Miscarriage (ကိုယ်ဝန်ပျက်ကျခြင်း) အကြောင်း နည်းနည်းလောက် ဆွေးနွေးချင်ပါတယ်။
Miscarriage (ကိုယ်ဝန်ပျက်ကျခြင်း) အကြောင်း နည်းနည်းလောက် ဆွေးနွေးချင်ပါတယ်။
ကိုယ်ဝန်သက်တမ်း အပတ်၂၀မတိုင်ခင် ကိုယ်ဝန်ဆောင်စဉ် တခုခု လွဲချော်ခြင်း၊ သန္ဓေသားကောင်းစွာ မကြီးထွားခြင်းတို့ကြောင့် အလိုလျောက် ကိုယ်ဝန်ကျခြင်း ကို ခေါ်ပါတယ်။ ကိုယ်ဝန်ဆောင်တွေရဲ့ ၁၀-၂၀%က အကြောင်းရင်းမယ်မယ်ရရ မရှိဘဲ ကိုယ်ဝန်ပျက်ကျတတ်ပါတယ်။
ကိုယ်ဝန်ပျက်ကျခြင်းဟာ အဖြစ်များပါတယ်။ အမျိုးသမီးတစ်ဦးက သူမကိုယ်တိုင် ကိုယ်ဝန်ရှိမှန်း မသိလိုက်ခင်မှာတောင် ပျက်ကျတတ်ကြပါတယ်။ ကိုယ်ဝန်ဆောင်ချိန် အပတ်၂၀ကျော်လာလျှင်တော့ ဖြစ်နိုင်ခြေ နည်းသွားပါတယ်။
ကိုယ်ဝန်ပျက်ကျခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့
ဒီထဲမှာ မပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်း ရှိနိုင်ပါသေးတယ်။ တကယ်လို့ ကိုယ့်ကိုယ်ကို ကိုယ်ဝန်ပျက်ကျတယ်လို့ စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
ဗိုက်ထဲက ကလေးမှာ ပါလာတဲ့ မျိုးဗီဇဆိုင်ရာပြဿနာများက ကိုယ်ဝန်ပျက်ကျစေနိုင်ပါတယ်။ လနုချိန် ကိုယ်ဝန်ပျက်ကျတာ အများစုက ဒါကြောင့်ပါ။ ဒါက မိခင်နဲ့ မဆိုင်သလို ကြိုတင်ကာကွယ်လို့လည်း မရပါဘူး။
ကိုယ်ဝန်ပျက်ကျစေတဲ့ အခြားအကြောင်းအရင်းများကတော့
ကိုယ်ဝန်ပျက်ကျခြင်း ကို မြင့်စေတဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
ကိုယ်ဝန်ပျက်ကျခြင်းကို အတည်ပြုဖို့ ဆရာဝန်က အောက်ပါစစ်ဆေးမှုများ ပြုလုပ်ပါလိမ့်မယ်။
သင့်မှာ ကိုယ်ဝန်ပျက်ကျလုနီးပါးဖြစ်နေရင် သွေးဆင်းတာ၊ နာတာမပျောက်မချင်း အနားယူရပါမယ်။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းနဲ့ လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်ရပါမယ်။ ခရီးသွားခြင်းကိုလည်း ရှောင်သင့်ပါတယ်။ အထူးသဖြင့် ဆေးကုသမှု ချက်ခြင်းမရနိုင်တဲ့ နေရာများသို့ သွားလာခြင်းကို ရှောင်ရပါမယ်။
ကိုယ်ဝန်ပျက်ကျတဲ့အခါ ဖြေရှင်းနိုင်တဲ့နည်းလမ်းတွေကတော့ စောင့်ကြည့်ကုသခြင်း၊ ဆေးဖြင့် ကုသခြင်း၊ ကိရိယာအသုံးပြုခြင်းတို့ဖြစ်ပါတယ်။
ကိုယ်ဝန်ပျက်ကျပေမဲ့ ရောဂါပိုးဝင်တဲ့ လက္ခဏာမရှိရင် စောင့်ကြည့်တဲ့နည်းကို သုံးနိုင်ပါတယ်။ သဘာဝအတိုင်း သူ့အလိုလို ထွက်ကျတာကို စောင့်တာပါ။ သူ့အလိုလို မထွက်ကျလာရင်တော့ ဆေးနဲ့ သို့မဟုတ် ကိရိယာအသုံးပြုနည်းကို ရွေးရပါမယ်။
သူ့အလိုလို ထွက်လာဖို့ နှေးနေရင်တော့ ဆေးပေးပြီး ထွက်လာအောင် လုပ်ဖို့ လိုကောင်းလိုနိုင်ပါတယ်။ ဆေးဝါးများက သင့်ခန္ဓာကိုယ်ထဲမှာ ကျန်ရှိနေတဲ့ ကိုယ်ဝန်တစ်ရှူးများနဲ့ အချင်းကို မြန်မြန်ထွက်လာအောင် ကူညီပေးပါလိမ့်မယ်။
အခြားကုသမှုနည်းလမ်းတစ်ခုကတော့ အသေးစားခွဲစိတ်မှုတစ်ခုဖြစ်တဲ့ D&C သားအိမ်ခြစ်ခြင်း သို့မဟုတ် လေစုပ်ခြင်းပဲ ဖြစ်ပါတယ်။ ဒီကိရိယာသုံးကုသမှုမှာ ဆရာဝန်က သင့်သားအိမ်ခေါင်းကို ချဲ့ပြီး သားအိမ်အထဲက တစ်ရှူးများကို ဖယ်ထုတ်ပါတယ်။ သင်ဟာ ကိုယ်ဝန်ပျက်ပြီး သွေးအလွန်ဆင်းနေလျှင်၊ ရောဂါပိုးဝင်တဲ့ လက္ခဏာများတွေ့ရရင် ဒီနည်းနဲ့ ကုသဖို့ လိုပါတယ်။
ကိုယ်ဝန်ပျက်ကျပြီးတဲ့အခါ မိခင်အနေနဲ့ စိတ်ရောကိုယ်ပါ ပင်ပန်းနေမှာပါ။ နောက်တစ်ကြိမ် ကိုယ်ဝန်ဆောင်ဖို့ သင့်စိတ်ရော ကိုယ်ပါ အဆင်သင့်ဖြစ်တဲ့အထိ စောင့်ပြီးမှ ကိုယ်ဝန်ယူသင့်ပါတယ်။
ကိုယ်ဝန်မပျက်ကျအောင် ကာကွယ်လို့ရတဲ့ နည်းမရှိပါဘူး။ ဒါပေမဲ့ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ဖို့
တကယ်လို့ သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Kaung Thar
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။