တက်တာက သူ့ဘာသာသူ ပြန်ကျသွားတတ်တယ်ဆိုပေမယ့် ခုပြောမယ့် အချက်တွေ ရှိရင်တော့ နီးစပ်ရာဆေးခန်းကို သွားဖို့ ၊ အရေးပေါ် လူနာတင်ကားတွေခေါ်ဖို့ မဖြစ်မနေ လိုအပ်လာပါပြီ။
- ကလေးက တက်နေတာ ၅ မိနစ်တောင်ကျော်နေပြီ အရှင်းမသက်သာဘဲ ခဏခဏ ပြန်တက်နေတာ
- ကလေးကိုကြည့်လိုက်ရင် အသက်ရှူရခက်နေတဲ့ ပုံစံမျိုးရှိနေတာ
- နှုတ်ခမ်း၊ မျက်နှာနဲ့ လျှာတွေ ပြာလာတာ
- တက်ပြီးတာတောင် အိပ်ပျော်သွားတာ မဟုတ်ဘဲ သတိဆက်လစ်နေတာ
- ကလေးရေဆော့နေရင်း၊ ရေကန်ထဲမှာ ရေကူးနေရင်း တက်သွားတာနဲ့
- တစ်ခုခု စိတ်ထဲ မင်္သကာတာမျိုးတွေ ရှိခဲ့ရင် ဟိုးအပေါ်က ပြောထားတဲ့ နည်းလမ်းတွေနဲ့ ပြုစုထားပေးပြီး လူနာတင်ကားကိုစောင့်ကာ ဆရာဝန်ဆီ မဖြစ်မနေသွားဖို့လိုအပ်ပါတယ်။
ကိုယ့်ကလေးက မကြာခဏ အတက်ဝေဒနာ ခံစားရလို့ရှိရင် ခုပြောတဲ့နည်းတွေ ကို သိထားဖို့လိုမယ့်အပြင် အတက်ရောဂါအတွက် တိုက်ရမယ့်ဆေးတွေကိုလည်း အချိန်မှန် တိုက်ပေးဖို့ မမေ့ပါနဲ့။
ရေးသားသူ- Dr Thin Yadanar @Frances
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။