home

တတိယ သုံးလပတ်

ကိုယ်ဝန်ဆောင်ကာလ တတိယ သုံးလပတ် သည် သန္ဓေသားအတွက် အင်မတန်အရေးကြီးတဲ့ ကာလဖြစ်တာကြောင့် ကိုယ်ဝန်ဆောင် မေမေတို့ သိသင့်သိထိုက်သည်များကို လေ့လာနိုင်ပါသည်။

ကျန်းမာရေးဗဟုသုတ

တတိယ သုံးလပတ်

ကလေးကြီးထွားဖွံ့ဖြိုးမှု သားသားမီးမီးလေးတွေ ဘယ်လိုဖွံ့ဖြိုးလာပါသလဲ ကိုယ်ဝန်ဆောင်ကာလက ၄၂ ပတ်ရောက်လာပြီဆိုရင်မွေးဖွားရမယ်လို့ သတ်မှတ်ထားတဲ့ရက်ကိုတောင်ကျော်နေပြီလို့ ဆိုရပါမယ်။ ဒီအချိန်ထိမှ ကလေးကမမွေးသေးဘူးဆိုရင်တော့ ကလေးကတစ်ခုခုလွဲမှားနေပြီဆိုတာကို သိဖို့လိုပါတယ်။ တကယ်တော့ ကလေးငယ်တော်တော်များများက မွေးမယ်လို့မှန်းထားတဲ့ရက်မတိုင်ခင်မှာမွေးကြတာများပါတယ်။ ကလေးလေးတွေဟာ သူတို့မွေးမယ်လို့ ဆရာဝန်ကတွက်ဆထားတဲ့ရက်မတိုင်ခင် သီတင်းပတ် နှစ်ပတ်လောက်အတွင်းမှာ မွေးဖွားတတ်ကြတာပါ။ ဒါကြောင့် ကလေးက ၄၂ ပတ်အထိမှ မမွေးသေးဘူးဆိုရင် တစ်ခုခုလွဲမှားနေပြီဆိုတဲ့ လက္ခဏာလို့ဆိုရမယ့်အခြေအနေမျိုးပါ။ ကလေးတွေရဲ့ ၉၈ ရာခိုင်နှုန်းလောက်က ကိုယ်ဝန်ဆောင်ကာလ ၄၂ ပတ်မတိုင်ခင် မှာမွေးဖွားလေ့ရှိကြပြီး မှန်းထားတဲ့ရက်ထက်စောပြီးမွေးကြတာပါ။ ကိုယ်ဝန်ဆောင်ကာလ ၄၂ ပတ်မှာ ကလေးရဲ့အရွယ်အစားက ပိန္နဲသီးခပ်ကြီးကြီးတစ်လုံးအရွယ် ဒါမှမဟုတ် ဖရဲသီး တစ်လုံးစာအရွယ်အစားလောက်ရှိနေပါပြီ။ ဒီကိုယ်ဝန်ဆောင်ကာလမှာ ကလေးကတော်တော်လေးဖွံ့နေပြီဆိုပေမယ့် ကလေးကို မိခင်အနေနဲ့ ရိုးရိုးမွေးလို့ရနိုင်ပါသေးတယ်။ ကလေးက ဗိုက်ထဲမှာ သတ်မှတ်ရက်ထက်ကျော်လွန်ပြီးနေတာကြောင့် ကလေးဟာ ဆံပင်တွေရှည်နေတာ၊ ခြေသည်း လက်သည်းလေးတွေရှည်နေတာ၊ အရေပြားလေးတွေ ခြောက်သွေ့ကွဲအက်တာ၊ အပေါ်ယံအရေခွံကွာတာ […]

တတိယ သုံးလပတ် နဲ့ ပတ်သက်သော အကြောင်းအရာများကို ပိုမိုသိရှိလိုသည်

တတိယ သုံးလပတ်

ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့် အခုကအုန်းသီးလုံးအရွယ် ၁.၅ ကီလို၊ ၄၀ စင်တီမီတာ ရှိပြီနော်။ အခုဆို ကလေးလေးက ရေမြွှာရည်ထဲ တစ်နေ့ကို ရှုးရှုူး ၂၅၀ မီလီလီတာလောက်ကို ပေါက်ထည့်ပါတယ်။ သူက ရေမြွှာရည်ကို ပြန်ပြီးလည်းသောက်ပါတယ်။ ရေမြွှာရည်က တစ်နေ့ကို အကြိမ်တော်တော်များများပြန်လဲပါတယ်။ ရေမြွှာရည်တွေများနေရင် ကလေးလေးက မျိုချတာ ပြဿနာဖြစ်နေလို့ အစာအိမ်အူလမ်းကြောင်းမှာ တစ်ခုခု ဖြစ်နေလို့ပါ။ ရေမြွှာရည်တွေ နည်းနေတာက ကလေးလေး ဆီးကောင်းကောင်းမသွားတာ ကျောက်ကပ်တွေနဲ့ ဆီးလမ်းကြောင်းမှာ တစ်ခုခုဖြစ်နေလို့ပါ။ အာထရာဆောင်းဆရာဝန်က ရေမြွှာရည်ပမာဏကို စစ်ပေးပါတယ်။   ခန္ဓါကိုယ်နဲ့ အနေအထိုင်အပြောင်းအလဲလေးများ ခန္ဓါကိုယ်မှာရော ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့် ဒုတိယ ၃ လပတ်တုန်းက သားအိမ်ကျုံ့သလိုမျိုး သားအိမ်တင်းလာသလိုဖြစ်တတ်ပါတယ်။ သူကပုံမှန်ကျုံ့တာတော့ မဟုတ်ဘူး။ တစ်ကြိမ်ကိုစက္ကန့် ၃၀ လောက်ကြာပါတယ်။ ဒီလိုဖြစ်တာကခဏခဏလည်း မဖြစ်ရဘူး။ နာလည်း မနာရပါဘူး။ မနာပေမယ့် ဆက်တိုက်ကျုံ့ရင် […]

တတိယ သုံးလပတ်

ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့် အခုဆိုနာနတ်သီးအရွယ် ၄၃ စင်တီမီတာ ၁.၈ ကီလို ရှိနေပြီနော်။ ဒီလိုမွေးခါနီးအပတ်မှာ ကလေးလေးရဲ့ ဦးနှောက်က အာရုံကြောဆဲလ်တွေက သန်းပေါင်းမြောက်များစွာဖွံ့ဖြိုးပြီးတော့ သူလေးကို ကြားအောင် ခံစားနိုင်အောင် တစ်ခါတရံမှာ မြင်အောင်ပါ လုပ်ပေးနေပါပြီ။ မျက်လုံးလေးက အလင်းကိုတုံ့ပြန်နိုင်ပါပြီ။ အလင်းကိုလိုက်ပြီး သူငယ်အိမ်ကလည်း ကျုံ့တာဆန့်တာလုပ်နိုင်ပါပြီ။ မွေးကင်းစလေးတွေလို သန္ဓေသားတွေက အမြဲတမ်းအိပ်နေတာပါ။ သူတို့မှာ အိမ်မက်တောင် ရှင်းရှင်းလင်းလင်းမက်နိုင်ပါပြီ။ အဆုတ်ကလည်းအပြည့်အ၀ ဖွံ့ဖြိုးပြီးပါပြီ။ အဆီတွေကတော့ အကာအကွယ်ပေးဖို့ အနွေးဓါတ်ပေးဖို့ ဆက်ဖြစ်နေမှာပါ။ မမွေးခင်နောက်ဆုံးအပတ်တွေမှာ ကလေးလေးကအလေးချိန် ကောင်းကောင်းများလာပါပြီ။   ခန္ဓါကိုယ်နဲ့ အနေအထိုင်အပြောင်းအလဲလေးများ ခန္ဓါကိုယ်မှာရော ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့် ကလေးလေးက ဗိုက်ထဲမှာနေရာပိုယူလာတော့ အရာတော်တော်များများက ပြောင်းလဲလာပါပြီ။ တစ်ခုခုမလုပ်ခင် ကိုယ့်ကိုယ်ကို ကို့ယို့ကားယား ဖြစ်နေတာကိုတွေ့ရမှာပါ။ အိပ်တာနဲ့ထိုင်ပုံထိုင်နည်းတွေ ရှာရတာလည်း အလုပ်တစ်ခုဖြစ်နေကြရောပေါ့ မေမေတို့ရေ။ လက်တွေ လက်ကောက်ဝတ်တွေ လက်ချောင်းတွေ […]

တတိယ သုံးလပတ်

ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့် ဒီအပတ်မှာတော့ သခွားမွှေးသီးအလုံးလောက်ရှိပြီး ၂.၁၅ ကီလို ၄၆ စင်တီမီတာရှိပါပြီ။ အခုချိန်ကစပြီး ကလေးက မွေးဖို့အနေအထားကို ပြောင်းပါပြီ။ ကလေးခေါင်းအပေါ်ရောက်နေလားခြေထောက်အပေါ်ရောက်နေလားဆိုတာ ဆရာဝန်ကပြောပြမှာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ကယ်ဆီယံဓါတ် အလုံအလောက်ရဖို့လိုပါတယ်။ ဘာလို့ဆိုကလေးကသူ့အရိုးလေးတွေသန်မာဖို့ မေမေတွေဆီက ကယ်ဆီယံတွေယူနေလို့ပါ။ ကယ်ဆီယံအလုံအလောက်မရရင် ကလေးလေးက သတ္တုဓါတ်တွေကို လိုရင်လိုသလို မေမေတို့ရဲ့ အရိုးဆီကယူတာဆိုတော့ မေမေတို့တွေရဲ့ အရိုးကိုထိခိုက်နိုင်ပါတယ်။ ကလေးလေးကို အုပ်ထားတဲ့ ဖယောင်းလွှာက ပိုထူလာပြီးမွှေးညှင်းလေတွေလည်း အကုန်ပျောက်ခါနီးပါပြီ။   ခန္ဓါကိုယ်နဲ့ အနေအထိုင်အပြောင်းအလဲလေးများ ခန္ဓါကိုယ်မှာရော ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့် ပထမ ၃ လပတ်တုန်းကလောက်တော့မဟုတ်ပေမယ့် ဒီအပတ်မှာ မောတာ ပြန်ဖြစ်လာမှာပါ။ ခန္ဓကိုယ်ကတင်းထားရပြီး အပေါ့ခဏခဏသွားရလို့ အိပ်လို့မရတဲ့ညတွေနဲ့ သက်တောင့်သက်သာရှိအောင်ဆိုပြီး ဟိုဘက်လှည့်လိုက် ဒီဘက်လှည့်လိုက်ဆိုတော့ ပင်ပန်းတော့တာပေါ့။ ဒီအချိန်ကစပြီး မွေးဖို့အတွက်ကို အားတွေမွေးထားသင့်ပါပြီ။ အကြာကြီးထိုင်ထား အိပ်ထားရင် ရုတ်တရက်မထလိုက်ပါနဲ့။ ရုတ်တရက်ထလိုက်တော့ သွေးတွေကခြေထောက်ကို သွေးတွေစုအိုင်ပြီး […]

တတိယ သုံးလပတ်

ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့် အခုတော့ ဖရဲသီးလောက် ၂.၃၈ ကီလို ၄၆စ င်တီမီတာတောင်ရှိပါပြီ။ ဒီအရွယ်ဆိုရင် သားအိမ်ထဲမှာ သူလေးလှုပ်စရာနေရာတောင် မရှိတော့ပါဘူး။ ဒီတော့ ကန်တာကြိမ်ရည်နည်းလာပြီး ပိုအားပြင်းလာပါတယ်။ အဆီလွှာတွေက ကလေးရဲ့ တစ်ကိုယ်လုံးမှာများလာပြီးတော့ ပုခုံးမှာဆို ပိုများပါတယ်။ တကယ်လို့ ခေါင်းအောက်မှာဆို ဆီးခုံရိုးပေါ်တင်ပြီး ထွက်ဖို့တောင် ပြင်နေလေရဲ့။   ခန္ဓါကိုယ်နဲ့ အနေအထိုင်အပြောင်းအလဲလေးများ ခန္ဓါကိုယ်မှာရော ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့် တင်ပါးဆုံရိုးက အပြည့်အ၀ ကာပေးထားတဲ့ သားအိမ်က အခုဆိုနံရိုး အခေါင်းထဲတောင် ဝင်နေပါပြီ။ အခုနေ ဗိုက်ထဲကိုချောင်းကြည့်လို့ရရင် ရေမြွှာရည်ထက်တောင် သူလေးနေရာယူနေတာကို တွေ့ရမှာပါ။ ဒီဖောင်းကားလာတဲ့ သားအိမ်က တခြားကိုယ်တွင်းအင်္ဂါတွေပါ သွားဖိတော့ ဆီးခဏခဏသွားတာ ရင်ပူတာ အစာမကြေတာတွေ ဖြစ်စေပါတယ်။ ဒါတွေမဖြစ်ဘူးဆို မေမေတို့က ကံကောင်းတဲ့ စာရင်းဝင်သွားပါပြီ။ သိသင့်သိထိုက်တာလေးတွေ ကလေးလေး လူ့လောကထဲရောက်လာတိုင်း ဘာလို့ငိုလဲဆိုပြီး သိချင်နေမှာပေါ့နော်။ ကလေးပထမဆုံးငိုတာ ဗိုက်ထဲမှာလို့ပြောတာက […]

တတိယ သုံးလပတ်

ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့် ဒီအပတ်တော့ ဂေါ်ဖီထုပ်လောက် ၄၇ စင်တီမီတာ ၂.၇ ကီလို ရှိပါပြီ။ ဓါတ်မှန်ထဲကတွေ့လိုက်တဲ့ ဒီဂေါ်ဖီထုပ်လေးကမျက်နှာတွေမှာပါ အဆီလွှာတွေ ပေါ်လာပြီးစုပ်ဖို့ ကြွက်သားတွေလည်းသန်မာလာပါပြီ။ ခေါင်းလေးက ဆီးခုံရိုးကြားရောက်တဲ့အခါ ဦးခေါင်းခွံဖြစ် မယ့် အရိုးနှစ်ခုက ဆက်သွားပါတယ်။ ဒါက ကလေးလေးကို ထွက်ရလွယ်အောင်လုပ်ပေးပါတယ်။ ခေါင်းကချွန်ပြီး ပုံပျက်နေရင်လည်း စိတ်မပူပါနဲ့။ နောက် နာရီပိုင်းရက်ပိုင်းလောက်ဆို ပြန်လုံးသွားမှာပါ။   ခန္ဓါကိုယ်နဲ့ အနေအထိုင်အပြောင်းအလဲလေးများ ခန္ဓါကိုယ်မှာရော ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့် ကလေးလေးနေရာအပြည့်ယူထားတော့ မေမေတွေ ပုံမှန်လောက်ပဲစားတောင် နေရခက်ပြီပေါ့။ နည်းနည်းနဲ့ ခဏခဏစားပါလို့ ထပ်ပြီးအကြံပြုပါရစေ။ ကလေးလေးအောက်ပိုဆင်းလေ မေမေတွေ မအီမသာ ဖြစ်တာ အသက်ရှုခက်တာ သက်သာလေပါ။ ပထမဆုံးမွေးတာဆိုရင် ဒီဖြစ်စဉ်က မမွေးခင် ရက်သတ္တပတ် အနည်းငယ်လောက်ဖြစ်ပါတယ်။ အရင်ကမွေးထားဖူးရင်တော့မဖြစ်ပါဘူး။ ဒီလိုမျိုး သူလေးအောက်ဆင်းသွားရင် ဗိုက်အောက်ပိုင်းမှာ ပိုဝန်ပိပြီး လမ်းလျှောက်ရတာ ပိုခက်လာပါတယ်။ ပြီးတော့ […]

တတိယ သုံးလပတ်

ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့် ကလေးလေးက ၃၇ ပတ်ရှိနေပြီ။ ဖွံ့ဖြိုးတာမြန်တယ်နော်။ ၄၈ စင်တီမီတာ ၂.၈၅ ကီလိုတောင်ရှိပြီနော်။ လက်ချောင်းလေးတွေက ဖမ်းစုပ်လို့ တတ်နေပြီ။ ဗိုက်ကို အလင်းရောင်ထိရင် သူလေးက အလင်းလာတဲ့ဘက်ကို လှည့်တတ်နေပါပြီ။ အပြည့်အဝဖွံ့ဖြိုးပြီးဖို့ကတော့ တစ်ပတ်နှစ်ပတ်လောက် ကျန်ပါသေးတယ်။ ခွဲမွေးမယ်ဆိုရင်တော့ ၃၉ပတ်နောက်ပိုင်းက အကောင်းဆုံးပါပဲ။   ခန္ဓါကိုယ်နဲ့ အနေအထိုင်အပြောင်းအလဲလေးများ ခန္ဓါကိုယ်မှာရော ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့် မွေးရက်နီးလာလေ သားအိမ်ကကျုံ့လေပါပဲ။ အခုတောင် ကျုံ့ချင်ကျုံ့နေမှာ။ ဒါက ပုံမှန်ပါ။ စိတ်မပူပါနဲ့။ ကျုံ့တာများလာတာလာဆိုတာဘဲ သတိထားပါ။ ကျုံ့တာကြာလေ ပိုနေရခက်လေပါပဲ။ အိပ်ရတာလည်း ပိုခက်လာရောပေါ့။ တတ်နိုင်ရင် နေ့ခင်း တစ်ရေးတစ်မောလောက်အိပ်ပါ။ အားရှိတာပေါ့။ အိပ်မက်ဆိုတွေလည်း မက်တတ်ပါသေးတယ်။ ဒါက လုံးဝပုံမှန်ပါဘဲ။ ဘဝမှာ အပြောင်းအလဲကြီးတစ်ခုဖြစ်တော့မှာလေ။ မွေးရက်လည်းနီးလာလို့ စိတ်ပူတာနဲ့ မေမေဖြစ်တော့မယ်ဆိုတော့ စိတ်လှုပ်ရှားတာနဲ့ဆိုတော့ အိမ်မက်ဆိုတွေမက်တာပေါ့။ ကလေးလေးလှုပ်ရှားတာကို မှတ်သားဖို့မမေ့ပါနဲ့။ လှုပ်တာနည်းသွားရင် ဆရာဝန်ကို […]

တတိယ သုံးလပတ်

ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့် ကလေးက ၄၅ စင်တီမီတာ ၃.၂ ကီလိုလောက် ရှိပါပြီ။ ဖွံ့ဖြိုးတာနှေးသွားပြီဆိုပေမယ့် အဆီတွေကတော့ ဆက်ဖွံ့ဖြိုးနေတုန်းပါပဲ။ မေမေတွေရဲ့ ကိုယ်အလေးချိန်က မတက်တော့ဘဲ ကျတောင်ကျနေမှာပါ။ ကလေးလေးက ရေမြွှာရည်တွေကိုစုပ်ဖို့ မျိုချဖို့ ကြွက်သားတွေဖွံ့ဖြိုးပြီးပြီဆိုတော့ အူလမ်းကြောင်းမှာအညစ်အကြေးတွေ ရှိနေပါပြီ။ အူကနေကွာကျတဲ့ဆဲလ်တွေ အရေပြားက ဆဲလ်သေတွေ အမွေးညင်းလေးတွေက အစိမ်းပုတ်ရောင်အညစ်အကြေးတွေအဖြစ် စုသွားပါတယ်။   ခန္ဓါကိုယ်နဲ့ အနေအထိုင်အပြောင်းအလဲလေးများ ခန္ဓါကိုယ်မှာရော ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့် အခုဆိုကလေးလေးက အောက်ပိုကျလာတော့ ဆီးအိတ်ကိုဖိပြီး ဆီးခဏခဏသွားတာတားလို့တောင် မရတော့လောက်ဘူးနော်။ သိသင့်သိထိုက်တာလေးတွေ သားသားလေးဆိုရင်တော့ လိင်တံထိပ်ကို ဖြတ်မဖြတ် ဆုံး ဖြတ်သင့်ပါပြီ။ တစ်ချို့က ဒါကိုဘာသာရေးအယူအဆအရလုပ်ကြတယ်။ တစ်ချို့လည်းမလုပ်ချင်ကြဘူးပေါ့နော်။ ကလေးလေးအနာသက်သာအောင်လည်း ဆရာဝန်ကို မေးထားဖို့ မမေ့နဲ့နော်။   ဆရာဝန်ဆီ သွားပြရအောင် ဆရာဝန်နဲ့ ဘာတွေတိုင်ပင်ကြမလဲ မွးဖို့ရက်ချိန်းကျော်သွားရင် အနီးကပ်စောင့်ရှောက်ရေးတွေလုပ်ရပါတယ်။ မေမေတွေရဲ့ ကျန်းမာရေးအခြေအနေ သားအိမ်လည်တံပါးပြီးလျော့ရဲလားပြီလားဆိုတာ စောင့်ကြည့်မှာပါ။ ရက်ချိန်းကတစ်ပတ်ကျော်သွားပြီးဆို ကလေးနှလုံးခုန်သံကို စက်နဲ့တိုင်းတာ အာထရာဆောင်းရိုက်ပြီး […]

တတိယ သုံးလပတ်

ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့် ဒီအပတ်ဆို ၃.၅ ကီလို ၅၀ စင်တီမီတာရှိပါပြီ။ တစ်ခါတစ်ရံမှာ ကလေးလည်ပင်းကို ချက်ကြိုးပတ်နေတတ်ပါတယ်။ ချက်ကြိုးက တင်းလာရင်တော့ ခွဲမွေးရပါလိမ့်မယ်။ ချက်ကြိုးထုံးတာက အဖြစ်နည်းပါတယ်။ ၁%လောက်ပဲရှိ ပါတယ်။ ကလေးလေးကို အုပ်ထားတဲ့ ဖယောင်းလွှာက ပျောက်သွားပါလိမ့်မယ်။ မေမေတွေဆီက ရောဂါတိုက်ဖျက်ပေးတဲ့ပိုးတွေက ကလေးလေးဆီကို အချင်းကနေတစ်ဆင့်ပို့ပေးပါတယ်။ ဒါက ကလေးလေး ၆လ ကနေ ၁၂လ လောက်ထိကို ကိုယ်ခံအားအတွက် အထောက်အကူပေးပါတယ်။   ခန္ဓါကိုယ်နဲ့ အနေအထိုင်အပြောင်းအလဲလေးများ ခန္ဓါကိုယ်မှာရော ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့် သားအိမ်ကျုံ့တာက ပိုအားကောင်းပြီး နာပါနာလာပါပြီ။ ဒါပေမယ့် မွေးဖို့ ကျုံ့တာလောက်တော့ ပုံမှန်မရှိပါဘူး။ ကျုံ့တဲ့ အကြိမ်ရည်လည်း မများသေးပါဘူး။ ဒီနေ့တွေကစပြီး ရေမြွှာအိတ် အချိန်မရွေးပေါက်နိုင်ပါတယ်။ အရည်တွေကျလာရင် တစ်လဟောကျနိုင်သလိုပုံ မှန်လေးမှန်မှန်ကျတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အများစုကတော့ မီးမဖွားခင်ချိန်အထိ ဒါကိုခံစားရမှာမဟုတ်ပါဘူး။ တစ်ချို့ဆို မပေါက်လို့ ဆရာဝန်က […]

တတိယ သုံးလပတ်

ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့် ဒီအပတ်တော့ ဖရဲသီးအလုံးသေးလောက် ၁.၃ ကီလို ၃၀ စင်တီမီတာ ရှိနေပြီနော်။ ကလေးလေးက အဆီလွှာတွေ ပိုများလာပြီး အရေပြားတွန့်တာ နည်းသွားပါတယ်။ ဒီအဆီတွေက သူတို့လေးတွေကို နွေးထွေးစေပါတယ်။ ကလေးလေးက မေမေတွေ အသက်ရှုတာကိုလိုက်ပြီး ရင်ဘတ်နဲ့ ဗိုက်ကိုကန့်ထားတဲ့ အကန့် လှုပ်သလိုမျိုး လိုက်လုပ်ပါတယ်။ တစ်ချိန်ထဲမှာ သူလေးကျို့ထိုးတာကို သားအိမ်ကျုံ့တာနဲ့ စည်းချက်မှန်မှန် ခံစားရမှာပါ။   ခန္ဓါကိုယ်နဲ့ အနေအထိုင်အပြောင်းအလဲလေးများ ခန္ဓါကိုယ်မှာရော ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့် ကိုယ်ဝန်ဆောင်ချိန်မှာ ဆံပင်တွေပိုထူလာပါတယ်။ ဒါပေမယ့် မွေးပြီးရင် အကျွတ်မြန်လာပြီး ပိုပါးသွားတတ်ပါတယ်။ ဒီရက်ပိုင်းတွေမှာ အထူးသဖြင့် အိပ်ရာပျက်ရင် ပိုပင်ပန်းလာတတ်ပါတယ်။ ဗဟိုချက် ပြောင်းတာကြောင့် ပိုပြီးတော့ ကိုးယိုးကားယား ဖြစ်လာမှာပါ။ ပိုပြီးတော့ လေးလာမှာဖြစ်သလိုဗိုက်မှာ အလေးပိုများလာလို့ ဗဟိုချက်ကိုပြောင်းစေပါ တယ်။ ဟော်မုန်းအပြောင်းအလဲကြောင့် အရွတ်တွေ ပြေလျော့လာတဲ့အတွက် အဆစ်တွေမခိုင်တော့ […]

တတိယ သုံးလပတ်

ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့် သားသားမီးမီးလေးတွေက အခုဆို ခရမ်းသီးအကြီးစားလောက်ရှိပြီး ၁ ကီလို ၃၈ စင်တီမီတာလောက်ရှိပါပြီ။ နောက်တစ်ခေါက် ဆရာဝန်နဲ့ပြမယ့် ရက်ချိန်းကျရင် ဆရာဝန်က ကလေးလေး သားအိမ်ထဲမှာနေတဲ့အနေအထားအကြောင်း ပြောပြမှာပါ။ ကလေးလေးက ခေါင်းအပေါ်ခြေအောက်ပုံရှိ နေရာကနေမွေးရင် ခေါင်းအောက်ရောက်ပြီး ခြေအပေါ်ပုံနဲ့မွေးပါမယ်။ ကလေးလေးခေါင်းအပေါ်ပိုင်း ရောက်နေလို့စိတ်မပူပါနဲ့။ မွေးဖို့နှစ်လတောင် ကျန်သေးတာပဲ။ ကလေးတွေက သူတို့ဘာသာသူတို့ အနေအထားပြောင်းမှာပါ။ဦးနှောက်ကမြောင်းတွေ အခေါက်တွေက ဆက်ဖွံ့ဖြိုးနေတုန်းပါပဲ။ အဆီလွှာတွေလည်း ထပ်တိုးလာသလို ဆံပင်တွေလည်း ဆက်ပေါက်နေမှာပါ။   ခန္ဓါကိုယ်နဲ့ အနေအထိုင်အပြောင်းအလဲလေးများ ခန္ဓါကိုယ်မှာရော ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့် အရင်တုန်းက သွေးစစ်ထားတဲ့အဖြေတွေကို ဆရာဝန်က ပို့ပေးလောက်ရောပေါ့။ သွေးစစ်တာက လူတော်တော်များများရဲ့ သွေးနီဥတွေမှာတွေ့ရတဲ့ Rh ပါမပါစစ်တာပါ။ တကယ်လို့ အမေမှာ Rh မပါဘူး ကလေးမှာကပါနေရင် ကလေးမှာ အသည်းယောင်တာ သွေးအားနည်းတာတွေဖြစ်နိုင်ပါတယ်။ ရောဂါတွေကို ကာကွယ်ဖို့ ဆရာဝန်က ဆေးပေးမှာပါ။ […]

တတိယ သုံးလပတ် ကျွမ်းကျင်သူ

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်see-more-icon