ကလေးကျန်းမာရေး

ကလေးလေး ကျန်းမာဖို့ဆိုတာ မိဘတွေအတွက် အရေးကြီးဆုံး ဆန္ဒပါ။ ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါလက္ခဏာတွေကနေ ပိုးဝင်ကူးစက်တာတွေအထိ သင့်ကလေးကျန်းမာရေးအတွက် လိုအပ်တဲ့ ဗဟုသုတအားလုံးကို ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးကျန်းမာရေး

အားဖြည့် အချိုရည် သောက်တဲ့ ကလေးတွေမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နိုင်ခြေ များပြား

အားဖြည့် အချိုရည်တွေက သောက်ချ လိုက်ရင် အင်အား ပြည့်သွားသလို ခံစားရတာ၊ အရသာလေးက ချိုချိုလေးနဲ့ အရသာ ရှိတာတွေကြောင့် ကလေးရော လူကြီးတွေပါ ကြိုက်ကြပါတယ်။  ဒါကြောင့်ပဲ အားမရှိ သလို ဖြစ်နေချိန်တွေ ပင်ပန်းပြီး ခြေကုန်လက်ပမ်း ကျနေချိန်တွေမှာ အားဖြည့် အချိုရည်တွေကို သောက်ကြတာပေါ့။ ဒီလို သောက်လိုက်တာက အားပြည့်သွား သလို ရှိပေမယ့် ကလေးတွေ အတွက်တော့ ကောင်းကျိုး မရှိသလောက် ပါပဲ။ ဒီလို ပြောရတာက အားဖြည့် အချိုရည် သောက်တဲ့ ကလေးတွေမှာ စိတ်ပိုင်း ဆိုင်ရာ ထိခိုက်နိုင်ခြေ များပြား တယ်ဆိုတဲ့ လေ့လာမှု ရလဒ် တစ်ခု ကြောင့်ပါ။  https://hellosayarwon.com/parenting/child-health/digestive-problems/food-intolerance-in-children/ အားဖြည့် အချိုရည် သောက်တဲ့ ကလေးတွေမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နိုင်ခြေ များပြား ယူကေမှာ […]

ကလေးကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးတို့အတွက်ကာကွယ်ဆေးများ

ကလေးကျန်းမာရေး ကို ရှာဖွေမည်။

အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးသူငယ်ညှင်းပန်းနှိပ်စက်မှု အားမည်သို့ကိုင်တွယ်ဖြေရှင်းရမည်နည်း

ကလေးသူငယ်ညှင်းပန်းနှိပ်စက်မှု အားမည်သို့ကိုင်တွယ်ဖြေရှင်းရမည်နည်း အရွယ်ရောက်သူများဆိုသည်မှာ ကလေးများအားကူညီရန်နှင့် အားပေးရန်သာဖြစ်သည်မဟုတ်ပါလော?အရွယ်ရောက်သူများသည် ကလေးများအားစောင့်ရှောက်ကာ ဘယ်လိုနေထိုင်ပြုမူစားသောက်ရသည်ကိုသင်ကြားကာ ကောင်းသောအလုပ်များကို လုပ်ရန်အားပေးအားမြှောက်ပြုရသည်သာဖြစ်သည်။ အရွယ်ရောက်သူအများစုသည် ကလေးများအားကောင်းမွန်စွာဆက်ဆံကြသော်လည်း အချို့မှာ ကလေးများကို ကူညီသင်ကြားခြင်းထက် စာလျှင်နာကျင်အောင်ပြုလုပ်ကြသည်။ ထိုသို့နာကျင်အောင်တစ်စုံတစ်ယောက်အားပြုလုပ်ခြင်းကို ညှင်းပန်းနှိပ်စက်ခြင်းဟုခေါ်သည်။ ကလေးသူငယ်များအား ညှင်းပန်းနှိပ်စက်ခြင်း သည်မည်သည့်နေရာတွင်နေသည့်ကလေးများပင်ဖြစ်စေ၊မည်မျှထိုကလေးများ၏မိဘများသည်ချမ်းသာသည်ဖြစ်စေ၊မည်သို့သောသူများနှင့် အတူနေထိုင်သည်ဖြစ်စေ ဖြစ်ပွားနိုင်သည်။ ကလေးတစ်ယောက်သည် သူ၏မိဘ(သို့)ပထွေး(သို့)မိထွေး (သို့) မိသားစုဝင်တစ်ဦးဖြစ်စေ၊ဆရာ၊ဆရာမ၊နည်းပြ (သို့)ကလေးထိန်း၊(သို့)ပိုအရွယ်ကြီးမားသောကလေးတယောက်မှဖြစ်စေညှင်းပန်းနှိပ်စက်ခံရနိုင်သည်။ ကလေးသူငယ်ညှင်းပန်းမှုသည် မည်သည့်နေရာတွင်မဆိုဖြစ်ပွားနိုင်သည်။ဥပမာ အိမ်၊ကျောင်း၊ကလေးစောင့်ရှောက်ရေးနေရာ(သို့) ချက်ကျောင်း(သို့)အခြားသော ဘာသာရေးအဆောက်အအုံများတွင်ဖြစ်ကြသည်။ ချက်ချင်းအကြောင်းကြားပါ ပြင်းထန်စွာ နှိပ်စက်ခံထားရသော ကလေးသည်လည်း ယုံကြည်ရသော လူကြီးတစ်ယောက်ကို ချက်ချင်းအကြောင်းကြားသင့်ပါသည်။ သို့သော်လည်း ညှင်းပန်းသူသည် ကလေးအား ထိုအကြောင်းလျှောက်မပြောပဲ တိတ်ဆိတ်စွာနေရန် ခြောက်လှန့်ချိန်းချောက်ထားနိုင်သောကြောင့် ထိုကဲ့သို့အကြောင်းကြားရန်မှာခဲယဉ်းသည်။ ညှင်းပန်းသူသည်မည်ကဲ့သို့ပင် ဆိုပါစေ ညှင်းပန်နှိပ်စက်မှုသည်အမြဲမှားပြီး ကလေးတယောက်သည် နည်းမျိုးစုံ အကူအညီရရန် တောင်းဆိုနိုင်သည်။ ယုံကြည်ရသောလူကြီးတစ်ယောက်ကိုမသိ၍မပြောပြနိုင်သော (သို့) မိဘ(သို့)တယောက်ယောက်အားစိတ်ဆိုးသွားစေမည်ကို စိုးရိမ်နေသည့်ကလေးငယ်များသည် သက်ဆိုင်ရာသို့ ဖုန်းဆက်ကာအကူညီတောင်းနိုင်သည်။ အကယ်၍တစုံတယောက်သည် ညှင်းပန်းနှိပ်စက်ခံနေရသည်ဟု […]


အခြားကလေးကျန်းမာရေးပြဿနာများ

ဆပ်ပြာ အဆိပ်သင့်ခြင်း - ကလေးတွေအတွက် ဆပ်ပြာပူဖောင်း အန္တရာယ်

ဆပ်ပြာဆိုတာ ကိုယ်ခန္ဓာ၊ အိမ်ထောင်ပရိဘောဂ ဒါမှမဟုတ် ညစ်ပေနေတဲ့ အရာတွေကို သန့်ရှင်းစေဖို့ အသုံးပြုတဲ့ ပစ္စည်းတစ်ခုပါ။ အရည်ပုံစံ၊ အခဲပုံစံနဲ့ တစ်ခါတလေ သင်းပျံ့တဲ့အနံ့ပါပြီး ရေ၊ ရေမြှုပ်အပိုင်းတွေနဲ့ ပွတ်တိုက်တဲ့အခါ အမြှုပ်အများကြီးကို ဖြစ်စေပါတယ်။ ဆပ်ပြာပူစီဖောင်းလေးတွေနဲ့ ဆော့ရတာ ဘယ်သူမကြိုက်ဘူးလဲ။ အဓိက ကလေး၊ ဆယ်ကျော်သက်တွေနဲ့ တချို့ အရွယ်ရောက်ပြီးသားသူတွေ သဘောကျကြပါတယ်။ နွေပိတ်ရက် အိမ်နောက်ဖက် ကွင်းပြင် ဒါမှမဟုတ် ကမ်းခြေမှာ ကလေးတွေခေါ်ပြီး ကောင်းကင်ဆီ ပူစီဖောင်းတွေ မှုတ်၊ သူတို့လေးတွေကို လိုက်ဖောက်ခိုင်း၊ အဲ့လို ကစားရရင် ပျော်စရာ မကောင်းဘူးလား။ နောက်တစ်မျိုးပြောရရင် ရေချိုးခန်းမှာ ကလေးတွေကို ဆော့ရင်း ဆပ်ပြာတိုက်ပေးရင်းနဲ့ ခန္ဓာကိုယ်ကို ဘယ်လို စနစ်တကျ တိုက်ချွတ်ရလဲ သင်ကြားပေးလို့ရပါတယ်။ အဝတ်လျှော်စက်မသုံးပဲ ဒီအတိုင်း လက်နဲ့ အဝတ်လျှော်ရင်း သင့်ကလေးတွေနဲ့ […]


အခြားကလေးကျန်းမာရေးပြဿနာများ

သင့်ကလေးများ ပါဝါ မျက်မှန် တပ်ဆင်ဖို့လိုအပ်နေပြီဟု သိနိုင်သော လက္ခဏာများ

ကျွန်ုပ်တို့ဟာ တိုးတက်လာသော နည်းပညာများနှင့် အတူနေထိုင်နေကြပါတယ်။ ကလေးများဟာလည်း နည်းပညာသုံး စက်ကိရိယာများနဲ့ မကင်းကွာကြတော့ပါဘူး။ သို့သော် ထိုပစ္စည်းများကို အသုံးပြုလွန်ပါက နောက်ဆက်တွဲ ဆိုးကျိုးများစွာကို ဖြစ်စေနိုင်ပါတယ်။ ထိုအနက်မှ တစ်ခုမှာ အဝေးမှုန်ခြင်းပဲ ဖြစ်ပါတယ်။ ကလေးများ ဘာလို့ ပါဝါမျက်မှန် တပ်ဆင်ဖို့ လိုအပ်လာပါသလဲ။ ယနေ့ခေတ်တွင် ကလေးအများစုဟာ ဟန်းဖုန်း၊ ကွန်ပျူတာ၊ တီဗွီ စသည်တို့ကို နေ့စဉ် အသုံးပြုလာကြပါတယ်။ အချိန်အားသည်နှင့် ထိုကိရိယာများသုံးကာ ဂိမ်းဆော့ခြင်း၊ ဇာတ်လမ်းကြည့်ခြင်းတို့ဖြင့် အချိန်ကုန်လေ့ရှိကြသည်။ ထိုကိရိယာများတွင် သံလိုက်ဓာတ်လွှင့်နေရာလေး ပါရှိပါတယ်။ ထိုကိရိယာများကို အချိန်ကြာမြင့်စွာ အသုံးပြုပါက မျက်လုံးများ ထိခိုက်နိုင်ပါတယ်။ အဝေးရှိ အရာများကို သေချာပြတ်သားစွာ မမြင်နိုင်ဘဲဖြစ်တတ်ပါတယ်။ မြင်ကွင်းဟာ ဝေဝါးနေပြီး အရာဝတ္ထုများရဲ့ တည်ရှိရာကို သေချာစွာ မမြင်နိုင်တော့ပေ။ အဝေးမှုန်သော ကလေးများဟာ တီဗွီ […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးများတွင် ဆံပင်ကျွတ်ခြင်း

အရွယ်ရောက်သူများတွင်သာမကပဲ ကလေးများတွင်လည်း နေ့စဉ် ဆံပင်ကျွတ်ခြင်း ဖြစ်နိုင်ပါသည်။ သို့သော် ကလေးများတွင် ဆံပင်ကျွတ်ခြင်းသည် ကလေးဆရာဝန်ထံ လာပြသမျှ လူနာစုစုပေါင်း၏ ၃ရာခိုင်နှုန်းခန့်သာ ရှိပြီး အောက်ပါ အခြေအနေများ ကြောင့်ဖြစ်ရပါသည်။ ကလေးများတွင် ဆံပင်ကျွတ်ရသော အကြောင်းရင်းများ ကလေးများတွင် ပုံမှန်ထက် ဆံပင်ကျွတ်နေရခြင်းမှာ အကြောင်းရင်းများစွာ ရှိနိုင်ပါသည်။ ယင်းအကြောင်းရင်းများကို အောက်တွင် ဆက်လက်လေ့လာနိုင်ပါသည်။ Tinea capitis ဦးရေပြားပွေး သို့မဟုတ် ဒက် ဟုခေါ်ဆိုနိုင်ပြီး ကလေးများတွင် အလွန်ဖြစ်ပွားလွယ်သော ရောဂါ ဖြစ်ပါသည်။ ပုံစံ အမျိုးမျိုးနှင့် တွေ့ရနိုင်ပြီး ဆံပင်ကျွတ်ပြီး အနာဖေးများ ကွာနေသော ပုံစံမှာ စက်ဝိုင်းပုံ သို့မဟုတ် ဘဲဥပုံရှိပါသည်။ ဦးရေပြားမှ ဆံပင်များ လွယ်တကူ ကျွတ်ထွက်တတ်ပြီး ယင်းကို မျက်တောင်မွေးများ နှင့် မျက်ခုံးတွင်ပါ တွေ့ရနိုင်ပါသည်။ ဤရောဂါ ဆရာဝန်များက  မှိုသတ်ဆေး […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေး အသားဝါ

ကလေးအသားဝါခြင်းသည် ရောဂါမဟုတ်ဘဲ လက္ခဏာ တစ်ရပ် သာ ဖြစ်ပါသည်။ အသားဝါဟု ဆိုရာတွင် အရေပြားနှင့် မျက်စိ အဖြူသားများ အဝါရောင် သန်းနေခြင်းကို ဆိုပါသည်။ ရောဂါ မဟုတ်ဟု ဆိုထားသော်လည်း သင့်အနေဖြင့် သင့်ကလေး အသားဝါနေပါက သတိထားရန် လိုအပ်ပါမည်။ အများအားဖြင့် အသားဝါခြင်းသည် လသားများတွင် အတွေ့ရများပါသည်။ အန္တရာယ် မရှိတတ်ပါ။ အသားဝါသည် လသားကလေးများတွင် ဖြစ်ရခြင်းသည် ကလေး၏ သွေးထဲတွင် Bilirubin များလာခြင်းကို ဖော်ပြပါသည်။ ကလေးများတွင် အသားဝါဖြစ်စေသော အကြောင်းရင်းများ သွေးနီဥလေးများသည် ခန္ဓါကိုယ်တွင်း ပုံမှန်အတိုင်း ပြိုကွဲရာမှ bilirubin ကို ထုတ်လုပ်ပေးပါသည်။ ယင်း Bilirubin ကို အသည်း တွင် ဆက်လက်ချေဖျက်ပါသည်။ သန္ဓေသားဘဝတွင်မူ ယင်းသို့ ချေဖျက်သည့် အလုပ်ကို အမေ၏ […]


ကလေးအစာခြေစနစ်ပြဿနာများ

ကလေးများတွင် ဝမ်းချုပ်ခြင်း

ကလေးများတွင် ဝမ်းချုပ်ခြင်း သည် အတွေ့ရများသော ပြဿနာ ဖြစ်ပါသည်။ ထို့ကြောင့် သင့်ကလေးများ ဝမ်းချုပ်နေပါက အသင့်တော်ဆုံး အဖြေရှာနိုင်ရန် တင်ပြထားပါသည်။ ကလေးများတွင် ဝမ်းချုပ်ခြင်း ရဲ့ ရောဂါလက္ခဏာများ ရောဂါလက္ခဏာများမှာ တစ်ပတ်လျှင် သုံးကြိမ်အောက်သာ ဝမ်းသွားခြင်း၊ ဝမ်းမာခြင်း၊ ခြောက်ခြင်း၊ ဝမ်းသွားရခက်ခဲခြင်း၊ ဝမ်းသွားလျှင် နာကျင်ခြင်းနှင့် ဝမ်းသွားလျင် စမြင်းတုံးခံခြင်း စသည်တို့ ဖြစ်ပါသည်။ ထို့ပြင် အခြားလက္ခဏာများ အနေဖြင့် လေထိုးခြင်း၊ အစာအိမ်အောင့်ခြင်း၊ လေပွခြင်း၊ ဗိုက်နာခြင်း စသည်တို့လည်း ဖြစ်နိုင်သည့်အပြင် ဝမ်းအတုံးပေါ်တွင် သွေးစ များပါလာတတ်ပါသည်။ ဝမ်းချုပ်ခြင်းတွင် ရှုပ်ထွေးစေတတ်သော ပြဿနာမှာ ဝမ်းပျက် ခြင်း ဖြစ်ပါသည်။ ဝမ်းပျက်ရခြင်းမှာ စမြင်းတုံး အလွန်ကြီးသောအခါ ဝမ်းသွားသည့် လမ်းကြောင်းကို ပိတ်ဆို့ပြီး အရည်ဝမ်း အနည်းငယ်သာ ထွက်နိုင်သောကြောင့် ဖြစ်ပါသည်။ ထို့ပြင် စမြင်းတုံးကို ကျော်အောင် ညှစ်ပြီးသွားရသည့်အခါ […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးများတွင်ဖြစ်တတ်သော သွေးတိုးရောဂါ

သွေးတိုးတယ်ဆိုတာ ဘာလဲ? သွေးတိုးရောဂါကို hypertension လို့လည်းခေါ်ပြီး သွေးကြောတွင်းဖိအားက တက်လာကာ သွေးကြောနံရံကို တွန်းကန်တဲ့အခါ ဖြစ်ပေါ်ပါတယ်။ နှလုံးဟာ သွေးလွှတ်ကြောနှင့် စီးဆင်းနေတဲ့ သွေးတွေကနေ လာတဲ့သွေးကို ညှစ်နေတာကြောင့် သွေးဖိအားဟာ မိနစ်တိုင်း အမြဲပြောင်းနေတတ်ပါတယ်။ ကလေးအတွက် သွေးတိုးရောဂါကို လိင်တူ၊ အသက်အရွယ်နှင့် အရပ်တူနေသော အခြားကလေး 95 ရာခိုင်နှုန်းနဲ့ တူညီတဲ့ သို့မဟုတ် ပိုကြီးတဲ့ သွေးဖိအားရှိခြင်းအဖြစ် သတ်မှတ်ထားပါတယ်။ ကလေးတွေက ကြီးထွားလာပြီး သွေးဖိအားကလည်း ပြောင်းလဲတတ်တာကြောင့် ကလေးတွေအတွက် ပုံမှန်သွေးပေါင်ချိန် သတ်မှတ်ဖို့ ခက်ခဲတတ်ပါတယ်။ သင့်ဆရာဝန်က တခြားကလေးတွေရဲ့ပုံမှန်သွေးပေါင်ချိန်နှင့် သင့်ကလေး၏သွေးဖိအားကို နှိုငိးယှဉ်ပါလိမ့်မယ်။ ကလေးများအတွက် သွေးဖိအားများနိုင်တဲ့ အန္တရာယ် အများအပြား ရှိပါတယ်။ အရွယ်ရောက်ပြီးသူတွေလိုပဲ အဝလွန်ခြင်း၊ အာဟာရချို့တဲ့ခြင်းနှင့် လေ့ကျင့်ခန်းမလုပ်ခြင်း စတာတွေဖြစ်ကြပါတယ်။ လူနေမှုပုံစံ ပြောင်းလဲပေးတာက ကလေးတွေအတွက်သွေးတိုးခြင်းကိုလျှော့ချဖို့ ကူညီပေးနိုင်ပါတယိ။ […]


အခြားကလေးကျန်းမာရေးပြဿနာများ

သင့်ကလေး သွေးပေါင်ကျခြင်း နှင့် ပတ်သက်ပြီးသိစရာအချက်များ

ကလေးတွေမှာဖြစ်တတ်တဲ့ သွေးပေါင်ချိန်ကျရောဂါဆိုတာကဘာလဲ? သွေးဖိအား ပုံမှန်ထက်နိမ့်သည့်အခါ hypotension အဖြစ်သတ်မှတ်နိုင်ပါတယ်။ ရလဒ်အဖြစ် နှလုံး၊ ဦးနှောက်နဲ့ ခန္ဓာကိုယ်ရဲ့ အခြားအစိတ်အပိုင်းများ အလုပ်လုပ်ဖို့ လုံလောက်တဲ့သွေးပမာဏရတော့မှာ မဟုတ်ပါ။ သွေးဖိအားဆိုတာ လူတစ်ဦးနဲ့ တစ်ဦး ကွဲပြားပေမယ့် သွေးပေါင်ချိန်ကျတဲ့ လူတွေမှာ များသောအားဖြင့် အပေါ်သွေး 100 mmHg ထက်နိမ့်လေ့ရှိကြပါတယ်။ ဖြစ်လေ့ရှိတဲ့ ပမာဏကတော့ 90 / 60mmHg အောက်ကို နိမ့်လေ့ရှိပါတယ်။ ပြဒါးတိုင်မှာ အပေါ်သွေး(systolic )90 mm Hgနဲ့အောက် သို့မဟုတ် အောက်သွေး(diastolic) 60 mmHg နဲ့အောက်ကို သွေးဖိအားနည်းတယ်လို့ သတ်မှတ်ထားပါတယ်။ ကလေးများအတွက် သွေးဖိအားနည်းတာက ကုသလို့ရပါတယ်။ သို့သော်အရေးကြီးတာက ဖြစ်စေတဲ့ အကြောင်းရင်းကို သေချာသိဖို့နဲ့ ဆေးသေချာပေးဖို့လိုပါတယ်။ ဖြစ်စေတဲ့ အကြောင်းရင်းများ ကလေးတွေမှာဖြစ်တတ်တဲ့ သွေးပေါင်ချိန်ကျရောဂါကို ဖြစ်စေတဲ့ အကြောင်းရင်းများ က ဘာတွေလဲ? အချက်များစွာရှိပါတယ်။ […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးသွေးတိုးသည့်အခါ မိဘများသိသင့်သည့် အချက်များ

ကလေးတွေမှာဖြစ်တတ်တဲ့ သွေးတိုးရောဂါဆိုတာ ဘာလဲ? ကလေးအတွက် သွေးတိုးရောဂါကို လိင်တူ၊ အသက်အရွယ်နှင့်အမြင့်တူနေသော အခြားကလေးတွေ 95 ရာခိုင်နှုန်းနဲ့တူညီ သို့မဟုတ် ပိုကြီးတဲ့ သွေးဖိအားရှိတဲ့ ကလေး တွေပေါ်မူတည်ပြီး သတ်မှတ်ထားပါတယ်။ အသက်၁၀နှစ်အောက် ကလေးတွေမှာဖြစ်တတ်တဲ့ သွေးတိုးရောဂါဟာ အများအားဖြင့် အဝလွန်ခြင်း ၊မကောင်းမွန်တဲ့ အစားအစားစားရခြင်း၊ လေ့ကျင့်ခန်းမလုပိခြင်း စတဲ့ ကျန်းမာရေးဆိုင်ရာ ပြသနာတွေကြောင့် ဖြစ်ရပါတယ်။   ဖြစ်စေတတ်သော အကြောင်းရင်းများ ကလေးတွေမှာဖြစ်တတ်တဲ့ သွေးတိုးရောဂါကို ဖြစ်စေနိုငိတဲ့ အကြောင်းရင်းတွေက ဘာတွေလဲ? အောက်ပါအချက်များနဲ့ ဆက်စပ်နေပါတယ် - - အဝလွန်ခြင်း - လေ့ကျင့်ခန်းမလုပိခြင်း - မကောင်းမွန်တဲ့ အစားအစားစားရခြင်း - မိသားစုထဲမှာ သွေးတိုးရာဇဝင်ရှိခြင်း စတာတွေဖြစ်ပါတယ်။ ဖြစ်ပွားနှုန်းများစေတဲ့ အချက်များက ဘာတွေလဲ? ကလေးတွေမှာဖြစ်တဲ့ သွေတိုးရောဂါက နောက်ခံကျန်းမာရေး ပြသနာ ၊ဗီဇ၊ လူနေမှုပဲုစံတွေပေါ်မူတည်ပါတယ်။ လက္ခဏာများ ကလေးတွေမှာဖြစ်တဲ့ သွေတိုးရောဂါလက္ခဏာတွေက ဘာတွေလဲ? ယေဘုယျအားဖြင့်ကလေးတွေမှာဖြစ်တတ်တဲ့ သွေးတိုးရောဂါဟာလက္ခဏာ သေချာမပြပါ။ ဒါပေမယ့် ဖြစ်ပွားသူ […]


ကလေးအစာခြေစနစ်ပြဿနာများ

ဝမ်းလျှောနေတဲ့ ကလေးငယ်ကိုပြုစုစောင့်ရှောက်နည်း

လူရယ်လို့ဖြစ်လာရင် အနာေရာဂါနဲ့မကင်းပါဘူး။မွေးကင်းစဘေဘီလေးတွေကစလို့ ဖိုးဖိုးဖွားဖွားတွေအထိ ကိုယ်တွင်း ကိုယ်ပမှာ အနာရောဂါတွေ ခံစားကြရပါတယ်။ ရာသီဥတုအနေအထားကြောင့်ခံစားရတဲ့ရောဂါတွေရှိနိုင်သလို အစားအသောက်ကြောင့်ဖြစ်တဲ့ရောဂါတွေလည်းရှိပါတယ်။ ဒီရောဂါတွေထဲကမှာ အိမ်ရဲ့ အချစ်ဆုံးဘေဘီလေးတွေမှာ ဝမ်းလျှောတာမျိုးဖြစ်ခဲ့ရင် ဘယ်လိုဂရုစိုက်ပေးမလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာပြောပြပေးချင်ပါတယ်။ ကလေးတွေမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်ရတဲ့ အကြောင်းရင်းခံတွေက ဒီအချက်တွေကြောင့် ကလေးငယ်တွေမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင်ပါတယ်။ သွားစပေါက်တဲ့အချိန်မှာ ကလေးကမျက်စိရှေ့မှာမြင်ကရာကို သွားဖုံးယားတာကြောင့် ကိုက်တဲ့အခါ အစာမာမာကို စစားတဲ့အခါ အစာခြေစနစ်က ပုံမှန်အလုပ်မလုပ်တဲ့အခါ စားလိုက်တဲ့ အစားအစာကနေတဆင့်ရောဂါပိုးတွေပါသွားတဲ့ခါ တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းတာ နဲ့ ရာသီဥတုအခြေအနေမမှန်တာမျိုးတွေကြောင့် ကလေးငယ်လေးတွေမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင်ပါတယ်။ တကယ်တော့ ဝမ်းလျှောတာက ခန္ဓါကိုယ်တွင်းမှာရှိနေတဲ့ ဘက်တီးရီးယားတွေ၊ အဆိပ်အတောက်တွေ နဲ့ အစာခြေစနစ်အတွင်းမှာရှိနေတဲ့ ဗိုင်းရပ်စ်တွေကို စွန့်ထုတ်ပစ်တဲ့ ခန္ဓါကိုယ်ရဲ့ ဇီဝဖြစ်စဉ်တစ်ရပ်ပါ။ ဝမ်းလျှောရင် ဒီလိုလက္ခဏာတွေဖြစ်နိုင်တယ် ကလေးအများစုမှာတော့ ဝမ်းလျှောတဲ့အခါ အခုပြောပြတဲ့ လက္ခဏာတွေတွေ့ရနိုင်ပါတယ်။ အော့အန်မယ် ဝမ်းသွားမယ် အဖျားတက်မယ် ချမ်းတုန်နေမယ် ခြေလက်တွေမလှုပ်ချင်လောက်အောင် အားကုန်နေမယ် ဗိုက်နာမယ် […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း