backup og meta

သာမိုမီတာ နဲ့တိုင်းလိုက်လို့ အပူချိန်ဘယ်လောက်ဆို ကလေးအဖျားကြီးတယ်လို့ သတ်မှတ်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သာမိုမီတာ နဲ့တိုင်းလိုက်လို့ အပူချိန်ဘယ်လောက်ဆို ကလေးအဖျားကြီးတယ်လို့ သတ်မှတ်မလဲ

    အိမ်တိုင်းမှာ အပူချိန်တိုင်းဖို့ သာမိုမီတာ တစ်ချောင်းလောက် ဆောင်ထားတတ်ကြပါတယ်။ သာမိုမီတာက ကြီးကြီးငယ်ငယ် ကျားမမရွေး အကုန်လုံးရဲ့ ကိုယ်ပူချိန်ကို ပြောပြပေးနိုင်တယ်လေ။ လူကြီးတွေ ဆိုရင်တော့ ကိုယ်ပူနေရင် သိသာပြီး သာမိုမီတာတိုင်းလိုက်ရုံနဲ့ သိပေးမယ့် စကားမပြောတတ်သေး၊ ဘာဖြစ်နေလဲဆိုတာကို သေသေချာချာ မပြောတတ်သေးတဲ့ ကလေးတွေ အတွက်ကတော့ သာမိုမီတာ ဖော်ပြတဲ့ ကိုယ်ပူချိန်ကသာ သင့်ကလေး အခြေအနေကို ပြောပြနိုင်မှာပါ။

    ဒါ့ကြောင့် ကိုယ့်ကလေးကိုယ်က အပူချိန်မြင့်နေလား၊ သာမန်ပဲလားဆိုတာကို သိထားမှ အဖျားကြီးတာနဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ကလေးဆီမှာ မဖြစ်အောင် ကြိုတင်ကာကွယ်လို့ရမှာလေ။ ဒါဆို သာမိုမီတာဖော်ပြတဲ့ အပူချိန် ဘယ်လောက်ဆိုရင် ကလေးတွေမှာ ကိုယ်ပူနေတယ်၊ အဖျားကြီးနေတယ်လို့ သတ်မှတ်သလဲ။

    ဒါတွေကို မပြောခင် သာမိုမီတာ ဘယ်နှစ်မျိုးရှိလဲဆိုတာကို ကြည့်ရအောင်။ 

    အရင်တုန်းကတော့

  • ပြဒါးထည့်ထားတဲ့ သာမိုမီတာလောက်သာ ရှိခဲ့မေမယ့် ခုနောက်ပိုင်းမှာတော့ သာမိုမီတာ အမျိုးမျိုးရှိလာခဲ့ပါပြီ ။။
  • Digital thermometers – ဒစ်ဂျီတယ်သာမိုမီတာ တစ်မျိုးဖြစ်ပြီး ချိုင်းကြား ခံတွင်း၊ စအိုတွင်းတို့ရဲ့ အပူချိန်ကို တိုင်းလို့ရတဲ့ သာမိုမီတာ တစ်ခုပါ။ အားလုံးထဲမှာ စအိုတွင်း အပူချိန်က ကိုယ်ခန္ဓာရဲ့ အပူချိန်အစစ်ဖြစ်ပြီး ချိုင်းကြား အပူချိန်ကတော့ တိကျမှု အနည်းဆုံးဖြစ်ပါတယ်။
  • Digital ear thermometers – နာမည်အတိုင်းပါပဲ။ နားအတွင်းပိုင်းက အပူချိန်ကို တိုင်းတဲ့ ဒစ်ဂျီတယ်သာမိုမီတာ တစ်ခုပါ။ ကလေးတွေမှာ အများဆုံး အသုံးပြုပြီး နားဖာချေးနဲ့ နားလမ်းကြောင်းပုံစံတို့အပေါ်လိုက်ပြီး တိကျမှု ကွဲပြားသွားတတ်ပါတယ်။
  • Temporal artery thermometers.– ဒါကတော့ နားထင်မှာရှိတဲ့ သွေးကြောရဲ့ အပူချိန်ကို တိုင်းတာတဲ့ သာမိုမီတာတစ်မျိုးပါ။ ကလေးအိပ်နေချိန်မှာတောင် ကလေးနိုးမသွားအောင် တိုင်းတာလို့ရတဲ့ သာမိုမီတာ တစ်ခုပါ။
  • သာမိုမီတာ နဲ့တိုင်းလိုက်လို့ အပူချိန်ဘယ်လောက်ဆို ကလေးအဖျားကြီးတယ်လို့ သတ်မှတ်မလဲ

    ကလေး အသက်အရွယ်ကိုလိုက်ပြီး ဘယ်လို သာမိုမီတာ တွေ သုံးသင့်သလဲ။ 

    မွေးစကနေ ၃ လအတွင်း – ရိုးရိုး ဒစ်ဂျစ်တယ်သာမိုမီတာကို သုံးပြီး ကလေးစအိုတွင်းအပူချိန်ကို တိုင်းတာတာကသာ အမှန်ဆုံး ဖြစ်မှာပါ။ နားထင်သွေးကြော အပူချိန်ကို တိုင်းတဲ့ သာမိုမီတာ သုံးပေးလို့လည်းရပါတယ်။

    ၃လကနေ ၄ နှစ် – ရိုးရိုး ဒစ်ဂျစ်တယ်သာမိုမီတာကိုသုံးပြီး စအိုတွင်း ( ဒါမှမဟုတ်) ချိုင်းကြားက အပူချိန်ကို တိုင်းပါ။ နားအတွင်းက အပူချိန်ကိုတိုင်းတဲ့ သာမိုမီတာကို သုံးမယ်ဆိုရင်တော့ ကလေးအသက် ၆ လ နောက်ပိုင်းမှ ပိုအဆင်ပြေပါလိမ့်မယ်။ ဘယ်လို သာမိုမီတာ ပဲ သုံးသုံး ဒီလို အရွယ်တွေအတွက် အမှန်ဆုံး ကိုယ်ပူချိန်က စအိုတွင်း အပူချိန်ပဲဖြစ်ပါတယ်။

    ၄ နှစ်နှင့် အထက် – ချိုင်းအောက်က အပူချိန်ပဲဖြစ်ဖြစ်၊ ခံတွင်းထဲက အပူချိန်ပဲဖြစ်ဖြစ် စအိုတွင်းက အပူချိန်ပဲဖြစ်ဖြစ်၊ နားတွင်းက အပူချိန်ပဲဖြစ်ဖြစ် ကြိုက်တဲ့အပူချိန်ကို ကြိုက်တဲ့သာမိုမီတာနဲ့ တိုင်းလို့ရပါတယ်။

    ဘယ်လိုအချိန်ဆို ကလေးကိုယ်ပူနေပြီလို့ သတ်မှတ်လို့ရသလဲ ။ ။

    • စအိုအပူချိန်၊ နားတွင်းအပူချိန်၊ နားထင်သွေးကြောအပူချိန် – 100.4 °F ( ဒါမှမဟုတ်) 38 °C နဲ့ ပိုများနေတဲ့အခါ
    • ခံတွင်း အပူချိန် 100 °F ( ဒါမှမဟုတ်) 37.8 °C နဲ့ သူ့ထက်ပိုများနေတဲ့အခါ
    • ချိုင်းကြား အပူချိန် 99 °F ( ဒါမှမဟုတ်) (37.2 °C) နဲ့ ပိုများနေတဲ့အခါ မျိုးမှာ သင့်ကလေး ကိုယ်အပူချိန် များနေပါပြီ။

    ကလေးက အသက် ၆ လကျော်နေပြီ အစားလည်း ကောင်းကောင်းစားတယ်၊ နို့လည်းကောင်းကောင်းစို့တယ်၊ အိပ်လည်း အိပ်တယ်၊ လူကလည်း လန်းနေတယ်ဆိုရင်တော့ အဖျား သူ့ဘာသာ ပြန်ကျသွားတတ်ပါတယ်။ စိတ်ပူတတ်လို့ ဆေးလေး ဘာလေးတိုက်ချင်တယ်ဆိုရင် ပါရာစီတမော တိုက်လို့ရပါတယ်။ အရေးကြီးတာက ကလေးအသက်နဲ့ တွက်ပြီး ဆေးပမာဏမှန်အောင်တိုက်ဖို့ပါပဲ။ နောက်ပြီး ကောင်းကောင်း မဝါးတတ်တဲ့အရွယ်လေးတွေဆို ဆေးအခဲထက် ဆေးအရည်ကို ပိုတိုက်သင့်ပါတယ်။

    ကိုယ်ပူတိုင်း ဆရာဝန်ဆီ ပြေးစရာတော့မလိုပါဘူး။ အိမ်မှာပဲ ရေပတ်ဝတ်လေးတိုက်ပေးမယ်။ အစားကောင်းကောင်းကျွေးမယ်၊ ရေများများတိုက်မယ်ဆိုရင် ကိုယ်ပူတာ ပြန်ပျောက်သွားမှာပါ။ ဒါပေမယ့် အောက်မှာ ပြောပြမယ့် အပူချိန်တွေကို သာမိုမီတာက ဖော်ပြမယ်ဆိုရင်တော့ ဆရာဝန်ဆီ သွားဖို့လိုအပ်ပါပြီ။

    သာမိုမီတာ နဲ့တိုင်းလိုက်လို့ အပူချိန်ဘယ်လောက်ဆို ကလေးအဖျားကြီးတယ်လို့ သတ်မှတ်မလဲ

    တိုင်းလိုက်လို့ အဖြေတွေရလာပြီဆိုပါတော့။ ဘယ်လို အပူချိန်မျိုးရောက်နေပြီဆို ဆရာဝန်ဆီ သွားပြရမလဲ။

    ကလေးအရွယ်မှာတော့ ဖျားနာတတ်ကြတာ ထုံးစံပါ။ ပုံမှန်ဖြစ်နေကျ တစ်ခုဖြစ်ပေမယ့် တချို့ အဖျားပြင်းတဲ့အခါမျိုးမှာဆိုရင်တော့ ဆရာဝန်ဆီ သွားပြဖို့လိုအပ်ပါတယ်။

    • ကလေးအသက် ၃ လအောက်- စအိုတွင်း အပူချိန်က 100.4 ° F (38° C) ( ဒါမှမဟုတ်) ပိုများနေတဲ့အခါ
    • ၃လကနေ ၆လ အတွင်း – ကိုယ်ပူချိန်က 102 °F (38.9 °C) လောက်အထိ ရှိနေပြီး ကလေးက တစ်ချိန်လုံး ဂျီကျနေမယ်၊ သက်သောင့်သက်သာလည်းမရှိတဲ့အခါ
    • ၆လကနေ ၂ နှစ်အတွင်း – ကိုယ်ပူချိန်က 102 °F (38.9 °C) ထက်များနေပြီး တစ်ရက်ထက်ပိုပြီး ကိုယ်အပူချိန် မြင့်နေတဲ့အခါ
    • ကလေးက ချောင်းဆိုး၊ ဝမ်းလျှောတာတွေပါ တွဲပါလာတဲ့အခါမျိုးတွေ ဆိုရင် ဆရာဝန်ဆီ သွားပြဖို့လိုအပ်နေပါပြီ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement