မိဘနှစ်ယောက်ရှိတဲ့ မိသားစုကနေ မိဘတစ်ယောက်တည်းရှိတဲ့ နေအိမ်ဖြစ်သွားတာ၊ ကွာရှင်းထားတဲ့ မိဘနှစ်ပါးက တွဲဖက်အုပ်ထိန်းခွင့်ရထားလို့ မမျှော်လင့်ဘဲ အိမ်၂ အိမ်ဖြစ်နေတာ၊ အပတ်တိုင်း အမေ့အိမ်၊ အဖေ့အိမ် သွားလိုက် လာလိုက်လုပ်နေရတာတွေဟာ ကလေးတွေအတွက် တော်တော်ကို အခြေတကျမဖြစ်စေတာပါ။
မိဘတွေဟာ သူတို့ရဲ့ အသီးသီးသောအိမ်ထောင်ရေးတွေမှာ နစ်မြုပ်နေတာမဟုတ်ဘဲ ကလေးနဲ့ပက်သက်လာရင် တစ်ဖွဲ့တည်းအဖြစ် ရပ်တည်ပေးတယ်ဆိုတာကို ကလေးတွေသိဖို့လိုပါတယ်။
ကွာရှင်းမယ့်အကြောင်းနဲ့ ကွာရှင်းပြီးသွားရင်ဖြစ်လာမယ့် အပြောင်းအလဲတွေအကြောင်း ကလေးတွေကို ပြောပြဆွေးနွေးရာမှာ မိဘနှစ်ဦးလုံးက တစ်သဘောတည်းဖြစ်သင့်ပါတယ်။ ဖြစ်လာမယ့်အပြောင်းအလဲတွေအကြောင်း ကလေးတွေကသိချင်တာ မေးတဲ့အခါ မိဘတွေအနေနဲ့ ကလေးတွေကို နေရာပေး၊ အချိန်ပေးပြီး ရှင်းပြဖို့ အရေးကြီးပါတယ်။ ဒီလိုပြောပြရာမှာ ကလေးရဲ့အသက်အရွယ်ကိုလိုက်ပြီး တိုက်ရိုက် ရှင်းရှင်းလင်းလင်းပြောပြသင့်ပါတယ်။
ကွာရှင်းတဲ့ဖြစ်စဉ်တစ်လျှောက်လုံးမှာ မိဘတွေရဲ့ ချစ်ခင်မှု ၊ အားပေးမှုတွေသာရရှိနေမယ်ဆိုရင် ကလေးတွေအတွက် အပြောင်းအလဲကိုရင်ဆိုင်ဖို့ ပိုမိုလွယ်ကူမှာဖြစ်ပါတယ်။
ဥပမာအားဖြင့် မိဘတွေကွာရှင်းခြင်းက ကလေးတွေ ကျောင်းပိတ်ချိန် နဲ့ ပိတ်ရက်ကျောင်းပြင်ပ လုပ်ဆောင်ချက်တွေကို ထိခိုက်စေပါတယ်။ ကလေးတွေဟာ မိဘနှစ်ပါးလုံးနဲ့ အချိန်ကုန်ဖို့ လိုပါတယ်။ ဒါပေမယ့် တခြားကလေးတွေတန်းတူ အများနဲ့အတူဆောင်ရွက်မှုတွေမှာ ပါဝင်ဆောင်ရွက်နိုင်ဖို့က မရှိမဖြစ်အရေးပါ ပါတယ်။ ဒါမှသာ ကလေးတွေအနေနဲ့ ကွာရှင်းမှုနဲ့ဆက်စပ်တဲ့ လူမှုရေးအဆင်မပြေမှုတွေနဲ့ ဝေးဝေးနေနိုင်မှာ ဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။