စပျစ်သီးကိုယ်ဝန် (Molar pregnancy)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date အောက်တိုဘာ 21, 2020 . 2 mins read
Share now

တချို့အမျိုးသမီးတွေက ဆီးစစ်လိုက်တော့ နှစ်ကြောင်းပေါ်တယ်။ ကိုယ်ဝန်ရှိတယ်လို့ထင်တယ်။ ဆေးခန်းသွားပြတယ်။ ဆီးထပ်စစ်တယ်။ နှစ်ကြောင်းပေါ်တာပဲ။ ဒီလိုနဲ့ နေရင်း လနုနုလေးနဲ့ ဗိုက်က ပိုကြီးနေတယ်။ အန်လိုက်တာဆိုတာလည်း မရပ်တော့ဘူး။ သွေးပေါင်တွေလည်းတက်၊ တစ်ချက်တစ်ချက်သွေးကလည်းဆင်းသေးတယ်။ လနဲ့မလိုက်အောင် ခံစားနေရလို့ အယ်လ်ထွာဆောင်းရိုက်ကြည့်လိုက်တဲ့အခါမှာတော့ ဗိုက်ထဲမှာ ကလေးမရှိဘဲ စပျစ်သီးလိုမျိုး အစေ့လေးတွေ အခိုင်လိုက်ရှိနေတာကို တွေ့ရလိမ့်မယ်။ ဒါဟာ စပျစ်သီးကိုယ်ဝန်ပါ။ ရှားရှားပါးပါး ကိုယ်ဝန်ဆောင် ၁၀၀၀မှာ ၁ယောက်ပဲဖြစ်တတ်ပါတယ်။

ဘာလို့ဖြစ်တာလဲ။

အကြောင်းက မမျိုးဥမျိုးအောင်တာ မူမမှန်လို့ပါ။ လူရဲ့ဆဲလ်မှာ ခရိုမိုဆုန်း ၂၃စုံ (၄၆ခု)ရှိပါတယ်။ အဖေဆီက တစ်ခု အမေဆီကတစ်ခုပေါင်းပြီး တစ်စုံဖြစ်တာပါ။ စပျစ်သီးကိုယ်ဝန်က နှစ်မျိူးရှိပါတယ်။ Completeနဲ့ Partialပါ။ Completeအမျိုးအစားမှာ ဆဲလ်မရှိတဲ့ မမျိုးဥထဲကို သုတ်ကောင် တစ်ကောင် ဒါမှမဟုတ် နှစ်ကောင်ဝင်ပေါင်းပါတယ်။ ဒါကြောင့် ဒီသန္ဓေဥထဲမှာ အဖေ့ရဲ့ မျိုးဗီဇတွေပဲပါလာပါတယ်။ အမေဘက်က ခရိုမိုဆုန်းတွေမပါပါဘူး။ ဒီဟာလေး ကြီးလာတဲ့အခါ ပုံမမှန်တဲ့ အချင်းဖြစ်လာပါတယ်။ ကလေးအစိတ်အပိုင်းမပါလာပါဘူး။ Partialအမျိုးအစားမှာတော့ အမေရဲ့ခရိုမိုဆုန်းပါပေမယ့် အဖေဘက်ကလည်း ၂ခု စုစုပေါင်း ၃ခုပါနေလို့ ပွားလိုက်တဲ့အခါ ၄၆ခုရှိရမယ့်အစား ၆၉ဖြစ်လာပါတယ်။ ဒါက မမျိုးဥတစ်လုံးကို သုတ်ကောင် ၂ကောင်ဝင်ပေါင်းတဲ့အခါ ဖြစ်တတ်ပါတယ်။ ဒီအမျိုးအစားမှာတော့ ကလေးရှိနိုင်ပေမယ့် အသက်မရှင်နိုင်ပါဘူး။ လနုနုလေးမှာပဲ ပျက်ကျသွားတတ်ပါတယ်။ ဒီလိုဖြစ်ရတာ သင်နဲ့မဆိုင်ပါဘူး။ စပျစ်သီးကိုယ်ဝန်က ဘယ်ကိုယ်ဝန်ဆောင်မှာမဆို ဖြစ်နိုင်ပါတယ်။

ဘာလက္ခဏာတွေပြမှာလဲ။

လက္ခဏာအများစုက သာမန်ကိုယ်ဝန်ဆောင်တွေနဲ့တူတူပါပဲ။ သူကတော့ ပိုပြင်းထန်တတ်ပါတယ်။ တခြားထူးခြားတဲ့ လက္ခဏာတွေကတော့

ဘယ်သူတွေဖြစ်နိုင်လဲ။

  • အသက်၂၀အောက် ဒါမှမဟုတ် အသက်၃၅နှစ်ကျော်မှ ကိုယ်ဝန်ဆောင်သူတွေမှာ တွေ့ရတတ်ပါတယ်။
  • အရင်ကစပျစ်သီးကိုယ်ဝန်ဆောင်ဖူးသူတွေက နောက်ထပ်ဖြစ်နိုင်ချေရှိပါတယ်။ စပျစ်သီး ကိုယ်ဝန်ဆောင်၁၀၀မှာ ၁ယောက်က နောက်တစ်ခါထပ်ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ကောင်းတာက စပျစ်သီးကိုယ်ဝန်ဆောင်တဲ့သူတွေက သာမန်ကိုယ်ဝန်ပြန်ရနိုင်ချေလည်းရှိပါတယ်။

နောက်ဆက်တွဲဘာဖြစ်နိုင်လဲ။

စပျစ်သီးကိုယ်ဝန်က ကုသပြီးရင်တောင်မှ တစ်ရှူးတွေက ကျန်တတ်ပြီး နောက်ပိုင်းကျရင် ဆက်ပွားလာနိုင်ပါတယ်။ ဒါကို Persistent Gestational Trophoblastic Neoplasia (GTN)လို့ခေါ်ပါတယ်။ ဒါက completeအမျိုးအစားတွေရဲ့ ၁၅-၂၀%၊ partial အမျိုးအစားရဲ့ ၅%မှာ တွေ့ရပါတယ်။ သူ့ရဲ့လက္ခဏာကတော့ သွေးစစ်ကြည့်ရင် သွေးထဲမှာ ကိုယ်ဝန်ဟော်မုန်းလို့ခေါ်တဲ့ HCGဟော်မုန်းက အဆမတန်များနေတတ်ပါတယ်။ တစ်ခါတစ်လေ သားအိမ်ထဲကို ဖောက်ဝင်တာကြောင့် သွေးဆင်းတာမျိုးလည်း ရှိတတ်ပါတယ်။ သူ့ကို ဆေးသွင်းတာ၊ သားအိမ်ထုတ်တာလုပ်ပြီး အောင်အောင်မြင်မြင်ကုသလို့ရပါတယ်။

ရှားရှားပါးပါး ကင်ဆာပြောင်းသွားတာမျိုးလည်းရှိပါတယ်။ Choriocarcinomaလို့ခေါ်ပါတယ်။ သူကလည်း စောစောသိရင် ဆေးသွင်းပြီး ပျောက်ကင်းအောင် ကုသလို့ရပါတယ်။

ကုသနည်းများ

စပျစ်သီးကိုယ်ဝန်ကုသနည်းတွေကတော့

  • သားအိမ်ခြစ်တာ
  • သားအိမ်ထုတ်တာ (ဒါက ကင်ဆာပြောင်းမှာကိုလည်းကြောက်တယ်။ နောက်ထပ်လည်းကလေးမယူဘူးဆိုတဲ့ လူတွေအတွက်ပါ။)
  • ကုသမှုလုပ်ပြီး ဟော်မုန်းပမာဏကို စောင့်ကြည့်တာ စတာတွေပဲဖြစ်ပါတယ်။

ကာကွယ်လို့ရလား။

တစ်ခါဖြစ်ဖူးသွားရင်နောက်တစ်ခါမဖြစ်အောင် သေချာစောင့်ကြည့်ရပါမယ်။ ပထမတစ်ခါဖြစ်ပြီးသွားရင် အနည်းဆုံး ၆လ ၁နှစ်စောင့်ကြည့်ပြီးမှ ကိုယ်ဝန်ပြန်ယူတာကောင်းပါတယ်။ ဒီကြားထဲမှာလဲ HCGဟော်မုန်းကို လိုသလို စစ်ဆေးနေတာက ပိုကောင်းပါတယ်။ နောက်တစ်ခါ ကိုယ်ဝန်ဆောင်ရင်လည်း စောစောစီးစီး အယ်လ်ထွာဆောင်းရိုက်ပြီးစောင့်ကြည့်တာပိုကောင်းပါတယ်။

စပျစ်သီးကိုယ်ဝန်က အန္တရာယ်မရှိပေမယ့် ကိုယ်ဝန်ဆောင်အတွက် အများကြီးစိတ်ပင်ပန်းစေပါတယ်။ နောက်တစ်ခါကိုယ်ဝန်ဆောင်ရမှာကိုလည်း ကြောက်သွားတတ်ပါတယ်။ လုပ်နိုင်တာက ဟော်မုန်းပမာဏကို သေချာစောင့်ကြည့်ရမှာပါ။ နောက်ဆက်တွဲတွေဖြစ်တဲ့ သားအိမ်ထဲကို ဆဲလ်တွေတိုးဝင်တာ၊ ကင်ဆာပြောင်းသွားရင်တောင်မှ စောစောသိရင် ပျောက်ကင်းအောင်ကုနိုင်လို့ စိတ်မပူကြပါနဲ့။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

လိင်ဆက်ဆံတဲ့အခါတိုင်း ချောဆီကို မဖြစ်မနေသုံးပါ

လိင်ဆက်ဆံ ချောဆီ အမျိုးသမီး မိန်းမကိုယ် ယားယံ ခြောက်သွေ့ ကိုယ်ဝန် လိင်မှတစ်ဆင့်ကူးစက်ရောဂါ ကွန်ဒုံး ရေယုန် တံတွေး ထိခိုက်ပွန်းပဲ့ အာသာဖြေ ဓာတ်မတည့်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

မွေးကင်းစကလေးတွေမှာ အတွေ့များတဲ့ ကျန်းမာရေးပြဿနာတွေ

မွေးကင်းစ ကလေး ကျန်းမာရေး မိဘ မိခင် အသက်ရှူ မွေးလမ်းကြောင်း ဦးရေပြား အသားဝါ သွေးအားနည်း လေထိုးလေအောင့် နို့အန် မိခင်နို့ အဖျားတက် အအေးမိတုပ်ကွေး သေးခံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

HIV ပိုးကို သဘာဝအရထိန်းချုပ်နိုင်သူများ

ဒီနေ့အချိန်ထိ HIV ရောဂါပိုးကို လုံးဝပျောက်ကင်းအောင် မကုသနိုင်သေးပေမဲ့ ဗိုင်းရပ်စ်ပိုးပမာဏ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

သိုင်းရွိုက်ဟော်မုန်းများသူတွေ သတိထားသင့်တဲ့ အရေးပေါ်အခြေအနေ

သိုင်းရွိုက်ဟော်မုန်းများ Thyroid crisis Thyroid storm သိုင်းရွိုက်ဟော်မုန်း ရင်တုန် အဖျားတက် ခွဲစိတ်ကုသမှု လေဖြတ် ကိုယ်ဝန်ဆိပ်တက် Graves disease

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

COVID-19ကြောင့် သိုင်းရွိုက်ပြဿနာတွေ ဖြစ်လာနိုင်သလား။

COVID-19ကြောင့် သိုင်းရွိုက်ပြဿနာတွေ ဖြစ်လာနိုင်သလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 16, 2020 . 2 mins read

အမျိုးသားများ ရင်သား နို့ထွက်နိုင်သလား…

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 26, 2020 . 2 mins read
သိုင်းရွိုက်ဂလင်းခွဲစိတ်ခြင်းအကြောင်း

သိုင်းရွိုက်ဂလင်းခွဲစိတ်ခြင်းအကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 20, 2020 . 2 mins read
သွေးနီဥဆဲလ်များကြီးမားပြီး သွေးအားနည်းခြင်း (Macrocytic Anemia)

သွေးနီဥဆဲလ်များ ကြီးမားပြီး သွေးအားနည်းခြင်း (Macrocytic Anemia)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 12, 2020 . 2 mins read