backup og meta

ဘေဘီလေး ခေါင်းစိုက် ပြီလား သိနိုင်မယ့်အချက်အချို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 22/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘေဘီလေး ခေါင်းစိုက် ပြီလား သိနိုင်မယ့်အချက်အချို့

    မွေးရက်နီးလာလာလေလေ မေမေတိုင်းသိချင်တဲ့ အချက်တစ်ခုရှိပါတယ်။ ဒါကတော့ ဘေဘီလေးရဲ့ ခေါင်းက မွေးလမ်းကြောင်းထဲ စိုက်ပြီလားဆိုတဲ့ ကိစ္စပါ။နောက်တစ်ခုက အရင်ကနဲ့မတူဘဲ တစ်ခုခုထူးခြားတဲ့ ခံစားမှုက ကလေးကိုထိခိုက်မှာလားဆိုတဲ့ အချက်ပါ။ ဒီတစ်ခေါက်တော့ မွေးရက်နီးလာလို့ ဘေဘီလေး ခေါင်းစိုက် တဲ့အခါ ဘယ်လိုတွေခံစားရနိုင်လဲဆိုတာကို ပြောပြပေးပါရစေ။

    ဘေဘီလေးက ဘယ်အချိန်မှာ ခေါင်းစိုက် တာလဲ…………

    ဘေဘီလေး မွေးလမ်းကြောင်းထဲကို ခေါင်းစိုက် တယ်ဆိုတာက မွေးဖွားဖို့ အသင့်ပြင်နေပြီလို့ မေမေ့ဆီပေးပို့တဲ့ ပထမဆုံးသတင်းစကားပါ။ သူမေမေ့မျက်နှာကို ကြည့်ဖို့ အပြင်ထွက်လာဖို့ စလုပ်နေပြီဆိုတာကို အသိပေးတာပါ။ ကိုယ်ဝန်ဆောင်ကာလရဲ့ တတိယ ၃ လပတ်ကာလ တစ်ဝက်လောက်မှာ ဘေဘီလေးက မွေးလမ်းကြောင်းထဲကို ခေါင်းစစိုက်တတ်ကြပါတယ်။ ကိုယ်ဝန်ဆောင်ကာလ ၃၂ ပတ်နဲ့ ၃၆ကြားလောက်မှာပေါ့။ ဒီလိုအချိန်မှာ မေမေ့အနေနဲ့ သိသိသာသာပြောင်းလဲမှုတွေကို ခံစားရနိုင်ပါတယ်။

    ဒီလက္ခဏာတွေ ခံစားနေရပြီလား………….

    ဘေဘီလေးက မွေးလမ်းကြောင်းထဲကို ခေါင်းစိုက်တဲ့အခါ မေမေ့အနေနဲ့ အခုလို လက္ခဏာလေးတွေ ခံစားရနိုင်ပါတယ်။

  • ဗိုက်ကအောက်ကျသွားမယ်
  • မေမေ့ဗိုက်က အောက်ဘက်ကို ခပ်လျောလျောလေး ကျသွားနိုင်ပါတယ်။ ဒါက ဘေဘီလေးက ဗိုက်ထဲမှာ အနေအထားပြောင်းလိုက်တာကြောင့်ပါ။

    • ပေါ့သွားသလို ခံစားရမယ်

    ဗိုက်ထဲမှာ ပေါ့သွားသလို ခံစားရနိုင်ပါတယ်။ ဒါကတော့ ဘေဘီလေးက မေမေ့ဗိုက်ထဲမှာ အောက်ဘက်ကို နည်းနည်းရောက်သွားတဲ့ အနေအထားကြောင့်ပါ။

    • နံရိုးတွေပေါ်က ဖိအားနည်းနည်းလျော့သွားမယ်

    ဘေဘီလေးက အောက်ဘက်ကို နည်းနည်းဆင်းသွားပြီ ဖြစ်တာကြောင့် နံရိုးပေါ်မှာ သက်ရောက်နေတဲ့ ဖိအားတွေကလျော့သွားတာပါ။

    • အသက်ကိုရှိုက်ရှူလို့ရလာပြီ

    ကိုယ်ဝန်အစောပိုင်းကာလတွေကထက် အသက်ကို ခပ်ပြင်းပြင်းရှိုက်ရှူလို့ရလာကလည်း ဘေဘီလေးက ဗိုက်ရဲ့အောက်ဘက်ပိုင်းကို ဆင်းသွားတာကြောင့်ပါ။

  • အသက်ရှူရအဆင်ပြေလာတယ်
  • ကိုယ်ဝန်အစောပိုင်းကာလတွေမှာ ဘေဘီလေးကြောင့် အဆုတ်တွေထဲကို လေပြည့်ပြည့်ဝဝရောက်ရှိဖို့ ခက်ခဲတာကြောင့် အသက်ရှူရခက်ခဲ့ပေမယ့် ဘေဘီလေးက မွေးလမ်းကြောင်းဆီကို ခေါင်းစိုက်လိုက်ချိန်မှာ အောက်ဘက်ကို ကျသွားပြီဖြစ်တာကြောင့် အဆုတ်တွေအတွက် နေရာချောင်ချောင်ချိချိရသွားတဲ့အတွက် အသက်ရှူရ အဆင်ပြေလာစေမှာပါ။

    ကိုယ်ဝန်အစောပိုင်းကာလမှာ ရင်ပူတဲ့ဝေဒနာကို ခံစားခဲ့ရပေမယ့် ကိုယ်ဝန် တတိယ ၃ လပတ်ရောက်လာတဲ့အခါ ဘေဘီလေးက အစာရေမျိုတွေ၊ အစာအိမ်အပေါ်ပိုင်းတွေနဲ့ဝေးတဲ့ တင်ပဆုံပိုင်းကို ဆင်းလာပြီဖြစ်တာကြောင့် အစာအိမ်မှာ ဝန်ပိနေတာမျိုးမဖြစ်တော့တာကြောင့် ရင်ပူတာ သက်သာလာမှာပါ။

    ကလေးက တင်ပဆုံပိုင်းကို ရောက်လာပြီဖြစ်တာကြောင့် ဆီးအိမ်ပေါ်မှာ ဖိမိသလိုဖြစ်ပြီး ဆီးခဏခဏသွားချင်နေတာမျိုး ဖြစ်နိုင်ပါတယ်။

  • ခါးနာမယ်
  • ဘေဘီလေးရဲ့ ကိုယ်အလေးချိန်က အောက်ဘက်ကို ရောက်လာပြီဖြစ်တာကြောင့် ခါးက အရင်ကထက် အလေးချိန်တွေကို ပိုထမ်းလာရပြီး ခါးနာလာနိုင်ပါတယ်။

    ဘေဘီလေးက ခေါင်းစိုက် လာပြီဖြစ်တာကြောင့် အစာအိမ်ပေါ်မှာ ဝန်ဖိထားတာမျိုးမရှိတော့တာကြောင့် ရင်ပူတာသက်သာလာပြီး ဗိုက်ခဏခဏဆာလာနိုင်ပါတယ်။

    ကဲ…မေမေတို့ရေ၊ ဒီလက္ခဏာတွေခံစားနေရပြီဆိုရင်တော့ ဘေဘီလေးက မေမေ့မျက်နှာကို မြင်ရဖို့အတွက် လူ့လောကထဲကိုလာဖို့ ပထမဆုံးပြင်ဆင်မှုအနေနဲ့မွေးလမ်းကြောင်းထဲကို ခေါင်းစိုက်တဲ့ အနေအထားအပြောင်းအလဲကြောင့်ပါနော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 22/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement