ကလေးကျန်းမာရေး

ကလေးလေး ကျန်းမာဖို့ဆိုတာ မိဘတွေအတွက် အရေးကြီးဆုံး ဆန္ဒပါ။ ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါလက္ခဏာတွေကနေ ပိုးဝင်ကူးစက်တာတွေအထိ သင့်ကလေးကျန်းမာရေးအတွက် လိုအပ်တဲ့ ဗဟုသုတအားလုံးကို ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးကျန်းမာရေး

ကလေးများအတွက် ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး

ကလေးတွေမှာ Pneumococcusကြောင့်ဖြစ်တဲ့ ပြင်းထန်အဆုတ်ရောင် ရောဂါက အဖြစ်များသလို အသက်အန္တရာယ်လည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေမှာ ဒီရောဂါမဖြစ်စေဖို့ဆိုရင် Pneumococcal vaccines လို့ခေါ်တဲ့ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး ကို ထိုးထားတာက အကောင်းဆုံးပါ။ ဒီကာကွယ်ဆေးက ပြင်းထန်အဆုတ်ရောင်အပါအဝင် သွေးထဲ ရောဂါပိုးပြန့်နှံ့တာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ Pneumococcusက အခန့်မသင့်ရင် ကိုယ်တွင်းအင်္ဂါနဲ့ သွေးထဲအထိ ပြန့်သွားတတ်ပြီး အသက်အန္တရာယ်ဖြစ်တတ်ပါတယ်။ ဒီလို ပြန့်သွားတာကို invasive disease လို့ ခေါ်ပါတယ်။ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး က ဘာကို ကာကွယ်ပေးတာလဲ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး PCVက Streptococcus pneumoniae သို့ pneumococcus ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါကို ကာကွယ်ပေးပါတယ်။ ဒီဘက်တီးရီးယားက အသက်ရှူလမ်းကြောင်းက ထွက်တဲ့ အမှုန်အမွှားတွေကြောင့် ကူးစက်တတ်ပြီး အဆုတ်ရောင်ရောဂါအပါအဝင် ဦးနှောက်အမြှေးရောင် […]

ကလေးကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးကျန်းမာရေး ကို ရှာဖွေမည်။

အခြားကလေးကျန်းမာရေးပြဿနာများ

သင့်တော်တဲ့ ကလေးအထူးကု ဆရာဝန်တယောက်ကို ဘယ်လိုရွေးချယ်မလဲ

ကလေးအထူးကုဆရာဝန်တွေဟာ အရမ်းအလုပ်များတဲ့အတွက် သူတို့နဲ့ရက်ချိန်းယူဖို့က တခါတလေ နည်းနည်းတော့ခက်ပါတယ်။ ဒါပေမယ့် သင့်ကလေးကို ကလေးအထူးကုဆရာဝန်တယောက်နဲ့ပထမဆုံးအကြိမ် ပြသမယ်ဆိုရင် သင့်အနေနဲ့ဆရာဝန်ကို မျက်နှာချင်းဆိုင်တွေ့ပြီး စကားအနည်းငယ်တော့ အရင်ပြောဖို့လိုအပ်တဲ့အတွက် ရက်ချိန်းကို ရအောင်ယူရပါမယ်။ ဒါမှသာ ဒီဆရာဝန်ဟာ သင့်ကလေးအတွက် မှန်ကန်သင့်တော်တဲ့ ဆရာဝန်တယောက်ဟုတ်မဟုတ် သိရှိနိုင်မှာ ဖြစ်ပါတယ်။ ဘာတွေကို လေ့လာရမလဲ။ သင့်အနေနဲ့ ဆရာဝန်ကို ထိုင်စောင့်နေချိန်မှာ ဖုန်းပွတ်နေမယ့်အစား ဘေးပတ်ဝန်းကျင်ကို အကဲခတ်ပါ။ ဘာတွေကိုလေ့လာရမလဲ။ သင့်အနေနဲ့ဆရာဝန်ကိုထိုင်စောင့်နေချိန်မှာ ဖုန်းပွတ်နေမယ့်အစား ဘေးပတ်ဝန်းကျင်ကို အကဲခတ်ပါ။ • သန့်ရှင်းမှု : ဒါဟာပထမဆုံး လေ့လာသင့်တဲ့အချက်ဖြစ်ပါတယ်။ လူနာတွေစောင့်ဆိုင်းရတဲ့နေရာဟာ သန့်ရှင်းသပ်ယပ်နေရမှာ ဖြစ်ပြီးလူနာစမ်းသပ်ခန်းဟာလည်း လုံခြုံစိတ်ချမှုရှိရမှာဖြစ်တဲ့အပြင် ပိုးမွှားကင်းစင်သန့်ရှင်းနေရမှာ ဖြစ်ပါတယ်။ • ဆရာဝန်ရဲ့ဆက်ဆံရေး : ဒါကတော့ လူနာတယောက်နဲ့တယောက် အယူအဆမတူတတ်တဲ့အတွက် သင်ဘယ်လိုတွေးလဲဆိုတဲ့အပေါ်မူတည်ပါတယ်။ တချို့လူနာတွေက ဖော်ရွေနွေးထွေးတဲ့ဆရာဝန်ကို သဘောကျသလိုတချို့ကျပြန်တော့လည်း ခပ်တည်တည်နဲ့တိတိကျကျ ပြတ်ပြတ်သားသားအလုပ်လုပ်တတ်တဲ့ ဆရာဝန်ကိုမှ ပိုပြီးအမှတ်ပေးတတ်ကြလို့ပါ။ • ဝန်ထမ်းတွေရဲ့လုပ်ကိုင်ဆောင်ရွက်ပုံ၊ […]


အခြားကလေးကျန်းမာရေးပြဿနာများ

သင့်ကလေးမှာ စိတ်ကူးယဉ်သူငယ်ချင်းတယောက်ရှိနေပြီဆိုရင် ဘာလုပ်မလဲ

မိဘအတော်များများဟာ သူတို့ရဲ့ ကလေးတွေဟာ မမြင်ရတဲ့ သူငယ်ချင်းတွေနဲ့ စကားပြောနေတာ ဒါမှမဟုတ် ဆော့ကစားနေတာမျိုးကို တွေ့ဖူးကြမှာပါ။ ဒါဟာ ပုံမှန်မဟုတ်တဲ့အတွက် မိဘတွေအနေနဲ့ စိုးရိမ်မှုတွေရှိမှာဖြစ်သလို ဒါဟာဘာဖြစ်တာများလဲလို့ သိချင်ကြမှာလည်းအမှန်ဖြစ်ပါတယ်။ ဒါပေမယ့် အရမ်းကြီးတော့လည်း မစိုးရိမ်ပါနဲ့။ သင့်ဘေဘီလေးအနေနဲ့ စိတ်ကူးယဉ်သူငယ်ချင်းတယောက် ရနေတာလည်း ဖြစ်နေနိုင်ပါတယ်။ ဒါဟာ ကလေးသဘာဝမျှသာ ဖြစ်ပါတယ် အသက်နှစ်နှစ်ခွဲအရွယ် ကလေးလေးတွေမှာ စိတ်ကူးယဉ်သူငယ်ချင်းလေးတွေ ရှိတတ်ကြတယ်လို့လေ့လာမှုတခုက ဆိုပါတယ်။ ဒါဟာလက်တွေ့ဘဝကို ကျော်လွန်တဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေတရပ်ဖြစ်တယ်လို့ပြောလေ့ရှိကြပါတယ်။ ကလေးတွေရဲ့ စိတ်ကူးယဉ်သူငယ်ချင်းလေးတွေဟာ သူတို့လေးတွေသိတဲ့ သူတယောက်ယောက် ဒါမှမဟုတ် ပုံပြင်ထဲ၊ တီဗီထဲက ဇာတ်ကောင်တယောက်ယောက် ဖြစ်နိုင်သလို လုံးဝစိတ်ကူးယဉ်ဖန်တီးထားတာလည်းပဲ ဖြစ်နိုင်ပါတယ်။ ဒီလိုစိတ်ကူးယဉ်သူငယ်ချင်းရှိခြင်းဟာ ကလေးတွေအပေါ်ဘယ်လိုလွှမ်းမိုးမှုရှိစေနိုင်သလဲဆိုတာကိုတော့ ကလေးငယ်များဖွံ့ဖြိုးမှုဆိုင်ရာကျွမ်းကျင်သူတွေက ဆွေးနွေးလေ့လာနေကြဆဲ ဖြစ်ပါတယ်။ တချို့တွေက ဒါဟာဆိုးရွားတဲ့စိတ်ပိုင်းဆိုင်ရာဝေဒနာတခုလို့ယူဆကြသလို တချို့တွေကျပြန်တော့လည်း ဒါဟာကလေးငယ်လေးတွေမှာ ဖြစ်တတ်တဲ့သဘာဝမျှသာလို့ပြောကြပြန်ပါတယ်။ ဘာလို့ ဒီလိုအခြေအနေမျိုး ဖြစ်ပေါ်လာတာလဲ။ ကလေးတွေက ဘာလို့စိတ်ကူးယဉ်သူငယ်ချင်းတွေကိုဖန်တီးရတာလဲ။ အကြောင်းရင်းတွေ အများကြီးရှိနေပါတယ်။ […]


ကလေးအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

ကလေးတွေ ချောင်းဆိုးခြင်းကို ကုသနိုင်မည့်နည်းလမ်းများ

အအေးမိခြင်းနဲ့ ချောင်းဆိုးခြင်းတွေဟာ ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ် အဖြစ်များတဲ့ ကျန်းမာရေးပြဿနာပါ။ လူကြီးတစ်ယောက်က ချောင်းဆိုးနေမယ်ဆိုရင် သူတို့ဝေဒနာကိုသက်သာစေဖို့ ကိုယ့်ဖာသာ ဆေးဆိုင်ကနေ ဆေးတွေဝယ်သောက်လို့ရနိုင်ပါတယ်။ ဒါပေမယ့် မွေးကင်းစတွေနဲ့ ကလေးငယ်တွေအတွက်တော့ ဆေးညွှန်းမပါဘဲ ကိုယ့်ဖာသာ ဆေးဆိုင်ကဝယ်လို့ရတဲ့ ဆေးတွေကို အမြဲတမ်းသုံးစွဲလို့မရနိုင်ပါဘူး။ လူကြီးတွေနဲ့ ကလေးတွေအတွက် အန္တရာယ်ကင်းအောင်ထုတ်လုပ်ထားတဲ့ အဖျားပျောက်ဆေးတွေရဲ့ ပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။ ၂နှစ်အောက်ကလေးတွေမှာ အသက်အန္တရာယ်ကိုပါထိခိုက်နိုင်စေတဲ့အတွက် ထိုဆေးကိုလုံးဝမသုံးစွဲသင့်ပါဘူး။ ဒါကြောင့် ဒီဆောင်းပါးမှာ ကလေးတွေ ချောင်းဆိုးခြင်းကို ထိရောက်စွာကုသနိုင်မယ့် သဘာဝနည်းလမ်းတွေကို ဖော်ပြချင်ပါတယ်။ (၁) ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို စမ်းကြည့်ပါ။ ပျားရည်ဟာ ကျန်းမာရေးဆိုင်ရာပြဿနာအမျိုးမျိုးမှာ သုံးစွဲနိုင်တဲ့ မှော်ဝင်ပစ္စည်းပါ။ အထူးသဖြင့် အအေးမိခြင်းနဲ့ပတ်သက်တဲ့ပြဿနာတွေမှာ ပိုပြိးထိရောက်ပါတယ်။ တကယ်လို့သင့်ကလေးက အပြင်းအထန်ချောင်းဆိုးနေတယ်ဆိုရင် အိပ်ရာမဝင်ခင်မှာ ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းကိုတိုက်ကြည့်ပါ။ ဒါကလည်ချောင်းနာတာကိုသက်သာစေပြီး ချောင်းဆိုးခြင်းကိုလျော့ကျစေပါတယ်။ ဒါပေမယ့် တစ်နှစ်အောက်ကလေးတွေကိုတော့ ပျားရည်မတိုက်ပါနဲ့။ ပျားရည်ဟာ သူတို့လေးတွေရဲ့ အားနည်းတဲ့ […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးသူငယ်များ အွန်လိုင်းပေါ်တွင် အနိုင်ကျင့်တိုက်ခိုက်မှုခံနေရသည်ကို သိနိုင်မည့်လက္ခဏာများ

ဒီနေ့ခေတ်တွေမှာ ကလေးတွေက နည်းပညာဆိုင်ရာပစ္စည်းတွေ နဲ့ လူမှုကွန်ရက်တွေမှာ အချိန်ကုန်ဆုံးမှုများလာတာနဲ့အမျှ သူတို့တွေကို အွန်လိုင်းကနေ တိုက်ခိုက်အနိုင်ကျင့်နိုင်မှုတွေလည်း မြင့်တက်လာပါတယ်၊ သင့်ရဲ့ကလေးက အနိုင်ကျင့်ခံနေရသူဖြစ်နေပြီလားဆိုတာကို မသိနိုင်သေးခင်မှာတင် အွန်လိုင်းပေါ်မှာအနိုင်ကျင့်တိုက်ခိုက်ခံရခြင်းက တကယ့်လက်တွေ့ဘဝမှာ အနိုင်ကျင့်ခံရခြင်းထက် မလျော့နည်းတဲ့ အရေးကြီးပြဿနာတစ်ခုဖြစ်လို့နေပါပြီ။ အွန်လိုင်းပေါ်ကနေတိုက်ခိုက်အနိုင်ကျင့်ခံရခြင်းတွေမှာ ခြိမ်းခြောက်စာတွေ၊ ဆိုးရွားပြီး စော်ကားတဲ့ စကားလုံးတွေ ပုံတွေကို ဖေ့စ်ဘုတ်ခ်၊ အင်စတာဂရမ် စသည့်အမျိုးမျိုးသော မီဒီယာတွေကနေတဆင့် ပေးပို့ခံရတာတွေပါဝင်နိုင်ပါတယ်။ ဒါ့အပြင် သင့်ကလေးဟာ သူတို့ရဲ့ရှက်ဖွယ်ပုံတွေကို တခြားသောအွန်လိုင်းအသုံးပြုသူတွေရဲ့ လိုက်ခ်ပေးခံရခြင်း၊ မျှဝေခံရခြင်းတွေအားဖြင့် များစွာသောအွန်လိုင်းအသုံးပြုသူတွေဆီမှာ အနိုင်ကျင့်ခံရသူတစ်ဦးဖြစ်နေနိုင်သလို ၊ ဆိုးရွားတဲ့နာမည်ပြောင်တွေရထားတာလည်းဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေတွေက ကလေးတွေကို အလွန်အမင်းစိတ်ဓါတ်ကျစေပြီး သူတို့ကို အထီးကျန်ကာ တခြားလူတွေဆီကနေ တသီးတခြားနေတတ်သူတွေ ဖြစ်သွားစေပါလိမ့်မယ်။ ဒါဆို သင့်ကလေးက ဘာကြောင့် သင့်ကို အဲဒီကိစ္စ ပြောမပြရတာလဲ။ သင့်ကိုသင် ယခုမေးနေလောက်ပြီပေါ့။ အဲ့ဒါက ပထမဆုံးအနေနဲ့တော့ ကလေးဟာ […]


ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ

အော်တစ်ဇင်ကလေး ထိန်းသိမ်းစောင့်ရှောက်နည်း လမ်းညွှန်

ကလေးတယောက်ကို ပြုစုရတယ်ဆိုတာ မလွယ်ပါဖူး။ အော်တစ်ဇင်ကလေးကို ပြုစုစောင့်ရှောက်ရတာပိုလို့တောင်မှ ခက်ခဲပါသေးတယ်။ စိုးရိမ်ပူပန်ရတယ်၊ သောကများရတယ်၊ပင်ပန်းစိတ်ဖိစီးရတယ် အစုံပါပဲ။ တကယ်လို့ သင့်မှာ အော်တစ်ဇင်ရင်သွေးလေးရှိတယ်ဆိုရင် ဒီဆောင်းပါးလေးက အထောက်အကူဖြစ်စေဖို့ မျှော်လင့်ပါတယ်။ (၁) အကောင်းမြင်ပါ။ အော်တစ်ဇင်ကလေးငယ်လေးတွေဟာလည်း တခြားလူတွေလိုပဲ အကောင်းမြင်ပြီးဆက်ဆံတာကို သဘောကျပါတယ်။ ကိုယ့်ကလေးရဲ့ အခြေအနေကို အမြဲ အကောင်းဖက်ကပဲတွေးပါ။ သင်ဂရုတစိုက်ပြုစုလေ ကလေးရဲ့ အခြေအနေတိုးတက်လေဆိုတာ စိတ်ထဲမြဲမြဲမှတ်ထားပါ။ ရင်သွေးလေးရဲ့ ချစ်စဖွယ် အပြုအမူ၊အမူအရာလေးတွေကို အမြဲစောင့်ကြည့်ရှာဖွေနေပါ။ တကယ်လို့ သင့်ရင်သွေးလေးဟာ အခြေအနေတိုးတက်လာတယ်၊တခုခုကို အောင်အောင်မြင်မြင် လုပ်လိုက်နိုင်တယ်ဆိုရင် အရုပ်ကလေးပေးတာ၊တခုခု အမှတ်တရဝယ်ပေးတာ၊ချီးမွမ်းတာမျိုးကို အရေးတယူလုပ်ပေးပါ။ တကယ်လို့ ကလေးအနေနဲ့ တခုခု အမှားအယွင်းလုပ်မိတယ်ဆိုရင်လည်း အပြစ်မပေးပါနဲ့။ ဘာကူညီပေးနိုင်မလဲ၊ဘယ်လိုပြုပြင်ပေးနိုင်မလဲ ဆိုတာကိုပဲ အလေးထားပြီး စဉ်းစားပါ။ မေတ္တာသည်သာ အောင်နိုင်ရာဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။ (၂) လူမှုပေါင်းသင်းဆက်ဆံရေးကို သင်ပေးပါ။ သင့်ကလေးမှာ ပေါင်းသင်းဆက်ဆံရေးနဲ့ […]


အခြားကလေးကျန်းမာရေးပြဿနာများ

စမတ်ဖုန်းတွေနှောင့်ယှက်နေတဲ့ မိဘနဲ့ သားသမီးအကြားဆက်ဆံရေး

စမတ်ဖုန်းတွေ တက်ဘလက်တွေဟာ အလုပ်၊အိမ် နဲ့ လူမှုဆက်ဆံရေးတွေကြားက နယ်ပယ်တွေကို ဝေဝါးလာစေတဲ့အတွက် မိဘတွေအနေနဲ့ ဒီအခြေအနေကို မျှခြေတစ်ခုဖြစ်အောင်၊ အဆင်ပြေအောင် ကိုင်တွယ်နိုင်ဖို့ လိုအပ်လာပါတယ်။ လေ့လာမှု အသစ်တစ်ခုရဲ့ အဆိုအရ မိဘတွေအနေနဲ့ နည်းပညာသုံးပစ္စည်းတွေ (ဖုန်း၊တက်ဘလက် စသည်)ကို ငယ်ရွယ်တဲ့ ကလေးတွေအနားမှာ အသုံးပြုမယ်ဆိုရင် စိတ်ဖိအားတွေများတာ၊ ပဋိပက္ခတွေဖြစ်တာ ဒါမှမဟုတ် ကလေးတွေနဲ့ ဆက်ဆံရာမှာ အဆင်မပြေဖြစ်လာစေတယ်လို့ ဆိုပါတယ်။ မိုဘိုင်းလ်ဖုန်းတွေ အသုံးပြုခြင်းကြောင့် မိဘနဲ့ သားသမီးကြား ဆက်ဆံရေးမှာ ဘယ်လောက်ထိ ထိခိုက်မှုတွေ ရှိလာနိုင်သလဲ။ ပါဝင်ကူညီခဲ့ကြတဲ့ အစမ်းသပ်ခံ မိဘတွေအနေနဲ့ မိုဘိုင်းလ်ဖုန်းသုံးတာ၊ အလုပ်နဲ့ ကလေးတွေအကြား တော်တော်ကို ဗျာများရတယ်ဆိုတာကို မြင်တွေ့ခဲ့ရပါတယ်။ သတင်းအချက်အလက်တွေ၊ ကြည့်ချင်စရာတွေ များလွန်းလှတာက စိတ်ဖိစီးမှုတွေများပြားစေတာကြောင့် မိသားစုတွေနဲ့ တရင်းတနှီးနေချိန် (ဥပမာ ထမင်းစားချိန်)တွေကို အနှောင့်အယှက်ဖြစ်စေပါတယ်။ တစ်ကမ္ဘာလုံးကို ကိုယ့်လက်ဝါးပေါ်တင်ထားရသလိုပဲလို့ […]


အခြားကလေးကျန်းမာရေးပြဿနာများ

တိရစ္ဆာန်မှာသုံးတဲ့ဆေးတွေနဲ့ သင့်ကလေးရဲ့ ကျန်းမာရေး

သင့်အိမ်မှာ အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးထားကောင်း မွေးထားမှာပါ။ ဒါပေမယ့် သင့်မှာ ခွေးလေးကြောင်လေးတွေအပြင် ကလေးတွေပါရှိတယ်ဆိုရင်တော့ ဂရုစိုက်ဖို့လိုလာပါပြီ။ တိရစ္ဆာန်လေးတွေရဲ့ ဆေးတွေကို ထိတွေ့ကိုင်တွယ်စားမိပြီး အရေးပေါ်ရောက်လာတဲ့ ကလေးတွေ တနေ့တခြား ပိုပိုများလာလို့ပါပဲ။ ဒီတော့ ခွေးလေးကြောင်လေးတွေ မွေးထားရင်း ကလေးတွေကိုပါ အန္တရာယ်မဖြစ်စေရအောင် ဒီဆောင်းပါးလေးကို ဆက်ပြီးဖတ်လိုက်ပါဦး။ တိရ စ္ဆာန်ဆေးတွေနဲ့ ကလေးတွေ တိရ စ္ဆာန်ဆေးတွေကြောင့် အရေးပေါ်ရောက်လာတဲ့ ကလေးတွေ ပိုပိုများလာနေပါပြီ။ အားလုံးသိတဲ့အတိုင်း ဒီဆေးတွေဟာ တိလေးတွေရဲ့ အသက်ကိုကယ်တင်နိုင်၊ရောဂါပျောက်ကင်းစေနိုင်ပေမယ့် ကလေးတွေအတွက်တော့ အန္တရာယ်ပါ။ သင့်ကလေးတွေဟာ နည်းအမျိုးမျိုးနဲ့ ဒုက္ခရောက်နိုင်ပါတယ်။ တိလေးတွေ မစားဘဲ အန်ထုတ်ထားတဲ့ ဆေးပြားတွေကို ကလေးတွေက ကောက်စားမယ်။ တိလေးတွေအတွက် ဆေးထည့်ထားတဲ့ အစားအသောက်တွေကို ကလေးလေးက ယူစားမယ်။ ကလေးတွေက ခွေးစာ၊ကြောင်စာဟာ အနံ့လေးမွှေးလိုက်တာ၊အရသာရှိလိုက်တာလို့ ထင်ရင်ထင်နေမှာ ဖြစ်ပါတယ်။ ခွေးလေး၊ကြောင်လေးတွေကို […]


အခြားကလေးကျန်းမာရေးပြဿနာများ

ငိုနေတဲ့ကလေးအတွက် အလိုအလျောက်တုံ့ပြန်မှု ကုထုံး

ကလေးတွေဟာ အကြောင်းအမျိုးမျိုးကြောင့် ငိုကြွေးနိုင်ကြပြီး အငိုတိတ်အောင်ချော့မြှူဖို့က မိဘတွေအတွက် စိန်ခေါ်မှုကြီးတစ်ရပ်ဖြစ်နေပါတယ်။ ကလေးတွေက သူတို့မှာဘာတွေဖြစ်နေတယ်ဆိုတာ မပြောပြတတ်ပါဘူး။ ဗိုက်နာနေတာ၊ ဝမ်းချုပ်နေတာ၊ ချမ်းနေတာ၊ သွားလေးတွေပေါက်လာလို့ သွားယားနေတာ စသည်ဖြင့် နေထိုင်လို့မကောင်းတာအမျိုးမျိုးရှိနိုင်ပါတယ်။ အငိုတိတ်စေဖို့စမ်းသပ်ကြည့်သင့်တဲ့ အန္တရာယ်ကင်းတဲ့နည်းကောင်းတစ်မျိုးကတော့ အလိုအလျောက်တုံ့ပြန်မှုကုထုံးပါပဲ။ ဘယ်လိုအကူအညီရနိုင်လဲ ထိုအလိုအလျောက်တုံ့ပြန်မှုကုထုံးဟာ ကလေးတွေမှာ လျင်မြန်ကောင်းမွန်တဲ့ ရလဒ်ကိုပေးပါတယ်။ ကလေးတွေ စိတ်မကြည်ရင် ငိုနေရင် နေထိုင်လို့မကောင်းရင် လက်လေး ခြေလေးတွေကိုပွတ်သပ်ပေးလိုက်ခြင်းအားဖြင့် ကလေးအများစုအတွက် အသုံးဝင်တဲ့ကုထုံးတစ်ခုဖြစ်ပါတယ်။ အလိုအလျောက်တုံ့ပြန်မှုကုထုံးဟာ ခြေလက်တွေမှာရှိတဲ့ တုံ့ပြန်တဲ့အမှတ်လေးတွေနဲ့ အရေးကြီးကိုယ်တွင်းအင်္ဂါ၊ ကြွက်သား၊ အရိုး၊ ခန္တာကိုယ်ရဲ့စနစ်တွေ ဆက်စပ်လုပ်ဆောင်မှုပေါ်မူတည်ထားတဲ့ ကုထုံးတစ်ခုပါ။ ထိုနည်းဟာအကျိုးရှိပြီး ဘေးလည်းကင်းပါတယ်။ ကလေးငယ်လေးတွေရဲ့နုနယ်သေးတဲ့ခြေလက်လေးတွေ၊ နူးညံ့သေးတဲ့ အရေပြားနဲ့ အရိုးလေးတွေကြောင့် အလိုအလောက်တုံ့ပြန်မှုကုထုံးဟာ ပိုထိရောက်ပြီး လျင်မြန်တဲ့နည်းတစ်ခုလည်းဖြစ်တယ်။ ခြေထောက်မှာရှိတဲ့ ပိတ်နေတဲ့နေရာကို အသာအယာဖိနှိပ်ပေးခြင်းဖြင့် တကိုယ်လုံးကို စွမ်းအင်တွေပို့လွှတ်ပေးနိုင်ပါတယ်။ ဗိုက်နာနေတဲ့ ဒါမှမဟုတ်ဝမ်းချုပ်နေတဲ့ ကလေးတွေကို နာကျင်မှုချက်ခြင်းလျော့သွားစေတာ၊ စိတ်မကြည်တဲ့ကလေးတွေကို စိတ်သာရာရသွားစေတာမျိုး […]


အခြားကလေးကျန်းမာရေးပြဿနာများ

သင့်ကလေး ညာနေတာလား, နာနေတာလား

သင့်ကလေးခေါင်းမူးတယ်၊နှာစေးတယ်ဒါမှမဟုတ်ဗိုက်နာတယ်၊ဗိုက်အောင့်တယ်လို့ပြောရင်တကယ်ပဲဖျားနာနေတာလားဒါမှမဟုတ်ကျောင်းမသွားချင်လို့သင့်ကိုသက်သက်ညာနေတာလားဆိုတာပြောဖို့နည်းနည်းတော့ခက်ပါတယ်။ ဆိုတော့ဆရာဝန်ပဲသွားပြရမှာလား၊သင့်ကလေးကိုပဲနားရွက်လိမ်ဆွဲရမှာလားဆိုတာသင်ဆုံးဖြတ်ဖို့လိုလာပါပြီ။ သင့်အနေနဲ့ဒီအမှုကြီးကိုစုံစမ်းဖော်ထုတ်ဖို့လိုလာပါပြီ။ မြေပြင်အခြေအနေကိုကွင်းဆင်းပါ။ သင်မြင်ရတဲ့အခြေအနေနဲ့သင့်ကလေးရဲ့ပြောစကားကိုချိန်ထိုးပါ။ တကယ်လို့သင့်ကလေးဟာဗိုက်နာတယ်သာတွင်တွင်အော်နေပေမယ့်ဝက်အူချောင်းတွေ၊မုန့်တွေ၊ကိတ်မုန့်တွေအစားမပျက်ဖူးဆိုရင်ဒါဘာပြဿနာမှမရှိပါဖူး။ ဒါပေမယ့်သင့်ကလေးဟာအစာလည်းမစား၊အရည်တွေလည်းမသောက်တော့ဖူးဆိုရင်တော့သင်စိုးရိမ်သင့်ပါပြီ။   သက်သေခံတွေကိုစုဆောင်းပါ။ သင့်ကလေးနေကောင်းလားမကောင်းလားနဲ့ပတ်သက်ပြီးသင့်ကိုသတင်းပေးနိုင်မယ့်ရိုးရှင်းတဲ့ကိရိယာလေးနှစ်ခုရှိပါတယ်။ ဒါတွေက ပြဒါးတိုင်နဲ့ဓါတ်မီးလေးပဲ ဖြစ်ပါတယ်။ ရှေးခေတ်ကသုံးတဲ့သားသားလေးဖျားနေလားမှန်းစမ်းဆိုပြီးနဖူးပေါ်လက်လေးတင်ပြီးစမ်းတာတကယ်တော့သိပ်အလုပ်မဖြစ်လှပါဖူး။ သင့်လက်ကစမ်းလို့ရတာဟာနဖူးအရေပြားရဲ့အပူချိန်သာ ဖြစ်ပါတယ်။ သင့်အနေနဲ့ခန္ဓါကိုယ်အတွင်းပိုင်းအပူချိန်ကိုအဓိကတိုင်းရမှာပါ။ စောင်ပုံထဲအောင်းထားတာဒါမှမဟုတ်နဖူးပေါ်ရေနွေးပုလင်းကပ်ထားတာမျိုးကိုလောလောလတ်လတ်လုပ်ထားရင်သင်စမ်းကြည့်တဲ့အခါသင့်ကလေးရဲ့နဖူးပူနေတာတွေ့ရပါလိမ့်မယ်။ ဂုဏ်ယူပါတယ်။ သင့်ကလေးသင့်ကိုအောင်မြင်စွာအရူးလုပ်သွားပါပြီ။ ဒါပေမယ့်မိဘဆိုတာအမြဲခြေတလှမ်းသာနေရပါမယ်။ သင်သိထားဖို့ကခုနကပြောသလိုတွေလုပ်ထားလို့သူတို့လေးတွေရဲ့နဖူးပူနေသည့်တိုင်ခန္ဓါကိုယ်အတွင်းပိုင်းအပူချိန်ကတော့တက်နေစရာဘာအကြောင်းမှမရှိပါဖူး။ ခန္ဓါကိုယ်အပူချိန်သုံးဆယ့်ရှစ်ဒီဂရီစင်တီဂရိတ်ထက်ပိုတော့မှဖျားတယ်လို့ဆရာဝန်တွေကသတ်မှတ်ပါတယ်။ ကလေးတွေဟာသူတို့အပူချိန်ကျသွားမှာကိုမစိုးရိမ်ပါဖူး(ကျောင်းသွားရမှာတော့စိုးရိမ်ကောင်းစိုးရိန်ပါလိမ့်မယ်)။ သင့်ကလေးအနေနဲ့လွန်ခဲ့တဲ့၂၄နာရီအတွင်းacetaminophenတို့၊ibuprofen တို့လိုအဖျားကျဆေးတွေလုံးဝမသောက်ထားတဲ့အနေအထားမှာခန္ဓါကိုယ်အပူချိန်ကပုံမှန်အတိုင်းအတာထဲမှာရှိနေသင့်ပါတယ်။ ဓါတ်မီးလေးကိုတော့သင့်ကလေးရဲ့ပါးစပ်အတွင်းထဲကိုကြည့်ဖို့သုံးပါ။ ကြည့်နေတဲ့အချိန်မှာသူတို့ကိုပါးစပ်အကျယ်ကြီးဟပြီး "အား"လို့အော်ခိုင်းပါ။ ဒီလိုအော်လိုက်ခြင်းအားဖြင့်လျှာကိုအောက်ဖိချထားလိုက်သလို ဖြစ်သွားတာကြောင့်အာသီးကိုရှင်းရှင်းလင်းလင်း မြင်ရပါလိမ့်မယ်။ တကယ်လို့လည်ချောင်းအနောက်ဖက်နားမှာအဖြူရောင်အစက်လေးတွေဒါမှမဟုတ်အရည်လေးတွေကိုတွေ့နေရတယ်ဆိုရင်သင့်ကလေးဖျားနေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီအချက်လေးတွကိုတွေ့တာနဲ့သင့်ကလေးဘက်တီးရီးယားပိုးဝင်နေပြီလို့သေချာပေါက်ဆိုလိုတာတော့မဟုတ်ပါဖူး။ လည်ပင်းကအကျိအချွဲလေးတွေကိုအနည်းငယ်ယူပြီးဓါတ်ခွဲခန်းမှာသေချာအောင်စစ်ဆေးရဦးမှာပါ။ ဒါပေမယ့်သင်ပြောနိုင်တာတခုကသင့်ကလေးပုံမှန်တော့မဟုတ်ဖူးဆိုတာပါပဲ။   ပွင့်ပွင့်လင်းလင်းဆွေးနွေးပါ။ သင့်ကလေးနေကောင်းရက်သားနဲ့ညာပြောတိုင်းမဆူပါနဲ့။ အကြောင်းရင်းကိုသိအောင်လုပ်ပါ။ သင့်ကိုညာပြောရတာဟာကျောင်းမှာသူတို့ကိုကြောက်စေတဲ့၊စိုးရိမ်ပူပန်စေတဲ့၊ပိုဆိုးတဲ့အရာတခုခုကစောင့်ကြိုနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သင့်ရဲ့ကလေးပြုစုစောင့်ရှောက်မှုစွမ်းရည်ကိုမြှင့်တင်ပြီးသူတို့လေးတွေရဲ့စိတ်ထဲမှာတကယ်တမ်းဘာတွေရှိနေတယ်၊ဘာတွေဖြစ်နေတယ်ဆိုတာကိုသေချာသိအောင်လုပ်ရပါမယ်။ ကျောင်းမှာတရားလွန်စနောက်ခံရတာဒါမှမဟုတ်အနိုင်ကျင့်ခံရတာစတဲ့သူတို့မကြိုက်တဲ့၊အန္တရာယ်ရှိတဲ့အခြေအနေတွေကနေရှောင်ပုန်းချင်တဲ့အတွက်အကြောင်းရှာနေတာ ဖြစ်နိုင်ပါတယ်။   သင့်အနေနဲ့မသေချာရင်ဘာလုပ်ရမလဲ တခါတလေကျရင်မနက်ကျောင်းကားမလာခင်လေးမှသင့်ကလေးကနေမကောင်းဖူးလို့ပြောတဲ့အခါသင့်အနေနဲ့သူလေးညာနေတာလား၊တကယ်နေမကောင်းတာလားဆိုတာချက်ချင်းသိချင်မှသိနိုင်ပါလိမ့်မယ်။ ဒီလိုအနေအထားမျိုးနဲ့ကြုံလာရင်တနာရီလောက်စောင့်ကြည့်ပြီးသူတို့ညာနေတာဆိုရင်နောက်ကျနေလည်းကျောင်းကိုသင်ကိုယ်တိုင်လိုက်ပို့ပါ။ အဓိကအချက်ကကိုယ့်ကလေးအထာကိုကိုယ်နပ်ဖို့ပါပဲ။ Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။


ကလေးအရေပြားပြဿနာများ

ကလေးတွေကိုနွေရာသီနေလောင်ဒဏ်မှကာကွယ်မယ်-နေလောင်ခံခရင်မ်, အဝတ်အထည်, ဦးထုပ်နှင့်အခြားအရာများ

ကလေးတွေကိုနွေရာသီနေဒဏ်မှကာကွယ်မယ်- နေရောင်ခံလိမ်းဆေး၊ အဝတ်အထည်၊ ဦးထုပ်နှင့်အခြားအရာများ   သင့်ကလေး၏အသားရေသည် နေဒဏ်ကိုပိုခံနိုင်ရပါသည်။ အထူးသဖြင့် အိမ်အပြင်၌လှုပ်ရှားမှုများသည့်ကာလဖြစ်သော နွေရာသီမျိုးတွင်ပိုဆိုးသည်။ အကာအကွယ်မပါပဲ ကလေးကိုအိမ်အပြင်မှာဆော့ခိုင်းပါက ပြင်းထန်သည့်ကျန်းမာရေးအခြေအနေများကို ခံစားရနိုင်ပါသည်။ ကလေးများအား နေရောင်ခံလိမ်းဆေး၊ ဦးထုပ်၊ အဝတ်အစားများနှင့် ကာကွယ်ပါ။ သင်ဘာလုပ်နိုင်မလဲ ရှာကြည့်ပါ။   နေရောင်ခံလိမ်းဆေးကိုအမြဲဆောင်ထားပါ။ ကလေး၏ချောမွတ်နူးညံ့သောအသားရေကို နေလှောင်ဒဏ်မခံရပါစေနှင့်။ နေမှလာသော UV အလင်းများသည် အရေတွန့်ခြင်း၊ အပြောက်များထခြင်းနှင့် အရေပြားကင်ဆာထိအောင်ဖြစ်နိုင်ပါသည်။ နေရောင်ခံခြင်းသည် မကောင်းပါ။ နေရောင်ခံခြင်းသည် ကလေးများ၏အရေပြားကို ပျက်စီးစေ၏။   အပြင်မထွက် ၁၅ မိနစ်ကြိုတင်၍နေရောင်ခံဆေးလိမ်းပေးရမည်ကို သတိပြုပါ။ ကလေးကို ကိုယ်တိုင်လိမ်းတတ်စေရန်သင်ပေးပါ။ နား၊ မျက်စေ့ဝန်းကျင်၊ လည်ပင်းနှင့် ဒူးနောက်ဖက်တို့ပါ လိမ်းရန်မမေ့ပါနှင့်။ နေရောင်ခံလိမ်းဆေးကို ၂ ခြားတစ်ခါလိမ်းပေးရမည်ဖြစ်သည်။ ကလေးရေကူးသွားလျှင် သို့ ချွေးအလွန်ထွက်လျှင် ၂ နာရီထက်စောလိမ်းပေးသင့်သည်။ ကလေးများအတွက်ထုတ်သော နေရောင်ခံဆေးကိုသာသုံးရန် မေမ့ပါနှင့်။ နေရောင်ခံလိမ်းဆေးတွင် zinc […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း