backup og meta

ထူးဆန်းသောအိပ်မက်များ (ကိုယ်ဝန်ဆောင်စဉ်မက်သော ဂယောက်ဂယက်အိပ်မက်များ)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 03/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ထူးဆန်းသောအိပ်မက်များ (ကိုယ်ဝန်ဆောင်စဉ်မက်သော ဂယောက်ဂယက်အိပ်မက်များ)

    ကိုယ်ဝန်သည်တစ်ဦးရင်ဆိုင်နေရသည့် တခြားစိတ်ပူစရာများနှင့်မတူသော အိပ်မက်ဆိုသည်များမှာ စကားဝိုင်းတွင် ပြောပြရန်လည်း ရူးသလိုလိုပေါသလိုလိုဟု သင်ထင်ပါလိမ့်မည်။ သို့သော်လည်း မက်တိုင်း စိတ်ပူပန်ကတော့ လျော့မသွား။ သင်ထိုကဲ့သိုဖြစ်နေပါက သင်တစ်ဦးတည်းမဟုတ်တာမို့ ဦးနှောက်ခြောက်မနေပါနှင့်။

    ထူးဆန်းသည့် ကိုယ်ဝန်ဆောင် အိပ်မက်များအကြောင်း သင်သိထားသင့်သည်များ ဤဆောင်းပါးတွင် လေ့လာကြည့်ပါ။ ထူးဆန်းသောအိပ်မက်များ (ကိုယ်ဝန်ဆောင်စဉ်မက်သော ဂယောက်ဂယက်အိပ်မက်များ) အကြောင်း လေ့လာကြည့်လိုက်ပါ။

    ဘာကြောင့် ထူးဆန်းသောအိပ်မက်များ မက်နေရသလဲ။

    ပုံမှန်အိပ်စက်မှုစက်ဝိုင်းတစ်ခုတွင် လူတစ်ဦးသည် မျက်လုံးလျင်စွာလှုပ်ရှားသည့်အဆင့် (REM) ကို နှစ်ကြိမ်ခံစားရနိုင်သည်။ တစ်ကြိမ်သည် သာမာန်အိပ်ပျော်သည်မှ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သည်သို့ ပြောင်းသွားစဉ်ဖြစ်ပြီး နောက်တစ်ကြိမ်မှ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ရာမှ ဖြည်းဖြည်းချင်းနိုးထလာချိန်တွင်ဖြစ်သည်။

    သို့သော် ကိုယ်ဝန်သည်မှာမူ ညအိပ်စက်ရာ၌ ကြွက်တတ်တာမျိုး၊ ဆီးခဏခဏသွားချင်ခြင်း၊ ပျို့ခြင်း၊ ဆာတတ်ခြင်းတို့ကြောင်း အိပ်စက်မရပဲ REM အဆင့်ကို ခဏခဏ ကြုံရနိုင်ပါသည်။ REM အဆင့်သည် ဦးနှောက်တက်ကြွသည့်အချိန်ဖြစ်တာကြောင့် အိပ်မက်များလည်း ခဏခဏမက်တတ်ပါသည်။ ထိုအဆင့်ကို ခဏခဏကြုံရခြင်းဖြင့် အိပ်မက်များကို မှတ်မိနေတတ်ပြီး တကယ်ဖြစ်ပျက်နေသလို ခံစားရနိုင်ချေ ပိုများပါသည်။

    နောက်ထပ်ယူဆချက်တစ်ခုမှာ ကိုယ်ဝန်သည် မိခင်၏စိတ်ခံစားမှုများ စိတ်အခြေအနေများသည် မှန်တစ်ချက်ကဲ့သို့ မသိစိတ်တွင်သွားထင်နေပြီး သင်မက်နေသည့်အိပ်မက်သည် သင့်ခန္ဓါကိုယ်မှ စိုးရိမ်မှု၊ သံသယနှင့် စိတ်ပူသည်များကို ဖော်ပြခြင်းတစ်မျိုးဟု ဆိုသည်။

    ကနေဒါမှ du Sacré-Coeur de Montreal ဆေးရုံ၏ အိပ်မက်နှင့် အိပ်မက်ဆိုးများဆိုင်ရာ ဓါတ်ခွဲခန်းပညာရှင် Tore Nielsen အရ ကိုယ်ဝန်ဆောင် အိပ်မက်မက်ခြင်းသည် အစားထိုးမရနိုင်သည့် “စိတ်ပိုင်းဆိုင်ရာ ပုံသွင်းခြင်း” များဖြစ်ပြီး မကြာခင် ကြုံတွေ့ရတော့မည် စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများအား လိုက်လျောညီထွေရှိစေရန် ခန္ဓါကိုယ်မှ ပြင်ဆင်နေခြင်းဖြစ်သည်။ ထို့အပြင် ကိုယ်ဝန်ဆောင်များ၌ ဟော်မုန်းအပြောင်းအလဲများကြောင့် အထူးသဖြင့် ပရိုဂျက်စတီရုမ်း ထောင်တက်လာသောကြောင့် သင်၏စိတ်ဖိစီးမှုအခြေအနေအား ဆိုးဝါးစေနိုင်ပါသည်။ ထို့ကြောင့် ထူးဆန်းပြီး ကမောက်ကမအိပ်မက်များကို ပိုမက်စေခြင်းပင်ဖြစ်သည်။

    အမက်များသည့် ကိုယ်ဝန်ဆောင်အိပ်မက်များနှင့် အဓိပ္ပါယ်များ

    ရမ္မက်နိုးကြွစေသော အိပ်မက်များ – ထိုအိပ်မက်များကို ကိုယ်ဝန်ဆောင် ဒုတိယသုံးလအတွင်းရောက်သည့်အခါ မက်တတ်ပါသည်။ သန္ဓေသား ကြီးထွားသည့်အချိန်၊ ကျား မ လိင်ကွဲသည့်အချိန်၊ သားအိမ်ကျုံ့ခြင်းများ ဖြစ်လာသည့်အချိန်တွင် အောက်စီတိုစင်ဟော်မုန်း စထုတ်လာသောကြောင့် ဖြစ်ပါသည်။ သို့သော် တစ်ချို့ပညာရှင်များကတော့ ထိုအိပ်မက်များသည် ဖြစ်လာတော့မည့် ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများကို အခြေခံသော စိတ်မလုံခြုံမှုများ၊ ချစ်တင်းနှောလိုစိတ်များကြောင့် ဖြစ်ရခြင်းဟု ဆိုသည်။

    သားလေးလား သမီးလေးလားဆိုသည့် အိပ်မက်များ – ထိုအိပ်မက်မျိုးသည် မွေးလာမည့်ကလေး၏ လိင်အပေါ် သင့်စိတ်လွှမ်းမိုးနေခြင်းကို ပြညွှန်ပါသည်။ သင်ကလေး ဘာလေးမွေးမည်ဟု နိမိတ်ပြနေခြင်း မဟုတ်ပါ။

    ကလေးသို့ မတော်တဆအန္တရာယ်များဖြစ်ကြောင်း မက်ခြင်း – ကလေးကို နေရာအထားမှားကြောင်း ထိခိုက်စေမည့် အခြေအနေများတွင် ထားမိကြောင်း မက်နေပါက သင်၏ မိခင်ဖြစ်ရန်အသင့်မဟုတ်သေးဆိုသည့်စိတ်၊ အရည်အချင်း မမှီသေးကြောင်း စိုးရိမ်ပူပန်နေသည့်စိတ်ကို ပြသနေပါသည်။ ကိုယ်ဝန်ဆောင်များ အနာဂတ်တွင်ထမ်းဆောင်ရတော့မည့် တာဝန်များကို စဉ်းစားမိတိုင်း ဖိအားများလာချိန်တွင် မက်လေ့ရှိပါသည်။

    လူမဟုတ်သည့်အရာများ မွေးဖွားကြောင်း အိပ်မက်များ – အိပ်မက်ထဲ၌ သတ္တဝါများ ပရိဘောဂများသာ မွေးဖွားသည်ဟု မြင်မက်လျှင် သင့်ကလေးတစ်ခုခုများ ဖြစ်တော့မလားဆိုပြီး တွေးပူမနေပါနှင့်။ အမှန်ဆိုရလျှင် ထိုအိပ်မက်မျိုးသည် ဖြစ်လာတော့မည့် မိခင်ဘဝအတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်နေမှုကို ပြသသည့် ပေါ်ပြူလာ အိပ်မက်တစ်ခုပင်ဖြစ်သည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 03/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement