backup og meta

သင့်ကလေးများ အချင်းချင်း ရန်ဖြစ်သောအခါ


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကလေးများ အချင်းချင်း ရန်ဖြစ်သောအခါ

    သင့်တွင် ကလေးများစွာ ရှိသောအခါ ကလေး တစ်ယောက်သည် အခြားတစ်ယောက်ကို ရိုက်သော အချိန် ရှိလာလိမ့်မည်။ မိဘတစ်ယောက်အနေဖြင့် သင်ဘယ်လို လုပ်သင့်သလဲ။

    ကြိုတင်ကာကွယ်ထားပါ။

    ကလေးများသည် တစ်ယောက်နှင့်တစ်ယောက် စိတ်ဆိုး ဒေါသထွက်နိုင်သည်။ ကလေးများသည် မောပန်းသောအခါ၊ ဆာလောင်သောအခါ သို့မဟုတ် ဒေါသထွက်သောအခါ သူတို့ ၏ စိတ်ခံစားမှုများကို ထိန်းချုပ်နိုင်စွမ်း လျော့လာသည်။ သို့သော်လည်း အများစုတွင် ရန်ဖြစ်ခြင်းသည် မနာလိုမှု ကြောင့် ဖြစ်ပွားသည်။

    ထို့ကြောင့် သင်သည် ရန်ဖြစ်လိုသော လက္ခဏာကို သတိပြုမိပါက ကလေးများကို ခွဲထားပါ။ စိတ်ဆိုး နေသော တစ်ယောက်ကို ချီပြီး နှစ်သိမ့်ပေးပါ။ သူတို့ကို သနား ကြင်နာပြပါ။ သူတို့သည် အလွန်ဒေါသထွက်နေပါက ဒေါသ ပေးထွက်လိုက်ပါ။ သင်တာဆီးရန်လိုသည်မှာ ရန်ဖြစ်ခြင်းသာ ဖြစ်သည်။ ကလေး၏ ဒေါသမဟုတ်ပါ။

    နာသွားသောကလေးကို အားပေးနှစ်သိမ့်ပါ။

    ကာကွယ်ခြင်းလုပ်ထားသော်လည်း ရန်ပွဲ ဖြစ်နိုင်သည်။ ထိုအခါ ငိုနေသောကလေးကို ပထမ အာရုံစိုက်ပါ။ လိုအပ် ပါက ရှေးဦးသူနာပြုစုနည်း ပေးပါ။ စိတ်ကျေနပ်အောင် ချော့မော့နှစ်သိမ့်ပါ။ သင်ရောက်လာပြီ၊ ကြောက်စရာ မလိုတော့ဘူး၊ ဘာမှမဖြစ်တော့ဘူးဟု ပြောပါ။ ဒေါသထွက်နေသော ကလေးကိုလည်း စိတ်ငြွန်လာအောင် အချိန်ပေးလိုက်ပါ။ သူတို့ကို သူတို့ ပြန်လည်ထိန်းချုပ်နိုင်ပါစေ။

    သင့်ကိုယ်သင် စိတ်အေးအောင်ထားပါ။

    ကလေးများ၏ ရန်ပွဲရှေ့တွင် အရေးအကြီးဆုံးမှာ သင့် ကိုယ်သင် စိတ်ငြိမ်အောင်ထားခြင်း ဖြစ်သည်။ ကလေး နှစ်ယောက်လုံးကို ဒေါသထွက်ခြင်း မပြပါနှင့်။ သင်လည်း ထိန်းချုပ်မှုမရှိပါက သင့်ကလေးများကို မျှခြေပြန်ရောက် အောင် ဘယ်သူကလုပ်ပေးမည်နည်းဟု သတိရပါ။

    စိတ်ဆိုးသွားသော ကလေးနှင့် ဖြေရှင်းပါ။

    • နာသွားသော ကလေး အဆင်ပြေသွားပြီးနောက် ရိုက်သော ကလေးကို ဖြေရှင်းပါ။

    အချိန်ပေးလိုက်ခြင်းသည် အဆင်ပြေသွားနိုင်သည်။ သို့သော် ပြင်းထန်သော အပြစ်ပေးခြင်းသည် ကလေးတွင် မောင်နှမများအပေါ် ရန်ငြိုးထားခြင်းကို ဖြစ်စေနိုင်သော ကြောင့် ၎င်းကို အကြံမပြုလိုပါ။ ထိုသို့အပြစ်ပေးပါက လက် စားချေခြင်း ဖြစ်လာနိုင်ပြီး ပိုကြမ်းသော ရန်ပွဲဖြစ်လာလိမ့် မည်။ သူတို့ကို အရင်ဆုံး စိတ်ငြိမ်သွားအောင် ထားပါ။

    စိတ်ဆိုးပြေသွားပါက ရင်းနှီးဖော်ရွေသော အသံဖြင့် သူတို့ကို စကားပြောပါ။ သူတို့ကို စိတ်မဆိုးပါနှင့်။ သူတို့ ဒေါသထွက် သည်ကို သင်နားလည်ကြောင်း၊ ဘာကြောင့် မောင်နှမချင်း ရိုက်သည်ကို သိကြောင်း၊ အခု အားလုံးအဆင်ပြေသွားပြီ ဖြစ်ကြောင်း ပြောပါ။ သူတို့ကို ဘေးကင်းသွားပြီ ဖြစ်ကြောင်း၊ ကြောက်စရာ မလိုတော့ကြောင်း ပြောပါ။

    • သူတို့၏ ခံစားမှုများကို နားထောင်ရန် ကြိုးစားပါ။

    သူတို့ ငိုကောင်းငိုနိုင်သည်။ ငိုပါစေ။ မျက်ရည်များသည် သူတို့စိတ် တွင် ဖြစ်ပေါ်နေသော ဖိအားများအားလုံးကို ဆေးကြော ပေးလိမ့်မည်။ တစ်ခါတစ်ရံ သူတို့သည် သူတို့ အကို၊ အမ ကို မုန်းကြောင်း၊ သင့်ကို မုန်းကြောင်း၊ သင်က သူတို့ကို ကာကွယ် မပေးနိုင်ကြောင်း စသော နာကျင်ဖွယ်စကားများပြောပြီး သူတို့ ဒေါသကို ဖော်ပြနိုင်သည်။ ထိုစကားများကို အတည်မယူပါနှင့်။ ၎င်းတို့သည် နာကျင်မှုကို ခုခံသော နည်းဖြင့် ပြောခြင်းသာ ဖြစ်သည်။ သင့်အချစ်သည်သာ သူတို့၏ နာကျင်မှုများကို သက်သာစေနိုင်သောကြောင့် သနားကြင်နာပြပါ။

  • စိတ်ခံစားမှုကို ထိန်းသိမ်းနိုင်ရန် အကြံပြုချက်များ ပေးပါ။
  • သင့်ကလေးသည် နားလည်နိုင်ပါသည်။ ရန်ဖြစ်မည့်အစား၊ အခြား ဖြေရှင်းချက်များ ရှိသည်ကို ပြောပြပါ။ ဥပမာ အရွယ်ရောက်ပြီးသူ များအား အကူအညီတောင်းခြင်း လုပ်နိုင်သည်။

    သူတို့၏ လုပ်ရပ်ကို ဝန်ခံပြီးနောက် သူတို့ကို ဘယ်လို ပြန်လည် ပြင်ဆင်ပြီး အဆင်ပြေအောင် ဆောင်ရွက်ရမည်ကို သင်ပေးပါ။ သူတို့၏ လုပ်ရပ်ကို တာဝန်ယူမှုရှိအောင် အားပေး ပါ။ ဥပမာ သူတို့ ရန်ပြုထားသော မောင်နှမကို ပွေ့ဖက်ပေး ခြင်း ဖြစ်သည်။ ကလေးက မပြောလိုပါက အတင်းတိုက်တွန်းပြီး တောင်းပန်ခြင်းကို မလုပ်ခိုင်းပါနှင့်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement