ဘေဘီလေးကို ဒူးရင်းသီး ကျွေးလို့ရလား………..

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 8, 2020 . 2 mins read
Share now

ကလေးက အစားစစား တတ်ပြီ။ ဒါဆို အသီးတွေလည်း ကျွေးလို့ရပြီပေါ့။ ဒါဆိုရင် တော်တော်များများ ကြိုက်ကြတဲ့ ဒူးရင်းသီးရော ကလေးကို ကျွေးလို့ပြီလား၊ လို့ မေးစရာ ရှိနိုင်ပါတယ်။ ဒီအဖြေကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

ကလေးကို ဒူးရင်းသီး ကျွေးလို့ရလား……..

ကလေးကို ဒူးရင်းသီး ကျွေးလို့ရလား ဆိုတော့ ကျွေးလို့ရပါတယ်။ အရမ်း အများကြီးတော့ ကျွေးလို့ မရပါဘူး။ ဒီလီုပြောရတာက ဒူးရင်းသီးက အာဟာရပါဝင်မှုများသလို သကြားဓာတ် ပါဝင်မှုကလည်း တော်တော်လေး မြင့်ပါတယ်။ ဒူးရင်းသီးမှာ ပရိုတင်းဗီတာမင်တွေ၊ ကယ်လ်ဆီယမ်၊ phosphorus နဲ့ သံဓာတ်တို့ ပါဝင် နေပါတယ်။ ဒူးရင်းသီးက ပုံမှန်အားဖြင့်တော့ အာဟာရ ကြွယ်ဝပြီး ကျန်းမာရေးကို အထောက်အကူပြုပေးတဲ့ အသီးတစ်မျိုးပါ။

ကလေးကို ဒူးရင်းသီး အများကြီး မကျွေးပါနဲ့

ဒူးရင်းသီးက အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်ပေမယ့် ဒီအမျှင်ဓာတ်က ရေကို အလွယ်တကူ စုပ်ယူနိုင်ပြီး အူတွေ အစာအိမ်တွေကို ရောင်စေနိုင်ပါတယ်။ ကလေးက ဒူးရင်းသီး အများကြီး ကျွေးမိမယ်ဆိုရင် အူပိတ်တာ ဝမ်းချုပ်တာတွေ ဖြစ်စေနိုင်ပါတယ်။

ဒူးရင်းသီးမှာ နေ့စဉ် လိုအပ်တဲ့ အမျှင်ဓာတ် ပြည့်ဝစွာပါပေမယ့် တော်တော်လေး ကိုက်ဖြတ်ရပါတယ်။ ဒီ အမျှင်ဓာတ်တွေကို ကိုက်ဖြတ်ဖို့ သားသားမီးမီးတို့ရဲ့ သွားတွေက အပြည့်အဝ မဖွံ့ဖြိုးသေးပါဘူး။ ဒီတော့ ကလေးက ဒူးရင်းသီးကို သေချာ မဝါးမိဘဲ မြိုချလိုက်မယ်ဆိုရင် အစာခြေစနစ် ပြဿနာတွေ ဖြစ်လာစေမှာပါ။

နောက်တစ်ချက်က ဒူးရင်းသီးက အပူစာ ဖြစ်တာကြောင့် ကလေးအနေနဲ့ ဒူးရင်းသီးကို အများကြီး စားမိမယ်ဆိုရင် အပူကန်တဲ့ လက္ခဏာတွေဖြစ်တဲ့လည်ချောင်းနာတာ၊ အစာမကြေတာနဲ့ အိပ်မပျော်တာလိုမျိုး ပြဿနာတွေ ခံစားရနိုင်ပါတယ်။ ဒါ​ကြောင့် ကလေးကို ဒူးရင်းသီး စားပြီးတိုင်း ရေသေချာ တိုက်ပေးပါ။

ကလေးက တစ်နှစ် မပြည့်သေးဘူးဆိုရင်တော့ ဒူးရင်းသီးကို လုံးဝမကျွေးတာ အကောင်းဆုံးပါ။ ဒူးရင်းသီးက အစာကြေဖို့ ခက်သလို အနံ့အရသာ ပြင်းတာ၊ သကြားဓာတ် ပါဝင်မှုမြင့်တာတွေကို ကလေးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

အသက် ၁ နှစ် မပြည့်ခင်မှာ ဒူးရင်းသီး မကျွေးသင့်တဲ့ အကြောင်းအရင်း

ကလေးကို အသက် ၁ နှစ် မပြည့်ခင်မှာ ဒူးရင်းသီး မကျွေးပါနဲ့လို့ ပြောရတဲ့ အကြောင်းအရင်း က ကလေးက သွားတွေ စုံအောင်မထွက်သေးဘူး။ တစ်နှစ်အရွယ်မှာ သွားပေါက်မြန်တဲ့ဆိုတဲ့ ကလေးတစ်ယောက်အနေနဲ့တောင် သွားက ၁၀ ချောင်းပဲ ထွက်မှာပါ။ သွားပေါက်နှေးတဲ့ သားသားမီးမီးတို့ဆိုရင် ၂ ချောင်း ၃ ချောင်းအပြင် ပိုမရှိနိုင်ပါဘူး။

ဒီလို သွားပမာဏ နည်းနည်းလေးက အမျှင်ဓာတ်များတဲ့ ဒူးရင်းသီးကို သေချာ ကြိတ်ဝါးနိုင်ဖို့ မဖြစ်နိုင်ပါဘူး။ ဒီတော့ ကလေးက အလွယ်တကူ မျိုချလိုက်ပါမယ်။ ဒီလိုမျိုချတာက လည်ချောင်းမှာ အစာနင်တာ၊ လေပြွန်ပိတ်တာလိုမျိုး ပြဿနာတွေ ခံစားရစေနိုင်ပါတယ်။

အသက် ၁ နှစ်အောက် ကလေးရဲ့ လည်ချောင်း၊ လေပြွန်၊ အစာရေမျိုတွေက တော်တော်လေး သေးငယ်ပါသေးတယ်။ ဒါ​ကြောင့် အသက် ၁ နှစ်အောက် ဘေဘီလေးကို အသက်ရှူကြပ်တဲ့ ပြဿနာမျိုး မဖြစ်စေဖို့ ဒူးရင်းသီး မကျွေးသင့်ပါဘူး။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ငှက်ပျောဖူး ကြိုက်ကြလား…………..

ငှက်ပျောဖူးကို သနပ်စုံသုပ်တွေထဲမှာ အများဆုံး စားမိနိုင်ပါတယ်။ ငှက်ပျောဖူးက သုပ်စားလို့ရသလို ငါးနဲ့ချက်စားတာ။ အကြွပ်ကြော်စားတာတွေပါ လုပ်စားလို့ ရပါသေးတယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အစာအိမ်ကြွက်သားများအားနည်းခြင်း

အစာအိမ်ကြွက်သားများ အားနည်းပြီး လှုပ်ရှားမှုမကောင်းတဲ့အခါ အစာချေဖို့နဲ့ အစာအိမ်ထဲက အစာတွေကို အူလမ်းကြောင်းထဲကို ပို့ဆောင်နိုင်ဖို့ နှေးကွေးသွားပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

သားသားမီးမီးတို့ရဲ့ အစားအစာတွေထဲမှာ Prebiotics ပါစေဖို့

အသက်ထက်တောင် တန်ဖိုးထားရတဲ့ သားသားမီးမီးတွေ အကောင်းဆုံး ကြီးထွားစေဖို့ဆိုရင် နေ့စဉ် စားသုံးမှုတွေကို အာဟာရ ပြည့်ဝအောင် ပြင်ဆင်ပေးဖို့လိုပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ယနေ့ခေတ်မှာ prebiotics တွေ ဘာလို့ သတင်းကြီးလာတာလဲ။

ဒီဘက်ခေတ်မှာတော့ ကလေးထွားဖို့ အားဆေးတိုက်တာ၊ ထမင်းကျွေးတာထက် ထိရောက်တဲ့ နည်းလမ်းတစ်ခု ရှိနေပါတယ်။ ဒါကတော့ သားသားမီးမီးတို့ရဲ့ တပ်မှူးလေးပေါ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

တန်ဆေးလွန်ဘေး ဗီတာမင်ဘေး (ရေမှာ ပျော်ဝင်တဲ့ ဗီတာမင်တွေအကြောင်း)

တန်ဆေးလွန်ဘေး ဗီတာမင်ဘေး (ရေမှာ ပျော်ဝင်တဲ့ ဗီတာမင်တွေအကြောင်း)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 27, 2020 . 3 mins read
သရက်သီးကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ

သရက်သီးကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ

ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2020 . 2 mins read
အယ်ကာလီဓာတ်များတဲ့ရေနဲ့ ကျန်းမာရေး

အယ်ကာလီဓာတ်များတဲ့ရေနဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2020 . 2 mins read
အသားကင်တွေရဲ့ အန္တရာယ်

အသားကင်တွေရဲ့ အန္တရာယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 25, 2020 . 1 min read