အခြားကလေးကျန်းမာရေးပြဿနာများ

သားသားမီးမီးတွေမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာလေးတွေနဲ့ ကာကွယ်နည်း၊ ဂရုစိုက်နည်းလေးတွေကို ဒီကဏ္ဍလေးမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးကို ငြိမ်ငြိမ်လေး နေခိုင်းတာက ကိုယ်ခံအားကို ထိခိုက်စေသလား

ကလေးဆိုတာက ပြေးပြေးလွှားလွှား ဆော့တတ်တာက သဘာဝပါပဲ။ အဖော်စုံရင် ပိုလို့တောင် ဆိုးပါသေးတယ်။ ဒါပေမဲ့ နောက်ကလိုက်ထိန်းရတဲ့ မေမေကတော့ ပင်ပန်းတာပေါ့။ ပြေးရင်းလွှားရင်း ချော်လဲမလား၊ ချွေးတွေထွက်ပြီး အအေးပတ်မလား မိဘကတော့ မျိုးစုံစိတ်ပူတာပဲလေ။ ဒီတော့ ငြိမ်ငြိမ်လေး နေခိုင်းတာပေါ့။ ဒါပေမဲ့ ကလေးဆို လှုပ်လှုပ်ရှားရှားနေမှ ကျန်းမာမယ်၊ အကြမ်းခံတယ်၊ တော်တန်ရုံ မဖျားဘူးလို့လည်း သိထားတော့ ကလေးကို ငြိမ်ငြိမ်လေး နေခိုင်းတာက ကလေး ကိုယ်ခံအားကို ထိခိုက်စေသလား ဆိုပြီး ပြန်တွေးရပြီလေ။  ကလေးတွေ ပြေးလွှားဆော့တဲ့ခေတ် ကုန်များသွားပြီလား! ကလေးဆိုတာ ပြေးလွှားဆော့တယ်ဆိုတဲ့ ခေတ်က ကုန်များကုန်သွားပြီလားလို့တောင် ထင်စရာ ရှိပါတယ်။ ကလေးတွေ ပြေးလွှားဆော့တယ်ဆိုတာ ကိုယ်တွေခေတ်မှာပဲ ကျန်ခဲ့သလိုပေါ့။ ဒီလို ပြောရတာက အခုနောက်ပိုင်း ကလေးတွေဟာ ပြေးလွှားဆော့ဖို့ထက် ယူကျူ့ကြည့်တာ၊ ဖုန်းနဲ့ ဂိမ်းဆော့တာမျိုးတွေကို […]

အခြားကလေးကျန်းမာရေးပြဿနာများ ကို ရှာဖွေမည်။

အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးတွေလည်း ဆီးချိုသွေးချိုအန္တရာယ် ရှိနေနိုင်တယ်နော်

ဆီးချိုသွေးချိုဆိုတာ လူကြီးတွေမှာ (အထူးသဖြင့် သက်ကြီးပိုင်းတွေ) မှာပဲ ဖြစ်တတ်တဲ့ရောဂါတစ်ခုလို့ ထင်ကြပါတယ်။ ခုခေတ် ဟိုမှာဒီမှာ ကြားရလွန်းလှတဲ့ ဆီးချိုရောဂါဆိုတာ တကယ်တော့ အရွယ်သုံးပါးမရွေးပါဘူးနော်။ သက်ကြီးပိုင်းတင်မကဘူး၊ လူငယ်၊လူလတ်မကျန် ကလေးတွေလည်း ဆီးချိုသွေးချိုအန္တရာယ် ရှိနေနိုင်တယ်နော် ။ ဆီးချိုသွေးချိုရောဂါနှစ်မျိုးထဲမှာ မွေးရာပါဖြစ်တဲ့ အမျိုးအစား ၁ အန္တရာယ်အတွက်တော့ ကြိုတားဆီးလို့မရနိုင်ပေမယ့် အကြောင်းရင်းခံတချို့ကြောင့်နောက်ပိုင်းမှဖြစ်လာနိုင်တဲ့ အမျိုးအစား ၂ အတွက်တော့ ကြိုတင်ကာကွယ်လို့ရပါတယ်။ ပြဿနာက အမျိုးအစား ၂ ရဲ့လက္ခဏာကို မသိလိုက်တာမျိုးရှိတတ်တာပါပဲ။ အများစုကရောဂါတဖြည်းဖြည်းအဆင့်တက်လာတာကို မသိလိုက်ဘဲ လက္ခဏာလည်း သိပ်မတွေ့ရတတ်ပါဘူး။ ကလေးတွေလည်း ဆီးချိုသွေးချိုအန္တရာယ် ရှိနေနိုင်တယ်နော် ကလေးမှာ အဖြစ်များတာက အမျိုးအစား (၁) ဆီးချိုရောဂါဆိုပေမယ့် တစ်ခါတလေ အမျိုးအစား (၂) ဆီးချိုရောဂါနဲ့ တခြားအမျိုးအစား ဆီးချိုရောဂါတွေ ဖြစ်နိုင်တာကိုလည်း တွေ့ရပါတယ်။ အထူးသဖြင့် ဆယ်ကျော်သက်အရွယ်တွေမှာပေါ့။  ဒါကြောင့် […]


အခြားကလေးကျန်းမာရေးပြဿနာများ

“ပရုတ်အေး၊ တောင်ကြီးပဲလှော် စတာတွေနဲ့ မတည့်တဲ့ရောဂါ (သို့) G6PD အင်ဇိုင်း ချို့တဲ့ခြင်း"

G6PD ချို့တဲ့ခြင်းဆိုတာ ဘာလဲ။ G6PD ဆိုတာ Glucose 6 Phosphate Dehydrogenase ဆိုတဲ့ အင်ဇိုင်းကို အတိုကောက်ခေါ်တာဖြစ်ပြီး ဒီအင်ဇိုင်းက သွေးထဲမှာရှိတဲ့ သွေးနီဥတွေ ကောင်းကောင်းအလုပ်လုပ်နိုင်အောင် ကူညီပေးပါတယ်။ G6PD ချို့တဲ့တဲ့ရောဂါက ရှားပါးတဲ့ရောဂါတစ်ခုမဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာ G6PD အင်ဇိုင်းချို့တဲ့မှုကို ခံစားနေရတဲ့ လူပေါင်း သန်း ၄၀၀ ခန့်တောင်ရှိပြီး မြန်မာနိုင်ငံမှာလည်း အများအပြားရှိပါတယ်။ G6PD ချို့တဲ့မှုဟာ မျိုးရိုးလိုက်တဲ့ အဖြစ်အများဆုံးသော သွေးနီဥအင်ဇိုင်းချို့တဲ့ရောဂါတစ်ခုဖြစ်ပြီး အမျိုးသားတွေမှာ ပိုပြီးအဖြစ်များပါတယ်။ G6PD က ဘယ်လောက်အရေးပါလဲ။ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ကောင်းကောင်း အလုပ်လုပ်နိုင်ဖို့အတွက် လိုအပ်တဲ့ အောက်ဆီဂျင်ကို သွေးနီဥလေးတွေက သယ်ဆောင်ပြီး ခန္ဓာကိုယ်အနှံ့ကို ပို့ပေးရပါတယ်။ ဒီလိုပို့ဆောင်ပေးတဲ့အလုပ်ကို ကောင်းကောင်းလုပ်နိုင်ဖို့ သွေးနီဥလေးတွေအတွက် G6PD အင်ဇိုင်းက အကူအညီပေးသလို အကာအကွယ်လည်းပေးပါတယ်။ G6PD အင်ဇိုင်းချို့တဲ့ချိန်မှာတော့ သွေးနီဥလေးတွေ ဖျက်ဆီးခံရပြီး အသစ်ပြန်မထုတ်နိုင်တာကြောင့် […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးများတွင် ဦးခေါင်းထိခိုက်ဒဏ်ရာရခြင်း

ဦးခေါင်းဒဏ်ရာဆိုတာဘာလဲ ကလေးတိုင်းဟာ ဦးခေါင်းမှာ ဒဏ်ဖြစ်တတ်ပါတယ်။ လမ်းလျှောက်သင်ခါစအရွယ်မှာ ချော်လဲပြီး ဖြစ်တတ်ကြပါတယ်။ ဦးခေါင်းဒဏ်ရာ အများစုကတော့ ဦးရေပြားမှာတင် ဖြစ်တတ်ပါတယ်။ ဒဏ်ရာသေးပေမယ့် အဖုထလာတတ်တာကတော့ ဦးရေပြားမှာ သွေးကြောလေးတွေ များစွာရှိနေလို့ ဖြစ်ပါတယ်။ ဒါကြောင့် နည်းနည်းရှမိတာတောင် သွေးများများ ထွက်တတ်ပါတယ်။ သွေးခြေဥဒဏ်ရာ အများစုကတော့ နဖူးမှာရတတ်ပါတယ်။ တခါတရံ ဒဏ်ရာရပြီး ၃ရက်လောက်ကြာမှ မျက်ကွင်းညိုလာတတ်ပါတယ်။ ဒါဟာ သွေးခြေဥတဲ့သွေးတွေဟာ အောင်ဘက်ကို ရွေ့လာလို့ ဖြစ်ပါတယ်။ ၁ကနေ ၂% ခန့်သာ ဦးခွံရိုးကျိုးတာ ဖြစ်နိုင်ပါတယ်။ ရိုးရိုး ဦးခွံရိုးကျိုးခြင်းဟာ နောက်ဆက်တွဲပြသနာတွေကို မြင့်တက်စေခြင်း၊ ကုသမှုကို ပြောင်းလဲတတ်စေခြင်း မရှိတာကြောင့် ဦးခေါင်းဓါတ်မှန်ကို ရိုက်လေ့ရိုက်ထ သိပ်မရှိပါဘူး။ ထိခိုက်မိတဲ့ နေရာမှာ ခေါင်းကိုက်တာကလွဲလို့ တခြားလက္ခဏာ သိပ်မရှိတတ်ပါဘူး။ ဦးခေါင်းထိခိုက်မိပြီး သတိလစ်သွားတဲ့ကလေးတွေကို ဆရာဝန်နဲ့ပြသဖို့ […]


အခြားကလေးကျန်းမာရေးပြဿနာများ

အိမ်မွေးတိရစ္ဆာန်အပေါ် မသင့်မလျော်ပြုမူတတ်တဲ့ ကလေးတွေကို ဘယ်လိုကိုင်တွယ်မလဲ

ကလေးတွေအနေနဲ့ တိရစ္ဆာန်တွေအပေါ် မသင့်မတော်ပြုမူခြင်း၊ နှိပ်စက်ခြင်းဟာ အန္တရာယ်များလှပါတယ်။ တိရစ္ဆာန်တွေအပေါ် ရက်စက်ရုံသာမက ကလေးတွေမှာ စိတ်ပိုင်းဆိုင်ရာ ပြသနာရှိနေတတ်တာကို ပြနေပါတယ်။ ဘယ်အရာတွေက ကလေးတွေကို တိရစ္ဆာန်များအပေါ် ညှဉ်းပန်းမှုဖြစ်စေသလဲ ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ သိပ္ပံနည်းကျ သက်သေပြနိုင်ခြင်း မရှိသေးပါဘူး။ တွေ့ဆုံမေးမြန်းခြင်းတွေကနေ ကလေးများအနေနဲ့ ဘာကြောင့် ဒီလိုပြုမူချင်စိတ်တွေပေါ်လာရလဲ ဆိုတာ ဖော်ထုတ်ထားတာတွေရှိပါတယ်။ စူးစမ်းလေ့လာခြင်း စိတ်ဖြေခြင်း ပျင်းရိနေတဲ့၊ စိတ်ဓါတ်ကျနေတဲ့၊ ဝမ်းနည်းနေတဲ့ ကလေးများဟာ သူတို့စိတ်ထွက်ပေါက်အဖြစ် အိမ်မွေးတိရစ္ဆာန်တွေကို ညှဉ်းပန်းတတ်ပါတယ်။ အချင်းချင်းဖိအားပေးခြင်း သူငယ်ချင်းများက တွန်းအားပေးလို့ လုပ်ဖြစ်သွားပါတယ်။ ကလေးအချို့ဟာ သူတို့အဖွဲ့ဝင်အဖြစ် သတ်မှတ်ဖို့ စမ်းသပ်စစ်ဆေးမှု အဖြစ်လည်း ခိုင်းစေတတ်ကြပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျေနပ်မှုရခြင်း တိရစ္ဆာန်များနဲ့ လိင်ပိုင်းဆိုင်ရာ အားထုတ်ဖို့ စိတ်ဝင်စားခြင်း ဖြစ်ပါတယ်။ ဒီလိုအခြေအနေကို ရိပ်စားမိရင် ကုသမှု အကူအညီ ချက်ချင်းယူဖို့ လိုအပ်ပါတယ်။ အဲဒီစိတ်တိမ်းညွတ်မှုဟာ တသက်လုံးစွဲသွားတတ်လို့ ဖြစ်ပါတယ်။ ကလေးများအနေနဲ့ တိရစ္ဆာန်များကို ညှဉ်းပန်းဖို့ သူတို့ကိုလွှမ်းမိုးနိုင်သူများက […]


အခြားကလေးကျန်းမာရေးပြဿနာများ

BMI အကြောင်း မိဘတိုင်း သိထားသင့်သော အရာများ

ကလေးများ၏ ခန္ဓါကိုယ်သည် ကြီးပြင်းလာသည်နှင့် အမျှ ပြောင်းလဲလာသည်။ မိဘများသည် သူတို့ ပိန်လွန်း သို့မဟုတ် အဝလွန်ခြင်း မဖြစ်စေရန် သူတို့၏ ကိုယ်အလေးချိန်ကို သေချာ စောင့်ကြည့်သင့်သည်။ မိဘများကို ကူညီပေးနိုင် သော အသုံးအဝင်ဆုံးနှင့် လူသိအများဆုံး နည်းလမ်းတစ်ခု မှာ BMI ဖြစ်သည်။ ဤဆောင်းပါးတွင် သင့်ကလေး ကျန်းမာရေးနှင့်အညီ BMI ချပ်ကို အကောင်းဆုံး အသုံးပြု နိုင်အောင် သင်လိုအပ်သော အချက်အလက်များကို ရေးသားထားပါသည်။   ကလေးငယ်များအတွက် BMI ခန္ဓါကိုယ်အလေးချိန် ညွှန်းကိန်း (BMI) သည် သင်၏ အလေးချိန်နှင့် အရပ်အမြင့်ကို အခြေခံပြီး ခန္ဓါကိုယ်အဆီကို တိုင်းတာခြင်း ဖြစ်သည်။ အသက် ၂၀ နှင့် အထက် အရွယ် ရောက်ပြီးသော ယောက်ျားလေး၊ မိန်းကလေးအများစုတွင် တိုင်းသည်။ BMI […]


အခြားကလေးကျန်းမာရေးပြဿနာများ

သင့်ကလေးများ အချင်းချင်း ရန်ဖြစ်သောအခါ

သင့်တွင် ကလေးများစွာ ရှိသောအခါ ကလေး တစ်ယောက်သည် အခြားတစ်ယောက်ကို ရိုက်သော အချိန် ရှိလာလိမ့်မည်။ မိဘတစ်ယောက်အနေဖြင့် သင်ဘယ်လို လုပ်သင့်သလဲ။ ကြိုတင်ကာကွယ်ထားပါ။ ကလေးများသည် တစ်ယောက်နှင့်တစ်ယောက် စိတ်ဆိုး ဒေါသထွက်နိုင်သည်။ ကလေးများသည် မောပန်းသောအခါ၊ ဆာလောင်သောအခါ သို့မဟုတ် ဒေါသထွက်သောအခါ သူတို့ ၏ စိတ်ခံစားမှုများကို ထိန်းချုပ်နိုင်စွမ်း လျော့လာသည်။ သို့သော်လည်း အများစုတွင် ရန်ဖြစ်ခြင်းသည် မနာလိုမှု ကြောင့် ဖြစ်ပွားသည်။ ထို့ကြောင့် သင်သည် ရန်ဖြစ်လိုသော လက္ခဏာကို သတိပြုမိပါက ကလေးများကို ခွဲထားပါ။ စိတ်ဆိုး နေသော တစ်ယောက်ကို ချီပြီး နှစ်သိမ့်ပေးပါ။ သူတို့ကို သနား ကြင်နာပြပါ။ သူတို့သည် အလွန်ဒေါသထွက်နေပါက ဒေါသ ပေးထွက်လိုက်ပါ။ သင်တာဆီးရန်လိုသည်မှာ ရန်ဖြစ်ခြင်းသာ ဖြစ်သည်။ ကလေး၏ ဒေါသမဟုတ်ပါ။   နာသွားသောကလေးကို အားပေးနှစ်သိမ့်ပါ။ ကာကွယ်ခြင်းလုပ်ထားသော်လည်း […]


အခြားကလေးကျန်းမာရေးပြဿနာများ

သင့်ကလေးသည် ရုပ်မြင်သံကြားကို တစ်နေကုန် ထိုင်ကြည့် သူဖြစ်နေပါက

သင့်ကလေးသည် ရုပ်မြင်သံကြားကို တစ်နေကုန် ထိုင်ကြည့် သူဖြစ်နေပါက ဒီဆောင်းပါးလေးကို ဖတ်ကြည့်ဖို့ လိုနေပါ​ပြီ မေမေဖေဖေတို့ရေ ...... ကလေး ၁၀ ယောက်မှ ၁ယောက်သည်သာ နေ့စဉ် ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှု လုံလောက်စွာ ရှိသည်ဟု လေ့လာမှု အသစ်တစ်ခုအရ ဆိုသည်။ ကျန်သော ၉၀ ရာခိုင်နှုန်းသော ကလေးမှာ ရုပ်မြင်သံကြားကို တစ်နေကုန်ထိုင်ကြည့်သူများ ဖြစ်သည်။ ပျင်းရိသော နေထိုင်မှုရှိသော ကလေးများသည် အရွယ်ရောက်လာသောအခါ အဝလွန်ခြင်း၊ နှလုံးရောဂါများ ဖြစ်နိုင်ခြေ မြင့်တတ်သည်။ ကလေးက ဘာလို့ တစ်နေကုန် ရုပ်မြင်သံကြားကို ထိုင်ကြည့်နေကြရတာလဲ ကလေးများကို ရုပ်မြင်သံကြား တစ်နေကုန် ထိုင်ကြည့် သူများ ဖြစ်လာစေသော အကြောင်းရင်း အမျိုးမျိုး ရှိသည်။ ကလေးများသည် တစ်ကိုယ်ကောင်းဆန်သော၊ လွတ်လပ်စွာ နေထိုင်လိုသောစိတ် ဖြစ်ပေါ်လာသော ကြောင့် […]


အခြားကလေးကျန်းမာရေးပြဿနာများ

ဘာကြောင့်သင့်ကလေးကို ဆွေမျိုးတစ်ယောက်အား ပွေ့ဖက် ရန် တွန်းအား မပေးသင့်သလဲ

လူများစွာသည် ငယ်စဉ်က ဆွေမျိုးတစ်ယောက်အား ပွေ့ဖက်ရန် သို့မဟုတ် နမ်းရန် မိဘများက ခိုင်းခဲ့သည်ကို မှတ်မိကြမည် ဖြစ်သည်။ ၎င်းသည် ဆွေမျိုးများအား ချစ်ခင်ရန် တန်ဖိုးထားတတ်ရန် ခိုင်းခြင်းဖြစ်သည်။ သို့သော်လည်း ယနေ့ ခေတ်တွင် ဆွေမျိုးများက ကလေးငယ်များအပေါ် လိင်ပိုင်း ဆိုင်ရာ နှောင့်ယှက်မှုနှုန်း မြင့်တက်လာနေသောကြောင့် မိဘ များသည် ထိုအပြုအမှုကို မခိုင်းခင် နှစ်ခါပြန် စဉ်းစား သင့်သည်။ တွန်းအားပေးခြင်းသည် သင့်ကလေးကို ခြိမ်းခြောက်မှုများထံ ပြသနေခြင်း ဖြစ်သည်။ ကလေးများကို လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုခြင်း အများစုတွင် အလွဲသုံးစားလုပ်သူများသည် ကလေး၏ မိသားစုနှင့် ကောင်းစွာသိသူများဖြစ်ပြီး ကလေးနှင့် မိဘများ နှင့် ဆက်ဆံရေးတွင် ယုံကြည်ထိုက်သော နေရာတွင် ရှိသူ များဖြစ်သည်။ ဆွေမျိုးများသည် ခြွင်းချက်မဟုတ်ပါ။ ဆွေမျိုး များအားလုံးသည် မကောင်းသော ရည်ရွယ်ချက် […]


အခြားကလေးကျန်းမာရေးပြဿနာများ

မိဘများကွာရှင်းခြင်း၏ ကလေးများပညာရေး၊ လူမှုရေးအပေါ်သက်ရောက်မှု

ကွာရှင်းမယ့်မိဘတွေ၊ ကလေးအုပ်ထိန်းခွင့် အငြင်းပွားမှုတွေ ကြားမှာ ပြင်းထန်တဲ့ အိမ်ထောင်ရေး ပဋိပက္ခတွေ ရှိတတ်ပါတယ်။ ကွာရှင်းမိဘတွေရဲ့ ကလေးတွေဟာ မဖြစ်မနေ ကျောင်းပြောင်းရမယ်၊ ဒါကြောင့် ကျောင်းစာတွေမှာရော၊ သူငယ်ချင်း အပေါင်းအသင်းတွေ ကြားမှာပါ နောက်ကောက်ကျတတ်ပါတယ်။   လူမှုပေါင်းသင်းဆက်ဆံရေးနိမ့်ကျခြင်း မိဘကွာရှင်းထားတဲ့ ကလေးတွေနဲ့ သူတို့ရဲ့ လူမှုပေါင်းသင်းဆက်ဆံရေး မှာ ဆက်စပ်မှုတွေ ရှိပါတယ်။ ကျွမ်းကျင်သူတွေအဆိုအရ ကွာရှင်းထားတဲ့ မိသားစုဝင်တွေဟာ အခြားသူတွေကို ယုံကြည်ဖို့ ခက်ခဲကြပါတယ်။ ဒါကြောင့်လည်း လူမှုဝန်းကျင်မှာ အဆက်အသွယ် နည်းကြပါတယ်။ အထူးသဖြင့် ကလေးတွေဟာ မိဘတွေကွာရှင်းပြီးနောက်မှာ ပတ်ဝန်းကျင်နဲ့ အဆက်အဆံ မလုပ်ချင်ကြတော့ပါဘူး။ နောက်ပိုင်း အရေးကြီးတဲ့ ဆက်ဆံရေးတွေ (အိမ်ထောင်ဖက်၊ သူငယ်ချင်း)ထူထောင်ရာမှာ အခက်အခဲ ရှိလာမှာပါ။ ပညာရေး မိဘကွာရှင်းထားတဲ့ကလေးတွေမှာ ပညာရေးဆိုင်ရာ ပြဿနာတွေ ရှိလာနိုင်ပါတယ်။ ဆိုးသွမ်းလာတာ၊ ကျောင်းမှာ ဆရာ၊ဆရာမတွေ၊ ကျောင်းအာဏာပိုင်တွေ၊ ရဲတွေနဲ့ ပြဿနာတက်တာမျိုးတွေ […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးငယ်များတွင် အရိုး၊အဆစ်နဲ့ကြွက်သားများ ဒဏ်ဖြစ်ခြင်း

လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ စက်ဘီးစီးခြင်း သို့မဟုတ် အိမ်သန့်ရှင်းရေးတို့ပြုလုပ်ပါက သင်အရိုးကြွက်သားနှင့်အဆစ်တို့ကိုအသုံးပြုရပါလိမ့်မယ်။ ဒီအရေးကြီးသောအပိုင်းတွေမရှိဘူးဆိုရင် ကျွန်ုပ်တို့သည် မတ်တတ်ရပ်ခြင်း၊ လမ်းလျှောက်ခြင်း ခုန်ခြင်း သို့မဟုတ် သက်တောင့်သက်သာထိုင်ခြင်းတို့ကိုတောင်လုပ်နိုင်မှာမဟုတ်ပါ။ ဒါပေမယ့် အရိုးက သန်မာသလောက်ကျိုးလွယ်သည်။ ကြွက်သားများအားနည်းခြင်း နှင့် အဆစ်( အရွတ် (အရိုးနုတွယ်ဆက်အရာ) ) များက ထိခိုက်မှု သို့မဟုတ် ရောဂါဖြစ်ပါက ပျက်စီးနိုင်သည်။   ၁။ အရိုး အဆစ် ကြွက်သားတို့ရဲ့လုပ်ဆောင်ချက်ကဘာလဲ။ အရိုးသည်ခန္ဓါကိုယ်ရှိပြောင်းလဲနေသောတစ်ရှုးဖြစ်ပြီး လုပ်ဆောင်ချက်များစွာရှိသည်။ အရိုးများစုပြီး အရိုးစုဖြစ်စေသည်။ အရိုးစု ကြွက်သား အရွတ် တွယ်ဆက်ပစ္စည်း နှင့် အခြားအဆစ်ပါဝင်ပစ္စည်းများက ကြွက်သားအရိုးစုစနစ်ကိုဖြစ်စေတာပါ။ အရိုးစုက သန်မာခြင်း တည်ငြိမ်ခြင်းကိုဖြစ်စေပြီး ကြွက်သားများက လှုပ်ရှားမှုပြုလုပ်ရန်အထောက်အကူပြုပေးပါတယ်။ အရိုးက အတွင်းရှိကလီစာများကိုကာကွယ်ပေးသည့် အလုပ်ကိုလည်းလုပ်ဆောင်ပေးပါသေးတယ်။ ကြွက်သားများက အဆစ်ကိုဆွဲပြီးလှုပ်ရှားစေတယ်။ ဒါတွေအပြင် ခန္ဓါကိုယ်ကြီးထွားခြင်း၊ သန်မာခြင်း( ဥပမာ - အစာဝါးခြင်း […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်