ကိုယ်ဝန်ဆောင်နဲ့ ဗိုက်ကြောပြတ် ရာများ
ကိုယ်ဝန်ဆောင်ပြီဆိုတာနဲ့ အရင်တုန်းကနဲ့ မတူတော့ဘဲ ခန္ဓာကိုယ်ရဲ့ အတွင်းရော အပြင်မှာပါ ပြောင်းလဲမှုတွေ ဖြစ်လာပါတယ်။ ဒီထဲမှာ ဗိုက်ကြောပြတ် တာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဗိုက်ကြောပြတ် တာက ဘာဖြစ်လဲဆိုတော့ ဘာမှတော့ မဖြစ်ပါဘူး။ အမေရော ကလေးအတွက်ပါ အန္တရာယ်မရှိပါဘူး။ ဒါပေမယ့် အကြည့်ရ ဆိုးတယ်လေ။ ကိုယ်ဝန်ရှိတုန်းကလည်း ဗိုက်မှာ အကြောပြတ်ရာတွေ ထောင်ထောင်နဲ့၊ မွေးပြီးတော့လည်း ဗိုက်က လေရှုံ့ထားတဲ့ ဘောလုံးလို ကျုံ့သွားတဲ့ အပြင် အကြောပြတ်ရာတွေ ကလည်း အကြောင်းလိုက်ကျန်နေတော့ ရုပ်ဆိုးတာပေါ့။ မွေးခါစဆိုရင်တော့ ပြဿနာမရှိပေမယ့် ကြာလာတဲ့အခါ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလိုမဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ။ အကြောပြတ်ရာတွေ ဘာလို့ ပေါ်လာလဲဆိုတာ ဆက်ကြည့်ရအောင်။ ဘာကြောင့် ကိုယ်ဝန်ဆောင်တွေ ဗိုက်ကြောပြတ် ရတာလဲ။ အကြောပြတ်ရာ ဆိုတာက အရေပြားအောက်လွှာက ပြဲသွားတာကြောင့် ဖြစ်လာတဲ့ […]