ကလေးဝမ်းလျှောရင် တိုက်တဲ့ အထုပ်သေးသေးလေးတွေပါ။ ဓာတ်ဆားနဲ့ မမှားပါနဲ့။ ဒါတွေက ဓာတ်ဆားမဟုတ်ပါဘူး။ အကျိုးပြုဘက်တီးရီးယားတွေပါတဲ့ ဆေးတစ်မျိုးပါ။ ကလေး ဝမ်းလျှောတဲ့အခါ ဝမ်းပိတ်ဆေးကို တိုက်လေ့တိုက်ထ မရှိပါဘူး။ အတွင်းမှာ အောင်းနေတတ်လို့ပါ။ အကျိုးပြုဘက်တီးရီးယားတွေ ပြန်ဖြည့်ပေးတာ၊ ဓာတ်ဆားတိုက်တာတွေပဲ လုပ်လေ့ရှိပါတယ်။
WHOဖော်မြူလာနဲ့ BPI ဓာတ်ဆားဆို ပိုကောင်းပါတယ်။ ကလေး ဝမ်းလျှောတဲ့အခါ၊ ချွေးထွက်များတဲ့အခါ ထွက်သလောက်ကို ပြန်ဖြည့်ပေးပါ။ ဓာတ်ဆားဖျော်နည်းကို သေချာ ဖတ်ပါ။ ဓာတ်ဆားထုပ်ကို တစ်ဝက်ခွဲပြီး မဖျော်ရပါ။
ကလေးတွေ လည်ချောင်းနာတဲ့အခါ လူကြီးတွေလိုပဲ ဆေးသကြားလုံး ငုံနိုင်ပါတယ်။ ကလေး အသေးလေးတွေ၊ ကောင်းကောင်းမမျိုနိုင်တဲ့ကလေးတွေဆို မပေးပါနဲ့။ အမေနို့၊ ရေများများသာ တိုက်ပေးပါ။
သာမန်ယားနာတို့၊ နှင်းခူတို့ဆို hydrocortisoneပါတဲ့ ဆေးတွေ လိမ်းနိုင်ပါတယ်။ ထိခိုက်ရှနာအတွက် ပိုးသတ်ဆေးကရင်မ်တွေဆောင်ထားပါ။ မိတ်ဖုအတွက် လိုးရှင်းဆောင်ထားပါ။
ကလေး သောက်လက်စ အားဆေးတွေ၊ ဗီတာမင်စီ ပါတာလေးတွေ ဆောင်ထားနိုင်ပါတယ်။
ကလေးကို ဆေးတိုက်တဲ့အခါ သတိထားရမယ့် အချက်တွေ
- ကလေးငယ်လေးတွေ တတ်နိုင်သမျှ ဆေးမတိုက်ပါနဲ့။ ကလေးအများစုက နေမကောင်း ခဏခဏ ဖြစ်တတ်ပေမယ့် ရက်အနည်းငယ်အတွင်းမှာ သက်သာသွားကြတာ များပါတယ်။ အထူးသဖြင့် ချောင်းဆိုးပျောက်ဆေးတွေ၊ အအေးမိပျောက်ဆေးတွေကို ခဏခဏ မတိုက်ပါနဲ့။
- ၂နှစ်အောက် ကလေးငယ်တွေကို ကိုယ့်သဘောနဲ့ကိုယ် ဆေးမတိုက်ပါနဲ့။
- ဆေးအသစ်တစ်မျိုးကို ပထမဆုံးအကြိမ်တိုက်ရတော့မယ်ဆို ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။
- ဆေးအညွှန်းအတိုင်း တိတိကျကျ တိုက်ပေးပါ။ ဆေးအညွှန်းမှာ ကိုယ့်ကလေးရဲ့ အသက်၊ ကိုယ်အလေးချိန်နဲ့ မကိုက်ရင် မတိုက်ဘဲ ဆရာဝန်ကို ပြန်မေးပါ။
- ဆေးရည်တွေတိုက်တဲ့အခါ သူ့မှာ ပါပြီးသား ဇွန်း၊ ခွက် စတာတွေကိုပဲ သုံးပါ။ အိမ်က တွေ့ရာဇွန်းကို မသုံးပါနဲ့။
- ဆေးနဲ့ နို့နဲ့ ရောတိုက်ချင်တယ်ဆိုရင် နို့တစ်အောင်စနဲ့ ဆေးနဲ့ရောပြီးတိုက်ပါ။ နို့ပုလင်းထဲက နို့အားလုံးနဲ့ ရောစရာ မလိုပါ။
- ကလေးဆေးတိုက်မယ်ဆို အလင်းရောင်ကောင်းကောင်းရတဲ့နေရာမှာ တိုက်ပါ။ ဆေးမှားတာ၊ ပမာဏမှားတာတွေ မဖြစ်အောင် ဂရုစိုက်ပါ။
- ကလေးကို သူ့ဟာသူ ဆေးမသောက်ပါနဲ့။ လူကြီးတစ်ယောက်ယောက်က ကြည့်ပေးနေရပါမယ်။
- ကလေးကို ဆေးတိုက်တဲ့အခါ ‘သကြားလုံး’၊ ‘ချိုချို’ စတာတွေ မပြောပါနဲ့။ ဆေးတွေက ကလေးသောက်လို့ရအောင် လုပ်ထားတဲ့အတွက် ချိုပါတယ်။ ကလေးက လူလစ်တဲ့အခါ ယူပြီး သောက်ပါလိမ့်မယ်။
- ဆေးပုလင်းတွေကို ကလေးမမြင်တဲ့နေရာ၊ မမီတဲ့နေရာမှာ ထားပါ။ child-resistant capsလို့ ခေါ်တဲ့ ကလေးဖွင့်မရတဲ့ အဖုံးအမျိုးအစားပါတဲ့ ဆေးကို ရွေးဝယ်ပါ။
တတ်နိုင်သမျှတော့ ကလေးကို သဘာဝနည်းလမ်းတွေနဲ့ပဲ သက်သာအောင် လုပ်ပေးပါ။ ဆေးတွေကို ကလေးမှာ စွဲပြီး မတိုက်ပါနဲ့။ ရက်ကြာလို့မှ မသက်သာရင် ဆရာဝန်နဲ့ ပြသပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။