backup og meta

မတူညီတဲ့ မိဘအုပ်ထိန်းမှုတွေကို ဘယ်လိုကိုင်တွယ်မလဲ

မတူညီတဲ့ မိဘအုပ်ထိန်းမှုတွေကို ဘယ်လိုကိုင်တွယ်မလဲ

အိမ်ထောင်ပြုပြီးသူနှစ်ဦးဟာ သူတို့ရဲ့ဆက်ဆံရေးကို နောက်တစ်ဆင့်တက်ဖို့ ကြိုးစားမယ်ဆိုရင် စိတ်ထဲမှာရှိကြတာကကလေးယူခြင်းပဲ ဖြစ်ပါတယ်။ လူအတော်များများဟာ သူတို့အိမ်ထောင်ဖက်အကြောင်းကို အတော်သိပြီးပြီလို့ ထင်ပေမယ့် အရေးကြီးတဲ့အချက်တစ်ချက်ကို ထည့်သွင်းစဉ်းစားဖို့ မေ့နေတတ်ကြပါတယ်။

ဒီအချက်ကတော့ ကလေးပြုစုတဲ့ နည်းလမ်းပဲဖြစ်ပါတယ်။ ဒါဟာ ဆက်ဆံမှုတွေ ပျက်ပြားခြင်းရဲ့ အဓိကအချက်လည်း ဖြစ်ပါတယ်။ ဒါဆို သင်နဲ့ သင့်အိမ်ထောင်ဖက် ဒီအချက်နဲ့ ပတ်သက်ပြီး ပြဿနာ အကြီးအကျယ်တက်နေပြီဆို ဘာလုပ်သင့်သလဲ။

အသုံးများတဲ့နည်းလမ်းတွေအကြောင်းကို နားလည်ပါ။ ကလေးပြုစုနည်း သုံးမျိုးရှိပါတယ်။

Authoritarian

ဒီနည်းမှာမိဘတွေဟာ ကလေးတွေရဲ့ လုံးဝလိုက်နာမှုကိုသာ လိုလားကြပြီး ဘယ်လိုညှိနှိုင်းခြင်းမှ မပြုလုပ်ကြပါဘူး။ ကလေးတွေကိုနားထောင်မယ့်အစား  သူတို့တန်ဖိုးထားတဲ့ အချက်တွေကိုသာ ပြောတတ်ကြပါတယ်။

Permissive

ဒီလိုမိဘတွေက လွယ်လွယ်ကူကူတွေးတတ်ကြပြီး ကလေးရဲ့ ဖွံ့ဖြိုးမှုအတွက် ဘယ်လိုကန့်သတ်ချက်တွေ၊ စည်းကမ်းတွေမှ မထားတတ်ကြပါဘူး။ ဒါကြောင့် ဒီလိုမိဘတွေရဲ့ ကလေးတွေဟာ နောက်ဆက်တွဲဆိုးကျိုးတွေကို ရင်ဆိုင်ဖို့မလိုပဲ လုပ်ချင်တာအကုန် လုပ်နိုင်ကြပါတယ်။

Authoritative

ဒီမိဘတွေကတော့ နှစ်မျိုးလုံးရောထားခြင်းပဲ ဖြစ်ပါတယ်။ သူတို့ဟာ ကလေးရဲ့ ဘဝကိုလည်း အပြည့်ထိန်းချုပ်ခြင်းမရှိကြပဲ ကလေးတွေကိုလည်း အရမ်းအလိုမလိုက်ကြပါဘူး။

ဒီလိုမိဘတွေဟာ ကလေးငယ်တွေနဲ့ ညှိနှိုင်းပြီး စည်းကမ်းတစ်ဖက်သတ်ထုတ်ခြင်း၊ လုံးဝမထုတ်ခြင်းတွေထက် နှစ်ဘက်စလုံးအတွက် အဆင်ပြေမယ့် နည်းလမ်းတွေကို ဖန်တီးတတ်ကြပါတယ်။

သေချာဆွေးနွေခြင်းတွေ ပြုလုပ်ခြင်း

ဆက်သွယ်မှုဟာ သဘောမတူညီမှုတွေကို ထိရောက်စွာဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်မျိုး ဖြစ်ပါတယ်။ ကလေးပြုစုနည်းတွေကို လေ့လာမယ်ဆိုရင် သင်နဲ့သင့်အိမ်ထောင်ဘက်ဟာ ညှိနှိုင်းခြင်းရဲ့ အရေးကြီးပုံးကို နားလည်သင့်ပါတယ်။

လူတိုင်းရဲ့ တွေးတောပုံကို လေးစားသင့်ပြီး ထည့်သွင်းစဉ်းစားသင့်ပါတယ်။ စကားပြောဆိုစဉ်မှာ အဓိကကျတဲ့ အချက်တွေကို ဆွေးနွေးဖို့လိုအပ်ပြီး အရေးကြီးတဲ့ အချက်တွေကို ကျော်မသွားသင့်ပါဘူး။

ဥပမာ သင့်ရည်မှန်းချက်ကဘာလဲ။ သင့်ကလေးကို ဘယ်လိုလက္ခဏာတွေ ရှိစေချင်လဲ။ ကလေးကို ဘယ်အချိန်မှာ ဘယ်လောက်အထိ အပြစ်ပေးမှာလဲ။ သင်နဲ့ သင့်အိမ်ထောင်ဖက်ဟာ အမှန်တကယ်ဖြစ်ပျက်နိုင်တဲ့ အချက်တွေဖြစ်တဲ့ သင့်ကလေး အနိုင်ကျင့်ခံရရင်၊ အခြားသူကို အနိုင်ကျင့်ရင်၊ ဆဲလ်ဖုန်းဝယ်ပေးဖို့ တောင်းဆိုလာရင် ဘယ်လိုလုပ်မလဲ ဆိုတာမျိုးကို ပြောဆိုသင့်ပါတယ်။

သင်ရော သင့်အိမ်ထောင်ဖက်ပါ သဘောတူတဲ့ ထောက်ပံ့ပေးတဲ့ ကလေးပြုစုနည်းတစ်ခုကို တည်ဆောက်ဖို့ အရေးကြီးပါတယ်။ သင့်နည်းလမ်းဟာ သင့်အိမ်ထောင်ဖက်ရဲ့ နည်းလမ်းထက်ပိုကောင်းတယ်လို့ မယူဆသင့်ပါဘူး။

ညှိနှိုင်းခြင်း

စည်းကမ်းတွေကို ချမှတ်ပြီးရင် ကလေးက အချိန်နဲ့ အမျှစည်းကမ်းတွေကို တသမတ် တည်းလိုက်နာဖို့က အရေးကြီးပါတယ်။ ပြဿနာ အသစ် ဖြစ်လာခဲ့ရင် သင့်အိမ်ထောင်ဖက်နဲ့ တိုင်ပင်သင့်ပါတယ်။ စည်းကမ်းဖောက်ဖျက်ခြင်းဟာ သင့်ကလေးကို စိတ်ရှုပ်စေပြီး သင်နဲ့ သင့်အိမ်ထောင်ဖက်ကြားမှာလည်း တိုက်ပွဲ ပြင်းထန်စေနိုင်ပါတယ်။

အကူအညီယူပါ။

တကယ်လို့ သင်တို့နှစ်ယောက်လုံး ပိတ်မိသလိုဖြစ်နေပြီး နည်းလမ်းနဲ့ ပတ်သက်ပြီး စိုးရိမ်နေတယ်ဆိုရင် အခြားသူဆီက အကြံဉာဏ် ယူသင့်ပါတယ်။ ကြီးမားတဲ့ မိသားစု တွေ့ဆုံပွဲပြုလုပ်ခြင်း၊ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ခြင်း၊ လူမှုအဖွဲ့အစည်းတွေနဲ့ ပေါင်းစည်းခြင်းတွေ ပြုလုပ်ပြီး ပိုမိုကောင်းမွန်တဲ့ လမ်းညွှန်မှုပေးနိုင်အောင် ကြိုးစားသင့်ပါတယ်။ တကယ်လို့ သင့်ကလေးက အသက်ကြီးသင့်သလောက် ကြီးပြီဆိုရင် သူတို့ကိုလည်း မေးသင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

– Parenting Matters: How To Manage Differing Parenting Styles In Your Marriage http://www.huffingtonpost.com/entry/parenting-matters-how-to-manage-differing-parenting_us_57ebe38ce4b095bd896a0408 Accessed December 31, 2016
– Different Parenting Styles: What To Do When You And Your Partner Disagree On How To Raise The Kids http://www.huffingtonpost.ca/2015/05/05/different-parenting-styles_n_7215356.html Accessed December 31, 2016

ယခုပုံစံ

10/08/2022

Dr . Phyu Mon Latt မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးတွေကို ရိုက်ပြီးဆုံးမမှဖြစ်မှာလား

ကလေးကို ရိုက်ပြီး မဆုံးမသင့်ဘူးလို့ ပြောရတဲ့ အကြောင်းရင်း (၇) ချက်



Dr . Phyu Mon Latt မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement