ဘယ်ရီသီးများ – စတော်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီး၊ ချယ်ရီသီး အစရှိတဲ့ ဘယ်ရီသီးတွေကို စားပေးဖို့ လိုအပ်ပါတယ်။ ဘယ်ရီသီးတွေမှာ ကင်ဆာရောဂါကို ဖြစ်မလာအောင် ကာကွယ်ပေးတဲ့ ဗီတာမင် C အပြင် ဦးနှောက်ကို ဖွံ့ဖြိုးစေတဲ့ အာဟာရဓါတ်တွေ အများအပြား ပါဝင်ပါတယ်။ ထမင်းစားပြီးတဲ့အချိန်မှာ ဘယ်ရီသီးတွေကို မုန့်ပဲသွားရည်စာအနေနဲ့ ကျွေးလို့ရသလို ဒိန်ချဉ်နဲ့လည်း ရောပြီး ကျွေးနိုင်ပါတယ်။
ပန်းသီး – အမျှင်ဓါတ်၊ အာဟာရဓါတ် ပေါကြွယ်ဝပြီး ကိုယ်ခံအားကိုကောင်းစေတယ်။ ကလေးတွေအတွက် လိုအပ်တဲ့ ဗီတာမင်တွေလည်း ပါဝင်လို့ ကျန်းမာကြံ့ခိုင်စေတယ်။ ပန်းသီးဟာ အသက်အရွယ်မရွေး စားပေးသင့်တဲ့ အစားအစာဖြစ်ပြီး တစ်နေ့ကို တစ်လုံး ပုံမှန်စားပေးရုံနဲ့ ရောဂါဘယကင်းစင်ပြီး ကျန်းမာစွာ ကြီးပြင်းလာစေဖို့ ကူညီပေးနိုင်ပါတယ်။
ငှက်ပျောသီး – ကာဗိုဟိုက်ဒြိတ် အများအပြားပါဝင်လို့ ကိုယ်ခန္ဓါ ကြွက်သားကို သန်မာစေတယ်။ ကလေးတွေ အထူးသဖြင့် အားကစားလိုက်စားတဲ့သူတွေဆိုရင် ငှက်ပျောသီးကို နေ့စဉ် ပုံမှန်စားပေးသင့်ပါတယ်။ ကလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေပြီး ခန္ဓါကိုယ်အတွက် အားအင်ကို ဖြစ်စေတယ်။ အသားအရည်ကို လှပစေတဲ့ ဗီတာမင် B ဓါတ်၊ နှလုံးကျန်းမာစေတဲ့ ဗီတာမင် C ဓါတ်၊ ပိုတက်စီယမ်ဓါတ်၊ အမျှင်ဓါတ်တွေလည်း ပါဝင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။