ကလေးကျန်းမာရေး

ကလေးလေး ကျန်းမာဖို့ဆိုတာ မိဘတွေအတွက် အရေးကြီးဆုံး ဆန္ဒပါ။ ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါလက္ခဏာတွေကနေ ပိုးဝင်ကူးစက်တာတွေအထိ သင့်ကလေးကျန်းမာရေးအတွက် လိုအပ်တဲ့ ဗဟုသုတအားလုံးကို ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးကျန်းမာရေး

ကလေးများအတွက် ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး

ကလေးတွေမှာ Pneumococcusကြောင့်ဖြစ်တဲ့ ပြင်းထန်အဆုတ်ရောင် ရောဂါက အဖြစ်များသလို အသက်အန္တရာယ်လည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေမှာ ဒီရောဂါမဖြစ်စေဖို့ဆိုရင် Pneumococcal vaccines လို့ခေါ်တဲ့ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး ကို ထိုးထားတာက အကောင်းဆုံးပါ။ ဒီကာကွယ်ဆေးက ပြင်းထန်အဆုတ်ရောင်အပါအဝင် သွေးထဲ ရောဂါပိုးပြန့်နှံ့တာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ Pneumococcusက အခန့်မသင့်ရင် ကိုယ်တွင်းအင်္ဂါနဲ့ သွေးထဲအထိ ပြန့်သွားတတ်ပြီး အသက်အန္တရာယ်ဖြစ်တတ်ပါတယ်။ ဒီလို ပြန့်သွားတာကို invasive disease လို့ ခေါ်ပါတယ်။ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး က ဘာကို ကာကွယ်ပေးတာလဲ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး PCVက Streptococcus pneumoniae သို့ pneumococcus ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါကို ကာကွယ်ပေးပါတယ်။ ဒီဘက်တီးရီးယားက အသက်ရှူလမ်းကြောင်းက ထွက်တဲ့ အမှုန်အမွှားတွေကြောင့် ကူးစက်တတ်ပြီး အဆုတ်ရောင်ရောဂါအပါအဝင် ဦးနှောက်အမြှေးရောင် […]

ကလေးကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးကျန်းမာရေး ကို ရှာဖွေမည်။

ကလေးအစာခြေစနစ်ပြဿနာများ

ကလေးတွေမှာ အဖြစ်များတဲ့ အစာချေရခက်တဲ့ ပြဿနာ

ကလေးတွေမှာ တစ်ခုခုစားပြီးတိုင်း ဝမ်းဗိုက်ပြဿနာတွေ ကြုံတွေ့နေရမယ်။ ဝမ်းလျှောတာ၊ လေပွတာတွေ ကြုံနေရမယ်ဆိုရင် အစာချေရခက်တဲ့ ပြဿနာ ရှိနေတာ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အစားအစာတစ်ခုခုကို စားတိုင်း တိုက်တိုက်ဆိုင်ဆိုင် ဖြစ်နေတယ်ဆိုရင်ပေါ့။ ကလေးတွေမှာ အဖြစ်များတဲ့ အစာချေရခက်တဲ့ ပြဿနာ ဆိုတာ အစာချေရခက်တဲ့ ပြဿနာဆိုတာ ကလေးတွေ စားလိုက်တဲ့ အစားအစာကို ခန္ဓာကိုယ်က မချေဖျက်နိုင်တာ ဒါမှမဟုတ် အစားအစာမှာပါတဲ့ ဓာတ်ပစ္စည်းတစ်မျိုးမျိုးကို အစာချေစနစ်က ခံနိုင်ရည် မရှိတာပဲ ဖြစ်ပါတယ်။ အစာချေရခက်တာနဲ့ အစာဓာတ်မတည့်တာနဲ့ တူပါသလား။ အစာချေရခက်တာနဲ့ အစာဓာတ်မတည့်တာနဲ့က မတူပါ။ အစာဓာတ်မတည့်ဘူးဆိုတာက ကလေး စားလိုက်တဲ့အစားအစာကို သူ့ရဲ့ ခုခံအားစနစ်က တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။ အစာချေရခက်တဲ့ ပြဿနာမှာ ခုခံအားစနစ်မပါပါဘူး။ အစာချေစနစ်နဲ့သာ သက်ဆိုင်တာ ဖြစ်ပါတယ်။ အစာဓာတ်မတည့်တာက ပိုပြင်းထန်ပြီး လက္ခဏာအနေနဲ့ အသားယားတာ၊ နှုတ်ခမ်း၊ မျက်နှာနဲ့ […]


ကလေးအာရုံကြောဆိုင်ရာရောဂါများ

ကလေးတွေ မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ရတဲ့ အကြောင်းရင်း (၆)ခု

ကလေးတွေ မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်နေလို့ တစ်ခုခုများဖြစ်နေကြတာလားဆိုပြီး စိုးရိမ်တဲ့ မိဘတွေ၊ ခဏခဏ လာမေးတဲ့ မိဘတွေ ရှိပါတယ်။ မျက်တောင်ခတ်တာက ခန္ဓာကိုယ်ရဲ့ ပုံမှန်ဖြစ်စဉ်တစ်ခုပါ။ ဒါပေမဲ့ လိုတာထက် ပိုခတ်နေရင်တော့ အောက်ပါအချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။ မျက်တောင်ခတ်တာက ကျန်းမာရေးအတွက် လိုအပ်ပါတယ် မျက်တောင်ခတ်တယ်ဆိုတာ ခန္ဓာကိုယ်က အလိုအလျောက် လုပ်နေတဲ့ ဖြစ်စဉ်ပါ။ မျက်တောင်ကို သတိတရ ခတ်နေစရာမလိုပါဘူး။ မျက်လုံးခြောက်တဲ့အခါ၊ အလင်းစူးစူးတွေ ကြည့်မိတဲ့အခါ၊ မျက်လုံးထဲကို တစ်ခုခုဝင်တဲ့အခါ၊ မျက်လုံးကို တစ်ခုခု အန္တရာယ်ဖြစ်တော့မယ်လို့ ထင်တဲ့အခါ အလိုအလျောက် မျက်တောင်ခတ်သွားပါတယ်။ မျက်တောင်ခတ်လိုက်ခြင်းအားဖြင့် မျက်လုံးကို စိုစွတ်စေသလို မျက်လုံးရဲ့ အပေါ်ယံလွှာကိုလည်း သန့်စင်‌စေပါတယ်။ မျက်တောင်ခတ်တာ များနေပြီလို့ ဘယ်လိုသိနိုင်မလဲ မွေးစကလေးတွေကတော့ တစ်မိနစ်ကို ၂ကြိမ်လောက်ပဲ မျက်‌တောင်ခတ်ပါတယ်။ လမ်းလျှောက်တတ်စအရွယ်ဆိုရင်တော့ တစ်မိနစ်ကို ၁၅ခါလောက် ခတ်ပါတယ်။ လူကြီးတွေကတော့ တစ်မိနစ်ကို ၁၄-၁၇ကြိမ်ထိ ခတ်ပါတယ်။ ဒီတော့ […]


အခြားကလေးကျန်းမာရေးပြဿနာများ

ဆောင်းတွင်းမှာ သားသားမီးမီး ကိုယ်ခံအား တက်စေဖို့ ဘာတွေ ဂရုစိုက်ပေးဖို့ လိုမလဲ

မိုးလေးကုန် ဆောင်းလေးကူးချိန်ရဲ့ အလှအပတရားကို ပြည့်ပြည့်ဝဝ မခံစားနိုင်ကြသူလေးတွေ ရှိပါတယ်။ သူတို့လေးတွေကတော့ ချစ်စရာ သားသားမီးမီးတို့ကို ပိုင်ဆိုင်ထားတဲ့ ဖေဖေမေမေတွေပါ။ ကလေးတွေက ကိုယ်ခံအား ပြည့်ပြည့်ဝဝ မဖွံ့ဖြိုးသေးတာကြောင့် ရာသီ အကူးအပြောင်းမှာ ဖျားနာမှု ဖြစ်လွယ်ကြပါတယ်။ ဒီတော့ မိုးကုန်လို့ ဆောင်းကူးချိန်မှာ အေးမြတဲ့ ဆောင်းတွင်းကို မပျော်ခင်မှာ ခေါင်းထဲကို အရင်ဆုံး ရောက်လာတဲ့ အတွေးက အိမ်က သားသားများ  ဖျားလေမလား! မီးမီးများ ဖျားလေမလား! ဟုတ်။  ဒါဆိုရင်တော့ အခုပြောပြမယ် အကြောင်းအရာလေးကို အမြန်ဆုံး ဖတ်ကြည့်ဖို့ လိုနေပါပြီလို့ ပြောချင်ပါတယ်။ ဒီလိုပြောရတာက အခုတစ်ခေါက်မှာ ချစ်ရတဲ့ မေမေ ပရိသတ်တို့အတွက် ဆောင်းတွင်းမှာ သားသားမီးမီး ကိုယ်ခံအား တက်စေဖို့ ဘာတွေ ဂရုစိုက်ပေးဖို့ လိုမလဲ ဆိုတဲ့ အကြောင်းလေးမို့လို့ပါ။  https://hellosayarwon.com/parenting/school-age-children/school-age-children-nutrition/natural-ways-to-boost-childrens-immune-system/ ဆောင်းရာသီမှာ […]


ကလေးမှာဖြစ်တတ်တဲ့ကူးစက်ရောဂါများ

ကလေးက ရိုးရိုးဖျားတာလား သွေးလွန်တုပ်ကွေးလား

ကလေးဆိုတာက ထိခိုက်လွယ်ကြပါတယ်။ ဒီတော့ ရာသီ အကူးအပြောင်းမှာ ဖြစ်ဖြစ်၊ အချို့သော အခြေအနေတွေမှာ လူကြီးတွေလို ခံနိုင်ရည် မရှိဘဲ ခဏခဏ ဖျားနာတတ်ကြတာပေါ့။ ဒီလို ဖျားနာတာက ခဏခဏ ဆိုတော့ မေမေတွေက ကလေးဖျားပြီဆိုရင် ရိုးရိုးဖျားနာမှုလို့ပဲ ယူဆလိုက်ကြတာ များပါတယ်။ တကယ်ကတော့ ကလေးတွေမှာ ကိုယ်ပူတာ ဖျားနာတာတွေက ရိုးရိုးဖျားနာတာမျိုး ဖြစ်နိုင်သလို တစ်ခါတလေမှာ သွေးလွန်တုပ်ကွေးရောဂါကြောင့် ကလေးမှာ ကိုယ်ပူဖျားနာတာကို ခံစားရနိုင်ပါတယ်။ ဒီအခြေအနေ ၂ ခု ခပ်ဆင်ဆင်ဆိုတော့ မေမေဖေဖေတို့က အမှုမဲ့အမှတ်မဲ့ ထားလိုက်ရင်း အချိန်လွန်မှ ကလေးမှာ သွေးလွန်တုပ်ကွေး ဖြစ်နေတာကို သိရှိပြီး မလိုအပ်ဘဲ အဖိတ်အစဉ် ဖြစ်တာမျိုးတွေ တွေ့ကြုံရတော့တာပေါ့။ ဒါကြောင့် သတိထားနိုင်စေဖို့ ကလေးက ရိုးရိုးဖျားတာလား သွေးတုပ်ကွေးလား ဆိုတာကို ခွဲခြားနိုင်စေဖို့ […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

ဖော်မြူလာနို့ သောက်တဲ့ကလေးက ဝမ်းပိုချုပ်တတ်သလား

တော်တော်များများမှာ ကြားလာရတာက ကလေးက ဝမ်းချုပ်တယ်။ ဒါက ဖော်မြူလာနို့တွေ သောက်လို့ ထင်တယ် ဆိုတာမျိုးပါ။ တကယ်ရော ဟုတ်ရဲ့လား ဆိုတာကို ဒီဆောင်းပါးလေးကနေ ဆွေးနွေးသွားပေးမှာပါ။ ကဲ ….. ဖေဖေမေမေတို့ရေ ဖော်မြူလာနို့ သောက်တဲ့ကလေးက ဝမ်းပိုချုပ်တတ်သလား ဆိုတာကို အတူတူ လေ့လာလိုက်ရအောင်နော်။ ဝမ်းချုပ်တာက ကလေးတွေမှာ အဖြစ်များလား ဝမ်းချုပ်တာက ကလေးတွေမှာ အသက်အရွယ် မရွေးဖြစ်နိုင်တဲ့ ကျန်းမာရေး ပြဿနာပါ။ ကလေး တစ်ယောက်မှာ ပုံမှန်ထက် ဝမ်းသွားတာ နည်းတာ၊ ဝမ်းသွားရ ခက်တာမျိုးတွေကို ဝမ်းချုပ်တယ်လို့ ခေါ်ပါတယ်။  အသက်၂နှစ်အထက် ကလေးတွေမှာကျ ဝမ်းချုပ်တာက ကျန်းမာရေး အကြောင်းရင်းခံ တစ်ခုခုကြောင့် ဖြစ်သလို အနေအထိုင် အစားအသောက် ပြောင်းလဲတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ များသောအားဖြင့်ကတော့ အနေအထိုင် အစားအသောက်ကြောင့် ကလေးက ဝမ်းချုပ်ရတာပါ။ ကလေးမှာ ဝမ်းချုပ်နေလားဆိုတာကို […]


အခြားကလေးကျန်းမာရေးပြဿနာများ

သားသားမီးမီးတွေကို ဓာတ်ဆားဖြည့် ဖျော်ရည် တိုက်လို့ ရပါသလား!

သားသားမီးမီးလေးတွေကတော့ နေပူတာ မိုးရွာတာကို အမှု မထားသလို မနက်၊ နေ့လယ်၊ ညနေ ဆိုတာကို မမှုဘဲ ရေကုန်ရေခမ်း ကစားကြမယ့် အရွယ်လေးတွေပါ။ သူတို့လေးတွေ ဒီလို ကစားတဲ့အခါ ရာသီဥတု အခြေအနေကြောင့်ရော လှုပ်လှုပ်ရှားရှား အသားကုန် ဆော့ထားတာကြောင့်ရော သူတို့လေးတွေမှာ ချွေးတွေ အများကြီး ထွက်တာမျိုးကို ခံစားရနိုင်ပါတယ်။ ချွေးထွက်တယ်ဆိုတာကလည်း တကယ်ကတော့ ကိုယ်တွင်းက ရေဓာတ် နဲ့ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးသွားတာပဲလေ။ ဒီတော့ ဖေဖေမေမေတို့ ခေါင်းထဲမှာ ပေါ်လာနိုင်တဲ့ အတွေးတစ်ခုက ချွေးတွေ ရွဲရွဲစိုနေအောင် ဆော့ကစားထားတဲ့ သားသားမီးမီးတွေကို ဓာတ်ဆားဖြည့် ဖျော်ရည် တိုက်လို့ ရပါသလား! ဆိုတာ ဖြစ်မယ် ထင်ပါတယ်။ ဒီမေးခွန်းလေးအတွက် အဖြေလေးကို ဆောင်းပါးလေးကနေတဆင့် အဖြေထုတ်ပေးလိုက်ပါတယ်နော်။  သားသားမီးမီးတွေကို ဓာတ်ဆားဖြည့် ဖျော်ရည် […]


အခြားကလေးကျန်းမာရေးပြဿနာများ

ပူနွေးစိုစွတ်ချိန်မှာ ပြေးလွှားဆော့ကစားကြမယ့် သားသားမီးမီး တို့ကို ဘာတွေ ဂရုစိုက်ပေးရမလဲ

ရာသီဥတုကလည်း ပူ၊ လေထုရဲ့ စိုထိုင်းဆကလည်း များနေတဲ့အချိန်ကို hot and humid condition ပူနွေးစိုစွတ်တဲ့ အခြေအနေလို့ ခေါ်ပါတယ်။ ဘယ်ရာသီပဲဖြစ်ဖြစ်  ကလေးရဲ့ သဘာဝကတော့ ဆော့ကြမှာပါပဲ။ မိဘတွေကတော့ ကလေးတွေကို အန္တရာယ်ကင်းအောင် ဂရုစိုက်ပေးဖို့ပါ။ ဒါကြောင့် ပူနွေးစိုစွတ်ချိန်မှာ ပြေးလွှားဆော့ကစားကြမယ့် သားသားမီးမီး တို့ကို ဘာတွေ ဂရုစိုက်ပေးရမလဲ ဆိုတာကို သိထားသင့်ပါတယ်။ ပူနွေးစိုစွတ်ချိန်က သာမန်ပူတဲ့အချိန်ထက် ပိုပြီးအန္တရာယ်များပါတယ်။ ဘာကြောင့်လဲဆိုတော့ စိုထိုင်းဆများနေတာက အဓိက ပြဿနာပါ။ ခန္ဓာကိုယ်မှာ အပူသက်သာစေဖို့ အကောင်းဆုံးနည်းလမ်းက ချွေးထွက်ဖို့ရယ် ဒီချွေးက အငွေ့ပျံဖို့ရယ်ပါ။ ပူတဲ့အတွက် ချွေးတော့ ထွက်ပါရဲ့။ စိုထိုင်းဆများနေတာကြောင့် ချွေးက အငွေ့မပျံတဲ့အတွက် ခန္ဓာကိုယ်က အေးသင့်သလောက် မအေးပါဘူး။ ဒါကြောင့် ခန္ဓာကိုယ်မှာ အပူချိန်တွေ မြင့်တက်နေပါလိမ့်မယ်။ အထူးသဖြင့် အပူချိန်ကို ကောင်းကောင်း […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးကို အိပ်ရာမဝင်ခင်မှာ မကျွေးသင့်တဲ့ အစားအစာများ

ချစ်မဝတဲ့ သားသားမီးမီးတို့ အစားအစာတွေကို အရသာရှိရှိနဲ့ အများကြီး အားပါးတရ စားနေတာကို မြင်ရတာက ဖေဖေမေမေတို့ကို စိတ်ချမ်းသာစေတဲ့ မြင်ကွင်းတစ်ခုဟုတ်။ ကလေးက စားလည်းစား ထွားလည်းထွား ကျန်းလည်းကျန်းမာတယ်ဆိုရင်တော့ ကောင်းတာပေါ့။ ဒါပေမယ့် ကလေးကို အချိန်အခါအလိုက် ကျွေးသင့်တာတွေ ရှိသလို မကျွေးသင့်တာလေးတွေလည်း ရှိနေပါတယ်နော်။ ဒီတစ်ခေါက်တော့ ကလေးကို အိပ်ရာမဝင်ခင်မှာ မကျွေးသင့်တဲ့ အစားအစာများ အကြောင်း ဖေဖေမေမေတို့ ဗဟုသုတရရှိစေဖို့ မျှဝေပေးလိုက်ရပါတယ်။ ကလေးကို အိပ်ရာမဝင်ခင်မှာ မကျွေးသင့်တဲ့ အစားအစာများ ကလေးကို အိပ်ရာမဝင်ခင်မှာ မကျွေးသင့်တဲ့ အစားအစာများ ကတော့ ကဖင်းပါတဲ့ သောက်စရာတွေ လက်ဖက်ရည်အေး၊ ကော်ဖီအေး၊ bubble tea၊ ကော်ဖီ၊ စွမ်းအားဖြည့်အချိုရည်နဲ့ အခြားသော ကဖင်းပါတဲ့ အချိုရည်တွေကို သားသားမီးမီးတို့ အိပ်ရာမဝင်ခင်မှာ တိုက်ကျွေးတာမျိုး မလုပ်မိဖို့ လိုပါမယ်။  အကြောင်းကတော့ […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

အိပ်ရေးပျက်တာက ကလေးတွေကို ဘယ်လိုတွေ ထိခိုက်စေမလဲ!

အိပ်စက်မှုက ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ပါ အလွန်အရေးပါပါတယ်။ ကလေးကို ငယ်ငယ်ကတည်းက အကောင်းဆုံး ကြီးထွားစေဖို့ဆိုရင် အစာအာဟာရ ပြည့်ဝအောင် ဂရုစိုက်ပေးဖို့ လိုသလို အိပ်ရေးဝအောင် အိပ်ဖို့လည်း လိုပါမယ်။ ဒါမှ ကလေးက ကောင်းကောင်းမွန်မွန် ကြီးထွားလာမှာပါ။ ဒီလို ပြောရတာက အိပ်ရေးပျက်တာက ကလေးတွေကို ထိခိုက်တာတွေ ရှိလာစေနိုင်တာကြောင့်ပါ။ ကဲ ..... အိပ်ရေးပျက်တာက ကလေးတွေကို ဘယ်လိုတွေ ထိခိုက်စေမလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ ကလေးတွေအတွက် အိပ်စက်ခြင်းက ဘာလို့ အရေးကြီးတာလဲ အိပ်ရေးဝတာက ကလေးရဲ့ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးစေဖို့ရော စိတ်ပိုင်းဆိုင်ရာနဲ့ ဦးနှောက် ဖွံ့ဖြိုးစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။ ကလေးတွေကို ငယ်စဉ်မှာ အိပ်ရေးဝဝ ပေးအိပ်တာက ကလေးကို နိုးကြားတက်ကြွစေဖို့ ထောက်ကူပေးသလို စိတ်ခံစားမှု ကောင်းစေဖို့ရော […]


ကလေးမှာဖြစ်တတ်တဲ့ကူးစက်ရောဂါများ

သားသားမီးမီးတို့နဲ့ အသည်းရောင်အသားဝါ အေ

ချစ်ရတဲ့ သားသားမီးမီးလေးတွေကို ကျန်းမာပြီး ရောဂါကင်းစေချင်တာက မေမေဖေဖေတိုင်းရဲ့ စိတ်ကူးပါ။ ဒီတစ်ခေါက်တော့ ကာကွယ်လို့ရတဲ့ အသည်းရောင်အသားဝါ အေ ရောဂါ မဖြစ်ရလေအောင် ဘယ်လို ကာကွယ်လို့ရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။ သားသားမီးမီးတို့ကို အသည်းရောင်အသားဝါ အေ မဖြစ်ရလေအောင် ဘယ်လိုကာကွယ်ရမလဲဆိုတာကို မပြောပြသေးခင်မှာ အသည်းရောင်အသားဝါ အေ အကြောင်းလေးကို နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ သားသားမီးမီးတို့နဲ့ အသည်းရောင်အသားဝါ အေ အသည်းရောင်အသားဝါ အေ ရောဂါက အသည်းရောင်အသားဝါ အေဗိုင်းရပ်စ်ကြောင့် အသည်းမှာ ရောင်ရမ်းမှု ဖြစ်စေတာပါ။ ဒီအခြေအနေက နာတာရှည် အသည်းပျက်စီးမှု ဖြစ်စေနိုင်ပါတယ်။ ဒီ အသည်းရောဂါက ပြင်းထန်ပြီး အသက်အန္တရာယ် ရှိစေနိုင်တာကြောင့် မိဘတွေ အနေနဲ့ သေချာလေး ဂရုစိုက် ကာကွယ်ဖို့ လိုပါမယ်။ တချို့တွေမှာ အလိုလိုပျောက်သွားနိုင်တယ်ဆိုပေမယ့် မကူးစက်အောင် ကာကွယ်တာ၊ ရောဂါလက္ခဏာတွေ သိထားတာက […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း