backup og meta

လိမ္မော်သီးထက် ​ဗီတာမင် C ကြွယ်ဝတဲ့အရာတွေက ဘာတွေများလဲ..........


Aye Thi Mon မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိမ္မော်သီးထက် ​ဗီတာမင် C ကြွယ်ဝတဲ့အရာတွေက ဘာတွေများလဲ..........

    ဗီတာမင် C က ကိုယ်ခံအား ကောင်းစေသလို အနာကျက်မြန်စေတဲ့ အာနိသင်ကြောင့် ဗီတာမင် C ကို စားသုံးဖို့ လိုမယ် ဆိုတာက အများက လက်ခံထားတဲ့ အယူအဆ တစ်ရပ်ပါ။ လူတော်တော်များများက ဗီတာမင် C လို့ ပြောလိုက်ရင် လိမ္မော်သီး စားရမယ်ဆိုတာပါ။ တကယ်က လိမ္မော်သီးထက် ဗီတာမင် C ကြွယ်ဝတဲ့ အသီးတွေ ဟင်းသီးဟင်းရွက်တွေ ရှိနေပါတယ်။ ဘာတွေများ ဖြစ်မလဲ……

    လိမ္မော်သီးထက် ​ဗီတာမင် C ကြွယ်ဝတဲ့ အသီးတွေက ဘာတွေများလဲ……….

    လိမ္မော်သီးထက် ဗီတာမင် C ကြွယ်ဝတဲ့ အသီးတွ ဟင်းသီးဟင်းရွက်တွေက

    မာလကာသီး

    မာလကာသီးက စားရတာ အရသာရှိပြီး အရည်ရွှမ်းသလို ဗီတာမင် C လည်း ကြွယ်ဝပါတယ်။ ဒါ့အပြင် မာလကာသီးမှာ ကယ်လ်လိုရီ ၃၇ ဂရမ်၊ ကာဗိုဟိုက်ဒရိတ် ၈ ဂရမ်၊ အမျှင်ဓာတ် ၃ ဂရမ်တို့ ပါဝင်ပါတယ်။ မာလကာသီးမှာ ဗီတာမင် C ၁၂၆ မီလီဂရမ် ပါဝင်နေပါတယ်။

    ကီဝီသီး

    ကီဝီသီးမှာ အခြားအသီးတွေနည်းတူ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ကီဝီသီး အရွယ်တော် တစ်လုံးမှာ ဗီတာမင် C ၁၃၇ မီလီဂရမ် ပါဝင်နေပါတယ်။ လိမ္မော်သီးမှာ ပါဝင်နေတဲ့ ဗီတာမင် C ပမာဏရဲ့ ၂ ဆပါ။

    နာနတ်သီး

    နာနတ်သီးမှာ ဗီတာမင် C ၇၉ မီလီဂရမ် ပါဝင်နေတာကြောင့် ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။ အရိုးတွေ သန်မာစေဖို့ အားဖြည့်ပေးသလို အစာခြေစနစ်ကို ကျန်းမာစေပါတယ်။ ကျန်းမာရေး အကျိုးကျေးဇူးလည်း များတဲ့ သစ်သီးတစ်မျိုးပါ။

    သင်္ဘောသီး

    နောက်ထပ် ဗီတာမင် C ကြွယ်ဝတဲ့ အသီးက သင်္ဘောသီးပါ။ သင်္ဘောသီးမှာ ဗီတာမင် C ၈၈ မီလီဂရမ် ပါဝင်နေပါတယ်။ ဒါကြောင့် ဗီတာမင် C ကြွယ်ဝပြီး ကိုယ်ခံအား ကောင်းစေဖို့ဆိုရင် သင်္ဘောသီး စားပေးလို့ရပါတယ်။

    သရက်သီး

    သရက်သီးကလည်း ဗီတာမင် C ကြွယ်ဝတဲ့ အသီးအနှံတစ်ခုပေါ့။ ကိုယ်ခံအားကို အားဖြည့်ပေးတဲ့ အသီးတစ်ခုဆိုလည်း မမှားပါဘူး။ သရက်သီး အစိမ်းက သရက်သီးအမှည့်ထက် ဗီတာမင် C ပိုမို ကြွယ်ဝပါတယ်။

    စတော်ဘယ်ရီသီး

    စတော်ဘယ်ရီမှာ ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝသလို ဗီတာမင် C လည်း ကြွယ်ဝပါတယ်။ စတော်ဘယ်ရီကလည်း ဗီတာမင် C ပါဝင်မှုက လိမ္မော်သီးထက် ပိုများပါတယ်။

    ပန်းဂေါ်ဖီစိမ်း

    ပန်းဂေါ်ဖီစိမ်းက အချဉ် အရသာမရှိပေမယ့် ဗီတာမင် C ကြွယ်ဝပါတယ်။ ပန်းဂေါ်ဖီစိမ်းက ပျက်စီးနေတဲ့ တစ်ရှူးတွေကို ပြုပြင်ပေးသလို ကိုယ်ခံအားကိုလည်း အားဖြည့်ပေးပါတယ်။

    ကိုက်လန်

    ကိုက်လန်က ကျန်းမာရေး အာနိသင်များတဲ့ အရွက်တစ်မျိုးပါ။ ဗီတာမင် C ရော ဗီတာမင် K ပါ ကြွယ်ဝပါတယ်။ အရသာရှိသလို ပုံမှန် စားသုံပေးမယ်ဆိုရင် ခန္ဓာကိုယ် ကျန်းမာစေမှာပါ။

    ငရုတ်ပွ

    အနီရောင် နဲ့ အဝါရောင် ငရုတ်ပွတွေက ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝသလို ခန္ဓာကိုယ်ကို အားပြည့်စေပြီး မျက်လုံးနဲ့ နှလုံး ကျန်းမာစေဖို့ အားဖြည့်ပေးပါတယ်။ ဗီတာမင် C ကြွယ်ဝမှုက ကော်လာဂျင်ပမာဏကို မြှင့်တင်ပေးပါတယ်။ အဆုတ်ကင်ဆာ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement