ကလေးကျန်းမာရေး

ကလေးလေး ကျန်းမာဖို့ဆိုတာ မိဘတွေအတွက် အရေးကြီးဆုံး ဆန္ဒပါ။ ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါလက္ခဏာတွေကနေ ပိုးဝင်ကူးစက်တာတွေအထိ သင့်ကလေးကျန်းမာရေးအတွက် လိုအပ်တဲ့ ဗဟုသုတအားလုံးကို ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးကျန်းမာရေး

အားဖြည့် အချိုရည် သောက်တဲ့ ကလေးတွေမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နိုင်ခြေ များပြား

အားဖြည့် အချိုရည်တွေက သောက်ချ လိုက်ရင် အင်အား ပြည့်သွားသလို ခံစားရတာ၊ အရသာလေးက ချိုချိုလေးနဲ့ အရသာ ရှိတာတွေကြောင့် ကလေးရော လူကြီးတွေပါ ကြိုက်ကြပါတယ်။  ဒါကြောင့်ပဲ အားမရှိ သလို ဖြစ်နေချိန်တွေ ပင်ပန်းပြီး ခြေကုန်လက်ပမ်း ကျနေချိန်တွေမှာ အားဖြည့် အချိုရည်တွေကို သောက်ကြတာပေါ့။ ဒီလို သောက်လိုက်တာက အားပြည့်သွား သလို ရှိပေမယ့် ကလေးတွေ အတွက်တော့ ကောင်းကျိုး မရှိသလောက် ပါပဲ။ ဒီလို ပြောရတာက အားဖြည့် အချိုရည် သောက်တဲ့ ကလေးတွေမှာ စိတ်ပိုင်း ဆိုင်ရာ ထိခိုက်နိုင်ခြေ များပြား တယ်ဆိုတဲ့ လေ့လာမှု ရလဒ် တစ်ခု ကြောင့်ပါ။  https://hellosayarwon.com/parenting/child-health/digestive-problems/food-intolerance-in-children/ အားဖြည့် အချိုရည် သောက်တဲ့ ကလေးတွေမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နိုင်ခြေ များပြား ယူကေမှာ […]

ကလေးကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးတို့အတွက်ကာကွယ်ဆေးများ

ကလေးကျန်းမာရေး ကို ရှာဖွေမည်။

ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

မိဘတွေစိုးရိမ်ကြတဲ့ ကလေးအဖျားကြီးပြီး တက်ခြင်း

ကလေးတွေမှာ အဖျားကြီးပြီး တက်တာကို မိဘတော်တော်များများ မြင်ဖူးကြုံဖူးကြမှာပါ။ ကိုယ်တိုင်ကြုံတဲ့အခါမှာလည်း အရမ်းထိတ်လန့်တုန်လှုပ်ပြီး ခြေမကိုင်မိလက်မကိုင်မိဖြစ်တတ်ကြပါတယ်။ ကလေးတွေမှာ အဖျားကြီးရင် တက်တတ်တာဟာ ကလေးအသက် ၆လ ကနေ ၅နှစ် အရွယ်အတွင်းမှာ ဖြစ်လေ့ရှိပါတယ်။ တစ်ခါတက်ရင် အနည်းဆုံး စက္ကန့်အနည်းငယ်လောက်ကနေ အများဆုံး ၁၅မိနစ်လောက်အထိကြာတတ်ပါတယ်။ အများစုကတော့ ၂မိနစ် ၃မိနစ်လောက်ပဲကြာတတ်ပါတယ်။ တက်တာ ရပ်သွားပြီးနောက်မှာလည်း ကလေးက ပျော့ခွေသွားတာ ဒါမှမဟုတ် အိပ်ချင်မူးတူးဖြစ်ပြီးကျန်ခဲ့ပါလိမ့်မယ်။ ပျမ်းမျှအားဖြင့် ကလေး အယောက် ၂၀ မှာ ၁ယောက်ဟာ အဖျားကြီးပြီး တက်တတ်ပါတယ်။ ဒါပေမယ့် မိဘများအနေနဲ့ စိုးရိမ်စရာမလိုတဲ့ အချက်ကတော့ အဖျားကြီးပြီးတက်တာဟာ ဝက်ရူးပြန်ရောဂါ ကြောင့်တက်ခြင်း နဲ့ အခြားသော ဦးနှောက်နဲ့ဆိုင်တဲ့ရောဂါတမျိုးမျိုးကြောင့်တက်ခြင်းတို့နဲ့ မတူဘဲ ဦးနှောက်ကို ထိခိုက်ပျက်စီးစေတာမျိုးလည်းမရှိသလို ပုံမှန်ဆေးစွဲသောက်စရာလည်း မလိုပါဘူး။ ကလေးဟာလည်း တက်နေစဉ်မှာ […]


ကလေးအစာခြေစနစ်ပြဿနာများ

ကလေးများ ဝမ်းလျှောတဲ့အခါ

ကလေးများ ဝမ်းလျှောတဲ့အခါ မိဘတွေအနေနဲ့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်တတ်ကြပါတယ်။ ဒီလို အခြေအနေကို ဘယ်လို ဖြေရှင်းရမလဲဆိုတာနဲ့ ဘယ်လို ကာကွယ်ရမလဲဆိုတာကို မသိချင်ကြဘူးလား! ဒါဆိုရင်တော့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါလို့ ပြောချင်ပါတယ်။ ဘယ်လို အခြေအနေမှာ ကလေးက ဝမ်းလျှောနိုင်လဲ! ကလေးတွေ အစားစုံတဲ့အခါ၊ အစားမှားတဲ့အခါမှာ ဝမ်းပျက်ဝမ်းလျှော ဖြစ်တတ်ပါတယ်။ ကလေးတွေရဲ့ အစာခြေစနစ်က လူကြီးတွေလိုမျိုး ပြည့်ပြည့်ဝဝ မဖွံ့ဖြိုးသေးတာကလည်း ကလေးတွေမှာ ဝမ်းပျက်ဝမ်းလျှော အဖြစ်များရတဲ့ အကြောင်းအရင်းပါပဲ။ ကလေးတွေဆိုရာမှာ ငယ်တဲ့ ကလေးတွေမှာ ဝမ်းလျှောတာက ပိုအဖြစ်များပါတယ်။ ဒါဆိုရင်  ဘယ်လို ရောဂါအနေအထားက အရေးကြီးလဲ ၊ အိမ်မှာ ဘယ်လိုသက်သာအောင် လုပ်ရမလဲဆိုတာကို ဆက်ဆွေးနွေးပေးသွားပါမယ်။ ကလေးများ ဝမ်းလျှောတဲ့အခါ အရင်ဆုံး ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် ရေဓါတ် ဆုံးရှုံးမှုပေါ်လိုက်ပြီး ရောဂါကုသမှု ကွဲပြားပါတယ် ။ ရေဓါတ် မဆုံးရှုံးရင် […]


ကလေးမှာဖြစ်တတ်တဲ့ကူးစက်ရောဂါများ

Hand Foot Mouth ရောဂါ စိုးရိမ်ရလား

အခုတလော ဆေးခန်းမှာ ကလေး မိဘတွေ ဗျာများနေတဲ့ ရောဂါတခု ရှိပါတယ်။ ကလေး ခြေဖဝါး လက်ဖဝါးတွေ မှာ အရည်ကြည်ဖုလေးတွေ စထွက်လာမယ်။ ယားမယ်။ နာမယ်။ ပါးစပ်ထဲ မှာပါပေါက်မယ်။ ကလေး ဖျားမယ်။ အီမယ်။ နို့ကောင်းကောင်းမစို့တော့ဘူး။ ကလေးပါးစပ်က သွားရည်တွေ ကျနေမယ်။ ဘာဖြစ်တာလဲ မသိဘူးဆိုပြီး အစိုးရိမ်လွန်လို့ ဆေးခန်းကို အရေးတကြီး လာပြတတ်ကြပါတယ်။ Hand foot mouth disease ဆိုတာဘာလဲ။ HFMDလို့ အတိုကောက်ခေါ်တဲ့ ရောဂါ ဆိုတာ Coxsackie virus A16 အမျိုးအစားကြောင့်ဖြစ်ပွားတတ်တဲ့ ရောဂါမျိုးဖြစ်ပါတယ်။ ဘယ်သူတွေ မှာအဖြစ်များလဲ။ HFMD ရောဂါဟာ ကျောင်းနေအရွယ်မတိုင်မီ အသက် ၁၀ နှစ်အောက် ကလေး တွေ မှာအဖြစ်များပါတယ်။ အလွယ်တကူ ကူးစက် နိုင်ပြီး […]


ကလေးအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

ချောင်းဆိုးရင်ကျပ် အကင်းမပြတ်တဲ့ ကလေးတွေမှာ သတိထားစရာ

ကိုယ့်သားသမီးတွေ ချောင်းဆိုးတယ်ဆို ချောင်းဆိုးပျောက်ဆေးတိုက်မယ်၊ ရင်လူးဆေးတိုက်မယ်။ ချောင်းဆိုးသံမကြားရတော့ဖို့သာ အရင်ဆုံးကြိုးစား‌ကြမှာပါ။ ဒါပေမယ့် ဆေးကုသပြီးတာတောင်မှ မပျောက်နိုင်သော ချောင်းဆိုးဝေဒနာအတွက်တော့ ဖေဖေမေမေတို့ သတိထားမိဖို့လိုပါတယ်။ ရိုးရိုးချောင်းဆိုးတာလား၊ ပန်းနာရင်ကျပ်ဖြစ်နေတာလား ဆိုတာကို ဆရာဝန်ကပဲ သေချာစစ်ဆေးပေးနိုင်မှာမို့ ကလေးမှာဖြစ်နေတဲ့ဝေဒနာနဲ့လက္ခဏာအကြောင်းတွေ သေချာပြောပြပေးပါ။ ကလေးမှာ ဒီလက္ခဏာတွေ တွေ့ရသလား သတိထားကြည့်ပါ  - မကြာခဏချောင်းထဆိုးတာ(ကစားရင်း၊ ရယ်နေရင်း၊ ငိုနေရင်း သို့မဟုတ် ညအိပ်နေရင်း ) ချောင်းဆိုးတာရှည်နေတာ (ကလေးတိုင်းမှာတူညီတဲ့တစ်ခုတည်းသောလက္ခဏာဖြစ်ပါတယ်) ဆော့ကစားနေစဉ်အတွင်း အားကုန်လွယ်တာ၊ အသက်ရှူမြန်တာ (ရံဖန်ရံခါဖြစ်တတ်) ရင်ဘတ်ထဲ ကျပ်နေတာ၊အောင့်လာတာ (ဝေဒနာကိုပြန်ပြောပြနိုင်တဲ့အရွယ်မှ မိဘကသိနိုင်မှာပါ) အသက်ရှူသွင်း၊ရှူထုတ်တဲ့အခါ တရွှီရွှီအသံပါနေတာ၊ အသက်ရှူသွင်း၊ရှူထုတ်ချိန် ရင်ဘတ်မှာ ပိန်လိုက်ဖောင်းလိုက်ဖြစ်နေတာ၊ အသက်ရှူရပြတ်တောင်းပြတ်တောင်းဖြစ်နေတာ(အသက်ရှူမဝသလို) အားနည်း၊ မောပန်းနေတာတွေဖြစ်နေနိုင်တယ်ဆိုတော့ ဒီလက္ခဏာတွေ ကိုယ့်ကလေးမှာရှိနေလား သတိထားပြီး ကြည့်ပါနော်။ ပန်းနာရင်ကျပ်ရှိတဲ့ကလေးမှာ အောက်ပါအခြေအနေတွေကြောင့် ရောဂါပိုဆိုးနိုင်ပါတယ်။ အအေးမိခြင်းနဲ့ တခြားအသက်ရှူလမ်းကြောင်းရောဂါတွေကူးစက်ခံရတဲ့အခါ […]


ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ

ကလေးဘဝစိတ်ဒဏ်ရာဆိုတာ

အရွယ်ရောက်ပြီးသား လူကြီးတွေ မကြာမကြာပြောတတ်တဲ့ စကားတစ်ခုရှိပါတယ်။ အဲ့ဒါဖြစ်တုန်းက သူ့အသက်ငယ်ငယ်လေးလေ၊ သူအဲလောက်ထိခိုက်မှာမဟုတ်ပါဘူး၊ ကြီးလာရင်မှတ်မိမှာလဲ မဟုတ်ပါဘူး ဆိုတာပါပဲ။ ဒါပေမယ့် အမှန်တရားကတော့ ကလေးဘဝစိတ်ဒဏ်ရာဆိုတာ တစ်ဘဝလုံးကိုထိခိုက်သက်ရောက်ပါတယ်။ ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာ အနာတရရထားတဲ့ ကလေးတစ်ယောက်ဟာ တစ်သက်လုံးထိခိုက်ခံစားနေရမယ်တော့မဟုတ်ပါဘူး။ လူကြီးတွေအနေနဲ့ ကလေးတစ်ယောက်စိတ်ပိုင်းဆိုင်ရာ ထိခိုက်ထားရတယ်ဆိုတာသိရင် အဲဒီကနေ လွတ်မြောက်ဖို့ ကူညီနိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။ ဒါပေမယ့် လိုအပ်လာရင် စိတ်ပိုင်းဆိုင်ရာကျွမ်းကျင်သူနဲ့ ကလေးကို တိုင်ပင်ဆွေးနွေးခွင့်ရဖို့ပါ ဆောင်ရွက်ပေးသင့်တာပါ။ ကလေးဘဝစိတ်ဒဏ်ရာဆိုတာ က တစ်သက်လုံး အရိပ်လို လိုက်ပါနေတတ်လို့ပါ။ ကလေးဘဝစိတ်ဒဏ်ရာဆိုတာ ကလေးတစ်ယောက်ဟာ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ဘယ်ကရသလဲ။ ခန္ဓာကိုယ် ကို ထိခိုက်နာကျင်အောင်လုပ်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရခြင်း စတာတွေဟာ ကလေးတစ်ယောက်ကို စိတ်ဒဏ်ရာရစေတဲ့ ထင်ရှားတဲ့ဥပမာတွေပါ။ တစ်ကြိမ်တစ်ခါတည်းဖြစ်ပေမယ့် ပြင်းထန်ဆိုးရွားတဲ့အဖြစ်အပျက်တွေ ဥပမာ ကား အက်ဆီးဒန့်ဖြစ်တာ၊ နာဂစ်လို လေမုန်တိုင်းတိုက်တာ၊ ပြင်းထန်ဆိုးရွားတဲ့ […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

ကလေးတွေမှာ အဖြစ်များတဲ့ လိင်တံထိပ်အရေပြားကျပ်ခြင်း

လိင်တံထိပ်အရေပြား ကျပ်ခြင်း (Phimosis) ဆိုတာ အမျိုးသားတွေရဲ့ လိင်အင်္ဂါထိပ်မှာ ရှိနေတဲ့ အရေပြားဟာ နောက်ပြန်လှန်ဆွဲလို့ မရလောက်တဲ့အထိ ကျပ်နေတဲ့ အခြေအနေကို ပြောတာဖြစ်ပါတယ်။ ထိပ်အရေပြား ဖြတ်မထားတဲ့ အမျိုးသားတွေမှာသာ ဖြစ်တတ်ပါတယ်။ မွေးကင်းစကလေးအရွယ်မှာ စတင်ဖြစ်ပြီး အသက် ၃နှစ်အရွယ်မှာ ဒီပြဿနာက ပျောက်ကင်းသွားတတ်ပါတယ်။ လိင်တံထိပ်အရေပြားကျပ်ခြင်းသည် သဘာဝအတိုင်း သူ့အလိုလို ဖြစ်တတ်သလို အမာရွတ်ထိခိုက်ဒဏ်ရာတစ်ခုခုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဆီးသွားဖို့ အခက်အခဲမဖြစ်ဘူးဆိုရင်တော့ ကလေးအရွယ်မှာ ဘာကုသမှုမှ လုပ်ပေးဖို့ မလိုပါဘူး။ အသက်ကြီးလာတဲ့အခါ လိင်တံထိပ်အရေပြား ပိုရှည်ထွက်လာတဲ့အတွက် နောက်လှန်ဆွဲရတာ၊ ဆီးသွားတာ၊ လိင်ဆက်ဆံတဲ့အခါ အခက်အခဲတွေ၊ နာကျင်မှုတွေ ဖြစ်စေနိုင်တဲ့အတွက် သေချာ ဆရာဝန်နဲ့ ပြသပြီး ကုသမှုခံယူဖို့တော့ လိုအပ်ပါတယ်။ ဘယ်လိုလက္ခဏာတွေ တွေ့ရလဲ။ ဒီပြဿနာရှိတဲ့ ကလေးအများစုမှာ လိင်တံထိပ်ကို ဖုံးလွှမ်းနေတဲ့ အရေပြားကို အောက်သို့လုံးဝ […]


ကလေးမှာဖြစ်တတ်တဲ့ကူးစက်ရောဂါများ

ကလေးမှာ ဆင်တုပ်ကွေးမဖြစ်စေဖို့ ဘယ်လိုဂရုစိုက်မလဲ

ကလေးတစ်ယောက်ကျန်းမာနေမှုက မေမေတို့အတွက် ပျော်စရာအကောင်းဆုံးအရာတွေထဲကတစ်ခုပါ။ ကိုယ့်ရဲ့ ကိုယ်ပွားလေးတွေကျန်းမာစေဖို့က မေမေတိုင်းရဲ့ ဆန္ဒဖြစ်မယ်ထင်ပါတယ်နော်။ ဒီတစ်ခေါက်တော့ လူကြီးတွေမှာတောင် ခံစားရတော်တော်လေးခက်တဲ့ ဆင်တုပ်ကွေးအန္တရာယ်ကနေ ကိုယ့်ရဲ့ကလေးကို ကာကွယ်ဖို့အတွက် ဘယ်လိုဂရုစိုက်ရမလဲဆိုတာကို ပြောပြပေးပါရစေလား.......... ကလေးတွေမှာ ဆင်တုပ်ကွေးဖြစ်နိုင်လား.......... ဆင်တုပ်ကွေးက လူကြီးတွေမှာတင်မဟုတ်ပါဘူး။ ကလေးတွေမှာလည်းဖြစ်နိုင်ပါတယ်။ ခြင်ကိုက်ခံရနိုင်ခြေရှိသူတိုင်းမှာဖြစ်နိုင်ပါတယ်။ ဆင်တုပ်ကွေးက ခြင်ကနေတဆင့် ကူးစက်နိုင်တဲ့ရောဂါတစ်မျိုးဖြစ်ပြီး တစ်ခါတလေမှာ သွေးလွန်တုပ်ကွေးရောဂါ နဲ့ ခပ်ဆင်ဆင်တူတတ်ပါတယ်။ ဆင်တုပ်ကွေးက အသက်သေဆုံးစေနိုင်တာမျိုးမရှိပေမယ့် အဖျားကြီးတာနဲ့အဆစ်တွေနာတာမျိုးဖြစ်နိုင်ပါတယ်။ ဆင်တုပ်ကွေးရောဂါကြောင့်ဖြစ်တဲ့ အဆစ်နာတာက သီတင်းပတ် တစ်ပတ်ကနေ နှစ်ပတ်လောက်အထိကြာနိုင်ပါတယ်။ ကလေးမှာ ဆင်တုပ်ကွေးဖြစ်နေပြီလား ဘယ်လိုသိနိုင်မလဲ..... ကလေးမှာဆင်တုပ်ကွေးဖြစ်နေပြီဆိုရင် အခုလိုလက္ခဏာလေးတွေတွေ့ရနိုင်ပါတယ်။ အဖျားတက်မယ် (ကိုယ်အပူချိန်က ၁၀၀.၄ ဒီဂရီဖာရင်ဟိုက်ထက်ပိုများနေမယ်) ကလေးက ပုံမှန်ထက်ပိုပြီး ဂျီကျနေမယ် ပုံမှန်ထက်ပိုအိပ်နေမယ် အစားမစားဘဲနေမယ် အရေပြားမှာ အနီရောင်အကွက်တွေဖြစ်မယ် စတဲ့လက္ခဏာတွေတွေ့ရနိုင်ပါတယ်။ ဘယ်လိုသက်သာအောင်လုပ်ပေးမလဲ........... ဆင်တုပ်ကွေးအတွက်က ကာကွယ်ဆေးမရှိသလို ပျောက်ကင်းစေတဲ့ ဆေးဝါးဆိုတာကလည်း မရှိသေးပါဘူး။ ဒီလိုဆိုတာနဲ့ ဆင်တုပ်ကွေးဖြစ်ရင် […]


အခြားကလေးကျန်းမာရေးပြဿနာများ

( Sternocleidomastoid Tumor) မွေးကင်းစကလေးငယ်တွေလည်ပင်းမှာ အကျိတ်တည်ခြင်း ။

အဖုအကျိတ်လို့ဆိုလိုက်တာနဲ့ လူကြီးတွေမှာ အဖြစ်များတာကိုသာ တွေးမိတတ်ကြမှာပါ။ မွေးကင်းစကလေးတွေမှာ ဒီလို အဖုအကျိတ်လေးတွေ ဖြစ်မယ်ဆိုတာ ဘယ်သူတွေးမိတတ်မှာတုန်း။ ဒါပေမယ့် ဒီလို မွေးကင်းစကလေးတွေလည်ပင်းမှာ အကျိတ်ထွက်တဲ့ပြဿနာ sternocleidomastoid tumor ဆိုတာ ရှိပါတယ်။ ကိုယ့်ကလေးလည်ပင်းမှာ အကျိတ်လေးထွက်နေရင် စိတ်ပူတတ်ကြတာ မိဘတိုင်းပဲလေ။ ဒီတော့ sternocleidomastoid tumor အကြောင်းလေးသိဖို့ လိုလာပြီပေါ့။ မွေးကင်းစကလေးတွေရဲ့ လည်ပင်းမှာဖြစ်တဲ့အကျိတ် sternocleidomastoid tumor ဆိုတာ ဘာလဲ။ sternocleidomastoid tumor ကို တစ်နည်း fibromatosis colli လို့လည်း သိကြပါတယ်။ သူက ကင်ဆာမဟုတ်တဲ့ အကျိတ်တစ်မျိုးဖြစ်ပြီး လည်ပင်းဘေးကြွက်သားတွေမှာ မာခဲခဲ အကျိတ်လေးအဖြစ်ရှိနေတတ်ပါတယ်။ မွေးကင်းစကလေးတွေမှာ စဖြစ်တတ်ပြီး ကလေးအသက် ၂ ပတ် ၄ ပတ်လောက်မှာ သိသာလာတတ်ပါတယ်။ ဒီအကျိတ် တော်တော်များများက […]


ကလေးအာရုံကြောဆိုင်ရာရောဂါများ

ကိုယ့်ကလေးက ကားမူးတတ်လို့ ခရီးသွားရမှာ စိတ်ညစ်နေပြီလား။

တချို့ မိသားစုတွေ ရှိပါတယ်။ ဖေဖေ မေမေတို့က ကားမမူးတတ်ဘူး။ သားသားမီးမီးလေးတွေ ကျမှ ကားမူးတတ်နေတော့ ခရီးသွားဖို့ အဆင်မပြေ။ မသွားမဖြစ်လို့ ခေါ်သွားပြန် ရင်လည်း ကားပေါ်မှာ ကလေးတွေက မူးပြီးအန်၊ တစ်ချိန်လုံး ဂျီကျပြီး ငိုနဲ့ ကားပေါ်ပါလာတဲ့ သူတွေ ဝိုင်းနှာခေါင်းရှုံ့တာ ခံရမယ့် အပြင် ခရီးစဉ် တစ်လျှောက်လုံး တစ်ချက်မှ နားရမှာကို မဟုတ်ဘူးနော်။ ကိုယ့်ကလေးက ကားမူးတတ်လို့ ခရီးသွားရမှာ စိတ်ညစ်နေပြီလား။ ဒါဆိုရင်တော့ အောက်က အချက်တွေကို လိုက်နာကြည့်ပါနော်။ အရင်ဆုံးကားဘာ့ကြောင့် မူးရတာလဲဆိုတတာ သိဖို့ လိုအပ်ပါတယ်။ ကားမူးတယ် ဆိုတာ ကိုယ်ခန္ဓာက လှုပ်ရှားမှုကို ဦးနှောက်ဆီ ပေးတဲ့ အခါ မျက်လုံးက ပေးပို့တဲ့ အချက်ပြစနစ်၊ နားအတွင်းက ပေးပို့တဲ့ အချက်ပြစနစ်တို့ မညီမျှလို့ ဖြစ်ရတာ […]


ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ

ADHD လို့ခေါ်တဲ့ ကလေးအတက်ကြွလွန်ခြင်းနဲ့ ပတ်သက်ပြီး မှားသိနေတာလေးတချို့ ။

ADHD လို့ခေါ်တဲ့ ကလေးအတက်ကြွလွန်ခြင်းနဲ့ ပတ်သက်ပြီး မှားသိနေတာလေးတချို့ အကြောင်းကို ပြောပြပေးချင်ပါတယ်။ ADHD( Attention deficit hyperactive disorder) ဆိုတဲ့ ပြဿနာအကြောင်း သိတဲ့သူရှိသလို မသိသေးတဲ့သူတွေလည်းအများကြီးရှိမယ်ထင်ပါတယ်။ ဒီပြဿနာဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုဖြစ်ပြီး ကျောင်းနေကလေးအရွယ်ေတွမှာ တွေ့ရများတတ်ပါတယ်။ ADHA ကို အလွယ်မှတ်မယ်ဆိုရင်တော့ အတက်ကြွလွန်တဲ့ ပြဿနာ၊ ဂနာမငြိမ်တဲ့ ပြဿနာ၊ တစ်ခုခုကို သေချာ အာရုံ မစူးစိုက်နိုင်တဲ့ ပြဿနာလို့ မှတ်လို့လည်းရပါတယ်။ ဒီပြဿနာရှိနေတဲ့ ကလေးက အတက်ကြွလွန်၊ တစ်ချိန်လုံးလှုပ်ရှားနေတဲ့အတွက် ဘေးကကြည့်နေတဲ့ မေမေတို့ကတော့ ငါတို့ ကလေးက တက်ကြွတယ်၊ ထိုင်းမှိုင်းနေတာမျိုးလည်း မရှိဘူးဆိုပြီး ဝမ်းသာနေတတ်ကြပါတယ်။ ADHD ဆိုတာ စိတ်ရောဂါ၊ကျန်းမာရေး ပြဿနာတစ်ခုပါ။ ကလေးက အတက်ကြွလွန်တဲ့ ပြဿနာ ADHD ဖြစ်နေတာကို စိုးရိမ်စရာမရှိဘူးလို့ထင်နေတဲ့ မိဘတွေ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း