backup og meta

အိမ်မွေးတိရစ္ဆာန်အပေါ် မသင့်မလျော်ပြုမူတတ်တဲ့ ကလေးတွေကို ဘယ်လိုကိုင်တွယ်မလဲ


Dr. Thant Zin မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိမ်မွေးတိရစ္ဆာန်အပေါ် မသင့်မလျော်ပြုမူတတ်တဲ့ ကလေးတွေကို ဘယ်လိုကိုင်တွယ်မလဲ

    ကလေးတွေအနေနဲ့ တိရစ္ဆာန်တွေအပေါ် မသင့်မတော်ပြုမူခြင်း၊ နှိပ်စက်ခြင်းဟာ အန္တရာယ်များလှပါတယ်။ တိရစ္ဆာန်တွေအပေါ် ရက်စက်ရုံသာမက ကလေးတွေမှာ စိတ်ပိုင်းဆိုင်ရာ ပြသနာရှိနေတတ်တာကို ပြနေပါတယ်။

    ဘယ်အရာတွေက ကလေးတွေကို တိရစ္ဆာန်များအပေါ် ညှဉ်းပန်းမှုဖြစ်စေသလဲ

    ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ သိပ္ပံနည်းကျ သက်သေပြနိုင်ခြင်း မရှိသေးပါဘူး။ တွေ့ဆုံမေးမြန်းခြင်းတွေကနေ ကလေးများအနေနဲ့ ဘာကြောင့် ဒီလိုပြုမူချင်စိတ်တွေပေါ်လာရလဲ ဆိုတာ ဖော်ထုတ်ထားတာတွေရှိပါတယ်။

    စူးစမ်းလေ့လာခြင်း

    စိတ်ဖြေခြင်း

    ပျင်းရိနေတဲ့၊ စိတ်ဓါတ်ကျနေတဲ့၊ ဝမ်းနည်းနေတဲ့ ကလေးများဟာ သူတို့စိတ်ထွက်ပေါက်အဖြစ် အိမ်မွေးတိရစ္ဆာန်တွေကို ညှဉ်းပန်းတတ်ပါတယ်။

    အချင်းချင်းဖိအားပေးခြင်း

    သူငယ်ချင်းများက တွန်းအားပေးလို့ လုပ်ဖြစ်သွားပါတယ်။ ကလေးအချို့ဟာ သူတို့အဖွဲ့ဝင်အဖြစ် သတ်မှတ်ဖို့ စမ်းသပ်စစ်ဆေးမှု အဖြစ်လည်း ခိုင်းစေတတ်ကြပါတယ်။

    လိင်ပိုင်းဆိုင်ရာ ကျေနပ်မှုရခြင်း

    တိရစ္ဆာန်များနဲ့ လိင်ပိုင်းဆိုင်ရာ အားထုတ်ဖို့ စိတ်ဝင်စားခြင်း ဖြစ်ပါတယ်။ ဒီလိုအခြေအနေကို ရိပ်စားမိရင် ကုသမှု အကူအညီ ချက်ချင်းယူဖို့ လိုအပ်ပါတယ်။ အဲဒီစိတ်တိမ်းညွတ်မှုဟာ တသက်လုံးစွဲသွားတတ်လို့ ဖြစ်ပါတယ်။

    ကလေးများအနေနဲ့ တိရစ္ဆာန်များကို ညှဉ်းပန်းဖို့ သူတို့ကိုလွှမ်းမိုးနိုင်သူများက တွန်းအားပေးတာမျိုးလည်း ရှိပါတယ်။

    တိရစ္ဆာန်များကို စွဲလန်းတွယ်တာလွန်းခြင်း

    ဒီပြသနာဟာ အတော်လေးတော့ ဆန်းပါတယ်။ ကလေးများဟာ သူတို့ချစ်တဲ့ တိရစ္ဆာန်လေးတွေကို တခြားသူတွေကနေ ညှင်းပန်းနှိပ်စက်မှာ၊ ဒုက္ခပေးမှာ စိုးတဲ့အတွက် သတတ်ပစ်ခြင်း ဖြစ်ပါတယ်။

    တိရစ္ဆာန်ကြောက်ခြင်း

    အနိုင်ကျင့်ခံရသော ကလေးများ

    အနိုင်ကျင့် အနှိပ်စက်ခံရတဲ့ ကလေးများဟာလည်း မိမိထက် အားနည်းသူများကို ပြန်ပြီး အနိုင်ကျင့်တတ်ကြပါတယ်။

    စိတ်ပိုင်းထိခိုက်ဒဏ်ရာရခြင်း၏ နောက်ဆက်တွဲ

    အခြားသူတဦးဦးကို အကြမ်းဖက်ရန် အကြိုစမ်းသပ်ခြင်း

    တခြားတယောက်ယောက်ကို အကြမ်းမဖက်ခင်မှာ တိရစ္ဆာန်တွေအပေါ် အရင် ပြုမူခြင်း ဖြစ်ပါတယ်။

    စိတ်ခံစားမှုဆိုင်ရာ ထွက်ပေါက်ပေး ညှဉ်းပန်းခြင်း

    ဥပမာပေးရရင် ကလေးဟာ တယောက်ယောက်ကို မုန်းတီးနေရင် သူ့ရဲ့အချစ်တော် အိမ်မွေးတိရစ္ဆာန်ကို နှိပ်စက်ညှဉ်းပန်းခြင်းအားဖြင့် ပိုင်ရှင်ကို သတိပေးခြောက်လန့်ခြင်း ဖြစ်ပါတယ်။

    ကလေးဟာ တိရစ္ဆာန်တွေကို နှိပ်စက်ညှဉ်းပန်းတတ်နေရင် ဘယ်လိုဖြေရှင်းရမလဲ

    ဒီကိစ္စကို သံသယရှိမယ်ဆိုရင် မိမိတွေ့ရှိချက်တွေကို ကျောင်းမှာ အရင်တိုင်ပင်ပါ။ ကျောင်းအုပ်ကြီ်း၊ ပညာရေးစိတ်ပညာရှင်၊ ကျောင်းမှာခန့်အပ်ထားတဲ့ တရားရေးဆိုင်ရာ ဝန်ထမ်းများ စသူတွေနဲ့ ဖြစ်ပါတယ်။ ကလေးဟာ ကျောင်းက သူငယ်ချင်းတွေနဲ့ ပုံမှန်ရော ဆက်ဆံရဲ့လား၊ အိမ်မှာရော ပြသနာရှိသလား မေးမြန်းပါ။

    တိရစ္ဆာန်များကို ညှဉ်းပန်းတတ်တဲ့ ကလေးများဟာ အိမ်မှာ သူတို့ကို နှိပ်စက်ညှဉ်းပန်းခြင်းနဲ့ ကြုံတွေ့ရပါတယ်။ ဒါမှမဟုတ် အိမ်တွင်းအကြမ်းဖက်မှုတွေကို သူတို့ရှေ့မှာ တွေ့နေရတတ်ပါတယ်။ အဲဒီလို မဟုတ်ဘူးဆိုရင်တော့ သူတို့ရဲ့ မိဘ၊ ဆရာ၊ ကျောင်းအုပ်ကြီး စူတွေနဲ့ မိမိတွေ့ရှိတာတွေကို ဖွင့်ပြောဆွေးနွေးပါ။ လိုအပ်ရင် စိတ်ပညာရှင်ဆီက အကူအညီယူပါ။

    တိရစ္ဆာန်တွေအပေါ် ရက်စက်တဲ့ ကလေးတွေရဲ့ အမူအကျင့်များဟာ သူတို့အိမ်မှာ တွေ့ကြုံခံစားရတာတွေရဲ့ နောက်ဆက်တွဲတွေ ဖြစ်မယ်လို့ သံသယရှိရင် သက်ဆိုင်ရာ အာဏာပိုင်တွေ၊ ကလေးငယ် ထိန်းသိမ်းကာကွယ်ရေး အဖွဲ့တွေနဲ့ ဆက်သွယ်ပါ။ ကလေးရဲ့ အမူအကျင့်ကို ညွှန်ပြနေတဲ့ အထောက်အထားတွေ၊ ပြုမူပြောဆိုပုံတွေကို မှတ်တမ်းတင်ထားပါ။ လိုအပ်ရင် သက်သေခံပါ။

    တိရစ္ဆာန်တွေကို ညှဉ်းပန်းတတ်တဲ့ ကလေးတွေရဲ့ အမူအကျင့်ဟာ အကြောင်းအရာမျိုးစုံကြောင့် ဖြစ်နိုင်ပါတယ်။ ဘယ်အကြောင်းနဲ့ပဲဖြစ်ဖြစ် မိမိကလေးဟာ တိရစ္ဆာန်ကို ညှဉ်းပန်းတတ်သလား သေချာအောင် စောင့်ကြည့်ပါ။ အဲဒီအမူအကျင့်ဟာ လူတယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ တွေးခေါ်ပုံတွေကို ထိခိုက်စေနိုင်ပြီး သက်ဆိုင်ရာ လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ဖြစ်စေပါတယ်။ ဒါကြောင့်မို့ ကလေးတယောက်မှာ ဒီအမူအျကင့်ရှိပြီဆိုတာ သေချာရင် စိတ်ပညာရှင်များနဲ့ တိုင်ပင်ပြီး ကုသမှုခံယူစေဖို့ မနှောင့်နှေးပါနဲ့။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement