အစာခြေစနစ် အားနည်းတဲ့ ကလေးကို ဒီလိုပြင်ဆင်ပေးပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

စားကောင်းတာလေး စားမိတိုင်း သားသမီးတွေက မိဘတွေကို သတိရခဲကြပေမယ့် မိဘတွေကတော့ စားကောင်းတာလေးစားမိတိုင်း သားသမီးတွေကိုကျွေးချင်တဲ့စိတ်အပြည့်ပါနော်။ မိဘမေတ္တာဆိုတာမျိုးပေါ့။ ကလေးက ဘာမှသေချာမစားနိုင်ခင်ကတည်းက ကလေးအရွယ်ရောက်လာရင်တော့ ဘာကျွေးမယ်၊ ဘယ်လိုလေးပြင်ပေးမယ်၊ လို့တွေးမိကြတယ်ဟုတ်။ ဒီခံစားချက်ကမေမေဖေဖေတိုင်းရှိကြမယ်ထင်ပါတယ်နော်။ ဒီနေရာမှာ သတိထားရမှာတစ်ခုက ကလေးရဲ့အစာခြေစနစ်က ဘယ်လိုအနေအထားမျိုးရှိလဲဆိုတာပါ။

ကလေးတွေရဲ့ အစာခြေစနစ်က အပြည့်အဝမဖွံ့ဖြိုးသေးသလို ကလေးတစ်ယောက်နဲ့တစ်ယောက်ရဲ့ အစာခြေစနစ်ချင်းလည်း မတူနိုင်ပါဘူး။ တကယ်လို့ ကိုယ့်ကလေးက အစာခြေစနစ် အားနည်းနေမယ်ဆိုရင်တော့မေမေဖေဖေတို့အနေနဲ့ အစားအသောက်ပြင်ဆင်ပေးတဲ့အခါ ပိုပြီး သတိထားဖို့လိုအပ်မှာပါ။

ဒီလက္ခဏာလေးတွေရှိနေရင် ကလေးရဲ့အစာခြေစနစ် မှာပြဿနာရှိနေတာပါ

ကလေးက –

အစာခြေစနစ်ပြဿနာရှိတဲ့ကလေးကို ဒီလိုလေးပြင်ဆင်ပေးပါ

ကိုယ့်ကလေးက သူများကလေးတွေနဲ့မတူဘဲ အစာခြေစနစ်မှာပြဿနာရှိနေပြီဆိုရင် အစားအစာပြင်ဆင်ပေးတဲ့အခါ ပုံမှန်ထက်ပိုဂရုစိုက်ပေးရပါမယ်။

အစာခပ်ပျော့ပျော့လေးပြင်ဆင်ပေးပါ – ကလေးကို Cereal လိုမျိုးခပ်ပျော့ပျော့အစားအစာလေးတွေပြင်ဆင်ပေးပါ။ အစာကြေလွယ်စေပြီး စားရတာလည်း အဆင်ပြေစေမှာပါ။

ကလေးကို နည်းနည်းချင်းစီနဲ့ အကြိမ်ရေများများကျွေးပေးပါ – ကလေးကို တစ်ခါတည်းနဲ့ အများကြီးကျွေးတာမျိုးမလုပ်ပါနဲ့။ နည်းနည်းချင်းစီနဲ့ အကြိမ်ရေများများကျွေးပေးပါ။ ဒါမှ ကလေးရဲ့ အစာခြေစနစ်က ဝန်မပိမှာပါ။

ရေအများကြီးမသောက်ခိုင်းပါနဲ့ – ကလေးကို အစားအစာတွေကျွေးတဲ့အခါရေတွေအများကြီးပေးမသောက်ပါနဲ့။ရေအများကြီးသောက်လိုက်တဲ့အခါ အစာခြေအက်ဆစ်က အားပျော့သွားပြီး အစာခြေရာမှာ အဟန့်အတားဖြစ်စေပါတယ်။ရေသောက်ရတာကြိုက်တယ်ဆိုရင်လည်း ကလေးကို အစာမစားခင် ၁၅ မိနစ်ကြိုတင်ပြီးရေသောက်ခိုင်းပါ။ အစားစားပြီးရင်တော့ နာရီဝက် ဒါမှမဟုတ် ၄၅ မိနစ်နေမှရေတိုက်ပေးပါ။

ပြုပြင်ထားတဲ့အစားအစာတွေကို မကျွေးပါနဲ့ –အသင့်စား အစားအစာတွေ၊ပြုပြင်ထားတဲ့အစားအစာတွေကမှာ တာရှည်ခံဆေးတွေနဲ့ အသွင်ပြောင်းအဆီတွေပါဝင်နေတာကြောင့် ပုံမှန်အတိုင်းမှာတောင် အစာကြေခဲတဲ့ အစားအစာတွေပါ။ ကလေးက အစာခြေစနစ် အားနည်းနေမယ်ဆိုရင်တော့ ပိုတောင်မှ မသင့်တော်ဘူးပေါ့။

အစာကြေခဲတာတွေ မကျွေးပါနဲ့
ကလေးက အစာခြေစနစ် အားနည်းတယ်ဆိုရင် အသားတွေ၊ နို့ထွက်ပစ္စည်းတွေလိုမျိုး အစာခြေစနစ်ကို ဝန်ပိုစေနိုင်တဲ့ အစားအသောက်တွေမကျွေးဖို့ပြောပါရစေ။ ဒီအစားအစာတွေအစားကလေးကို တစ်ပတ်ကို နှစ်ကြိမ်လောက် ဟင်းသီးဟင်းရွက်တွေနဲ့ ပဲအမျိုးမျိုးကိုကျွေးပေးပါ။

အစားအစာတွေကို မျှတအောင်ကျွေးမွေးပါ –ကလေးကို အစားအစာတွေပြင်ဆင်ပေးတဲ့အခါ အသားငါး နဲ့ အသီးအရွက်တွေကို အချိုးကျမျှတအောင်ပြင်ဆင်ပေးတာက အစာခြေစနစ် အားနည်းတဲ့ကလေးတွေအတွက် သင့်တော်မှာပါ။ ကလေးကို အသားညှပ်ပေါင်မုန့်တွေပြင်ဆင်ပေးမယ့်အစား၊ပေါင်မုန့်နည်းည်း၊ ငါးနည်းနည်း၊ ဟင်းသီးဟင်းရွက်လေးတွေမျှတစွာပါဝင်အောင်ပြင်ဆင်ပေးပါ။

အစားစားရင်း တီဗွီပေးမကြည့်ပါနဲ့ –ကလေးကို စားရင်ပြီးရောဆိုပြီး အစားစားရင်း တီဗွီပေးကြည့်တာမျိုး မလုပ်ပါနဲ့။ စားနိုင်တဲ့ ပမာဏထက်ပိုစားမိတာမျိုးဖြစ်ပြီး အစာခြေစနစ်ဝန်ပိုစေနိုင်တာကြောင့်ပါ။ ဒါကြောင့် အစားစားတဲ့အခါ မိသားစုတွေဝိုင်းဖွဲ့စားသောက်တဲ့ အလေ့အထကိုမွေးမြူပြီး ကလေးကိုဖြည်းဖြည်းချင်းချင်းနဲ့ အစာကြေညက်အောင် ဝါးစားတတ်တဲ့အကျင့်ကို ပျိုးထောင်ပေးပါ။

အခုပြောခဲ့တဲ့နည်းလေးတွေအတိုင်းလုပ်ဆောင်ကြည့်ပြီး အစာခြေစနစ် အားနည်းတဲ့ သားသားမီးမီးတို့ကို ဂရုစိုက်ပြင်ဆင်ပေးလိုက်ပါနော်မေမေဖေဖေတို့ရေ…….

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန် ခေါင်းကိုက်ခြင်း

ကိုယ်ဝန်ဆောင်မေမေတစ်ယောက်အနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးမျိုးသော ခေါင်းကိုက်ခြင်း ပြဿနာကို ခံစားရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ကျန်းမာရေးပြဿနာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ပန်ကရိယလေး ကျန်းမာစေဖို့ လိုက်နာသင့်တဲ့ အလေ့အထများ

ပန်ကရိယ ကောင်းကောင်း အလုပ်မလုပ်တဲ့အခါ အင်ဆူလင် ဟော်မုန်းကို မထုတ်နိုင်တော့ဘဲ သွေးတွင်းသကြားဓာတ် မြင့်တက်ရာကနေတဆင့် သွေးချိုဆီးချို ဖြစ်လာပါတော့တယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သီးသီးအကြောင်း သိကောင်းစရာ

သီးသီးက အပြင်ခွံမာမာလေးနဲ့ လုံးဝန်းပါတယ်။ အထဲမှာ အနှစ်လေးတွေရှိပြီး အစေ့ အဖြူလေးတွေ ပါရှိပါတယ်။ မြင်သာအောင်ပြောပြရရင် ဥသျှစ်သီး အသေးစားလေးနဲ့ တူပါတယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အူလေး ကျန်းမာစေဖို့ ဒါတွေစားပါ

စားလိုက်တဲ့ အစာအာဟာရတွေကို နံရံတွေကနေ စုပ်ယူပေးပြီး ခန္ဓာကိုယ် အားဖြစ်စေဖို့ ထောက်ပံ့ပေးနေတဲ့ ကိုယ်တွင်း အစိတ်အပိုင်းလေးရှိပါတယ်။ ဒါကတော့ အူလေးတွေပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

အစာအိမ်ကင်ဆာ ကာကွယ်ပါ

အစာအိမ်ကင်ဆာ ကာကွယ်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 22, 2020 . 2 mins read
ကြားဖူးနေတဲ့ lcFos က ကလေးတွေအတွက် ဘယ်လို အကျိုးပြုသလဲ........

ကြားဖူးနေတဲ့ lcFos က ကလေးတွေအတွက် ဘယ်လို အကျိုးပြုသလဲ……..

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 15, 2020 . 2 mins read
အစာရေမျိုပြွန်ကင်ဆာကို ကြံ့ကြံ့ခံ ရင်ဆိုင်ခြင်း

အစာရေမျိုပြွန်ကင်ဆာကို ကြံ့ကြံ့ခံ ရင်ဆိုင်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 8, 2020 . 2 mins read
အသီးအရွက်တွေကို ဆားရည်နဲ့ဆေးကြောပေးပါ။

အသီးအရွက်တွေကို ဆားရည်နဲ့ဆေးကြောပေးပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 6, 2020 . 1 min read