ကယ်လ်စီယမ် – နွားနို့နဲ့ နို့ထွက်အစားအစာတွေ၊ ဆာဒင်း၊ ဆော်လ်မွန်ငါးလို အရိုးပါဝါးစားလို့ရတဲ့ ငါးတွေ၊ တို့ဟူးနဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကနေ ရရှိနိုင်ပါတယ်။ ကယ်လ်စီယမ်ချို့တဲ့တဲ့ ကလေးတွေမှာ အရပ်နဲ့ ခန္ဓါကိုယ် မဖွံ့ဖြိုးတာ၊ မှတ်ဉာဏ်ချို့ယွင်းတာ၊ ခြေလက်ထုံကျဉ်တာ၊ စိတ်ကယောင်ခြောက်ခြားဖြစ်တာ၊ ကြွက်တက်တာ၊ အရိုးပါးတာ အစရှိတဲ့ လက္ခဏာတွေ တွေ့ရနိုင်ပါတယ်။
အိုင်အိုဒင်းဓါတ် – နည်းတဲ့အခါ ကိုယ်အလေးချိန်တက်လွယ်တာ၊ အမောမခံနိုင်တာ၊ ဆံပင်နဲ့ အသားအရည်ပျက်စီးတာ၊ မှတ်ဉာဏ်အားနည်းတာတွေ ဖြစ်နိုင်ပါတယ်။ အိုင်အိုဒင်းဓါတ်ကို ပင်လယ်စာ၊ အိုင်အိုဒင်းဆားကနေ အဓိကရရှိနိုင်ပါတယ်။
သံဓါတ် – နည်းတဲ့ ကလေးတွေမှာ သွေးအားနည်းရောဂါ အဖြစ်များတာကို တွေ့ရပါတယ်။ အသား၊ ကြက်သား၊ ပင်လယ်စာ၊ အခြောက်ခံထားတဲ့ ပဲတွေ၊ ကြက်ဥအနှစ်တွေကို စားပေးနိုင်ပါတယ်။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။