ကလေးတွေ မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ရတဲ့ အကြောင်းရင်း (၆)ခု
ကလေးတွေ မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်နေလို့ တစ်ခုခုများဖြစ်နေကြတာလားဆိုပြီး စိုးရိမ်တဲ့ မိဘတွေ၊ ခဏခဏ လာမေးတဲ့ မိဘတွေ ရှိပါတယ်။ မျက်တောင်ခတ်တာက ခန္ဓာကိုယ်ရဲ့ ပုံမှန်ဖြစ်စဉ်တစ်ခုပါ။ ဒါပေမဲ့ လိုတာထက် ပိုခတ်နေရင်တော့ အောက်ပါအချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။ မျက်တောင်ခတ်တာက ကျန်းမာရေးအတွက် လိုအပ်ပါတယ် မျက်တောင်ခတ်တယ်ဆိုတာ ခန္ဓာကိုယ်က အလိုအလျောက် လုပ်နေတဲ့ ဖြစ်စဉ်ပါ။ မျက်တောင်ကို သတိတရ ခတ်နေစရာမလိုပါဘူး။ မျက်လုံးခြောက်တဲ့အခါ၊ အလင်းစူးစူးတွေ ကြည့်မိတဲ့အခါ၊ မျက်လုံးထဲကို တစ်ခုခုဝင်တဲ့အခါ၊ မျက်လုံးကို တစ်ခုခု အန္တရာယ်ဖြစ်တော့မယ်လို့ ထင်တဲ့အခါ အလိုအလျောက် မျက်တောင်ခတ်သွားပါတယ်။ မျက်တောင်ခတ်လိုက်ခြင်းအားဖြင့် မျက်လုံးကို စိုစွတ်စေသလို မျက်လုံးရဲ့ အပေါ်ယံလွှာကိုလည်း သန့်စင်စေပါတယ်။ မျက်တောင်ခတ်တာ များနေပြီလို့ ဘယ်လိုသိနိုင်မလဲ မွေးစကလေးတွေကတော့ တစ်မိနစ်ကို ၂ကြိမ်လောက်ပဲ မျက်တောင်ခတ်ပါတယ်။ လမ်းလျှောက်တတ်စအရွယ်ဆိုရင်တော့ တစ်မိနစ်ကို ၁၅ခါလောက် ခတ်ပါတယ်။ လူကြီးတွေကတော့ တစ်မိနစ်ကို ၁၄-၁၇ကြိမ်ထိ ခတ်ပါတယ်။ ဒီတော့ […]