အတည်မပြုရသေးတဲ့ Stem cell ကုသမှုတွေကို ပြုလုပ်ပေးနေတဲ့ ဆေးရုံ၊ဆေးခန်းတွေနဲ့ ပတ်သက်ပြီး သိပ္ပံပညာရှင်တွေက လူနာတွေကို သတိပေးထားပါတယ်။”သုတေသန စမ်းသပ်မှုထဲမှာ ပါရမယ်လို့ ပြောပြီး ခင်ဗျားဆီက ပိုက်ဆံတောင်းရင် သတိသာ ထားပေတော့ဗျို့”လို့ အမေရိကန်ကင်ဆာအကယ်ဒမီကျောင်းက အုပ်ချုပ်သူ ဒေးဗစ်ပက်က ဆိုပါတယ်။ ဒီလို ကုသမှုမျိုးတွေ ငွေရေးကြေးရေးဆိုင်ရာ ပြဿနာတွေ ရှိလာနိုင်သလို လုံခြုံစိတ်ချရမှုလည်း မရှိပါဘူး။ တောင်ဖလော်ရီဒါ၊အမေရိကမှာ ရှိတဲ့ တရားမဝင် ဆေးခန်းတွေကနေ ကုသပေးလိုက်တဲ့အတွက် မျက်စိကွယ်သွားတဲ့ လူနာသုံးယောက်ရှိတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။
Stem cell တွေကို ဦးနှောက်၊မျက်စိနဲ့ အာရုံကြောအဖွဲ့အစည်းထဲကို ထိုးသွင်းပေးခြင်း ကဲ့သို့သော အန္တရာယ်များလှတဲ့ ကုသမှုတွေကို လုပ်ဆောင်ပေးနေတဲ့ ဆေးရုံဆေးခန်းတွေကို အရေးယူကြပ်မတ်နိုင်ဖို့အတွက် အရှိန်အဟုန်နဲ့ လုပ်ဆောင်နေတယ်လို့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ – FDA က ဆိုပါတယ်။Stem cell တွေကိုး လူ့ခန္ဓါကိုယ်အစိတ်အပိုင်းတွေထဲ ထိုးသွင်းပြီး ပျက်စီးနေတဲ့ တစ်ရှူးတွေကို ပြုပြင်ကုသစေတာဟာ လက်ရှိအခြေအနေမှာတော့ အင်မတန် အန္တရာယ်များနေပါသေးတယ်။ ကျွမ်းကျင်သူ သုတေသီပညာရှင်တွေအနေနဲ့ Stem cell တွေရဲ့ လုပ်ဆောင်ပုံတွေ၊သဘောသဘာဝတွေကို အခုထက် ပိုမိုသိရှိလာမယ့် အချိန်ထိ ကျွန်တော်တို့ စောင့်ဆိုင်းသင့်ပါတယ်။ ဒီလို Stem cell အသုံးပြု ကုသမှု တစုံတရာ မခံယူခင်မှာ Stem cell ကျွမ်းကျင်သူ ပညာရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးပြီး အကြံဉာဏ်ကောင်းတွေ ရယူသင့်တယ်လို့ FDA က အကြံပြုထားပါတယ်။
နိဂုံးချုပ်ပြောရမယ်ဆိုရင်တော့ Stem cell အသုံးပြုကုသခြင်းဟာ လူနာတွေအတွက်ရော၊ဆေးလောကအတွက်ပါ အမှန်တကယ် အရေးပါအကျိုးရှိမယ့် နည်းလမ်းတခု ဖြစ်လာမယ်ဆိုတာ သေချာပါတယ်။ ဒါပေမယ့် ဒီကုသမှုဟာ လူ့ခန္ဓါကိုယ်ရဲ့ အခြေခံအကျဆုံး ယူနစ်တွေအပေါ် တိုက်ရိုက်အကျိုးသက်ရောက်မှု ရှိစေတာမို့ အမှန်တကယ် တွင်တွင်ကျယ်ကျယ် အသုံးမပြုခင်မှာ သိပ္ပံပညာရှင်တွေအနေနဲ့ အချိန်ပေးပြီး ဆက်လက်လေ့လာစရာတွေ အများကြီး ရှိနေသေးတဲ့အကြောင်း မျှဝေပေးလိုက်ရပါတယ်။
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။