ်ဝန်ပြန်ဆောင်သင့်ပါတယ်။ တစ်ခါဖြစ်ဖူးရင် နောက်တစ်ခါထပ်ဖြစ်နိုင်တာကြောင့် သားအိမ်ပြင်ပသန္ဓေတည်ခြင်းရဲ့ လက္ခဏာတွေကို စောစောသတိထားမိဖို့ လိုပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အမျိုးသမီးများ သားကြောဖြတ် ခြင်း

သားကြောဖြတ် သားဆက်ခြားနည်း သားဥပြွန်ကိုချည်လိုက် ကလေးမယူ ဗိုက်ခွဲပြီးကလေးမွေး အမျိုးသမီးရောဂါ မျိုးရိုးဗီဇဆိုင်ရာချို့ယွင်းမှု လိင်ဆက်ဆံ ကလေးမရနိုင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

အသက်က ငယ်ငယ် ဆံပင်ဖြူ လေးနဲ့ရယ်

ဆံပင်ဖြူ ဆံပင် အသက်အရွယ် လူငယ် အရွယ်မတိုင်မီ ဆံပင် ဆံသား အကြောင်းရင်း စားသောက်ပုံ အာဟာရ မျိုးဗီဇ ဆေးလိပ် သန့်ရှင်းမှု သွေးဆုံးချိန် သိုင်းရွိုက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

ဘယ်ကျော် လေးတို့အကြောင်း

ဘယ်ကျော် ဘယ်သန် ညာသန် မျိုးဗီဇ တက်စတိုစတီရုန်း သန္ဓေသားဖွံ့ဖြိုးမှု အတုယူ ဦးနှောက်ထိခိုက် ဦးနှောက်လွှမ်းမိုးမှု ဟော်မုန်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

သွေးဆုံးခြင်းဖြစ်စဉ်ဟာ သဘာဝပါ

အမျိုးသမီး သွေးဆုံးပြီ သွေးဆုံးကိုင်ဝေဒနာ ခေါင်းကိုက်ခြင်း သားဥအိမ် မိန်းမကိုယ် ရာသီလာ သားဥပြွန် မမျိုးဥ နှလုံး သွေးကြောကျဉ်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

သင့်အတွက် ရွေးချယ်ထားသည်

ဘာလို့ ရာသီသွေးတွေ အများကြီးဆင်းနေရတာလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 16, 2020 . 2 mins read
မိန်းမကိုယ်ဂလင်း ရောင်ရမ်းခြင်း

မိန်းမကိုယ်ဂလင်း ရောင်ရမ်းခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 13, 2020 . 2 mins read
ကိုယ့်မျက်နှာမှာမှ ဝက်ခြံ ဘာလို့ မပြတ်ရတာလဲ

ကိုယ့်မျက်နှာမှာမှ ဝက်ခြံ ဘာလို့ မပြတ်ရတာလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 22, 2020 . 3 mins read
ကိုယ်ဝန်ဆောင်တွေကို ဒီအိမ်အလုပ်တွေ ပေးမလုပ်ပါနဲ့။

ကိုယ်ဝန်ဆောင်တွေကို ဒီအိမ်အလုပ်တွေ ပေးမလုပ်ပါနဲ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 10, 2020 . 2 mins read