ကိုယ်ဝန်ဆောင်မေမေ ကိုယ်ခံအားကောင်းစေဖို့ ဘာတွေ စားမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 28, 2020 . 2 mins read
Share now

ကိုယ်ဝန်ဆောင်ချိန်မှာ မိခင် ကျန်းမာမှ ဗိုက်ထဲက ဘေဘီလေးက ကျန်းမာမှာပါ။ အခုလို ရောဂါပိုးတွေ ပြန့်နှံ့နေချိန်မှာ ကိုယ်ခံအားကောင်းဖို့ကလည်း အရေးကြီးနေတာဆိုတော့ ကိုယ်ဝန်ဆောင်နေရတဲ့ လေဒီတွေ အနေနဲ့ ကိုယ်ခံအား ကောင်းအောင် စားသောက်ဖို့ လိုပါမယ်။

ကိုယ်ဝန်ဆောင် မေမေတွေ အနေနဲ့ ဘေဘီလေးကို မထိခိုက်စေဘဲ ကိုယ်ခံအား ကောင်းအောင် ဘာတွေ စားသောက်ရမလဲ သိချင်တယ်ဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်ဖို့ ပြောပါရစေ။

ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ခံအား ကောင်းစေဖို့ ဘာတွေ စားရမလဲ။

ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ခံအားကောင်းစေဖို့ ဒါတွေစားပါ။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူက ဘက်တီးရီးယားတွေကို သေစေနိုင်ပြီး၊ အအေးမိ၊ တုပ်ကွေး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ မှိုပိုး ကူးစက်ခံရတာနဲ့ နှာစေး၊ ချောင်းဆိုးတာက စလို့ အမျိုးမျိုးသော ကျန်းမာရေး ပြဿနာတွေကို မဖြစ်စေဖို့ အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။

အရေပြားပြဿနာ ကင်းစေပြီး ကိုယ်ခံအားကို အထိရောက်ဆုံး အားဖြည့်ပေးမှာပါ။

နို့

ကယ်လ်ဆီယမ် ကြွယ်ဝသလို ပရိုတင်း ပါဝင်မှု မနည်းတဲ့ နို့ကလည်း မေမေရာ ဘေဘီလေးကိုပါ ကျန်းမာ သန်စွမ်းစေဖို့ အများကြီး အားဖြည့်ပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ တစ်နေ့ကို နို့တစ်ခွက် ပုံမှန် သောက်သုံးပေးတာက မေမေ့ကို ကိုယ်ခံအား ကောင်းစေပြီး ဘေဘီလေးကို အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးစေမှာပါ။

ကီဝီသီး

ကီဝီးသီးက စားလိုက်ရင် ချိုချိုချဉ်ချဉ်လေးနဲ့ အရသာရှိတာကြောင့် ကိုယ်ဝန်ဆောင်ချိန် ပျို့အန်တာကို သက်သာစေနိုင်ပါတယ်။ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေမှုက ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးပါတယ်။

ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ခံအား ကောင်းစေချင်တယ်ဆိုရင် ကီဝီသီး စားပေးဖို့ လိုပါမယ်။

လက်ဖက်စိမ်း ရေနွေးကြမ်း

လက်ဖက်စိမ်း ရေနွေးကြမ်းက ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတာကြောင့် ကိုယ်ခံအားကောင်းစေဖို့ အားဖြည့်ပေးနိုင်ပါတယ်။ အချိုပါတဲ့ သောက်စရာတွေက မိခင်ရော ကလေးကျန်းမာရေးကို ပါထိခိုက်စေနိုင်ပါတယ်။

ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ခံအား ကောင်းစေဖို့ အကောင်းဆုံး သောက်စရာ တစ်ခုကတော့ လက်ဖက်စိမ်း ရေနွေးကြမ်းပါ။ တစ်ခု သတိထားရမှာကတော့ လက်ဖက်စိမ်း ရေနွေးကြမ်းမှာ ကဖင်း ပါနိုင်တာကြောင့် အကန့်အသတ်နဲ့ သောက်ဖို့ပါ။

ကန်စွန်းဥ

ကန်စွန်းဥမှာ ကိုယ်ခံအားကို အားဖြည့်ပေးနိုင်တဲ့ ဗီတာမင် A ပါဝင်နေပါတယ်။ မေမေ့ကို ကျန်းမာစေသလို ဘေဘီလေးရဲ့ အမြင်အာရုံ ဖွံ့ဖြိုးစေဖို့လည်း အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။

အခွံမာသီး

အခွံမာသီးတွေ ဖြစ်ကြတဲ့ အယ်လ်မွန်စေ့၊ သစ်ကြားသီးတို့မှာ ကျန်းမာရေးအတွက် အကျိုးပြုတဲ့ အဆီတွေ ပါဝင်နေတာကြောင့် ကိုယ်ခံအား ကောင်းစေနိုင်သလို စိတ်ခံစားမှု ကောင်းစေနိုင်ဖို့လည်း အထောက်အပံ့ပေးပါတယ်။

ကြက်စွပ်ပြုတ်

အဆီမပါတဲ့ ကြက်သားကို စွပ်ပြုတ်လုပ်ပြီး သောက်ပေးတာက ကိုယ်ခံအား ကောင်းစေတယ်ဆိုတာ အထွေအထူး မပြောလည်း သိပြီးဖြစ်မှာပါ။ ပရိုတင်းကြွယ်ဝတာကြောင့် ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ အာဟာရပြည့်ဝစေပြီး ဘေဘီလေးကို အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးစေမှာပါ။

ကဲ… ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ခံအားကောင်းနေစေဖို့ ဒါလေးတွေကို စားပေးဖို့ ပြောပါရစေ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အရေပြား ဓာတ်မတည့်မှု

အရေပြား ဓာတ်မတည့်မှု က ကလေးတွေမှာရော အရွယ်ရောက်ပြီးသူတွေမှာပါ အမျိုးအမျိုးသော အခြေအနေတွေနဲ့ ဖြစ်နိုင်ပါတယ်။ ဖြစ်စေတဲ့ အကြောင်းအရင်းတွေကလည်း အမျိုးမျိုးပါပဲ။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အခါးဓာတ်ပါတဲ့ အရာတွေက ဝက်ခြံကို သက်သာစေလား။

အခါးဓာတ်ပါတဲ့ အရာတွေက ဝက်ခြံ ကို သက်သာစေလား။ အခါးဓာတ်ပါတဲ့အရာတွေက အစာခြေစနစ်ကို ကျန်းမာစေသလို ကိုယ်တွင်းအဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်လို့ ဘာအကျိုးရှိနိုင်မလဲ

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်ရင် ဘာတွေ အကျိုးရှိနိုင်မလဲဆိုတာ ပြောပြချင်ပါတယ်။ လုပ်နေကျ အလုပ်တွေကို လုပ်ဖို့တောင် ခက်ခဲလာပြီဆိုရင် သေချာတာကတော့ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အကြောက်တရား နဲ့ ကျန်းမာရေး

အကြောက်တရား နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

မုယော ရဲ့ကျန်းမာရေး အာနိသင်

မုယော ရဲ့ကျန်းမာရေး အာနိသင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 8, 2021 . 2 mins read
အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 8, 2021 . 2 mins read
အာပူရွက် ရဲ့ကျန်းမာရေး အာနိသင်

အာပူရွက် ရဲ့ကျန်းမာရေး အာနိသင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 5, 2021 . 2 mins read
ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 4, 2021 . 2 mins read