backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အစာအဆိပ်သင့် တဲ့အခါ ဘာတွေဆောင်လို့ဘာတွေရှောင်မလဲ....


Aye Thi Mon မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အစာအဆိပ်သင့် တဲ့အခါ ဘာတွေဆောင်လို့ဘာတွေရှောင်မလဲ....
ဘာလို့မှန်းမသိဘူး။ အော့အန်နေတယ်၊ ဝမ်းတွေလည်းသွားနေတယ်။ ကိုယ်လည်း နည်းနည်းနွေးချင်သလိုလို ဖြစ်နေတယ်ဆိုရင် ဒါက အစာအဆိပ်သင့်နေတာဖြစ်နိုင်ပါတယ်။ အစာအဆိပ်သင့် တာက ရောဂါကြီးကြီးမားမားမဟုတ်ပေမယ့် လူတော်တော်များများမှာ ဖြစ်နိုင်သလိုနောက်ဆက်တွဲအကျိုးဆက်ကြီးတဲ့ရောဂါအခြေအနေတစ်ခုပါ။ ဒါကြောင့်ဖြစ်လာရင်သေချာကုသဖို့လိုသလို သက်သာသွားပြီးရင်လည်းသေချာလေးဂရုစိုက်ဖို့လိုပါမယ်။

အစာအဆိပ်သင့် တာကနေ ပြန်လည်နလန်ထူလာတဲ့အခါ

အစာအဆိပ်သင့်တဲ့အခါ အော့အန်တာ၊ ဝမ်းသွားတာတွေကြောင့် ခန္ဓာကိုယ်က တော်တော်လေးအားအင်ကုန်ခမ်းနေနိုင်ပါတယ်။ ရေဓာတ်လည်း တော်တော်လေး ကုန်ဆုံးနေနိုင်ပါတယ်။ ဒါကြောင့် လိုအပ်တဲ့ အာဟာရဓာတ်တွေနဲ့ ရေဓာတ်တွေကို အမြန်ဆုံးပြန်ဖြည့်နိုင်တာက အကောင်းဆုံးဖြစ်မှာပါ။ ဒါကြောင့် နာလန်ထူစမှာသေချာလေးဂရုစိုက်မိဖို့လိုပါမယ်။

အာဟာရပြည့်ဝအောင် စားပေးပါ
နေကောင်းခါစ လူတစ်ယောက်အဖို့ အာဟာရပြည့်ဝအောင်စားသုံးဖို့က မဖြစ်မနေလိုအပ်တဲ့အချက်တစ်ခုပါ။ ဒါ့ကြောင့် အစာအဆိပ်မိတာကနေပြန်ကောင်းလာချိန်မှာ အာဟာရပြည့်ဝအောင် စားသုံးပေးပါ။
ရေဓာတ်ပြည့်ဝအောင်နေပါ
အော့အန်တာ၊ ဝမ်းသွားတာတွေကြောင့် ရေဓာတ်တော်တော်လေးဆုံးရှုံးသွားတဲ့ အခြေအနေမှာ ရေဓာတ်ဖြည့်ပေးဖို့က မဖြစ်မနေလိုအပ်မယ့်အချက်တစ်ခုပါ။ ဒါ့ကြောင့် ဆုံးရှုံးသွားတဲ့ရေဓာတ်ကို ပြည့်ဝအောင် ပြန်လည်ဖြည့်တင်းဖို့မမေ့ပါနဲ့။
ပြည့်ပြည့်ဝဝ အနားယူပါ
ခန္ဓာကိုယ်က အားအင်ကုန်ခမ်းနေချိန်မှာ အကောင်းဆုံးက ပြည့်ပြည့်ဝဝအနားယူခြင်းပါ။ ဒါကြောင့် သက်သောင့်သက်သာနဲ့ ပြည့်ပြည့်ဝဝအနားယူပေးဖို့ပြောပါရစေ။
အစားပျော့ပျော့ပဲ စားပေးပါ
အစာအိမ် နဲ့ အူနံရံတွေက အစာအဆိပ်သင့်ထားတာကြောင့် ပင်ပန်းနေနိုင်ပါတယ်။ ဒါ့ကြောင့် အစာမာမာတွေမစားပါနဲ့။ အစာခပ်ပျော့ပျော့လေးပဲ စားပေးပါ။

ချင်း (ဂျင်း) လက်ဖက်ရည်သောက်ပေးပါ

ဒါကလည် အစာအဆိပ်သင့်ရာကနေ နာလန်ထလာသူအတွက် တော်တော်လေး အထောက်အကူပြုပေးနိုင်တဲ့ အိမ်တွင်းကုထုံးတစ်ရပ်ပါ။ ဒါ့ကြောင့် ချင်း (ဂျင်း)ရေနွေးကြမ်း တစ်ခွက်လောက်သောက်သုံးပေးပါ။

ဘာတွေစားရမလဲ……………..

  • ဓာတ်ဆားရည်သောက်ပါ။
  • အုန်းစိမ်းရည်သောက်ပေးပါ။
  • ငှက်ပျောသီး။
  • ထမင်းခပ်ပျော့ပျော့။
  • အာလူးပြုတ်။
  • အရေခွံမပါတဲ့ ကြက်သား။
  • ကြက်စွပ်ပြုတ်။
  • ကြက်ဥအကာ။
  • ပေါင်မုန့်မီးကင်။
  • ကြက်ဆင်သား။
  • ပျားရည်။
  • မြေပဲထောပတ်။ စတာတွေ စားပေးလို့ရပါတယ်။

ဘာတွေရှောင်ရမလဲ……..

အစာအဆိပ်သင့်မှုကြောင့် အစာအိမ်နဲ့ အူနံရံတွေက ရောင်နေတာတွေ ဖြစ်နေနိုင်ပါတယ်။ ဒီလိုအခြေအနေမှာ ရောင်ရမ်းနေတဲ့ အစာအိမ်နဲ့ အူနံရံတွေကို ထပ်မံထိခိုက်တာမျိုး မဖြစ်စေဖို့အတွက် ဒါတွေကို မစားသင့်သေးပါဘူး။

  • နို့
  • နို့ထွက်ပစ္စည်းတွေ
  • အဆီများတဲ့ အစားအစာတွေ
  • အပူအစပ်တွေ
  • ဆီကြော်စာတွေ
  • ကဖင်းပါတဲ့ အစားအစာတွေ
  • ဘီယာနဲ့ အရက် စတာတွေကို မစားသင့်သေးပါဘူး။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Aye Thi Mon မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement