backup og meta

ကလေးဝမ်းချုပ်ခြင်း ကုသမှုလမ်းညွှန်


Dr . Phyu Mon Latt မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးဝမ်းချုပ်ခြင်း ကုသမှုလမ်းညွှန်

    ဝမ်းချုပ်ခြင်းဟာ ကလေးငယ်တွေနဲ့ လူကြီးတွေမှာ အဖြစ်များတဲ့ အစာခြေလမ်းကြောင်း ပြဿနာတစ်ခုဖြစ်ပေမယ့် မွေးကင်းစကလေးတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ကြာရှည်စွာ ဝမ်းချုပ်ခြင်းဟာ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပြီး ကလေးငယ်ရဲ့ နာမကျန်းဖြစ်မှုရဲ့ လက္ခဏာတစ်ခုဖြစ်နိုင်ပါတယ်။

    ဒါကြောင့် ကလေးငယ်ရဲ့ ဝမ်းသွားခြင်းကို မိဘတွေက ဂရုတစိုက်ကြည့်ဖို့ အရေးကြီးပြီး ဒီအခြေအနေကို နားလည်ဖို့ လိုအပ်ပါတယ်။

    ကလေးတွေအတွက် ပုံမှန် အူလှုပ်ရှားမှုများ

    ကလေးတွေရဲ့ ဝမ်းသွားခြင်းပုံစံကို သိထားခြင်းဟာ ဝမ်းချုပ်နေတာဟုတ်မဟုတ် ခွဲခြားဖို့ ကူညီပေးနိုင်ပါတယ်။ ကလေးငယ်တွေဟာ စားတဲ့ အစားအသောက်ပေါ်မူတည်ပြီး ဝမ်းသွားပုံ ကွာခြားကြပါတယ်။

    မိခင်နို့သောက်နေတဲ့ ကလေးငယ်တွေအတွက် တစ်ပတ်ကို တစ်ကြိမ် ထက်ပို (သို့) လျော့ပြီး ဝမ်းသွားခြင်းဟာ ပုံမှန်ဖြစ်ပြီး နို့မှုန့်တိုက်နေတဲ့ ကလေးငယ်တွေကတော့ တစ်နေ့မှာ အနည်းဆုံးတစ်ကြိမ် ဝမ်းသွားသင့်ပါတယ်။ အစာမာတွေ စားတဲ့ကလေးငယ်တွေဟာ တစ်နေ့မှာ သုံးကြိမ်မှ လေးကြိမ်အထိ ဝမ်းသွားနိုင်ပါတယ်။

    မိခင်နို့တိုက်နေတဲ့ကလေးငယ်တွေဟာ အခြားအစာတွေစားတဲ့ ကလေးငယ်တွေလို ပုံမှန်ဝမ်းသွားဖို့ မလိုပါဘူး။ ဒါပေမယ့် သူတို့ဟာ အုပ်စုသုံးစုထဲမှာ ဝမ်းချုပ်ခြင်း အဖြစ်အနည်းဆုံးအုပ်စုဖြစ်ပါတယ်။

    ဒါဟာ ဘာကြောင့်လဲဆိုတော့ မိခင်နို့ထဲမှာ အပျော်ဝင်နိုင်ဆုံး ပရိုတင်းတွေနဲ့ calcium တွေပါဝင်တာကြောင့် ကလေးအတွက် အစာကြေ လွယ်တာကြောင့် ဖြစ်ပါတယ်။

    ကလေးဝမ်းချုပ်ခြင်း ၂ မျိုး ရှိပါတယ်။

    အောက်ဖေါ်ပြပါ လက္ခဏာတွေ ရှိမယ်ဆိုရင် သင့်ကလေးမှာ ဝမ်းချုပ်ခြင်းရှိနိုင်ပါတယ်။

    ဝမ်းသွားတဲ့ အကြိမ်ရေ လျော့နည်းခြင်း

    ဝမ်းသွားရခက်တဲ့ သေးငယ်ပြီး ကျောက်ခဲလိုမာကျောတဲ့ ဝမ်းသွားခြင်း

    ဝမ်းချုပ်ခြင်းနဲ့ ဆက်စပ်နေတဲ့ ကျန်းမာရေးပြဿနာများ

    အဆိပ်ရှိတဲ့ စွန့်ပစ်ပစ္စည်းတွေကို ကလေးငယ်ရဲ့ ကိုယ်ခန္ဓါအတွင်းမှာ ပိတ်မိနေခြင်းဟာ ကိုယ်ခန္ဓါအတွက်ရော၊ စိတ်ပိုင်းဆိုင်ရာအတွက်ပါ မကောင်းပါဘူး။ ကလေးငယ်ရဲ့ အူမကြီးထဲက ဝမ်းတွေဟာ ပြန့်လာနိုင်ပြီးတော့ အူမကြီး mucosa ကို ဒုက္ခပေးနိုင်ပါတယ်။

    ရက်အနည်းငယ်အကြာမှာတော့ သူဟာ အချဉ်ဖေါက်ပြီး ပုပ်လာနိုင်ပါတယ်။ ဒီအချိန်မှာထွက်တဲ့ အဆိပ်တွေဟာ ပြင်းထန်တဲ့ အူရောင်ခြင်းကိုဖြစ်စေနိုင်ပါတယ်။

    ကလေးငယ်တွေမှာ ဝမ်းချုပ်ခြင်း ဖြစ်စေတဲ့အကြောင်းရင်းတွေနဲ့ ကုသမှုများ

    ဝမ်းချုပ်ခြင်းဟာ ကလေးငယ်တွေ မိခင်နို့သောက်နေရာမှနေပြီး အစာစတင်စားစဉ်မှာ ဖြစ်နိုင်ပါတယ်။ ကျွေးတဲ့ အစာထဲမှာပါတဲ့ ပရိုတင်းဓါတ်ဟာ အစာခြေဖို့ ခက်ခဲနိုင်ပါတယ်။ rice cereal ကို ကလေးငယ်ရဲ့ အစားအသောက်ထဲ ထည့်ကျွေးခြင်းဟာ အမျှင်ဓါတ်မလုံလောက်မှုကို ဖြစ်စေနိုင်ပါတယ်။

    ကလေးငယ်တွေကို ဝမ်းချုပ်ခြင်း သက်သာစေဖိုပ မိခင်တွေကကလေးငယ်တွေ စားတဲ့အစာထဲကို အမျှင်ဓါတ် ထည့်ကျွေးသင့်ပြီး အခြားအစာစတင်ကျွေးသင့်လားဆိုတာ ဆရာဝန်ကို မေးမြန်းသင့်ပါတယ်။

    အူမှာရှိတဲ့ ဘက်တီးရီးယားပိုးတွေ ကလေးရဲ့ကိုယ်ခန္ဓါထဲမှာ မရှိခြင်းကလည်း ဒီဘက်တီးရီးယားပိုးတွေက ရေဓါတ်ထိန်းသိမ်းပေးခြင်းကြောင့် ဝမ်းချုပ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ သူတို့မရှိရင် ဝမ်းဟာ မာပြီးခြောက်သေ့ွနိုင်ပါတယ်။

    ကလေးငယ်တွေဟာ မိခင်နို့မှ ကောင်းမွန်တဲ့ ဘက်တီးရီးယားတွေကို ရရှိပါတယ်။ ဒါကြောင့် အရည်အသွေး မကောင်းတဲ့ မိခင်နို့ (သို့) မိခင်မှာ ကောင်းမွန်တဲ့ ဘက်တီးရီးယားနည်းခြင်းတွေဟာ ကလေးငယ်တွေ ဝမ်းချုပ်ခြင်းရဲ့ အဓိက အကြောင်းရင်းတွေပဲဖြစ်ပါတယ်။

    ဒါကြောင့် ကိုယ်ဝန်မဆောင်မီ၊ ဆောင်နေစဉ်နဲ့ ဆောင်အပြီးမှာ မိခင်တွေ ကျန်းမာဖို့နဲ့ ပိုးသတ်ဆေးသုံးစွဲမှု ကန့်သတ်ဖို့ အရေးကြီးပါတယ်။

    အချို့အခြေအနေတွေမှာ ကလေးငယ်တွေရဲ့ ပြင်းထန်စွာ ဝမ်းချုပ်ခြင်းဟာ အခံရှိတဲ့ ကျန်းမာရေးအခြေအနေတွေဖြစ်တဲ့ hypothyroidism, botulism, Hirschsprung’s disease, နဲ့ metabolic disorder တွေကြောင့် ဖြစ်ပါတယ်။

    ဒါကြောင့် ဒီပြဿနာတွေ ရှိနေခဲ့ရင် သင့်ကလေးကို ဆရာဝန်ထံ တတ်နိုင်သမျှစောစော ခေါ်သွားသင့်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement