ကလေးကျန်းမာရေး

ကလေးလေး ကျန်းမာဖို့ဆိုတာ မိဘတွေအတွက် အရေးကြီးဆုံး ဆန္ဒပါ။ ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါလက္ခဏာတွေကနေ ပိုးဝင်ကူးစက်တာတွေအထိ သင့်ကလေးကျန်းမာရေးအတွက် လိုအပ်တဲ့ ဗဟုသုတအားလုံးကို ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးကျန်းမာရေး

အားဖြည့် အချိုရည် သောက်တဲ့ ကလေးတွေမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နိုင်ခြေ များပြား

အားဖြည့် အချိုရည်တွေက သောက်ချ လိုက်ရင် အင်အား ပြည့်သွားသလို ခံစားရတာ၊ အရသာလေးက ချိုချိုလေးနဲ့ အရသာ ရှိတာတွေကြောင့် ကလေးရော လူကြီးတွေပါ ကြိုက်ကြပါတယ်။  ဒါကြောင့်ပဲ အားမရှိ သလို ဖြစ်နေချိန်တွေ ပင်ပန်းပြီး ခြေကုန်လက်ပမ်း ကျနေချိန်တွေမှာ အားဖြည့် အချိုရည်တွေကို သောက်ကြတာပေါ့။ ဒီလို သောက်လိုက်တာက အားပြည့်သွား သလို ရှိပေမယ့် ကလေးတွေ အတွက်တော့ ကောင်းကျိုး မရှိသလောက် ပါပဲ။ ဒီလို ပြောရတာက အားဖြည့် အချိုရည် သောက်တဲ့ ကလေးတွေမှာ စိတ်ပိုင်း ဆိုင်ရာ ထိခိုက်နိုင်ခြေ များပြား တယ်ဆိုတဲ့ လေ့လာမှု ရလဒ် တစ်ခု ကြောင့်ပါ။  https://hellosayarwon.com/parenting/child-health/digestive-problems/food-intolerance-in-children/ အားဖြည့် အချိုရည် သောက်တဲ့ ကလေးတွေမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နိုင်ခြေ များပြား ယူကေမှာ […]

ကလေးကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးတို့အတွက်ကာကွယ်ဆေးများ

ကလေးကျန်းမာရေး ကို ရှာဖွေမည်။

အခြားကလေးကျန်းမာရေးပြဿနာများ

BMI အကြောင်း မိဘတိုင်း သိထားသင့်သော အရာများ

ကလေးများ၏ ခန္ဓါကိုယ်သည် ကြီးပြင်းလာသည်နှင့် အမျှ ပြောင်းလဲလာသည်။ မိဘများသည် သူတို့ ပိန်လွန်း သို့မဟုတ် အဝလွန်ခြင်း မဖြစ်စေရန် သူတို့၏ ကိုယ်အလေးချိန်ကို သေချာ စောင့်ကြည့်သင့်သည်။ မိဘများကို ကူညီပေးနိုင် သော အသုံးအဝင်ဆုံးနှင့် လူသိအများဆုံး နည်းလမ်းတစ်ခု မှာ BMI ဖြစ်သည်။ ဤဆောင်းပါးတွင် သင့်ကလေး ကျန်းမာရေးနှင့်အညီ BMI ချပ်ကို အကောင်းဆုံး အသုံးပြု နိုင်အောင် သင်လိုအပ်သော အချက်အလက်များကို ရေးသားထားပါသည်။   ကလေးငယ်များအတွက် BMI ခန္ဓါကိုယ်အလေးချိန် ညွှန်းကိန်း (BMI) သည် သင်၏ အလေးချိန်နှင့် အရပ်အမြင့်ကို အခြေခံပြီး ခန္ဓါကိုယ်အဆီကို တိုင်းတာခြင်း ဖြစ်သည်။ အသက် ၂၀ နှင့် အထက် အရွယ် ရောက်ပြီးသော ယောက်ျားလေး၊ မိန်းကလေးအများစုတွင် တိုင်းသည်။ BMI […]


အခြားကလေးကျန်းမာရေးပြဿနာများ

သင့်ကလေးများ အချင်းချင်း ရန်ဖြစ်သောအခါ

သင့်တွင် ကလေးများစွာ ရှိသောအခါ ကလေး တစ်ယောက်သည် အခြားတစ်ယောက်ကို ရိုက်သော အချိန် ရှိလာလိမ့်မည်။ မိဘတစ်ယောက်အနေဖြင့် သင်ဘယ်လို လုပ်သင့်သလဲ။ ကြိုတင်ကာကွယ်ထားပါ။ ကလေးများသည် တစ်ယောက်နှင့်တစ်ယောက် စိတ်ဆိုး ဒေါသထွက်နိုင်သည်။ ကလေးများသည် မောပန်းသောအခါ၊ ဆာလောင်သောအခါ သို့မဟုတ် ဒေါသထွက်သောအခါ သူတို့ ၏ စိတ်ခံစားမှုများကို ထိန်းချုပ်နိုင်စွမ်း လျော့လာသည်။ သို့သော်လည်း အများစုတွင် ရန်ဖြစ်ခြင်းသည် မနာလိုမှု ကြောင့် ဖြစ်ပွားသည်။ ထို့ကြောင့် သင်သည် ရန်ဖြစ်လိုသော လက္ခဏာကို သတိပြုမိပါက ကလေးများကို ခွဲထားပါ။ စိတ်ဆိုး နေသော တစ်ယောက်ကို ချီပြီး နှစ်သိမ့်ပေးပါ။ သူတို့ကို သနား ကြင်နာပြပါ။ သူတို့သည် အလွန်ဒေါသထွက်နေပါက ဒေါသ ပေးထွက်လိုက်ပါ။ သင်တာဆီးရန်လိုသည်မှာ ရန်ဖြစ်ခြင်းသာ ဖြစ်သည်။ ကလေး၏ ဒေါသမဟုတ်ပါ။   နာသွားသောကလေးကို အားပေးနှစ်သိမ့်ပါ။ ကာကွယ်ခြင်းလုပ်ထားသော်လည်း […]


အခြားကလေးကျန်းမာရေးပြဿနာများ

သင့်ကလေးသည် ရုပ်မြင်သံကြားကို တစ်နေကုန် ထိုင်ကြည့် သူဖြစ်နေပါက

သင့်ကလေးသည် ရုပ်မြင်သံကြားကို တစ်နေကုန် ထိုင်ကြည့် သူဖြစ်နေပါက ဒီဆောင်းပါးလေးကို ဖတ်ကြည့်ဖို့ လိုနေပါ​ပြီ မေမေဖေဖေတို့ရေ ...... ကလေး ၁၀ ယောက်မှ ၁ယောက်သည်သာ နေ့စဉ် ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှု လုံလောက်စွာ ရှိသည်ဟု လေ့လာမှု အသစ်တစ်ခုအရ ဆိုသည်။ ကျန်သော ၉၀ ရာခိုင်နှုန်းသော ကလေးမှာ ရုပ်မြင်သံကြားကို တစ်နေကုန်ထိုင်ကြည့်သူများ ဖြစ်သည်။ ပျင်းရိသော နေထိုင်မှုရှိသော ကလေးများသည် အရွယ်ရောက်လာသောအခါ အဝလွန်ခြင်း၊ နှလုံးရောဂါများ ဖြစ်နိုင်ခြေ မြင့်တတ်သည်။ ကလေးက ဘာလို့ တစ်နေကုန် ရုပ်မြင်သံကြားကို ထိုင်ကြည့်နေကြရတာလဲ ကလေးများကို ရုပ်မြင်သံကြား တစ်နေကုန် ထိုင်ကြည့် သူများ ဖြစ်လာစေသော အကြောင်းရင်း အမျိုးမျိုး ရှိသည်။ ကလေးများသည် တစ်ကိုယ်ကောင်းဆန်သော၊ လွတ်လပ်စွာ နေထိုင်လိုသောစိတ် ဖြစ်ပေါ်လာသော ကြောင့် […]


အခြားကလေးကျန်းမာရေးပြဿနာများ

ဘာကြောင့်သင့်ကလေးကို ဆွေမျိုးတစ်ယောက်အား ပွေ့ဖက် ရန် တွန်းအား မပေးသင့်သလဲ

လူများစွာသည် ငယ်စဉ်က ဆွေမျိုးတစ်ယောက်အား ပွေ့ဖက်ရန် သို့မဟုတ် နမ်းရန် မိဘများက ခိုင်းခဲ့သည်ကို မှတ်မိကြမည် ဖြစ်သည်။ ၎င်းသည် ဆွေမျိုးများအား ချစ်ခင်ရန် တန်ဖိုးထားတတ်ရန် ခိုင်းခြင်းဖြစ်သည်။ သို့သော်လည်း ယနေ့ ခေတ်တွင် ဆွေမျိုးများက ကလေးငယ်များအပေါ် လိင်ပိုင်း ဆိုင်ရာ နှောင့်ယှက်မှုနှုန်း မြင့်တက်လာနေသောကြောင့် မိဘ များသည် ထိုအပြုအမှုကို မခိုင်းခင် နှစ်ခါပြန် စဉ်းစား သင့်သည်။ တွန်းအားပေးခြင်းသည် သင့်ကလေးကို ခြိမ်းခြောက်မှုများထံ ပြသနေခြင်း ဖြစ်သည်။ ကလေးများကို လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုခြင်း အများစုတွင် အလွဲသုံးစားလုပ်သူများသည် ကလေး၏ မိသားစုနှင့် ကောင်းစွာသိသူများဖြစ်ပြီး ကလေးနှင့် မိဘများ နှင့် ဆက်ဆံရေးတွင် ယုံကြည်ထိုက်သော နေရာတွင် ရှိသူ များဖြစ်သည်။ ဆွေမျိုးများသည် ခြွင်းချက်မဟုတ်ပါ။ ဆွေမျိုး များအားလုံးသည် မကောင်းသော ရည်ရွယ်ချက် […]


ကလေးအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

သင့်ကလေးရဲ့လည်ချောင်းနာခြင်းကို ချက်ခြင်းသက်သာစေမယ့် နည်းလမ်း၇ မျိုး။

လည်ချောင်းနာခြင်းကို ချက်ခြင်းကြီးသက်သာစေမယ့်နည်းလမ်းတော့ တကယ်မရှိပါဘူး ဒါပေမယ့် သင့်ကလေးတွေ လည်ချောင်းနာခြင်းရှိခဲ့ပါက သင့်ကလေးနေလု့ိသက်သာစေဖို့အတွက် သင်လုပ်ပေးနိုင်မယ့် နည်းလမ်းတွေကတော့အများကြီးရှိပါတယ်။ တစ်ခါတစ်လေ ရိုးရှင်းတဲ့နည်းတွေက အကောင်းဆုံးပါပဲ။ သူတို့ ကို အနားယူခိုင်းဖို့နဲ့ ရေသောက်ဖို့ သေချာဂရုစိုက်ပေးပါ။ ကလေးတွေက အရည်အများကြီး ရမယ်ဆိုရင် ချွဲတွေကို ပျော်သွားစေပြီး မြန်မြန် အပြင်ထွက်စေပါတယ်။ အရည်သောက်ပေးခြင်းကလည်း လည်ပင်းနာခြင်းကို သက်သာစေပါတယ်။ သောက်နိုင်တဲ့အရည်တွေကတော့ ၁။ ရေ ကလေးတွေကိုရေအလုံအလောက်သောက်ခိုင်းဖို့ဟာ မရှိမဖြစ်လုပ်ရမယ့်အလုပ်ပါ ပြီးတော့ သူတို့နေလို့မကောင်းချိန်မှာ ရေဓါတ်ပြည့်ဝနေဖို့ကလည်း အလွန်ကိုအရေးကြီးပါတယ်။ ရေသောက်ခြင်းနဲ့ လည်ချောင်းနာခြင်းကို ဖြစ်စေမယ့်ပိုးတွေကို တိုက်ထုတ်နိုင်ပြီး ဖြစ်လာမယ့် ဓါတ်မတည့်မှုတွေကို အဝေး ကိုရှင်းလင်းထုတ်ပေးနိုင်ပါတယ်။ ကလေးတွေမှာ ရေဘယ်လောက်သောက်ဖို့လိုအပ်သလဲဆို တာ လူကြီးတွေလိုပဲ အပြောင်းအလဲရှိပါတယ်။ လူတစ်ယောက်ရဲ့လှုပ်ရှားမှု အပူချိန်နဲ့ရာသီဥတုအနေအထားပေါ်မူတည်ပါတယ်။ နောက်ပြီး အရေရွမ်းတဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်စားခြင်းအပေ်ါလည်းမူတည်ပါတယ်။ တကယ်လို့ ဆီးက များသောအားဖြင့် အရောင်ကြည်တယ်ဒါမှမဟုတ် အဝါရောင်ခပ်ဖျော့ဖျော့ရှိတယ်ဆိုပါက သင့်ကလေးဟာရေဓါတ် အလုံအလောက်ရနေတယ်ဆိုတာသိနိုင်ပါတယ်။ ၂။ […]


ကလေးကျန်းမာရေး

ကလေးများတွင် ရေဓါတ်ခန်းခြောက်ခြင်း

ကောင်းစွာ အလုပ်လုပ်နိုင်ရန် ခန္ဓါကိုယ်သည် အပူချိန် ၃၇ ဒီဂရီ ဆဲလ်စီးရပ်တွင် အမြဲတမ်းထိန်းသိမ်းထားရန် လိုအပ်သည်။ ခန္ဓါကိုယ် အပူချိန်ကို hypothalamus ဟု ခေါ်သော ဦးနှောက်ထဲရှိ အစိတ်အပိုင်းတစ်ခုတွင် အပူချိန်ထိန်းပေးသောနေရာမှ ထိန်းညှိပေးသည်။ ခန္ဓါကိုယ် အပူချိန်သည် ပုံမှန်အမှတ်မှ ကျော်သောအခါ ဦးနှောက်မှအပူချိန်လျော့စေရန် စနစ်မျိုးစုံကို လုပ်ဆောင်ချက်စတင်သည်။ ၎င်းတို့တွင် အောက်ပါတို့ပါဝင်သည်။ · အသက်မြန်မြန်ရှူခြင်း။ · အရေပြားသို့ သွေးစီးဆင်းမှုကောင်းစေခြင်း။ ကျွန်ုပ်တို့သည် ပိုနေသော အပူများကို အရေပြားမှဆင့် အပြင်သို့ ထုတ်ပစ်သည်။ ပတ်ဝန်းကျင်သည် အေးပြီး ခြောက်သွေ့လျှင် ထိုလုပ်ဆောင်ချက်သည် လွယ်ကူသည်။ သို့သော် ပူပြီး စိုထိုင်းဆများနေသော အချိန်တွင် ထိုသို့ပြုလုပ်ရန်ခက်သည်။ ထို့ကြောင့် နွေရာသီတွင် အပူနှင့် ပတ်သတ်သော ရောဂါများဖြစ်ကြသည်။ မည်သူသည်အပူနှင့် ပတ်သက်သော ရောဂါများဖြစ်နိုင်ပါသလဲ။ ယခင်က ကလေးများသည် လူကြီးများထက် အပူကြောင့် […]


အခြားကလေးကျန်းမာရေးပြဿနာများ

မိဘများကွာရှင်းခြင်း၏ ကလေးများပညာရေး၊ လူမှုရေးအပေါ်သက်ရောက်မှု

ကွာရှင်းမယ့်မိဘတွေ၊ ကလေးအုပ်ထိန်းခွင့် အငြင်းပွားမှုတွေ ကြားမှာ ပြင်းထန်တဲ့ အိမ်ထောင်ရေး ပဋိပက္ခတွေ ရှိတတ်ပါတယ်။ ကွာရှင်းမိဘတွေရဲ့ ကလေးတွေဟာ မဖြစ်မနေ ကျောင်းပြောင်းရမယ်၊ ဒါကြောင့် ကျောင်းစာတွေမှာရော၊ သူငယ်ချင်း အပေါင်းအသင်းတွေ ကြားမှာပါ နောက်ကောက်ကျတတ်ပါတယ်။   လူမှုပေါင်းသင်းဆက်ဆံရေးနိမ့်ကျခြင်း မိဘကွာရှင်းထားတဲ့ ကလေးတွေနဲ့ သူတို့ရဲ့ လူမှုပေါင်းသင်းဆက်ဆံရေး မှာ ဆက်စပ်မှုတွေ ရှိပါတယ်။ ကျွမ်းကျင်သူတွေအဆိုအရ ကွာရှင်းထားတဲ့ မိသားစုဝင်တွေဟာ အခြားသူတွေကို ယုံကြည်ဖို့ ခက်ခဲကြပါတယ်။ ဒါကြောင့်လည်း လူမှုဝန်းကျင်မှာ အဆက်အသွယ် နည်းကြပါတယ်။ အထူးသဖြင့် ကလေးတွေဟာ မိဘတွေကွာရှင်းပြီးနောက်မှာ ပတ်ဝန်းကျင်နဲ့ အဆက်အဆံ မလုပ်ချင်ကြတော့ပါဘူး။ နောက်ပိုင်း အရေးကြီးတဲ့ ဆက်ဆံရေးတွေ (အိမ်ထောင်ဖက်၊ သူငယ်ချင်း)ထူထောင်ရာမှာ အခက်အခဲ ရှိလာမှာပါ။ ပညာရေး မိဘကွာရှင်းထားတဲ့ကလေးတွေမှာ ပညာရေးဆိုင်ရာ ပြဿနာတွေ ရှိလာနိုင်ပါတယ်။ ဆိုးသွမ်းလာတာ၊ ကျောင်းမှာ ဆရာ၊ဆရာမတွေ၊ ကျောင်းအာဏာပိုင်တွေ၊ ရဲတွေနဲ့ ပြဿနာတက်တာမျိုးတွေ […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးတွေမှာ ကယောင်ကတမ်းဖြစ်ခြင်း

ယခုအခါ ကယောင်ကတမ်းဖြစ်ခြင်းသည် ကလေးအတွက် ပြင်းထန်သောပြဿနာဖြစ်သည်။ ပုံမှန် သင့်ဦးနှောက်သင်္ကေတများ ရယူခြင်းပြန်ပို့ခြင်း မကောင်းသောအခါတွင်ဖြစ်သည်။ ထိုမကောင်းမှုက ဦးနှောက် ထိခိုက် လှုပ်ဆောင်မှုမူမမှန်ခြင်းစသည့် အကြောင်းများစွာကြောင့်ဖြစ်နိုင်သည်။ အရေးကြီးသောအကြောင်းမှာ မိဘတိုင်း ကလေးတွင်ဖြစ်နိုင်သော စိတ်ကယောင်ကတမ်းဖြစ်ခြင်းအတွက်ပြင်ဆင်ထားသင့်သည်။   စိတ်ကယောင်ကတမ်းဖြစ်ခြင်းဆိုတာဘာလဲ။ ဖျားခြင်း၊ အဆိပ်တတ်ခြင်းနှင့် အခြားမကောင်းသည့်အချိန်တွင် ဖြစ်သောအလွန် စိတ်ရှုပ်စရာကောင်းသည့်အခြေအနေဖြစ်ပြီး ဂနာမငြိမ်ခြင်း၊ အထင်မှားခြင်း၊အတွေးအပြောများမထိန်းနိုင်ခြင်းတို့ဖြစ်နိုင်သည်။ ထိုအရာကို ရုတ်ချည်းဖြစ်သော စိတ်ရှုပ်ထွေးသောကာလဟုခေါ်သည်။ စိတ်ကယောင်ကတမ်းဖြစ်ခြင်းကို ဖြစ်စေသောအရာများကဘာလဲ။ ဖြစ်စေသော ရောဂါသို့မဟုတ် နေမကောင်းခြင်းက ပြင်းထန်သော စိတ်ကယောင်ကခြားဖြစ်ခြင်းကိုဖြစ်စေသည်။ ဆေးအသုံးများခြင်းကလည်း ဖြစ်စေနိုင်သည်။ အခြားသောဖြစ်စေသည့်အရာ ဥပမာ အဖျားကြီးခြင်း၊ ခေါင်းထိခြင်း၊ ရေဓာတ်ဆုံးရှုံးခြင်း၊ အဆိပ်မိခြင်း၊ အိပ်ရာထချိန်မှားခြင်းတို့က ကလေးတွင် စိတ်ကယောင်ကတမ်းဖြစ်စေသည်။ စိတ်ကယောင်ကတမ်းဖြစ်ခြင်း လက္ခဏာတွေကဘာလဲ။ အချို့သော လက္ခဏာများက စိတ်ကယောင်ကတမ်းဖြစ်ခြင်းတွင် အဖြစ်များပြီး အချို့လက္ခဏာများက စိတ်ကယောင်ကတမ်းဖြစ်သည်ဆိုသောလက္ခဏာများဖြစ်သည်။ ထိုအရာများတွင် စိတ်ရှုပ်ထွေးခြင်း၊ သူတို့ဘယ်မှာမှန်းမသိခြင်း၊ ဘယ်ရက်မှန်းမသိခြင်း၊ ဘယ်သူနှင့်ရှိနေမှန်း၊ ဘာလို့ရှိနေမှန်း မသိခြင်းဖြစ်နိုင်သည်။ […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးငယ်များတွင် အရိုး၊အဆစ်နဲ့ကြွက်သားများ ဒဏ်ဖြစ်ခြင်း

လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ စက်ဘီးစီးခြင်း သို့မဟုတ် အိမ်သန့်ရှင်းရေးတို့ပြုလုပ်ပါက သင်အရိုးကြွက်သားနှင့်အဆစ်တို့ကိုအသုံးပြုရပါလိမ့်မယ်။ ဒီအရေးကြီးသောအပိုင်းတွေမရှိဘူးဆိုရင် ကျွန်ုပ်တို့သည် မတ်တတ်ရပ်ခြင်း၊ လမ်းလျှောက်ခြင်း ခုန်ခြင်း သို့မဟုတ် သက်တောင့်သက်သာထိုင်ခြင်းတို့ကိုတောင်လုပ်နိုင်မှာမဟုတ်ပါ။ ဒါပေမယ့် အရိုးက သန်မာသလောက်ကျိုးလွယ်သည်။ ကြွက်သားများအားနည်းခြင်း နှင့် အဆစ်( အရွတ် (အရိုးနုတွယ်ဆက်အရာ) ) များက ထိခိုက်မှု သို့မဟုတ် ရောဂါဖြစ်ပါက ပျက်စီးနိုင်သည်။   ၁။ အရိုး အဆစ် ကြွက်သားတို့ရဲ့လုပ်ဆောင်ချက်ကဘာလဲ။ အရိုးသည်ခန္ဓါကိုယ်ရှိပြောင်းလဲနေသောတစ်ရှုးဖြစ်ပြီး လုပ်ဆောင်ချက်များစွာရှိသည်။ အရိုးများစုပြီး အရိုးစုဖြစ်စေသည်။ အရိုးစု ကြွက်သား အရွတ် တွယ်ဆက်ပစ္စည်း နှင့် အခြားအဆစ်ပါဝင်ပစ္စည်းများက ကြွက်သားအရိုးစုစနစ်ကိုဖြစ်စေတာပါ။ အရိုးစုက သန်မာခြင်း တည်ငြိမ်ခြင်းကိုဖြစ်စေပြီး ကြွက်သားများက လှုပ်ရှားမှုပြုလုပ်ရန်အထောက်အကူပြုပေးပါတယ်။ အရိုးက အတွင်းရှိကလီစာများကိုကာကွယ်ပေးသည့် အလုပ်ကိုလည်းလုပ်ဆောင်ပေးပါသေးတယ်။ ကြွက်သားများက အဆစ်ကိုဆွဲပြီးလှုပ်ရှားစေတယ်။ ဒါတွေအပြင် ခန္ဓါကိုယ်ကြီးထွားခြင်း၊ သန်မာခြင်း( ဥပမာ - အစာဝါးခြင်း […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးသီးခြင်း

ကလေးများနှင့်ငယ်သောကလေးများသည်လူ့လောကအကြောင်းများစွာသိလိုကြသည်။ သူတို့ကအရာဝတ္ထုများကိုပါးစပ်ထဲ ထည့်တတ်ကြသည်။ အထူးသဖြင့် တစ်နှစ်မှငါးနှစ်။ သို့သော် လေပြွန်မှာပိတ်ပြီး သီးတတ်သည်။ ကလေးကသီးနေပါက အရာဝတ္ထုတစ်ခုက လေပြွန်တွင်ပိတ်နေသည်ဟုဆိုလိုပြီး ချောင်းကောင်းကောင်းဆိုးက ပြန်ထွက်လာနိုင်သည်။ သီးခြင်းက ဦးနှောက်သို့ရောက်သော အောက်စီဂျင်ကိုဖြတ်တောက်လောက်နိုင်သောကြောင့် ရှေးဦးကုထုံးကိုတတ်နိုင်သမျှစောစောပေးသင့်သည်။   ၁။ ကလေးတွင်သီးခြင်းဆိုတာဘာလဲ။ သီးခြင်းသည် အရာ ဥပမာစကျင်ကျောက် ပုတီးစေ့ ကြယ်သီး ဘက်ထရီများလည်ချောင်းတွင်ပိတ်ပြီး ကလေးမှ အသက်ကောင်းစွာမရူနိုင်တော့ခြင်းကိုခေါ်သည်။   ၂။ ဘယ်အရာတွေကသီးခြင်းကိုဖြစ်စေသလဲ။ ကလေးသီးခြင်းဖြစ်စေသောအကြောင်းများစွာရှိသည်။ စားသောက်တာမြန်ခြင်း နှင့် အစာကိုကောင်းစွာမဝါးခြင်းတို့ကြောင့်ဖြစ်နိုင်သည်။ မသင့်တော်သော သွားအတုကိုမြိုချမိခြင်းတို့ကြောင့်လည်းဖြစ်နိုင်သည်။ သတိမေ့နေချိန် အန်ဖက်တို့ကိုရူသွင်းမိခြင်းကြောင့်လည်းဖြစ်နိုင်သည်။ ခေါင်းနှင့်မျက်နှာကိုထိခိုက်ခြင်း(ဥပမာ ယောင်ခြင်း သွေးထွက်ခြင်း သို့မဟုတ် ပုံမမှန်ခြင်းကြောင့်လည်းသီးခြင်းဖြစ်နိုင်သည်) လေဖြတ်ပြီး မြိုချရန်ပြသာနာများရှိပါကလည်းဖြစ်နိုင်သည်။ အာသီးကြီးခြင်း သို့မဟုတ် လည်ချောင်းရှိ အကျိတ်များကြီးခြင်းကြောင့်လည်းဖြစ်နိုင်သည်။ အစာမြိုပြွန်ပြနာနာရှိခြင်းကြောင့်လည်းဖြစ်နိုင်သည်။   ၃။ ကလေးတွင်ဖြစ်သော သီးခြင်းလက္ခဏာတွေကဘာလဲ။ သီးသောကလေး၏အန္ဓါရာယ်ရှိသောလက္ခဏာများမှာ။ အသက်မရူနိုင်တော့ခြင်း အသက်ရူနေချိန် အသံထွက်နေခြင်းတို့ဖြစ်သည်။ မငိုနိုင်ြခ်ငး သို့မဟုတ် အသံမထွက်နိုင်ခြင်း။ ကလေးမျက်နှာလည်းပြာသွားခြင်းဖြစ်နိုင်သည်။ သူ့လည်ပင်းကိုစုပ်ကိုင်ပြီး လက်ပြနေလိမ့်မည်။ တဖြည်းဖြည်းနှင့်သတိလစ်သွားနိုင်သည်။ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း