မိဘဆိုတာမျိုးက ကိုယ့်ကလေး ဖျားပြီနာပြီဟေ့ဆိုရင် ခြေမကိုင်မိလက်မကိုင်မိနဲ့ ပူပင်သောကများပြီး စိုးရိမ်တတ်ကြတာ ဓမ္မတာပါပဲ။ သားသားမီးမီးတို့ ဖျားပြီ နာပြီဆိုရင် စနစ်တကျ ပြုစုစောင့်ရှောက်ရမှာဖြစ်ပါတယ်။
ထွက်မှာ သေချာပြီလား။
မိဘဆိုတာမျိုးက ကိုယ့်ကလေး ဖျားပြီနာပြီဟေ့ဆိုရင် ခြေမကိုင်မိလက်မကိုင်မိနဲ့ ပူပင်သောကများပြီး စိုးရိမ်တတ်ကြတာ ဓမ္မတာပါပဲ။ သားသားမီးမီးတို့ ဖျားပြီ နာပြီဆိုရင် စနစ်တကျ ပြုစုစောင့်ရှောက်ရမှာဖြစ်ပါတယ်။
ခုကာလက ရာသီအကူးအပြာင်းကာလဖြစ်တာမို့ တုပ်ကွေးတွေ သောင်းကျန်းတဲ့ကာလဖြစ်သလို ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ရောဂါကပ်ဘေးကလည်း သောင်းကျန်းနေတဲ့ကာလဖြစ်တာမို့ တွေးပူစရာတွေကတော့ အများသားရယ်ပါ။
ဒီလိုကာလမျိုးမှာလည်ချောင်းနာတာ၊ ချောင်းဆိုးတာ၊ ဖျားတာနာတာ၊ ကိုယ်လက်ကိုက်ခဲ့တာစသဖြင့် ရောဂါလက္ခဏာတွေ ပြသနေရင်တောင်မှ တုပ်ကွေးလား၊ ရိုးရိုးဖျားတာလား၊ ကိုဗစ်များလားဆိုပြီး တွေးပူနေရပါလိမ့်မယ်။
ခုချိန်မှာ ရင်သွေးဖျားပြီ နာပြီဆိုရင် စိုးရိမ်သောကများမနေပဲ နည်းမှန်လမ်းမှန်နဲ့ ရင်သွေးကို ပြုစုစောင့်ရှောက်ဖို့လိုအပ်ပါတယ်။ COVID-19 ဖြစ်နေမယ်ဆိုရင်တောင်မှ ရောဂါလက္ခဏာမပြင်းထန်ရင် နေအိမ်မှာပဲ Home Q ဝင်ပြီး ကုစားရမှာဖြစ်သလို တုပ်ကွေးဆိုရင်လည်း ခုချိန်မှာ ဆေးခန်းပြသဖို့ အတန်ငယ်ခက်ခဲနေနိုင်တာမို့ ကိုယ်တိုင်ပြုစုစောင့်ရှောက်တဲ့ နည်းလမ်းက အကောင်းဆုံးလို့ ဆိုရမလိုပါပဲ။
အဖြစ်များတဲ့ တုပ်ကွေးရောဂါဟာ အသက်ရှူလမ်းကြောင်းကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါတစ်မျိုးဖြစ်ပြီးတော့ ပျမ်းမျှခြင်းအားဖြင့် ဝေဒနာခံစားရချိန်ဟာ ပျမ်းမျှတစ်ပတ်ဝန်းကျင်လောက်အထိ ကြာမြင့်တတ်ပါတယ်။ လေထဲကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါဖြစ်တာမို့ ကူးစက်လွယ်ပြီး ငယ်ရွယ်တဲ့ကလေးငယ်တွေအတွက် ပိုမိုခံစားရနိုင်ပါတယ်။ ဒါကြောင့် သူတို့လေးတွေကို အထူးဂရုစိုက်ပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။
တကယ်လို့ ကိုယ့်ကလေးမှာ ဖျားနာဝေဒနာတစ်စုံတစ်ရာ ခံစားနေရပြီဆိုရင် အောက်ပါနည်းလမ်းတွေအတိုင်း ဂရုတစိုက် ပြုစုဖို့ လိုအပ်မှာဖြစ်ပါတယ်။
ချစ်ရတဲ့ သားသားမီးမီးလေးတွေ ဖျားနာရင် ဒီနည်းလမ်းလေးတွေနဲ့ ဂရုစိုက်ပေးလိုက်ပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။