ကိုယ်ဝန် ၄၁ ပတ်မှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတို့ ဘာတွေသိသင့်သလဲ။
သန္ဓေသား ဖွံဖြိုးမှု
ဗိုက်ထဲက ကလေး ဘယ်လို ကြီးထွားလာပါသလဲ။ ။
ကိုယ်ဝန်ပတ် ၄၁ ပတ်မှာဆို သင့်ဗိုက်ထဲက ကလေးက ပိန္နဲသီးအရွယ်လောက် ရှိလာပါပြီ။ အရှည်က ၅၀ စင်တီမီတာလောက်ရှိပြီး ကိုယ်အလေးချိန်က ၃.၆ ကီလိုဂရမ်လောက် ရှိနေပါပြီ။ သင့်ကလေး ဘယ်လောက်ပဲ ဖွံ့ဖြိုးမှုကောင်းတယ်ပြောပြော ဗိုက်ထဲမှာ အမြဲ နေလို့မရဘူးလေနော်။ မွေးရမယ့်ရက်ဆို အပြင်ထွက်ကို ထွက်လာရပါမယ်။ ဆရာဝန်တွေကတော့ မွေးရမယ့်ရက်ထက် ၁ပတ်ကျော်တဲ့ အထိတော့ ကလေးထွက်လာမလားစောင့်နေတတ်ပါတယ်။ ။ အမေရော ကလေးမှာပါ အန ္တရာယ်ရှိနိုင်တာကြောင့် မွေးရမယ့်ရက်ထက် ၂ ပတ်ကျော်သွားရင်တော့ မစောင့်တော့ပါဘူး။ ကိုယ်ဝန်ပတ် ၄၂ ပတ်ထက်ကျော်ပြီး မွေးလာတဲ့ ကလေးတွေမှာ အသားခြောက်တာ၊ ကိုယ်ပေါ်မှာ အဖြူဖတ်တွေကပ်နေတာ၊ လက်သည်းတွေရှညိနေတာ၊ ဆံပင်ထူနေတာ ၊ အရေပြားမစိုပြေတာ၊ မျိုးတွေဖြစ်တတ်ပါတယ်။ အပြင်ကို ၂ ပတ်နောက်ကျရောက်တဲ့ အတွက် လိုအပ်တွေ အာဟာရတွေလည်း မရတော့လို့ ကလေးက အာဟာရပြတ်နေတတ်ပြီး အရေပြားပါးနေတတ်ပါတယ်။