မိဘတွေကတော့ ကိုယ့်သားသမီးကို အကောင်းဆုံးတွေချည်းဖြစ်စေချင်တာပဲပေါ့။ အကောင်းဆုံးအာဟာရတွေကျွေးမယ်၊ အကောင်းဆုံးအဝတ်အစားလေးတွေဝယ်ပေးမယ်၊ အကောင်းဆုံးကျောင်းမှာထားပေးမယ်။ ဒါပေမယ့် ရွယ်တူလေးတွေနဲ့ယှဉ်ရင် ကိုယ့်ကလေးက ထွားသင့်သလောက်မထွားဘူးလို့မြင်လာတဲ့အခါ စိတ်တွေမအေးနိုင်တော့ဘူးမဟုတ်လား။ ဒီလောက်ဂရုစိုက်ကြလျက်နဲ့ ဘာလို့ကလေးက ကြီးထွားဖို့နှေးနေရတာလဲလို့ အားမလိုအားမရတွေဖြစ်ကြရပါတယ်။