ကလေးအာဟာရချို့တဲ့ခြင်း

သားသားမီးမီးတို့ ကျန်းကျန်းမာမာ ကြီးပြင်းလာဖို့အတွက်က အာဟာရ ပြည့်ဝဖို့ လိုပါမယ်။ ကိုယ့်ကလေးကို အာဟာရတွေ ပြည့်​အောင် ကျွေးမိရဲ့လား ကလေးက အာဟာရ ချို့တဲ့နေတာလားဆိုကို သေချာလေး သိဖို့ကလည်း မေမေတို့ မေ့ထားလို့ မရတဲ့ အချက်ပါ။ ဒါကြောင့် ကလေးက အာဟာရဆိုင်ရာ လိုအပ်ချက်ဖြစ်နေရင် ဘယ်လိုမျိုးတွေ ခံစားရနိုင်လဲ။ ဘယ်လိုတွေ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးရမလဲဆိုတာကို ဒီကဏ္ဍလေးထဲမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

ကလေးအာဟာရချို့တဲ့ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးအာဟာရချို့တဲ့ခြင်း ကို ရှာဖွေမည်။

ကလေးအာဟာရချို့တဲ့ခြင်း

ဗီတာမင် K ချို့တဲ့ရင် ကလေးတွေမှာဘာဖြစ်လာမလဲ

ဗီတာမင် K ဗီတာမင် K ဆိုတာက ခန္ဓါကိုယ်တွင်းထဲမှာရှိတဲ့ ဓါတ်တစ်မျိုးပါ။သွေးတိတ်စေဖို့အထောက်အပံ့ပေးပါတယ်။ အူတွေက စားသုံးလိုက်တဲ့အစားအစာတွေကိုဖြိုခွဲပေးပြီး ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ဗီတာမင် K ကို ထုတ်လုပ်ပေးတာပါ။ ဗီတာမင် K က ကလေးတွေအတွက်အရေးပါလား ဗီတာမင် K က ကလေးတွေအတွက်မှ မဟုတ်ပါဘူး။ အရွယ် သုံးပါးစလုံးအတွက်အရေးပါတာပါ။ ကလေးတွေကမွေးစမှာ ကိုယ်တွင်းမှာ ဗီတာမင် K ဓါတ်ပါလာတယ်ဆိုပေမယ့်တော်တော်လေးနည်းပါတယ်။ အူနံရံတွေက စားသုံးလိုက်တဲ့အစားအစာတွေကိုချေဖျက်မှုကနေ ဗီတာမင် K ကို ထုတ်ပေးနိုင်တယ်ဆိုပေမယ့်မွေးစအရွယ် ကလေးတွေမှာ အူတွင်းအကျိုးပြုဘက်တီးရီးယားအရေအတွက် ကတော်တော်လေးနည်းတာကြောင့် ဗီတာမင် K ကိုလုံလုံလောက်လောက်မထုတ်ပေးနိုင်ပါဘူး။ အရွယ်လေးရလာတာနဲ့အမျှတော့ ကလေးရဲ့ခန္ဓါကိုယ်က ဗီတာမင် K ကိုပိုပြီးထုတ်ပေးလာနိုင်မှာပါ။ ဒီလိုအချိန်မှာ ကလေးတွေအနေနဲ့ ဗီတာမင် Kကို ရရှိနိုင်မယ့် တစ်ခုတည်းသောအရင်းအမြစ်က မိခင်နို့ပါ။ ဒါပေမယ့်လည်း အများကြီးတော့မဟုတ်ပါဘူး။ရောဂါတွေကို ကာကွယ်နိုင်ရုံလောက်တော့ရနိုင်ပါတယ်။ ဗီတာမင် K ချို့တဲ့ရင် […]


ကလေးအာဟာရချို့တဲ့ခြင်း

ကလေးတွေမှာ တွေ့ရတတ်တဲ့ အာဟာရဓာတ်ချို့တဲ့မှု ပြဿနာ

လူတွေရဲ့ တစ်နေ့တာမှာ လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေ၊ အာဟာရဓာတ်တွေ ရရှိမှ ကိုယ်ခန္ဓာက ကောင်းစွာ ဖွံ့ဖြိုးကြီးထွားပြီး သာမန်လူတွေထက် ကိုယ်ခံအားရော ကျန်းမာရေးပါ ပိုကောင်းမှာပါ။ ကလေးတွေ အရိုးသန်မာဖို့၊ ကိုယ်ခန္ဓာကြီးထွားဖို့၊ ကျန်းမာရေးကောင်းဖို့၊ ရောဂါတွေကို တိုက်ထုတ်ပေးနိုင်ဖို့နဲ့ ကိုယ်တွင်းအင်္ဂါတွေ ကောင်းစွာ အလုပ်လုပ်နိုင်စေဖို့ ဗီတာမင်နဲ့ အာဟာရဓာတ်က အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ မဖွံ့ဖြိုးသေးတဲ့ နိုင်ငံအချို့မှာ ရှိတဲ့ ကလေးတွေဟာ နေ့စဉ် လုံလောက်တဲ့ အစာအာဟာရတွေ မရရှိကြပါဘူး။ ဒီလိုကလေးတွေဟာ ကြီးပြင်းလာတဲ့အခါမှာ ကိုယ်လက်အင်္ဂါမသန်မစွမ်းဖြစ်တာ၊ ကျန်းမာရေးချူချာတာ၊ အလွယ်တကူ ဖျားနိုင်တာ၊ ကိုယ်ခံအားနည်းတာအပြင် တခြားသော ဘေးဒုက္ခတွေကိုပါ ကြုံတွေ့လာနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေအတွက် အရေးပါတဲ့ ဗီတာမင်နဲ့ အာဟာရဓာတ်အကြောင်း၊ ပြင်ဆင်ပြောင်းလဲသင့်တဲ့ နေထိုင်စားသောက်မှုပုံစံတွေကို ဗဟုသုတအနေနဲ့ ဝေမျှပေးချင်ပါတယ်။ ကလေးတွေအတွက် အရေးပါတဲ့ ဗီတာမင်နဲ့ […]


ကလေးအာဟာရချို့တဲ့ခြင်း

ကလေးများသံဓါတ်အားနည်းရောဂါဖြစ်ပွားခြင်းနှင့် ကာကွယ်မှုနည်းလမ်းများ

ကလေးတွေအတွက်သံဓါတ်က ဘာလို့အရေးကြီးတာလဲ။ သံဓါတ်ဟာကလေးကြီးထွားဖွံ့ဖြိုးဖို့မရှိမဖြစ်လိုအပ်ပါတယ်။ သံဓါတ်ကအောက်စီဂျင်ကိုအဆုတ်ကနေတစ်ကိုယ်လုံးကိုပို့ဆောင်ပေးပါတယ်။ ပြီးတော့ကြွက်သားတွေအောက်စီဂျင်ကိုသုံးဖို့နဲ့သိုလှောင်ဖို့ကိုကူညီပေးပါသေးတယ်။ သင့်ကလေးကသံဓါတ်ပါသောအစာများမစားပါကသံဓါတ်ချို့တဲ့ခြင်းကိုခံစားရနိုင်ပါတယ်။ အဲဒီအခြေအနေဟာသံဓါတ်ကုန်ခန်းခြင်းကနေသွေးအားနည်းရောဂါအထိအဆင့်ဆင့်ရှိနိုင်ပါတယ်။ သွေးအားနည်းရောဂါဆိုတာကသွေးထဲမှာကျန်းမာတဲ့သွေးနီဥတွေနည်းနေခြင်းဖြစ်ပါတယ်။ သံဓါတ်ချို့တဲ့ခြင်းကိုမကုသပါကကြီးထွားဖွံ့ဖြိုးုခြင်းကိုထိခိုက်နိုင်ပါတယ်။ ကလေးတွေကသံဓါတ်ဘယ်လောက်စားဖို့လိုသလဲ။ ကလေးတွေအတွက်တစ်နေ့စားသင့်တဲ့သံဓါတ်ပမာဏဟာအောက်ပါအတိုင်းဖြစ်ပါတယ်။ ၇လမှ၁၂လ-တစ်ရက်ကို 11mg ၁နှစ်မှ၃နှစ်-တစ်ရက်ကို 7mg ၄နှစ်မှ၈နှစ်-တစ်ရက်ကို 10mg ၉နှစ်မှ၁၃နှစ်-တစ်ရက်ကို 8mg ၁၄နှစ်မှ၁၈နှစ်(မိန်းကလေး)-တစ်ရက်ကို၁၅mg ၁၄နှစ်မှ၁၈နှစ်(ယောက်ျားလေး)-တစ်ရက်ကို 11mg   သံဓါတ်ချို့တဲ့ခြင်းရဲ့လက္ခဏာတွေကဘာတွေလဲ။ သံဓါတ်ချို့တဲ့ခြင်းဟာကလေးတွေရဲ့စွမ်းဆောင်ရည်ကိုကျဆင်းစေပါတယ်။ ကံမကောင်းစွာဖြင့်ကလေးအများစုမှာသံဓါတ်ချို့တဲ့သောလက္ခဏာမပြပါဘူး။ သွေးအားနည်းရောဂါဖြစ်မှသာသိရပါတယ်။ သွေးအားနည်းခြင်းရဲ့ရောဂါလက္ခဏာတွေကတော့ အသားရောင်ဖျော့နေခြင်း မောပန်းနွမ်းနယ်ခြင်း ကြီးထွားဖွံ့ဖြိုးမှုနှေးကွေးခြင်း အစာစားချင်စိတ်မရှိခြင်း အသက်ရှုမြန်ခြင်းမမှန်ခြင်း အပြုအမူများထူးဆန်းနေခြင်း ဖျားနာလွယ်ခြင်း ရေခဲ၊ဖုန်မှုန့်၊ဆိုးဆေးနဲ့ကော်စတဲ့စားစရာမဟုတ်တဲ့အရာတွေကိုအငမ်းမရစားခြင်း တို့ပဲဖြစ်ပါတယ်။ လပြည့်တဲ့ကလေးတွေအတွက်ကတော့၄လမှာသံဓါတ်အားဖြည့်ဆေးစတိုက်ပါ။ သံဓါတ်ကြွယ်ဝတဲ့cereals၊ချက်ပြုတ်ထားတဲ့အသားတွေတစ်နေ့တစ်ကြိမ်နှစ်ကြိမ်စားနိုင်တဲ့ထိတိုက်ကြွေးပါ။ ကလေးကိုမိခင်နို့ကောနို့မှုန့်ပါတိုက်ကျွေးနေပြီးနို့မှုန့်ကိုအဓိကထားကျွေးနေပါကဆေးဆက်တိုက်ရန်မလိုပါ။ လမပြည့်သေးတဲ့ကလေးတွေအတွက်ကတော့သံဓါတ်အားဖြည့်ဆေးကို၂ပတ်မှာစတိုက်ပေးပါ။၁နှစ်မပြည့်မချင်းဆက်ပေးပါ။ မိခင်နို့နှင့်နို့မှုန့်တိုက်ကျွေးရာတွင်နို့မှုန့်ကိုအဓိကတိုက်ကျွေးပါကဆေးဆက်တိုက်ရန်မလိုပါ။   သံဓါတ်ချို့တဲ့ခြင်းကိုကာကွယ်ရန်အခြားနည်းလမ်းများ သံဓါတ်ကြွယ်ဝတဲ့အစားအစာများကျွေးပါ။ ပုံမှန်အားဖြင့်လေးလမှခြောက်လအတွင်းမှာချက်ပြုတ်ထားတဲ့အသားနဲ့သံဓါတ်အားဖြည့်cerealsတွေကိုကျွေးပေးပါ။ အသက်ပိုကြီးတဲ့ကလေးတွေကိုတော့အနီရောင်ရှိတဲ့အသားများ၊ကြက်သား၊ငါး၊ပဲနှင့်အစိမ်းရောင်ရှိသောအရွက်များကိုကျွေးပေးပါ။ နွားနိအရမ်းမတိုက်ပါနဲ့။ တစ်နှစ်မှငါးနှစ်ကလေးများကိုနို့တစ်လီတာရဲ့လေးပုံသုံပုံထက်ကိုမပိုပါစေနဲ့။ အူမှအစာစုပ်ယူမှုကောင်းအောင်လုပ်ပေးပါ။ ဗီတာမင်စီဟာသံဓါတ်စုပ်ယူမှုကောင်းအောင်လုပ်ပေးမှာပါ။ ဗီတာစီကြွယ်ဝတဲ့အစိမ်းရောင်ရှိတဲ့အရွက်တွေ၊သခွားမွှေး၊ဆစ်ထရစ်ပါတဲ့အသီးများ၊စတော်ဘယ်ရီသီး၊ငရုပ်ကောင်းနဲ့ခရမ်းချဉ်သီးတို့ကိုစားပေးခြင်းအားဖြင့်သံဓါတ်ကိုများများစုပ်ယူစေမှာပါ။ သွေးစစ်ခြင်းအားဖြင့်သံဓါတ်နည်းခြင်းနဲ့သွေးအားနည်းခြင်းတို့ကိုစစ်ဆေးနိုင်မှာပါ။ မွေးကင်းစကလေးငယ်တွေကိုအသက်၉နှစ်မှ၁၂နှစ်အတွင်မှာစစ်ဆေးသင့်ပါတယ်။ သံဓါတ်နည်းနိုင်ခြေရှိတဲ့လူတွေကတော့အသက်ကြီးသွားတဲ့အခါတွေမှာထပ်မံစစ်ဆေးရပါလိမ့်မယ်။ စစ်ဆေးချက်အဖြေကိုကြည့်ကာသံဓါတ်အားဖြည့်ဆေးသောက်ရမလား၊မာတီဗိုက်တာမင်တွေသောက်ရမလားထပ်မံစစ်ဆေးရအုန်းမလားဆိုတာကိုဆရာဝန်ကပြောပြပါလိမ့်မယ်။   Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း