ပန်းနာရင်ကျပ်ကလေးတွေအတွက် အစာအာဟာရ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 2, 2020 . 2 mins read
Share now

ကလေးတွေအရွယ်မှာ ဖြစ်တတ်တဲ့ ပန်းနာရင်ကျပ်ေရာဂါကို မိဘတွေတော်တော်များများ ကြားဖူးကြမယ်ထင်ပါတယ်။ ကလေးတွေ ပန်းနာရင်ကျပ်ဖြစ်တဲ့အခါ သူတို့အတွက် နေ့စဉ် အစာအာဟာရကို ပြင်ဆင်ချက်ပြုတ်ရာမှာ တခြားကလေးတွေထက် ပိုပြီး ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ အာဟာရြဖစ်တိုင်းလည်း ကျွေးလို့ မရပါဘူး။ ကိုယ့်ကလေးရဲ့ ရောဂါဝေဒနာကို ပိုဆိုးသွားစေနိုင်တာကြောင့်ပါ။

ဒါကြောင့် ကိုယ့်ရဲ့ ကလေးမှာ ပန်းနာရင်ကျပ်ဖြစ်လို့ စိုးရိမ်ပူပန်နေရတဲ့ မိဘတွေအတွက် ရွေးချယ်ရတာ အဆင်ပြေစေပြီး ကလေးတွေရဲ့ ရောဂါကို သက်သာစေမယ့် အစားအစာေတွကို ပြောပြပေးချင်ပါတယ်။

၁။ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေ ကျွေးပေးပါ

ကျန်းမာရေးအတွက် အထူးသင့်လျော်ပြီး ကလေးတွေကိုလည်း အာဟာရဖြစ်စေတယ်။ အသက်ရှူလမ်းကြောင်းပြဿနာဖြစ်တဲ့ ပန်းနာရင်ကျပ် ဝေဒနာကိုလည်း သက်သာစေတဲ့အတွက် အဓိက အစာအာဟာရအဖြစ် ကျွေးသင့်ပါတယ်။ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံမှာ ပါဝင်တဲ့ အာဟာရဓါတ်တွေနဲ့ antioxidant တွေဟာ အဆုတ်ကို ကောင်းကောင်းအလုပ်လုပ်စေပြီး ပန်းနာရင်ကျပ် ပြန်မထလာနိုင်စေဖို့ အထောက်အကူဖြစ်စေပါတယ်။ သစ်သီးဝလံတွေထဲမှာ ပန်းသီးနဲ့ သစ်တော်သီးတို့ဟာ ပန်းနာရင်ကျပ်ဖြစ်နေတဲ့ ကလေးတွေအတွက် အကောင်းဆုံး အစာအာဟာရအဖြစ် လူသိများကြပါတယ်။

၂။ ငါးများများကျွေးပါ

ငါးတွေမှာ ကလေးတွေ ကြီးထွားဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ အသားဓါတ်၊ ဗီတာမင် D နဲ့ ကယ်လ်စီယမ်ဓါတ်တွေအပြင် ကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့ Omega-3 fatty acid တွေ အများအပြား ပါဝင်ပါတယ်။ ဒါ့အပြင် ဗီတာမင်နဲ့ အာဟာရဓါတ်တွေ စုံလင်စွာ ပါဝင်ပြီး အသက်ရှူလမ်းကြောင်းနဲ့ အဆုတ်ကျန်းမာရေးကို အားဖြစ်စေနိုင်ပါတယ်။ ပြသနေကျ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ကိုယ့်ကလေးနဲ့ ဘယ်လိုငါးတွေ များများကျွေးသင့်လဲဆိုတာကို သေချာ တိုင်ပင်ဆွေးနွေးကြည့်သင့်ပါတယ်။

၃။ အမျှင်ဓါတ်ပါတဲ့ အစားအစာတွေကျွေးပါ

အမျှင်ဓါတ်ဟာ ခန္ဓါကိုယ်တွင်းအင်္ဂါတွေ ကောင်းမွန်စွာ အလုပ်လုပ်နိုင်စေဖို့ အထောက်အကူပေးနိုင်တဲ့အပြင် အဆုတ်ကို အားကောင်းစေတယ်။ အမျှင်ဓါတ်ဟာ အူထဲမှာ ရှိတဲ့ ခန္ဓါကိုယ်အကျိုးပြု ဘက်တီးရီးယားပိုးမွှားတွေကို ကြီးထွားစေလို့ အသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ ပန်းနာရင်ကျပ် ရောဂါဝေဒနာတွေကို သက်သာစေတယ်။ ဆန်လုံးညို၊ ပဲနီကလေး၊ ပဲတောင့်ရှည် အစရှိတဲ့ အမျှင်ဓါတ်များတဲ့ အစားအစာတွေကို များများကျွေးသင့်ပါတယ်။

ပန်းနာရင်ကျပ်ကလေးတွေအတွက် ရှောင်သင့်တဲ့ အစားအစာတွေ

အာဟာရမဖြစ်စေတဲ့ အစားအသောက်တွေ၊ တာရှည်ခံအစားအစာတွေ၊ အသင့်စား အစားအစာတွေ၊ ဆီများတဲ့ အစားအစာ၊ အငန်၊ အချိုလွန်ကဲတဲ့ အစားအစာတွေကိုတော့ မဖြစ်မနေ ရှောင်သင့်ပါတယ်။ ကိုယ့်ကလေးနဲ့ ပင်လယ်စာတွေ၊ မြေပဲတွေနဲ့ တခြားဓါတ်မတည့်တဲ့ အစားအစာတွေ ရှိရင် ဆရာဝန်နဲ့ သေချာပြသပြီး ဒီအစားအစာတွေ မစားမိအောင် သေချာဂရုစိုက်ပြီး ရှောင်သင့်ပါတယ်။

အဝလွန်ကလေးတွေမှာ ပန်းနာရင်ကျပ်ဝေဒနာ ပိုဆိုးနိုင်တာကြောင့် ကလေးကို အဝမလွန်စေဖို့ကိုလည်း ဂရုစိုက်ပေးသင့်ပါတယ်။ အစာအဟာရအပြင် ကိုယ်လက်လေ့ကျင့်ခန်း မှန်မှန်လုပ်ဖို့၊ ကလေးကျန်းမာရေးအခြေအနေကို မျက်ခြေမပြတ်စေဖို့ ဆရာဝန်နဲ့ မှန်မှန်ပြသဖို့ လိုအပ်ပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေး ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ပန်းနာရင်ကျပ်ရောဂါရှိသူတွေ ဆောင်သင့် ရှောင်သင့်တဲ့ အစားအသောက်များ

ပန်းနာရင်ကျပ် ချွဲသလိပ်တွေ ရင်ဘတ်အောင့်မယ် လေ့ကျင့်ခန်း ကန်စွန်း Folate ကြက်သွန်ဖြူ နို့နဲ့နို့ထွက်ပစ္စည်းတွေ အသင့်စားအစာအစာတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ပရန္နဝါရွက် ရဲ့ ဆေးဖက်ဝင်ပုံက

ပရန္နဝါရွက် ဆိုတာကမြေလျှောက်အပင်ငယ်လေးတစ်မျိုးဖြစ်ပြီး အရိုးတံကကြွပ်ဆတ်ဆတ်နဲ့ အရွက်ဝိုင်းဝိုင်းလေးတွေရှိတဲ့ အပင်ငယ်လေးတစ်ပင်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ချောင်းဆိုးနေတာကို သက်သာစေမယ့် သဘာဝဖျော်ရည်တစ်ခု

ပန်းနာရင်ကျပ်ရောဂါ ငရုတ်ကောင်း ထိပ်ကပ်နာ ဆား ရေ ပျားရည် ချောင်းဆိုးပျောက်ဆေး ချောင်းဆိုး ချင်း လည်ချောင်း အစာခြေစနစ် အသက်ရှုလမ်းကြောင်း ဂျင်း ကြက်သွန်ဖြူ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

နွေရာသီမှာသောက်လေ့ရှိကြတဲ့ ဥသျှစ်ရည်ချိုချိုလေးကပေးတဲ့ ကျန်းမာရေးအာနိသင်

နွေပူနေချိန်မှာ ဥသျှစ်သီးဖျော်ရည်အေးအေးချိုချိုလေးသောက်လိုက်ရတာကလည်း စိတ်ကျေနပ်မှု ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

နှာခေါင်းမွေး တွေကို နှုတ်သင့်လား

နှာခေါင်းမွေး တွေကို နှုတ်သင့်လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 26, 2020 . 2 mins read
မိုး အေးချိန်မှာ ကလေးတွေ ရှောင်သင့်တဲ့ အစားအစာများ

မိုး အေးချိန်မှာ ကလေးတွေ ရှောင်သင့်တဲ့ အစားအစာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 5, 2020 . 2 mins read
ကြက်ဟင်းခါးရွက်ရဲ့ ဆေးဖက်ဝင်ပုံက

ကြက်ဟင်းခါးရွက် ရဲ့ဆေးဖက်ဝင်ပုံက

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 24, 2020 . 2 mins read
အဆီမြန်မြန်ကျချင်ရင် ကိုယ့်ရဲ့တစ်နေ့တာကို ဒီလိုပြောင်းလဲလိုက်ပါ

အဆီမြန်မြန်ကျချင်ရင် ကိုယ့်ရဲ့တစ်နေ့တာကို ဒီလိုပြောင်းလဲလိုက်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 8, 2020 . 2 mins read