ကလေးကျန်းမာရေးအတွက် အမျှင်ဓါတ်ရဲ့ အကျိုးပြုပုံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

အမျှင်ဓါတ်ဟာ လူ့ခန္ဓါကိုယ်အတွက် ကောင်းကျိုးများစွာ ဖြစ်စေတဲ့ အာဟာရဓါတ်တွေထဲက တစ်မျိုးဖြစ်ပေမယ့် လူတော်တော်များများက သတိမထားတတ်ကြပါဘူး။ ကျန်းမာစေတဲ့ နေထိုင်စားသောက်မှုပုံစံမှာ အမျှင်ဓါတ်ကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။

ဒါကြောင့် ကလေးကြီးထွားဖွံ့ဖြိုးမှုအတွက် အမျှင်ဓါတ်ဟာ ဘယ်လောက်ထိ အရေးပါလဲ၊ ဘယ်လိုအစားအစာတွေမှာ အမျှင်ဓါတ်အများဆုံးပါဝင်လို့ ကလေးတွေ များများစားပေးသင့်လဲ အစရှိတဲ့ ဗဟုသုတအကြောင်းအရာတွေကို ဝေမျှပေးချင်ပါတယ်။

အမျှင်ဓါတ်ရဲ့ အရေးပါပုံ

အမျှင်ဓါတ်ဟာ သွေးထဲက ကိုလက်စထရောကို လျှော့ချပေးနိုင်လို့ ဆီးချိုရောဂါ၊ နှလုံးရောဂါကို ကောင်းကောင်းကာကွယ်ပေးနိုင်ပါတယ်။ သကြားစုပ်ယူမှုကိုလည်း နှေးစေပြီး ခန္ဓါကိုယ်ကို အကျိုးပြုစေတဲ့ အင်ဆူလင်ကို ကောင်းမွန်စွာ လည်ပတ်စေနိုင်ပါတယ်။

အမျှင်ဓါတ်ဟာ ဗိုက်ကို ပြည့်ဝစေလို့ ကလေးကို မကြာခဏ အစာစားချင်စိတ် မဖြစ်စေတော့တာကြောင့် အဝလွန်ခြင်းကိုလည်း တားဆီးပေးနိုင်ပါတယ်။

အမျှင်ဓါတ်မှာ ကယ်လိုရီတွေ မပါဝင်တဲ့အပြင် အစာခြေစနစ်ကို ကောင်းစေလို့ ကလေးတွေကို ဝမ်းမှန်စေတယ်။ ရင်ပြည့်တာမျိုး၊ ဝမ်းချုပ်တာမျိုးကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ အမျှင်ဓါတ်များတဲ့ အစားအစာတွေမှာ ခန္ဓါကိုယ်အတွက် အကျိုးဖြစ်စေတဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ အများအပြား ပါဝင်တဲ့အတွက် ကလေးရော လူကြီးပါမကျန် နေ့စဉ် အမျှင်ဓါတ်ကို မဖြစ်မနေ စားပေးဖို့ လိုအပ်ပါတယ်။

အမျှင်ဓါတ် ပါဝင်တဲ့ အစားအစာတွေက ဘာတွေလဲ။

  • ပန်းသီး၊ လိမ္မော်သီး၊ ငှက်ပျောသီး၊ ဘယ်ရီသီး၊ သရက်သီး၊ စတော်ဘယ်ရီသီး၊ သစ်တော်သီး အစရှိတဲ့ သစ်သီးဝလံတွေ
  • ရွှေပဲသီး၊ ပန်းမုန်လာ၊ ဟင်းနုနွယ်ရွက်၊ မုန်လာဥနီ အစရှိတဲ့ ဟင်းသီးဟင်းရွက်တွေ
  • ပဲအမျိုးမျိုး၊ ပဲနီကလေး၊ ဂျုံ၊ ပေါင်မုန့်၊ ဆန်လုံးညိုနဲ့
  • အော်လ်မွန်စေ့၊ နေကြာစေ့၊ ဖရုံစေ့ အစရှိတဲ့ အစေ့အဆန်တွေမှာ ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ အမျှင်ဓါတ်တွေ အများအပြားပါဝင်ပါတယ်။

မနက်စာကို ဂျုံ၊ ပေါင်မုန့် ကို ကြက်ဥ၊ နွားနို့ နဲ့အတူ တွဲကျွေးပေးနိုင်ပါတယ်။ နေ့လည်စာနဲ့ ညစာအတွက် ဟင်းသီးဟင်းရွက်တွေကို သေချာချက်ပြုတ်ပြီး ကလေးတွေကို ကျွေးလို့ ရပါတယ်။ ထမင်းကျွေးတဲ့ နေရာမှာလည်း သာမန်ဆန်တွေထက် ဆန်လုံးညိုလိုမျိုး အမျှင်ဓါတ်များပြီး အာဟာရဓါတ်ရှိတဲ့ ထမင်းမျိုး ကျွေးတာ ပိုကောင်းပါတယ်။ ရုပ်ရှင်ကြည့်နေတဲ့အချိန်၊ စာလုပ်နေတဲ့အချိန်မှာ ကိုယ့်ကလေးကို မုန့်ပဲသရေစာအနေနဲ့ ကျွေးလိုတယ်ဆိုရင်တော့ သစ်သီးမျိုးစုံကို သေချာပြင်ဆင် လှီးစိတ်ထားပြီး ကျွေးတာ ကျန်းမာရေးနဲ့လည်း ညီညွတ်စေပါတယ်။

အမျှင်ဓါတ်ဟာ အစာကြေလွယ်စေလို့ ဝမ်းမှန်စေတယ်။ အမျှင်ဓါတ်များတဲ့ အစားအစာတွေဟာ ကလေးတွေအတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေ ပါဝင်လို့ မိဘတွေအနေနဲ့ ကိုယ့်ကလေးရဲ့ နေ့စဉ်အာဟာရမှာ အမျှင်ဓါတ်ကို မဖြစ်မနေ ပါဝင်အောင် ကျွေးသင့်ပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကလေးအစာခြေစနစ် အတွက် အရေးပါတဲ့ အကျိုးပြုဘက်တီးရီးယား (Probiotics)

ကလေးအစာခြေစနစ် အာဟာရပြည့်ဝအောင် အစားအသောက် ကလေးတစ်ယောက် အာဟာရ ပရိုတင်း ကိုယ်ခံအား ကာဗိုဟိုက်ဒရိတ် ခန္ဓာကိုယ် ကယ်လ်ဆီယမ် သံဓာတ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ကလေးအာဟာရ, ကလေးပြုစုစောင့်ရှောက်ခြင်း ဖေ‌ဖော်ဝါရီ 5, 2020 . 2 ဖတ်ရန် ကြာချိန်

ဘေဘီတို့အတွက် အရေးကြီးလွန်းတဲ့ အသားဓာတ်

အသားဓာတ် ကြွက်သားတည်ဆောက်မှု ကြီးထွားဖွံ့ဖြိုးမှု ကလေးအာဟာရ ကလေးကျန်းမာရေး အကျိုးပြုအဆီဓာတ် omega-3 fatty acids မိဘများအတွက်လမ်းညွှန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ကလေးငယ်ပထမနှစ်, ကလေးပြုစုစောင့်ရှောက်ခြင်း ဇန်နဝါရီ 28, 2020 . 2 ဖတ်ရန် ကြာချိန်

ဘေဘီတို့ရဲ့ ဝမ်းချုပ်ပြဿနာ အဖြေရှာ

အာဟာရ ကလေးအာဟာရ အကျိုးပြုဘက်တီးရီးယား အစာခြေစနစ် အူလမ်းကြောင်း ကလေးကျန်းမာရေး ဖြည့်စွက်အာဟာရ နို့မှုန့် မိဘများအတွက်လမ်းညွှန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

နို့တိုက်မိခင် ရှောင်သင့်တဲ့ အစားအစာတွေ ရှိတယ်နော်

နို့တိုက်မိခင် မိခင်နို့ နို့တိုက်ကျွေးခြင်း မိခင်အာဟာရ ကလေးအာဟာရ အစားအသောက် ကလေးကျန်းမာရေး မိခင်နို့ရည် ရှောင်ရမယ့် အစားအစာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

သင့်အတွက် ရွေးချယ်ထားသည်

ဒီထမင်း ကုန်အောင်မစားရင် ရိုက်မယ်ဆိုတဲ့ မေမေ နည်းလမ်းမှန်ရဲ့လား

ဒီထမင်း ကုန်အောင်မစားရင် ရိုက်မယ်ဆိုတဲ့ မေမေ နည်းလမ်းမှန်ရဲ့လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 17, 2020 . 2 ဖတ်ရန် ကြာချိန်
မိုး အေးချိန်မှာ ကလေးတွေ ရှောင်သင့်တဲ့ အစားအစာများ

မိုး အေးချိန်မှာ ကလေးတွေ ရှောင်သင့်တဲ့ အစားအစာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 5, 2020 . 2 ဖတ်ရန် ကြာချိန်
ကလေး နို့မှုန့် အာဟာရနဲ့ပတ်သက်ပြီး သင်ဘာတွေ သိသင့်လဲ

ကလေး နို့မှုန့် အာဟာရနဲ့ပတ်သက်ပြီး သင်ဘာတွေ သိသင့်လဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဧပြီ 29, 2020 . 2 ဖတ်ရန် ကြာချိန်
ကိုယ့်ကလေး မှာ ဘာဓာတ်တွေ ချို့တဲ့နေလဲ သိကြရဲ့လား

ကိုယ့်ကလေး မှာ ဘာဓာတ်တွေ ချို့တဲ့နေလဲ သိကြရဲ့လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 23, 2020 . 2 ဖတ်ရန် ကြာချိန်