- ကာကွယ်ဆေး ထိုးရင် မျိုးဗီဇပြောင်းသွားမှာလား။
ကိုဗစ်ကာကွယ်ဆေးတွေက mRNAက ပါတယ်ဆိုတော့ ထိုးပြီးရင် လူရဲ့ မျိုးဗီဇ DNAမှာ ပြောင်းသွားနိုင်လားလို့ မေးစရာ ရှိပါတယ်။ ကာကွယ်ဆေးမှာ ပါတဲ့ mRNAတွေ Viral vectorတွေက ကိုယ်ထဲက ခုခံအားကို လှုံ့ဆော်ရုံသက်သက်ပါပဲ။ လူရဲ့ မျိုးဗီဇကို ထိခိုက်မှု မရှိပါဘူး။ ပြောင်းဖို့ မပြောနဲ့။ DNAရှိတဲ့ လူရဲ့ ဆဲလ်ထဲကိုတောင် မဝင်နိုင်ပါဘူး။
- ကိုဗစ်ကာကွယ်ဆေး ထိုးပြီး Antigenစစ်ရင် ပေါ့စတစ် ထွက်နိုင်လား။
Antigenစစ်လို့ ပေါ့စတစ်ထွက်တယ်ဆိုတာ လောလောဆယ် ကိုဗစ်ဖြစ်နေလားဆိုတာကို ပြတာပါ။ ကာကွယ်ဆေးထိုးပြီးလို့ စစ်ရင် ပေါ့စတစ် မထွက်ပါဘူး။ ပြီးတော့ ကာကွယ်ဆေးထိုးပြီးလို့ ခုခံအား ရမရကို လက်ရှိမှာ သုံးနေတဲ့ Antibody test kitတွေနဲ့ စစ်လို့ မရပါဘူး။
- ကာကွယ်ဆေး ထိုးပြီး ရာသီထိမ်သွားတတ်သလား။
ကာကွယ်ဆေးကြောင့် ရာသီထိမ်တာမျိုး မဖြစ်တတ်ပါဘူး။ ရာသီလာနေလည်း ကာကွယ်ဆေး ထိုးလို့ရပါတယ်။ ရာသီလာတာကို အပြောင်းအလဲဖြစ်နေနိုင်တဲ့ အချက်တွေ အများကြီး ရှိပါတဘ်။ စိတ်ဖိစီးမှုတွေ၊ အိပ်ရေးပျက်တာတွေ၊ စားသောက်မှုပုံစံနဲ့ လေ့ကျင့်ခန်းတွေက ရာသီလာတာကို အပြောင်းအလဲဖြစ်စေနိုင်ပါတယ်။ ကိုဗစ်ဖြစ်နေရင်လည်း စိတ်ဖိစီးပြီး ရာသီထိမ်တတ်ပါတယ်။ ကာကွယ်ဆေးထိုးပြီးမှ ရာသီထိမ်တယ်၊ နောက်ကျတယ်ဆိုရင် တိုက်ဆိုင်မှု တစ်ခုခု ရှိတာ ဖြစ်နိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။