home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ကလေးကြီးထွားဖွံ့ဖြိုးမှု မနှေးစေဖို့

ကလေးကြီးထွားဖွံ့ဖြိုးမှု မနှေးစေဖို့

ကိုယ့်ရင်သွေးကိုကောင်းကောင်းမွန်မွန်ကြီးပြင်းစေချင်တယ်ဟုတ်။ မမွေးခင် မျက်နှာမမြင်ခင်ကတည်းက ကျန်းမာဖို့နေတိုင်းဆုတောင်းခဲ့မှာပါ။ ဒီလောက်ထိအာရုံစိုက်ထားတဲ့ ကိုယ့်ရဲ့ကိုယ်ပွားလေးက အခြားကလေးတွေနည်းတူ မဖွံ့ဖြိုးမကြီးထွားဘူးဆိုရင်မေမေတွေဘယ်လောက်တောင်စိတ်ညစ်လိုက်မလဲနော်။ ဒီပြဿနာတွေက ကင်းဝေးစေဖို့ အခုပြောပြမယ့်နည်းလမ်းလေးတွေအတိုင်းလိုက်လုပ်ကြည့်နော်။

ကလေးတစ်ယောက်ရဲ့ ပုံမှန်ကြီးထွားဖွံ့ဖြိုးမှုဖြစ်စဉ်

ကလေးတစ်ယောက်ဟာ အသက်အရွယ်အလိုက် ပုံမှန်ကြီးထွားဖို့လိုအပ်ပါတယ်။ တကယ်လို့ကလေးက ရွယ်တူကလေးတွေလောက် ကြီးထွားဖွံ့ဖြိုးတာမျိုး မရှိဘူးဆိုရင် အာဟာရလိုအပ်နေတာကြောင့်ဖြစ်နိုင်ပါတယ်။ တတ်သိနားလည်တဲ့သူတွေနဲ့ သွားရောက်ပြသဖို့လိုအပ်မှာပါ။

မွေးစကနေ ၁ နှစ်အတွင်း

ကလေးတွေကမွေးစကနေ ၁ နှစ်အရွယ်မှာ သာမန်အားဖြင့်က အရပ်အမြင့်က ၂၅ စင်တီမီတာ ရှိရမှာဖြစ်ပါတယ်။ ကိုယ်အလေးချိန်ကတော့ကလေးတစ်ယောက်က အသက် ၆ လကနေ ၁ နှစ်အတွင်းမှာ တစ်ပတ်ကို ၂အောင်စကနေ ၄အောင်စအထိတိုးလာရပါမယ်။ မိခင်နို့နိုင်လို့ မိခင်နို့တစ်မျိုးတည်းသောက်ခွင့်ရတဲ့ ကလေးတွေကမွေးပြီးစအချိန်မှာ နို့မှုန့်သောက်ရတဲ့ ကလေးတွေထက်ပိုပြီး ကိုယ်အလေးချိန်တိုးတာမြန်ပါတယ်။ ဒါပေမယ့် အသက် ၆ လနောက်ပိုင်းမှာတော့ နို့မှုန့်သောက်တဲ့ကလေးတွေက အထွားပိုမြန်လာကြပါတယ်။ ကလေးဟာထွားတာမြန်မြန်၊နှေးနှေး ကျန်းမာတဲ့ကလေးတစ်ယောက်ဖြစ်ဖို့ဆိုရင် အသက်တစ်နှစ်ပြည့်ချိန်မှာ ကိုယ်အလေးချိန်ကမွေးစအလေးချိန်ရဲ့ ၃ ဆဖြစ်ဖို့လိုပါမယ်။ တကယ်လို့ ကလေးက ကိုယ်အလေးချိန်ရှိသင့်တာလောက်ဖြစ်မလာရင်တော့ ကလေးဆရာဝန်နဲ့ပြသကြည့်ဖို့လိုပါမယ်။

အသက် ၁ နှစ်ကနေ ၃ နှစ်အတွင်း

ဒီအရွယ်မှာ ကလေးက မိခင်နို့အပြင် အစားအစာတွေကို စစားနေပါပြီ။ လမ်းလျှောက်တတ်စ အရာရာကို စူးစမ်းစအရွယ်ပေါ့။တော်တော်လေးလည်း ဂရုစိုက်ရတဲ့အရွယ်ပါ။ ဒီအချိန်မှာ ကလေးရဲ့ လက်မောင်းတုတ်တုတ်လေးတွေ၊ခြေထောက်တုတ်တုတ်လေးတွေက စပြီးပြေပြစ်လာပြီ၊ ဗိုက်လေးတွေက ချပ်ရပ်လာပြီ။ အရပ်ကလည်း ၂၉ လက်မ ကနေ ၃၇ လက်မလောက်ရှိလာပြီဖြစ်ပြီး ကိုယ်အလေးချိန်ကလည်းပေါင် ၃၀လောက်ကိုရှိလာရပါမယ်။

အသက် ၄ နှစ်ကနေ ၉ နှစ်အတွင်း

ကိုယ်အလေးချိန်ရော အရပ်ပါတဖြည်းဖြည်းချင်းတိုးလာရမယ့်အချိန်ပါ။ ဒီအရွယ်မှာ အရပ်က မတိုးဘူးဆိုရင်တောင် ၂ လက်မ ကနေ ၃လက်မတော့တိုးရမှာပါ။ အသက် ၄ နှစ်ကနေ ၉ နှစ်အရွယ် ကလေးတစ်ယောက်က အရပ် ၃ပေ ၅ လက်မလောက်ကနေ ၄ပေ ၄ လက်မလောက်ရှိရမှာပါ။ ကိုယ်အလေးချိန်ကလည်း တဖြည်းဖြည်းတိုးလာရမယ့်အရွယ်ပေါ့။

ဘယ်လိုအချိန်မှာ ကိုယ်အလေးချိန်တိုင်းတာမလဲ

ကလေးကို နေ့တိုင်း ကိုယ်အလေးချိန်တိုင်းနေဖို့တော့မလိုပါဘူး။ ဒါပေမယ့် ပုံမှန်ကိုယ်အလေးချိန်ကိုတိုင်းဖို့လိုအပ်တဲ့အချိန်ကာလအပိုင်းအခြားလေးတွေရှိနေပါတယ်။

  • မွေးပြီး တစ်ပတ် ကနေ ၂ ပတ်အတွင်မှာ တစ်ကြိမ်
  • ပထမ ၁ တစ်လမှာတစ်ကြိမ်
  • ဒုတိယတစ်လမှာတစ်ကြိမ်
  • ၄ လမြောက်မှာ တစ်ကြိမ်
  • ၆ လမြောက်မှာတစ်ကြိမ်
  • ၉ လမြောက်မှာတစ်ကြိမ်
  • တစ်နှစ်အရွယ်မှာ တစ်ကြိမ်
  • တစ်နှစ်ခွဲမှာ တစ်ကြိမ်
  • နှစ်နှစ်အရွယ်မှာ တစ်ကြိမ် ပုံမှန်ကိုယ်အလေးချိန်တိုင်းပေးဖို့လိုအပ်ပါမယ်
  • အသက် ၄ နှစ်ကနေ ၆ နှစ်အတွင်းမှာတော့ တစ်နှစ်ကို တစ်ကြိမ်လောက်ပဲ ကိုယ်အလေးချိန်တိုင်းပေးရင်ကိုလုံလောက်ပါပြီ။ ကလေးက ပုံမှန်ဖွံ့ဖြိုးမှုမရှိဘူးဆိုရင်တော့ မိဘတွေအနေနဲ့သေချာဂရုစိုက်ပေးရမှာပါ။

ကလေးကိုကြီးထွားဖွံ့ဖြိုးမှုမနှေးစေချင်ရင် ဒီအချက်လေးတွေဂရုစိုက်ပေးပါ

ကလေးတစ်ယောက်ကြီးထွားဖွံ့ဖြိုးဖို့လိုအပ်တဲ့ အချက်တွေအများကြီးပါ။ ကလေးကို အခြားကလေးတွေနည်းတူ ကျန်းမာဖွံ့ဖြိုးစေချင်တယ်ဆိုရင်တော့မေမေဖေဖေတို့အနေနဲ့ ဒီအချက်လေးတွေကို ဂရုစိုက်ပေးဖို့ပြောပါရစေ။

အစာအာဟာရမျှတအောင်ကျွေးမွေးပေးပါ – ကလေးကိုနေ့စဉ်ပြင်ဆင်ပေးတဲ့အစားအစာတွေထဲမှာ အသီးအရွက်၊ အသား၊ငါးနဲ့ အခြားအာဟာရဖြစ်စေတဲ့ အရာတွေ သင့်တင့်မျှတစွာပါဝင်အောင် ထည့်သွင်းပြင်ဆင်ပေးပါ။

ပြည့်ဝတဲ့ အိပ်စက်ချိန်ထားပေးပါ – ကလေးကို တီဗွီတွေ၊ဖုန်းတွေ တစ်ချိန်ကုန်ပေးသုံးတာမျိုး မလုပ်ပါနဲ့။ ညဘက်မှာ အိပ်ချိန် ၈ နာရီပြည့်ပြည့်ဝဝလေးအိပ်စက်တတ်တဲ့ အလေ့အထမွေးမြူပေးပါ။

ကိုယ်လက်လှုပ်ရှားမှုရှိပါစေ – ကလေးကိုပြေးပြေးလွှားလွှားဆော့ခွင့်ပေးပါ။ ကလေးကို ကိုယ်လက်လှုပ်ရှားမှုရှိစေတာ ကိုယ်ခန္ဓါကို ကြီးထွားစေတဲ့အပြင် ကျန်းမာရေးကောင်းစေနိုင်ပါတယ်။

စိတ်ဖိစီးမှုကင်းအောင်ထားပေးပါ -ကလေးတွေမှာလည်း သူတို့အတိုင်းအတာနဲ့သူတို့ စိတ်ဖိစီးမှုရှိနေတတ်ပါတယ်။ ဒါကြောင့် ကလေးကို အချိန်ပေးပြီး စကားပြောပေးပါ။ သူ့ခံစားချက်လေးတွေကို နားထောင်ပေးပါ။ ကိုယ်ကစိတ်ဖိစီးမှုထပ်မပေးမိအောင်လည်း သတိထားပါ။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

Growth problemshttps://www.aboutkidshealth.ca/Article?contentid=951&language=English Accessed Date 27 November 2018

Slow Weight Gain in Infants and Children Symptoms & Causeshttp://www.childrenshospital.org/conditions-and-treatments/conditions/s/slow-weight-gain-in-infants-and-children/symptoms-and-causes Accessed Date 27 November 2018

Is my child growing normally?https://www.todaysparent.com/kids/preschool/is-my-child-growing-normally/ Accessed Date 27 November 2018

Delayed Growth: Causes, Symptoms, and Diagnosishttps://www.healthline.com/health/delayed-growth-symptom Accessed Date 27 November 2018

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 11/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။