backup og meta

ငယ်ရွယ်စဉ်မှာ အဝလွန်တဲ့ကလေးတွေ အရွယ်မတိုင်ခင် မသန်မစွမ်းဖြစ်နိုင်

ငယ်ရွယ်စဉ်မှာ အဝလွန်တဲ့ကလေးတွေ အရွယ်မတိုင်ခင် မသန်မစွမ်းဖြစ်နိုင်

ငယ်ရွယ်စဉ်မှာ အဝလွန်တဲ့ကလေးတွေ ဟာ အာရုံကြောချို့ယွင်းတဲ့ရောဂါ Multiple Sclerosis (MS) ဖြစ်နိုင်တယ်လို့ နိုင်ငံစုံကျန်းမာရေးပညာရှင်တွေက သတိပေးလိုက်ပါတယ်။

ခုခေတ်မှာ ကလေးတွေရဲ့ ကိုယ်အလေးချိန်တွေဟာ ယခင်ဆယ်စုနှစ်တွေကထက် ပိုပြီးမြင့်မားလာနေကြပါတယ်။ ပတ်ဝန်းကျင်နဲ့ အစာအာဟာရကျွေးမွေးမှုပုံစံတွေကြောင့်ပေါ့။

ဒီတော့ကလေးတွေမှာလဲ အဝလွန်တဲ့ပြဿနာနဲ့ရင်ဆိုင်လာရပါတယ်။ သုတေသနပညာရှင်တွေရဲ့ လေ့လာချက်တွေအရ ငယ်ရွယ်စဉ်မှာ အဝလွန်တဲ့ကလေးတွေ ဟာ အသက်ကြီးလာချိန်မှာ နှလုံး၊ သွေးတိုး၊ ဆီးချိုနဲ့ လေဖြတ်နိုင်ခြေတွေပဲ မြင့်မားတာမဟုတ်ပါဘူးတဲ့။ အရွယ်မတိုင်ခင်မှာပဲ Multiple Sclerosis ဝေဒနာခံစားလာရနိုင်တယ်လို့ ဆိုပါတယ်။

လာမယ့် ၂၀၃၅ ရောက်ရင် တစ်ကမ္ဘာလုံးက ကလေးငယ်တွေရဲ့ ၁၄% လောက်ဟာ အဝလွန်နေနိုင်တယ်လို့ ဗြိတိန်အခြေစိုက် ကွင်းမေရီတက္ကသိုလ်ရဲ့ လေ့လာချက်တွေကဆိုထားပါတယ်။ ဒီကလေးတွေထဲက တချို့တစ်ဝက်ဟာ MS ရောဂါဝေဒနာခံစားနေရနိုင်ပါတယ်။

ပုံမှန်အားဖြင့် MS ဖြစ်စေတဲ့ အဓိကအကြောင်းအရင်းဟာ သဘာဝပတ်ဝန်းကျင်နဲ့ ဆေးလိပ်သောက်သုံးမှုတွေကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့် လေ့လာချက်အသစ်တွေအရ အဝလွန်ခြင်းဟာလည်း အရေးပါတဲ့ အကြောင်းတရားတစ်ခုဖြစ်လာနေကြောင်း သိလာရပါပြီ။

အဝလွန်ခြင်းအပြင် ကလေးတွေဟာ သူတို့ရဲ့ ပတ်ဝန်းကျင်ကနေ ဆေးလိပ်ငွေ့တွေကို တဆင့်ခံရှူရှိူက်နေရတဲ့နှုန်းကလည်း ပိုမိုမြင့်မားလာနေတာကြောင့် MS ဖြစ်နိုင်ခြေ ပိုများလာတာဖြစ်ပါတယ်။

ကွင်းမေရီတက္ကသိုလ်၊ အောက်စဖို့ဒ်တက္ကသိုလ်၊ ဘာ့တ်စ်ကျန်းမာရေးအဖွဲ့တို့အပါအဝင် ဗြိတိန်၊ အမေရိကန်၊ သြစတြေးလျနဲ့ ရုရှားနိုင်ငံတို့က ထိပ်တန်းတက္ကသိုလ်တွေနဲ့ ကျန်းမာရေးအဖွဲ့အစည်းတွေ ပူးပေါင်းလေ့လာခဲ့မှုအရ အနာဂတ်မှာ ကလေး ၁၀% လောက်အထိ ဒီဝေဒနာကို ခံစားရနိုင်တယ်လို့ ဆိုထားပါတယ်။

Multiple Sclerosis ဆိုသည်မှာ

Multiple Sclerosis ဆိုတာကတော့ အာရုံကြောစနစ် ယိုယွင်းမှုကြောင့် ကိုယ်လက်လှုပ်ရှားမှုနဲ့ စကားပြောဆိုမှုကို ထိန်းချုပ်လို့မရတော့တဲ့ ရောဂါတစ်မျိုးပါ။

Multiple sclerosis ဆိုတာ ပုံမှန်အားဖြင့် အရွယ်ရောက်ပြီးသူတွေမှာသာ အဖြစ်များတဲရောဂါတစ်မျိုး ဖြစ်ပေမယ့် ခုနောက်ပိုင်းမှာတော့ ကလေးတွေမှာလည်း ဖြစ်လာကြပါတယ်။ ဒီလိုဖြစ်လာတာဟာ ကလေးတွေ အဝလွန်လာနေတာနဲ့ ဆက်စပ်နေတယ်လို့ ဆေးပညာရှင်တွေက ဆိုထားကြပါတယ်။

လေ့လာမှုတွေအရဆိုရင် ဒီဘက်ခေတ်မှာ Multiple Sclerosis ရောဂါခံစားနေရသူတွေရဲ့ ၅% ကနေ ၁၀% လောက်ဟာ သူတို့ရဲ့အသက် ၁၆ နှစ်မပြည့်ခင်တည်းက ရောဂါလက္ခဏာတွေ စတင်ပြသလာတတ်ကြပါတယ်။

Multiple Sclerosis ဟာ ဦးနှောက်နဲ့ တခြားအစိတ်အပိုင်းတွေဆီ ဆက်သွယ်ထားတဲ့ အာရုံကြောကို နှောင့်ယှက်တာကြောင့် ခန္ဓာကိုယ်ကို အားပျော့ကာ မသန်မစွမ်းဖြစ်သွားစေလေ့ရှိပါတယ်။ ဒီရောဂါကိုခံစားရပြီဆိုရင် ကြွက်သားတွေလည်း မသန်မစွမ်းဖြစ်သွားမှာပါ။

ဒီကနေ့ ကမ္ဘာပေါ်မှာ MS ဝေဒနာခံစားနေရသူပေါင်း ၃ သန်းလောက်ရှိထားပြီးတော့ အဲ့ဒီထဲကမှ ၅ သိန်းဝန်းကျင်ဟာ အသက် ၁၈ နှစ်အောက် လူငယ်တွေဖြစ်ကြပါတယ်။

ကလေးတစ်ယောက် အဝလွန်နေတာ မကောင်းပါ

ကလေးတစ်ယောက် ဝနေတာမြင်ရင် ချစ်ဖို့ကောင်းတယ်လို့ လူတချို့က ပြောကြတယ်။ တကယ်တော့ ဝနေတာဟာ တကယ်ချစ်စရာကောင်းတာ ဖြစ်ချင်ဖြစ်နိုင်ပေမယ့် သူ့ရဲ့အနာဂတ်ကတော့ ချစ်စဖွယ်ဖြစ်နေမှာမဟုတ်ပါဘူး။

ကိုယ့်ရဲ့ရင်သွေးက ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက်ပိုပြီး မြင့်မားနေသလားဆိုတာကို သိနိုင်ဖို့ BMI တို့ Growth Chart တို့နဲ့ တွက်ချက်ကြည့်လို့ရပါတယ်။ ဒီလိုတွက်ချက်ကြည့်ပြီး ကိုယ့်ကလေးက အဝလွန်နေတယ်ဆိုရင်တော့ ဝိတ်ချပေးဖို့ လိုအပ်လာမှာပါ။

ကလေးတွေကို ဝိတ်ချရတာက လူကြီးတွေကို ဝိတ်ချရတာလောက်တော့ မလွယ်ကူပါဘူး။ ကလေးဖြစ်နေတော့ အစားတွေ ဇွတ်ရှောင်ခိုင်းဖို့ကလည်း မဖြစ်နိုင်ဘူးလေ။ ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်ဖို့ အာဟာရမျှတအောင် ကျွေးဖို့ကလည်း လိုသေးတယ်မဟုတ်လား။

အဝလွန်တဲ့ကလေးတွေ ကို ဝိတ်ချပေးဖို့ဆိုရင်

အောက်ပါနည်းလမ်းတွေနဲ့ ကလေးတွေကို ကျန်းကျန်းမာမာ ဝိတ်ချပေးနိုင်ပါတယ်။

  • တစ်နေ့ကို အနည်းဆုံး မိနစ် ၆၀ လောက် ကိုယ်လက်လှုပ်ရှားမှုရှိနေအောင် ထားပါ။ ဒီထဲမှာ ပြေးပြေးလွှားလွှား ဆော့ကစားတာ၊ လေ့ကျင့်ခန်းလုပ်တာတွေ အကျုံးဝင်ပါတယ်၊၊ ကလေးကို ဖုန်းပဲ သုံးစေတာမျိုးကို လျှော့သင့်နေပါပြီ၊၊
  • အသင့်စား အဆာပြေစာတွေ ကျွေးမွေးဖြစ်နေတယ်ဆိုရင် လျှော့ပါ။ ကျန်းမာပြီး အာဟာရဓာတ်ကြွယ်ဝစွာပါရှိတာတွေကို ပြောင်းကျွေးပါ။
  • အသင့်စား အစားအစာတွေကို ရှောင်ကြဉ်ပြီး သစ်သီးဝလံတွေ၊ အစေ့အဆံတွေနဲ့ ဖိုက်ဘာပါဝင်မှုများတဲ့ အစားအစာတွေ ပိုမိုကျွေးမွေးပါ။
  • သကြားဓာတ်ပါတဲ့ အချိုရည်တွေ တိုက်ကျွေးတာမျိုးကို ရှောင်ပါ။
  • တီဗွီနဲ့ စမတ်ဖုန်း အပါအဝင် Screen Time ကို လျှော့ချပါ။ တစ်နေ့ကို တစ်နာရီ ခွဲထက် ပိုပြီး အသုံးမပြုပါစေနဲ့။
  • မိသားစုနဲ့ အချိန်ပေးတတ်အောင် ကူညီပါ။ ကလေး အထီးကျန်တာမျိုးမရှိအောင် ကူညီပါ။
  • အားကစားနဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်ချင်စိတ် ကလေးမှာ ပေါ်ပေါက်လာအောင် ကူညီပေးဖို့လည်း လိုမှာပါ။ ရည်မှန်းချက်တစ်ခုထားပြီး အားကစား တစ်မျိုးမျိုးကို ပုံမှန်လုပ်ခိုင်းသင့်ပါတယ်။
  • အစားအစာတွေကို မိသားစုနဲ့အတူ မှီဝဲခိုင်းပါ။ တစ်ပတ်မှာ ၃ ကြိမ်လောက် မိသားစုနဲ့ အစားအစာ အတူတူ စားသောက်မှီဝဲတာဟာ သာမန်ထက် ၂၄% ပိုမို ကျန်းမာစေဖို့ အထောက်အကူပြုပါတယ်။
  • ကလေးစိတ်ပါဝင်စားမှုရှိတယ်ဆိုရင် ကလေးတွေအတွက် စီစဉ်ထားတဲ့ ဝိတ်ချနည်းတွေကို အသုံးပြုစေလို့လည်းရပါတယ်။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.nursingtimes.net/news/research-and-innovation/rise-in-childhood-obesity-could-lead-to-more-ms-cases-28-08-2020/

http://www.webmd.com/multiple-sclerosis/guide/multiplesclerosis-in-children?page=1

https://www.webmd.com/parenting/raising-fit-kids/weight/features/weight-loss-recommendations#3

ယခုပုံစံ

16/05/2022

Ye Zon Aung မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သင့်ကလေးမှာ Multiple sclerosis ရောဂါရှိနေနိုင်သည့်လက္ခဏာများ

Multiple Sclerosis (မိုင်လင်အလွှာပျက်သောရောဂါ)


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 16/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement