backup og meta

ကလေးက ညဘက် ချောင်းထဆိုး နေသလား

ကလေးက ညဘက်ဆို ချောင်းလေး တဟွတ်ဟွတ်နဲ့ မအိပ်နိုင်ရှာဘူး။ ထပြီး ပြုစုရ၊ စိတ်မချလို့ စောင့်ကြည့်ရ နဲ့ မိဘ တွေလည်း မအိပ်ရဘူး။ ကလေးတစ်ယောက် နေမကောင်းတဲ့အခါ ကလေးရော မိဘရော အတော် ပင်ပန်းရပါတယ်။ အထူးသဖြင့် ချောင်းထဆိုး တဲ့အခါတွေမှာပေါ့။

ကလေးက ညဘက် ချောင်းထဆိုး နေသလား

ကလေးက ဘာလို့ ညဘက် ချောင်းထဆိုး ရတာလဲ

ကလေးက အိပ်ရာ ထဲ လှဲအိပ်တဲ့အခါ နှာခေါင်းနဲ့ နှာခေါင်းလမ်းကြောင်း ထဲမှာ ပိတ်ဆို့နေတဲ့ ချွဲတွေက လည်ချောင်းထဲကို စီးကျလာပြီး ချောင်းထဆိုး စေတာကြောင့် ညအိပ်ချိန် မှာ ချောင်းပိုဆိုးရတာပါ။

ဒီလို အချိန်မှာ –

  • ကလေးကို အနားယူခိုင်းပြီး အရည်များများ တိုက်ပေးပါ။
  • ကလေး လည်ချောင်းနာ သက်သာစေဖို့ ပျားရည် တိုက်ပေးလို့ရပါတယ်။ တစ်နှစ်အောက် ဆိုရင်တော့ မတိုက်သင့်ပါဘူး။
  • ကလေးကို ရေနွေးငွေ့ ခံပေးပါ။ ၃လ အောက် ဆိုရင်တော့ မသင့်တော်ပါဘူး။
  • ပတ်ဝန်းကျင်ကို အစိုဓာတ် ပေးတဲ့ ရေငွေ့စက်ပစ္စည်းလေးကို အသုံးပြုပါ။

ကလေးက ညဘက် ချောင်းထဆိုး နေသလား

  • ရေချိုးခန်း ထဲမှာ ရေပူကို ဖွင့်ထားပြီး အခန်းတစ်ခုလုံးကို ရေနွေးငွေ့တွေ နဲ့ ပြည့်နေပါစေ။ ပြီးရင် သင့်ကလေးကို ရေချိုးခန်းထဲမှာ ထိုင်ခိုင်းပြီး စွတ်စိုတဲ့ လေနွေးနွေးလေးတွေကို ဆယ်မိနစ် ဆယ့်ငါးမိနစ် လောက် ရှူပါစေ။ ကလေးတွေကို ရေနွေးတွေနဲ့ ဝေးရာမှာ နေစေဖို့ကို တော့ သတိထားပါ။
  • ချောင်းဆိုးပျောက်အောင်နဲ့ အဖျားကျအောင် ထုတ်ထားတဲ့ ဆေးတွေက သာမန်အဖျားကြောင့် ဖြစ်တဲ့ ချောင်းဆိုးတာနဲ့ နှာစေးတာတွေကိုပဲ သက်သာစေနိုင်တာပါ။ ဘက်တီးရီးယားကြောင့် ဖြစ်တာတွေကိုတော့ မသက်သာစေနိုင်ပါဘူး။
  • ဆရာဝန် မညွှန်ကြားဘဲ ချောင်းဆိုးပျောက်ဆေး တွေကို အလွယ်တကူ ဝယ်တိုက်တာမျိုး မလုပ်ပါနဲ့။
  • အေးမြတဲ့ လေလေးတွေကလည်း အသက်ရှူရ ပိုလို့ လွယ်ကူအဆင်ပြေစေတာမို့ ကလေးကို အိမ်ထဲမှာပဲ လေအလုံပိတ်ထားတာထက် တစ်ခါတလေ အိမ်ပြင် ထွက်ပေးတာမျိုး လုပ်လို့ ရပါတယ်။

ဘယ်လို အခြေအနေမှာ ဆရာဝန်ပြသဖို့ လိုမလဲ

  • ကလေးက အားအရမ်းနည်းနေတာမျိုး (သို့မဟုတ်) ကောင်းကောင်း မတုံ့ပြန်နိုင်တော့တဲ့အခါ
  • ကလေးက သိပ်လှုပ်ရှားမှု မရှိဘဲ ငြိမ်နေ၊ မှိန်းနေရင်
  • ကလေးကို ကြည့်ရတာ ရင်ဘတ်အောင့်သလိုမျိုး ဖြစ်နေရင် (သို့မဟုတ်) ရင်ဘတ်ထဲက ကျပ်နေသလိုမျိုး ဖြစ်နေရင်
  • ကလေးက အသက်ရှူရ အရမ်းခက်ခဲနေပုံ ပေါက်နေရင်
  • ကလေးက လုပ်နေကျ တုံ့ပြန်မှုတွေကိုတောင် လိုက်မလုပ်တော့ရင်
  • ကိုယ်ပူနေရင်
  • ကလေးမှာ ရေဓာတ် ဆုံးရှုံးနေတဲ့ လက္ခဏာ တွေ့ရရင်
  • ကလေးရဲ့ ချွဲမှာ (သို့မဟုတ်) တံတွေး မှာ သွေးပါနေရင် ဆရာဝန် နဲ့ ချက်ချင်း သွားပြဖို့ လိုပါလိမ့်မယ်။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.healthnavigator.org.nz/health-a-z/c/cough-in-children/

https://www.healthlinkbc.ca/health-topics/coughchild

https://www.webmd.boots.com/children/guide/cold-remedies-children?page=3

ယခုပုံစံ

21/01/2022

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မတော်တဆ ဆေးမျိုချ မိတဲ့ ကလေးတွေအတွက် အရေးပေါ် ပြုစုနည်း

ကလေးလေးတွေ ဘာကြောင့် ငို တာလဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 21/01/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ