ကိုယ်ဝန်ဆောင် မေမေ ဒန့်သလွန်သီး စားလို့ရလား………….

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 2, 2020 . 2 mins read
Share now

ဗိုက်ထဲက ကလေးလေး ကောင်းကောင်းမွန်မွန် ကျန်းကျန်းမာမာ ကြီးထွားလာစေဖို့ မေမေက အာဟာရပြည့်ဝအောင် စားသုံးဖို့လိုပါမယ်။  မေမေ နေ့စဉ် စားသုံးတဲ့အာဟာရမှာ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ အခြား အာဟာရဖြစ်တဲ့ စားစရာတွေ ပါဝင်နေဖို့ လိုပါမယ်။

ဒီနေ့တော့ ကိုယ်ဝန်ဆောင်ချိန်မှာ စားသုံးမယ်ဆိုရင် မေမေရော ဘေဘီလေးပါ ကျန်းမာစေမယ့် အသီးအနှံလေးတစ်ခုဖြစ်တဲ့ ဒန့်သလွန်သီးလေးအကြောင်း ပြောပြပေးမယ်နော်။

ကိုယ်ဝန်ဆောင်ချိန်မှာ ဒန့်သလွန်သီးစားတာ ဘေးကင်းရဲ့လား………

ကိုယ်ဝန်ဆောင်ချိန်မှာ ဒန့်သလွန်သီးစားတာက ဘေးကင်းပါတယ်။ ဒါပေမယ့် ဒန့်သလွန်သီးကို သေချာဆေးကြောပြီး ကျက်နေအောင် ချက်ဖို့တော့ လိုပါမယ်။  အခြား အာဟာရပြည့်ဝတဲ့ စားစရာတွေလိုပဲ ဒန့်သလွန်သီးကလည်း သင့်တင့်တဲ့ ပမာဏ စားသုံးမယ်ဆိုရင် မေမေရော ဘေဘီလေးပါ ကျန်းမာစေမှာပါ။

ဒန့်ဒလွန်သီးမှာပါတဲ့ အာဟာရဓာတ်တွေက ဘာတွေများလဲ…………..

ဒန့်သလွန်သီးမှာ မေမေရော ဘေဘီလေးကိုပါ ကျန်းမာစေနိုင်တဲ့ အာဟာရဓာတ်များစွာပါဝင်နေပါတယ်။ ဒါတွေကတော့

ကိုယ်ဝန်ဆောင် မေမေ ဒန့်သလွန်သီးစားတဲ့အခါ

ကိုယ်ဝန်ဆောင် မေမေ ဒန့်သလွန်သီးစားတဲ့အခါ

  •  Morning Sickness သက်သာစေတယ်

ကိုယ်ဝန်ဆောင် မေမေ အနေနဲ့ ဒန့်သလွန်သီးစားတဲ့အခါ ကိုယ်ဝန်ဆောင် အစောပိုင်းကာလမှာ ခံစားရနိုင်တဲ့ ပျို့အန်တာကို သက်သာစေမှာပါ။ ခြေကုန်လက်ပမ်းကျတာ၊ မူးဝေတာတွေကို သက်သာစေမှာပါ။ ကိုယ်ဝန်ဆောင် မေမေအနေနဲ့ ဒန့်သလွန်သီး စားပေးတာက တက်ကြွ လန်းဆန်းနေစေမှာပါ။

ဒန့်သလွန်သီးမှာ ဘေဘီလေးရဲ့ ဦးနှောက်နဲ့ အာရုံကြောမကြီး တည်ဆောက်ရာမှာ မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ် ဖြစ်တဲ့ ဖောလိတ် ပါဝင်နေပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဖောလိတ် မပြည့်ဝမှုက ဘေဘီလေးမှာ ချို့ယွင်းချက် ပါလာစေနိုင်ပါတယ်။

ဒါကြောင့် ဘေဘီလေး ကျန်းမာစေဖို့ဆိုရင် ကိုယ်ဝန်ဆောင်ချိန်မှာ ဖောလိတ် ပြည့်ဝအောင် စားသုံးဖို့လိုပါမယ်။ ဒန့်သလွန်သီးက ဖောလိတ် ပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင် မိခင်တွေနဲ့ အထူးသင့်တော်ပါတယ်။

ဒန့်သလွန်သီးက သွေးတွင်း သကြားဓာတ်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဒန့်သလွန်သီးစားတာက သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်ပြီး ကိုယ်ဝန်ဆောင် ဆီးချို မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ဒန့်သလွန်သီးမှာ အရိုးတွေကို သန်မာစေပြီး အရိုးသိပ်သည်းဆ ကောင်းမွန်စေတဲ့ ကယ်လ်ဆီယမ်၊ သံဓာတ်နဲ့ သတ္တုဓာတ်တွေ ပါဝင်နေပါတယ်။

သံဓာတ်အားနည်းတဲ့အခါ သွေးအားနည်းရောဂါဖြစ်လာပါတယ်။ ဒါက ကိုယ်ဝန်ဆောင်ချိန်မှာ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာတွေထဲကတစ်ခုပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ သံဓာတ်အားမနည်းစေဖို့နဲ့ သံဓာတ်အားနည်းမှုကြောင့် သွေးအားနည်း ရောဂါ မဖြစ်စေဖို့ဆိုရင် ဒန့်သလွန်သီး အပါအဝင် သံဓာတ်ပြည့်ဝတဲ့ အစားအသောက်တွေကို စားသုံးဖို့ လိုပါမယ်။

ဒန့်သလွန်သီးက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ခံအားက နည်းနေတာကြောင့် ရောဂါကူးစက်ခံရနိုင်ခြေက တော်တော်လေး မြင့်နေပါတယ်။ ဒီပြဿနာတွေ ကင်းဖို့ဆိုရင် ဒန့်သလွန်သီး စားပေးလို့ရပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသမီးတော်တော်များများ ခံစားရတဲ့ ပြဿနာက ဝမ်းချုပ်တာပါ။ ဒီပြဿနာကင်းစေဖို့ဆိုရင် နေ့စဉ် စားသုံးတဲ့ အစားအစာထဲမှာ ဒန့်သလွန်သီး ထည့်စားပေးပါ။ ဒါက ဝမ်းမှန်မှန်သွားစေပြီး ဝမ်းချုပ်တာကို သက်သာစေမှာပါ။

ဒန့်သလွန်သီးက သားအိမ်ကျုံ့ဆန့်မှုကို အားကောင်းစေပြီး မွေးဖွားချိန်မှာ နာကျင်မှုကို သက်သာစေနိုင်ပါတယ်။ မွေးဖွားရလွယ်ကူစေပြီး မွေးဖွားပြီးနောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ကင်းစေနိုင်ပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အစာအိမ်ကင်ဆာ ကာကွယ်ပါ

အစာအိမ်ဆိုတာ ဝမ်းဗိုက်ရဲ့ အထက်ပိုင်းနားမှားရှိတဲ့ J ပုံစံ အစိတ်အပိုင်းတစ်ခုပါ။ အစာခြေစနစ်ရဲ့ အစိတ်အပိုင်း တစ်ခုပေါ့။ အစာအိမ်ကင်ဆာ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
အစာအိမ်ကင်ဆာ, ကျန်းမာရေးစင်တာ အောက်တိုဘာ 22, 2020 . 2 mins read

ကိုဗစ်ကာကွယ်ဖို့ရာ ဗီတာမင်ဒီ ကို မဖြစ်မနေ သောက်သင့်လား

ဗီတာမင်ဒီဟာ ကိုဗစ် ကာကွယ်ရေးမှာရော ကုသရေးမှာပါ ကောင်းကျိုးရှိတယ်လို့ လုံလောက်တဲ့ သက်သေပြချက် မရှိသေးပါဘူး။ ဒါကြောင့် ချိန်ဆပြီး သောက်ဖို့ လိုပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 21, 2020 . 2 mins read

ကိုဗစ်ကာလ မဖြစ်မနေ မှီဝဲပေးသင့်တဲ့ အာဟာရ

အခုလို ကိုဗစ်ကာလမှာ ကိုယ်ခံအားကို ပြည့်ဝ ကောင်းမွန်နေစေဖို့ ဘယ်လို အာဟာရတွေ မှီဝဲသင့်လဲဆိုတာကို ဆောင်းပါးလေးကနေတဆင့် ပြောပြပေးသွားပါမယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 20, 2020 . 2 mins read

ကိုဗစ်ကာလမှာ လူတိုင်းလိုလို ပျောက်ဆုံးနေတဲ့အရာ

တစ်နေ့တစ်နေ့ လူနာစာရင်းထုတ်ပြန်ချက်ကို စောင့်ကြည့်လိုက်၊ ကြောက်လိုက်တာဆိုပြီး အိမ်ထဲနေလိုက်ရင်းနဲ့ ပျောက်ဆုံးမှန်းမသိ ပျောက်ဆုံးလာတဲ့ အရာရှိတယ်နော်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 19, 2020 . 2 mins read

သင့်အတွက် ရွေးချယ်ထားသည်

ကိုဗစ်ကာလ အိမ်တိုင်းဆောင်ထားသင့်တဲ့ ကျန်းမာရေးကိရိယာ

ကိုဗစ်ကာလ အိမ်တိုင်းဆောင်ထားသင့်တဲ့ ကျန်းမာရေးကိရိယာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 28, 2020 . 2 mins read
သွေးတွင်း အောက်ဆီဂျင်နည်းနေပြီဆိုတာသိသာစေမယ့် လက္ခဏာများ

သွေးတွင်း အောက်ဆီဂျင်နည်းနေပြီဆိုတာသိသာစေမယ့် လက္ခဏာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 27, 2020 . 2 mins read
ကိုယ်ခံအားကောင်းတယ်ဆိုပြီး ဗီတာမင် C တွေ လွန်လွန်ကဲကဲ မှီဝဲမိတဲ့အခါ

ကိုယ်ခံအားကောင်းတယ်ဆိုပြီး ဗီတာမင် C တွေ လွန်လွန်ကဲကဲ မှီဝဲမိတဲ့အခါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 26, 2020 . 2 mins read
Stay at Home မှာ ဝိတ်တက်လာသူတွေအတွက် ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလေးများ

Stay at Home မှာ ဝိတ်တက်လာသူတွေအတွက် ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလေးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 23, 2020 . 2 mins read