မတ်တတ်ပြေးအရွယ် နဲ့ မူကြိုအရွယ်

မတ်တတ်ပြေးအရွယ် နဲ့ မူကြိုအရွယ်မှာ ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုတွေက အံ့မခန်းပါပဲ။ ကလေးတွေ ကျန်းမာကြံ့ခိုင်ဖို့ အကြံဉာဏ်ကောင်းတွေကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

မတ်တတ်ပြေးအရွယ် နဲ့ မူကြိုအရွယ်

Terrible Two ကို ဘယ်လိုကိုင်တွယ်မလဲ

ကလေးဆိုတာမျိုးက ထားသလိုနေတုန်းလေးသာ ချစ်စရာကောင်းတာ စကားကောင်းကောင်း ပြောတတ်လာပြီ။ လမ်းကောင်းကောင်းလျှောက်တတ်လာပြီဆိုရင် အိပ်နေချိန်သာ အိန်ဂျယ်လ်လေးနဲ့တူတာ နိုးပြီး တောက်တောက် တောက်တောက် လျှောက်သွားတာနဲ့ မေမေဖေဖေတို့ခမျာ သူ့နောက် တကောက်ကောက်လိုက်ရင်း ထိန်းရတာ အတော်ကို မလွယ်တာနော်။ နောက်ပြီး ဒီအရွယ်မှာ မိဘက ဒါဆို မဒါတော့ဘူး။ ဟင့်အင်းပေါင်း များစွာလုပ်တတ်လာကြပါတယ်။ ဒီကာလလေးကို ကလေးကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ Terrible Two လို့ အမည်တပ်သတဲ့။ ဒီလို သားသားမီးမီးတို့ကို ထိန်းရသိမ်းရခက်တဲ့ Terrible Two ကို ဘယ်လိုကိုင်တွယ်မလဲ ဆိုတာကို ဖေဖေမေမေတို့ သိပြီးရဲ့လား! မသိသေးဘူးဆိုရင်တော့ နည်းလမ်းကောင်းလေးတွေကို ပြောပြပေးထားတာမို့ အတူတူ ကြည့်လိုက်ရအောင်နော်။ Terrible Two ဆိုတာ ဘာများပါလိမ့်! Terrible Two ဆိုတာက ကလေးတစ်ယောက်ရဲ့ အသက် ၁ […]

မတ်တတ်ပြေးအရွယ် နဲ့ မူကြိုအရွယ် ကဏ္ဍများကို ပိုမို သိရှိလိုသည်

မတ်တတ်ပြေးအရွယ် နဲ့ မူကြိုအရွယ် ကို ရှာဖွေမည်။

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ကလေးရဲ့လေ့လာသင်ယူမှုစွမ်းရည်ကို ဘယ်လိုပျိုးထောင်မလဲ

မိဘရယ်လို့ ဖြစ်လာပြီဆိုရင် ကိုယ့်ရဲ့ သားသမီးတွေအတွက် အမြဲစိတ်ပူပန်နေရတာ၊ ပြုစုစောင့်ရှောက်နေရတာ သဘာဝပါပဲ။ ကိုယ်ဝန်ဆောင်စဉ်မှာလည်း သန္ဓေသားနဲ့ မိခင်ကျန်းမာစေဖို့ အစာအာဟာရကို သေချာရွေးချယ်စားသောက်ရတယ်။ ကျန်းမာရေးကိုလည်း ဂရုစိုက်ရတယ်။ ကလေးမွေးပြီးတဲ့နောက်မှာလည်း ကလေးအတွက် အစာအာဟာရ၊ နောင်ရေး၊ ပညာရေး အစရှိသဖြင့် မိဘတွေမှာ မျှော်လင့်ချက်တွေ ကြီးမားရပြန်ပါတယ်။ ကလေးတွေအတွက် ကောင်းမွန်တဲ့ အနာဂတ်တစ်ခုကို ပိုင်ဆိုင်ရစေဖို့ မိဘတွေအနေနဲ့ ပျိုးထောင်ပေးလို့ ရမယ့် နည်းလမ်းတွေ ရှိသလို အစာအာဟာရကိုလည်း သေချာချက်ပြုတ်ကျွေးမွေးပေးဖို့ လိုအပ်ပါတယ်။ ကလေးတွေကို သင်ယူလိုစိတ်ရှိအောင် ဘယ်လိုပျိုးထောင်ပေးမလဲ။ ကလေးတွေဟာ အတုမြင် အတတ်သင်ကြတဲ့ အရွယ်ပါ။ ကလေးတွေရဲ့ ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးမှုကို အထောက်အကူ ဖြစ်စေနိုင်ဖို့ မိဘတွေအနေနဲ့ ဘယ်လိုပြုမူနေထိုင်သင့်လဲ၊ ဘယ်လို အမူအကျင့်မျိုး လုပ်ဖို့လိုသလဲဆိုတာကို ပြောပြပေးမယ်နော်။ ၁။ စာဖတ်တဲ့ အလေ့အကျင့်ကို မွေးပေးပါ။ “စာအုပ်စာပေ လူ့မိတ်ဆွေ” ဆိုတဲ့ ဆောင်ပုဒ်ကို […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးအတွက် အစားအစာရွေးချယ်တဲ့အခါ ဘာတွေစဉ်းစားသင့်သလဲ

ကလေးအတွက် အစားအစာရွေးချယ်တဲ့အခါ ဘာတွေစဉ်းစားသင့်သလဲ .... အစားကြေးများတတ်တဲ့ကလေးတွေကို ဘယ်လိုအစားအသောက်စီစဉ်ပေးရမလဲပဲခေါင်းစားတတ်ကြပါတယ်။ ဟိုဟိုဒီဒီ အကုန်စားတတ်တဲ့ ကလေးတွေဆို သိပ်မတွေးဘဲ အကုန်ကျွေးတတ်ကြတယ်မလား။ တချို့လူကြီးတွေပြောတာ ကလေးဆိုတာ အစုံစားမှ ကျန်းမာမှာ ဆိုတဲ့စကားက ပါသေးတယ်။ အခုမှ ဖွံ့ဖြိုးကာစအရွယ်မှာ အစုံ ရရှိသင့်တာက အာဟာရဓါတ်တွေပါ၊ အမျိုးအစားစုံတဲ့ စားစရာတွေ မဟုတ်ပါဘူး။ အစားအစာတွေထဲမှာ ကျန်းမာရေးအတွက် ကောင်းတာ မကောင်းတာ၊ အာဟာရဖြစ်တာ မဖြစ်တာ၊ ဘေးဖြစ်နိုင်တဲ့ အရာတွေ ပါတာ မပါတာ အမျိုးမျိုးရှိနိုင်တယ်။ ဒီအချိန်မှာ ကလေးရဲ့ဗိုက်ထဲကို ဝင်မယ့်အစားအသောက်တွေအားလုံးက အာဟာရပြည့်ပြီး ဘေးဥပါဒ်ကင်းတာတွေချည်း ဖြစ်နေဖို့က မိဘတွေမှာ တာဝန်ရှိပါတယ်။ ကိုယ့်ကလေးစားနေတဲ့အရာတွေထဲမှာ စားသင့်တာနဲ့ မစားသင့်တာ ဘယ်နှမျိုးပါနေသလဲ သိချင်ရင် ဆက်ပြီးဖတ်ကြည့်ပါဦး။ ကလေးအတွက် အစားအစာရွေးချယ်တဲ့အခါ ဘာတွေစဉ်းစားသင့်သလဲ ကလေးအတွက် အစားအစာရွေးချယ်တဲ့အခါ ဘာတွေစဉ်းစားသင့်သလဲ ဆိုတော့ အရင်ဆုံးက […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးတွေအတွက် အရေးကြီးတဲ့ အာဟာရပြည့်ဝမှု

အာဟာရပြည့်ဝတဲ့ အစားအစာတွေဟာ ကလေးတွေကို ငယ်ရွယ်စဉ်ကနေ ကြီးလာတဲ့အချိန်ထိ အကျိုးသက်ရောက်မှု များစွာ ပေးစွမ်းနိုင်ပါတယ်။ နေ့စဉ်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေကို စုံလင်စွာ စားသောက်မယ်၊ မှန်ကန်တဲ့ စားသောက်နေထိုင်မှုပုံစံကို မိဘတွေက သေချာလေ့ကျင့်ပျိုးထောင်ပေးမယ်ဆိုရင် ကလေးတွေအတွက် သာယာပျော်ရွှင်ပြီး ကျန်းမာလှပတဲ့ အနာဂတ်ကို ပိုင်ဆိုင်ရစေမှာ အသေအချာပါပဲ။ ပြောင်းလဲတိုးတက်လာတဲ့ ခေတ်ကြီးထဲမှာ ကလေးတွေဟာ အာဟာရဖြစ်စေတဲ့ အစားအစာထက် အချိုများတဲ့ အစားအစာတွေ၊ အဆီအဆိမ့်များတဲ့ အသင့်စား အစားအစာတွေကို ပိုမိုစားလာကြပါတယ်။ ခန္ဓါကိုယ်က လိုအပ်တဲ့ အာဟာရဓါတ်တွေ မရရှိတဲ့အပြင် ကိုယ်လက်လှုပ်ရှားမှု နည်းလာကြတဲ့အခါမှာ အဝလွန်လာတယ်။ နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးတွေအနေနဲ့ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ကင်ဆာရောဂါတွေ ဖြစ်လာနိုင်တယ်။ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ အလုံအလောက် မရတဲ့အပြင် ကလေးတွေမှာ လေးလံထိုင်းမှိုင်းပြီး စာတွေကို ကောင်းကောင်းမလိုက်နိုင်တော့ပါဘူး။ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

ကလေးထွားဖို့ အားဆေးမဖြစ်မနေတိုက်ရမှာလား

ကလေးထွားဖို့ ဖွံ့ဖို့ အားဆေးမဖြစ်မနေတိုက်ရမှာလား ။ အားဆေးတွေတိုက်ကျွေးနေမှ ကလေးက ဉာဏ်ရည်ထက်မြက်ပြီး ဖွံ့ဖြိုးလာမှာလား။ ဒီပြဿနာရဲ့ အဖြေလေးကို ပြောပြချင်ပါတယ်။ မိဘဆိုတာမျိုးက ကလေးကို လေးလံထိုင်းမှိုင်းနေတာ၊ အမြဲလိုလိုဖျားနာနေတာထက် ထင်တိုင်းကြဲပြေးလွှားဆော့နေတာကို ပိုသဘောကျတယ်ဟုတ်။ ကလေးကို ကြီးထွားစေချင် ကျန်းမာချင်တာက မိခင်တိုင်းရဲ့ ဆန္ဒပါ။ ကလေးက မစားဘူးလို့ ငြင်းနေမှာထက် ဘာလာလာစားတာကို ပိုသဘောကျမှာပေါ့နော်။ မတည့်တာတွေကလွဲလို့ပေါ့။ ကလေးက အစားတွေကို စားဖို့ငြင်းဆန်နေတဲ့အခါ မေမေတို့ပြေးမြင်တာက ကလေးအစားစားချင်စိတ်ရှိလာအောင် တိုက်လို့ရတဲ့ အားဆေးဆိုတာမျိုးတွေကိုပေါ့။ အားဆေးတိုက်ဖို့ စဉ်းစားနေတယ်ဆိုလည်း ဒီဆောင်းပါးလေးကို အရင်ဆုံးအောင်ဖတ်ပြီးမှာ ဆုံးဖြတ်ဖို့ပြောပါရစေနော်။ ကလေးကို အားဆေးမဖြစ်မနေတိုက်ရမှာလား ကလေးကို မိခင်နို့တိုက်တဲ့အရွယ်မှာကတည်းက အားဆေးတိုက်ကြတာရှိပါတယ်။  အသက်၆လအထိ နို့စို့တဲ့အရွယ်မှာ မိခင်နို့ကလွဲပြီး ဘာမှတိုက်စရာ မလိုပါဘူး။ မိခင်ကအာဟာရတွေပြည့်ဝအောင် စားသုံးပေးမယ်ဆိုရင် ကလေးက ပုံမှန်ကြီးထွားမှုဖြစ်စဉ်တွေအတိုင်း ကြီးထွားလာမှာပါ။ ပတ်ဝန်းကျင်က ဒီဆေးလေးတိုက်တာ ကလေးက ဘယ်လိုအစားတွေ စားတယ် […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ငါးကြီးဆီကို ကလေးဘယ်အရွယ်မှာစတိုက်ရမလဲ၊ ဘယ်နှစ်လုံးတိုက်ရမလဲ မသိတဲ့ မေမေတို့အတွက်။ ။

ထမင်းစားပွဲမှာ ကြက်သားဟင်းနဲ့ ငါးဟင်းနှစ်မျိုး ချထားမယ်ဆို ကလေးတွေဘာကို ရွေးစားမယ်လို့ ထင်ပါသလဲ။ ကလေး ၇၅ ရာခိုင်နှုန်းလောက်က ကြက်သားဟင်းကိုပဲ ရွေးကြမှာ အသေအချာပါ။ ဘာလို့လဲဆိုတော့ ငါးက အရိုးများတာက တစ်ကြောင်း၊ ညှီတတ်တာကတစ်ကြောင်းနဲ့ စားလို့မကြိုက်ကြတဲ့ အပြင် ငါးကို ချက်ပြုတ်ဖို့ ကိုင်တွယ်ရတာလည်း အလုပ်ရှုပ်တော့ အိမ်ကသိပ်မချက်တာနဲ့ ကလေးတော်တော်များများက ငါးတွေသိပ်မစားဖြစ်ကြပါဘူး။ တကယ်တော့ အဆီများတဲ့ ငါးတွေဖြစ်တဲ့ ဆော်လ်မွန်ငါးတို့ ၊ ဆာဒင်းငါးတို့မှာ လူတို့အတွက် သိပ်ကို အကျိုးပြုတဲ့ Omega 3နဲ့Omega 6 fatty acids တွေ အများကြီးပါပါတာကြောင့် ငါးဆိုတာ စားသင့်တဲ့အရာပါ။ ။ အကျိုးပြု Omega 3နဲ့Omega 6 fatty acids လို့ဘာကြောင့်ခေါ်တာလဲ။ ။ Omega 3နဲ့Omega 6 […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

ကလေးကြီးထွားဖွံ့ဖြိုးမှု မနှေးစေဖို့

ကိုယ့်ရင်သွေးကို ကောင်းကောင်းမွန်မွန် ကြီးပြင်းစေချင်တာ မေမေတိုင်းရဲ့ ဆန္ဒပါ။ မမွေးခင် မျက်နှာမမြင်ခင်ကတည်းက ကျန်းမာဖို့ နေတိုင်းဆုတောင်းခဲ့မှာပါ။ ဒီလောက်ထိအာရုံစိုက်ထားတဲ့ ကိုယ့်ရဲ့ကိုယ်ပွားလေးက အခြားကလေးတွေနည်းတူ မဖွံ့ဖြိုးမကြီးထွားဘူးဆိုရင်မေမေတွေ ဘယ်လောက်တောင်စိတ်ညစ်လိုက်မလဲနော်။ ဒီပြဿနာတွေ ကင်းဝေးစေဖို့နဲ့ ကလေးကြီးထွားဖွံ့ဖြိုးမှု မနှေးစေဖို့ အခုပြောပြမယ့်နည်းလမ်းလေးတွေအတိုင်းလိုက်လုပ်ကြည့်နော်။ ကလေးတစ်ယောက်ရဲ့ ပုံမှန်ကြီးထွားဖွံ့ဖြိုးမှုဖြစ်စဉ် ကလေးတစ်ယောက်ဟာ အသက်အရွယ်အလိုက် ပုံမှန်ကြီးထွားဖို့လိုအပ်ပါတယ်။ တကယ်လို့ ကလေးက ရွယ်တူကလေးတွေလောက် ကြီးထွားဖွံ့ဖြိုးတာမျိုး မရှိဘူးဆိုရင် အာဟာရလိုအပ်နေတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ရောဂါတစ်ခုခု ရှိနေတာကြောင့်လည်း ဖြစ်နိုင်လို့ တတ်သိနားလည်တဲ့သူတွေနဲ့ သွားရောက်ပြသဖို့ လိုအပ်မှာပါ။ မွေးစကနေ ၁ နှစ်အတွင်း ကလေးတွေကမွေးစကနေ ၁ နှစ်အရွယ်မှာ သာမန်အားဖြင့်က အရပ်အမြင့်က ၂၅ စင်တီမီတာ ရှိရမှာဖြစ်ပါတယ်။ ကိုယ်အလေးချိန်ကတော့ အသက် ၆ လကနေ ၁ နှစ်အတွင်းမှာ တစ်ပတ်ကို ၂အောင်စကနေ ၄အောင်စအထိတိုးလာရပါမယ်။ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးကိုကျွေးတဲ့ အစာအာဟာရထဲမှာ ဒါတွေမဖြစ်မနေပါသင့်ပါတယ်

ကလေးတစ်ယောက်ကျန်းမာဖို့ တာဝန်အရှိဆုံးသူက ဘယ်သူများဖြစ်မလဲ။မေမေလေ။ ဒါကကျွန်မတို့လူမှုပတ်ဝန်းကျင်မှာ အများဆုံးကြားရတဲ့ စကားတစ်ခွန်းနော်။ ကလေးကကောင်းတာလုပ်ရင်သာ မေမေတော်လို့လို့မပြောတာ၊ တစ်ခုခုအဆိုးဘက်ရောက်မယ်၊ပြုစုထိန်းသိမ်းရမယ်ဆိုတဲ့အချိန်မျိုးမှာ အများဆုံးပြောတတ်ကြတာက ဒါက အမေလုပ်သူကသေချာမကိုင်တွယ်မစီမံတတ်လို့ဆိုတာချည်းပါပဲ။ ဒီတော့ ကလေးဖွံ့ဖြိုးမှုနှေးတာကိုယ်ကြောင့်လို့အပြော မခံရအောင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ သားရှင်မိတို့ရေ။ ကလေးတစ်ယောက်ရဲ့ ကိုယ်အလေးချိန် နဲ့ ကြီးထွားဖွံ့ဖြိုးမှု ကလေးတစ်ယောက်က အသက် ၆ လကနေ ၁ နှစ်အတွင်းမှာ တစ်ပတ်ကို ၂အောင်စကနေ ၄အောင်စအထိတိုးလာရပါမယ်။ မိခင်နို့နိုင်လို့ မိခင်နို့တစ်မျိုးတည်းသောက်ခွင့်ရတဲ့ ကလေးတွေကမွေးပြီးစအချိန်မှာ နို့မှုန့်သောက်ရတဲ့ ကလေးတွေထက်ပိုပြီး ကိုယ်အလေးချိန်တိုးတာမြန်ပါတယ်။ ဒါပေမယ့် အသက် ၆ လနောက်ပိုင်းမှာတော့ နို့မှုန့်သောက်တဲ့ကလေးတွေက အထွားပိုမြန်လာကြပါတယ်။ ကလေးဟာထွားတာမြန်မြန်၊နှေးနှေး ကျန်းမာတဲ့ကလေးတစ်ယောက်ဖြစ်ဖို့ဆိုရင် အသက်တစ်နှစ်ပြည့်ချိန်မှာ ကိုယ်အလေးချိန်ကမွေးစအလေးချိန်ရဲ့ ၃ ဆဖြစ်ဖို့လိုပါမယ်။ တကယ်လို့ ကလေးက ကိုယ်အလေးချိန်ရှိသင့်တာလောက်ဖြစ်မလာရင်တော့ ကလေးဆရာဝန်နဲ့ပြသကြည့်ဖို့လိုပါမယ်။ ကလေးကြီးထွားဖို့အတွက် မပါမဖြစ်ပါသင့်တဲ့ အာဟာရဓါတ်တွေ ကလေးကြီးထွားဖို့အတွက်ကနေ့စဉ်ကျွေးမွေးတဲ့အစားအသောက်ထဲမှာ ကြီးထွားဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

သားသမီးပျိုးထောင်နည်းမှန်ကန်စေဖို့ ဒါလေးတွေမမေ့ပါနဲ့

သားသမီးရတနာရလာပြီးတဲ့အခါ အရင်ကလို စိတ်ကူးနဲ့ပျော်နေရုံနဲ့မပြီးတော့ပါဘူး။ မိဘရဲ့တာဝန်ဝတ္တရားတွေထဲမှာကျွေးမွေးစောင့်ရှောက်တာ၊ ချစ်ခင်ကြင်နာပေးတာအပြင် ဘက်ပေါင်းစုံက ဟာကွက်မရှိအောင် ဂရုစိုက်ပျိုးထောင်ပေးဖို့ ပါဝင်ပါတယ်။ ဘာမဆို လိုလေသေးမရှိအောင် လုပ်ပေးတယ်ထား၊ ကိုယ်ပျိုးထောင်တဲ့နည်းလမ်းလွဲနေရင် ကလေးရဲ့တိုးတက်မှု၊ဖွံ့ဖြိုးမှုတွေမှာ ဖြစ်သင့်သလောက်ဖြစ်မလာတော့ပါဘူး။ အလိုလိုက်တိုင်းမကောင်းသလို စည်းကမ်းတင်းကျပ်တိုင်းလည်း မကောင်းတဲ့အတွက် ကလေးတွေကို ကြီးပြင်းလာတဲ့အထိစောင့်ရှောက်ပျိုးထောင်ရာမှာ ဂရုစိုက်ရမယ့်အချက်တွေရှိပါတယ်။ ကျန်းမာထက်မြက်တဲ့ ကလေးတွေကို မွေးထုတ်ပေးနိုင်ဖို့ ငယ်စဉ်တည်းက ဂရုစိုက်သင့်တဲ့အချက်လေးတွေ ဖေဖေမေမေတို့ မေ့နေမှာစိုးလို့ သတိပေးလိုက်ပါတယ်နော်။ ကလေးကိုနေ့တိုင်း ကစားချိန်အလုံအလောက်ပေးပါ ကစားချိန်ပေးတယ်ဆိုတာ တီဗီဖွင့်ထားပေးတာ၊ ဂိမ်းပေးကစားထားတာ မဟုတ်ဘူးနော်။ အိမ်ထဲမှာ သို့မဟုတ်ခြံထဲမှာ အန္တရာယ်ကင်းအောင်ကာကွယ်ထားတဲ့ ပတ်ဝန်းကျင်ပြင်ဆင်ပြီး လွတ်လွတ်လပ်လပ်ပေးကစားတာကို ဆိုလိုပါတယ်။ ထိခိုက်စေမယ့်အရာတွေဖယ်ထားတာအပြင် ခြင်ကိုက်မခံရအောင်လည်း ဂရုစိုက်ပေါ့။ ကလေးပီပီပြေးလွှားဆော့ကစားနေတာ၊ ကစားစရာတွေနဲ့ဆော့နေတာက ကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုနဲ့ ဉာဏ်ရည်ထက်မြက်မှုကိုမွေးမြူသလိုဖြစ်စေပါလိမ့်မယ်။ ကလေးကို တစ်ချိန်လုံး ချီပွေ့ထားတာ၊ အငြိမ်ကစားခိုင်းတာ၊ ထိမိမှာချော်လဲမှာစိုးလို့ လွတ်လွတ်လပ်လပ်လှုပ်ရှားခွင့်မပေးတာတွေက သန်မာမှု၊ ဖွံ့ဖြိုးမှု၊ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးဦးနှောက်ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်အာဟာရ

သန္ဓေသားဘဝကနေ အသက်အရွယ်ကြီးပြင်းလာသည်အထိ ကလေးတွေ ဉာဏ်ရည်ထက်မြက်ပြီး ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာဖို့ အစာအာဟာရတွေက အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ တစ်နေ့တာ လိုအပ်တဲ့ ဗီတာမင်နဲ့ အာဟာရဓါတ်ကို လုံလောက်စွာ ရရှိနိုင်မှ ကလေးတွေ ကိုယ်ခံအားကောင်းမယ်၊ ကျန်းမာမယ်၊ အရိုးအဆစ်တွေ ကြံ့ခိုင်သန်စွမ်းမယ်၊ သက်လုံကောင်းမယ်၊ ကူးစက်ရောဂါ ဝင်ရောက်နိုင်ခြေ နည်းမှာဖြစ်ပါတယ်။ အစာအာဟာရနှင့် ကလေးဦးနှောက်ဉာဏ်ရည် မိခင်တွေအနေနဲ့ ကိုယ်ဝန်ဆောင်စဉ်မှာ အာဟာရမျှတတဲ့ အစားအစာတွေကိုသာ ရွေးချယ်စားသုံးသင့်ပါတယ်။ ဗီတာမင်အစုံအလင်ပါဝင်တဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေအပြင် ပရိုတင်းဓါတ်(အသားဓါတ်) ပါဝင်တဲ့ အသား၊ ငါး၊ ဥအမျိုးမျိုး၊ အစေ့အဆန်၊ နို့ထွက်ပစ္စည်းတွေကို လုံလောက်စွာ စားပေးဖို့ အရေးကြီးပါတယ်။ မိခင်တွေအနေနဲ့ ကလေးမွေးပြီးတဲ့ အချိန်မှာလည်း နို့ထွက်အားကောင်းစေဖို့ အာဟာရြဖစ်စေတဲ့ အစားအစာတွေကို များများစားပေးရပါမယ်။ မိခင်နို့မှာ ကလေးတွေ ကြီးထွားသန်စွမ်းဖို့နဲ့ ဉာဏ်ရည်ထက်မြက်စေဖို့ အာဟာရဓါတ်တွေ အများအပြားပါဝင်တဲ့အတွက် ကလေးတွေကို […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးကို လူကြီးစာတွေ ကျွေးသင့်မသင့်

အစာမာတွေ စတင်စားဖူးကာစ ကလေးတွေဟာ လူကြီးတွေ ပါးစပ်လှုပ်တာနဲ့ ပါးစပ်လေးလိုက်ဟပေးတတ်ကြပါတယ်။ သူတို့အာဟာရဖြစ်တဲ့ နို့နဲ့ထမင်းတွေက လွဲရင် ကျန်တာ အရသာပိုရှိမယ်ဆိုတာ သိနေတာကိုး။ လူကြီးတွေ ဘာလေးပဲစားစား အကုန်လိုက်စားချင်၊ မြည်းကြည့်ချင်ကြတယ်။ ဒီလိုအချိန်မှာ ကလေးကို စနစ်တကျထိန်းသိမ်းစောင့်ရှောက်မှုမရှိဘဲ အကုန်ကျွေးမယ်၊ အရာရာအလိုလိုက်မယ်၊ ကိုယ်တိုင်လည်း စားချင်ရာစားပြမယ်ဆိုရင် ဘာတွေဖြစ်လာမလဲ။ ငယ်ကတည်းက ကျန်းမာရေးအခြေမခိုင်တဲ့ ချူချာသူလေးတွေအဖြစ် ကြီးပြင်းလာရတော့မှာပေါ့။ တချို့အစားအစာတွေက လူကြီးတွေနဲ့တောင် ကျန်းမာရေးနဲ့မညီတာ၊ ကလေးတွေနဲ့ဘယ်သင့်တော်ပါ့မလဲ။ အရင်ဆုံး ကလေးတွေကို စည်းကမ်းတကျ စားသောက်တတ်အောင် အကျင့်လုပ်ပေးရပါမယ်။ ကလေးဆိုတာ ပါးစပ်ထဲထည့်လို့ရတာမှန်သမျှ လိုက်စားကြည့်မယ် (စားစရာမဟုတ်လည်းကောက်ထည့်တတ်တယ်)၊ အရသာသိပ်မခံတတ်ဘဲ ကိုက်စားပစ်မယ်၊ မျိုချပစ်မယ်(သွားပေါက်ကာစဆိုတော့ ဝါးဖို့ထက် တကိုက်ကိုက်ပြီးမျိုချလိုက်ဖို့ ပိုစိတ်လောပါတယ်)၊ ကိုယ်စားရမယ့် ထမင်းအာဟာရကျတော့ သိပ်မစားချင်တော့ဘူး။ အရသာသစ်တွေကို မက်မောပြီး လူကြီးတွေစားသမျှကို ထိုင်မျှော်နေပါတော့တယ်။ ကလေးကိုကျွေးဖို့ မသင့်တော်တဲ့ အစားအစာ လူကြီးတွေစားနေတဲ့ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း