ပန်းနာရင်ကျပ်ဆိုတာ အမြစ်ပြတ်ကုသပျောက်ကင်းနိုင်တဲ့ရောဂါမဟုတ်တဲ့အတွက်နာတာရှည်ဝေဒနာမဖြစ်ဖို့၊ အရေးပေါ်အခြေအနေဖြစ်မလာဖို့ ကြိုတင်ကာကွယ်တာရယ်၊ ရောဂါကိုထိန်းချုပ်တာရယ်ပဲ လုပ်လို့ရနိုင်ပါတယ်။ ဒါ့ကြောင့် ကလေးတွေကို ပန်းနာရင်ကျပ်ကုသပေးတဲ့ ဦးတည်ချက်က –
- ရောဂါလက္ခဏာတွေကို ထိန်းချုပ်နိုင်ဖို့
- နောက်ပိုင်းမှာရောဂါပိုဆိုးမလာစေဖို့
- အဆုတ်ရဲ့လုပ်ဆောင်ချက်ပုံမှန်ဖြစ်အောင်ထိန်းဖို့
- ခန္ဓာကိုယ်ကို ပုံမှန်လှုပ်ရှားလုပ်ဆောင်နိုင်စေဖို့
- ဘေးထွက်ဆိုးကျိုးတွေနည်းနိုင်သမျှနည်းအောင်လို့ တတ်နိုင်သမျှဆေးသောက်နည်းအောင်ထိန်းဖို့ဖြစ်ပါတယ်။
ပန်းနာရင်ကျပ်ကိုကုသရာမှာ ရောဂါထိန်းချုပ်တဲ့သောက်ဆေးတွေနဲ့ အရေးပေါ်အမြန်ကုသဖို့သုံးတဲ့ ရှူဆေး(inhaler)တွေရှိပါတယ်။ သောက်ဆေးကိုတော့ ကလေးရဲ့အသက်နဲ့ကိုယ်အလေးချိန်ကို မူတည်ပြီးဆေးပမာဏကိုဆရာဝန်တွေက ချင့်ချိန်ညွှန်းပေးကြတာဖြစ်ပါတယ်။
ကလေးက အသက်ကိုတအားရှိုက်ရှူနေရတာ၊ ရင်ညွန့်အလယ်မှာချိုင့်ဝင်တဲ့အထိ အသက်ကိုမနည်းရှူနေရတာ၊ အသက်ရှူကျပ်လာလို့ စကားမပြောနိုင်တော့တာ၊မောကျပ်ပြီးပြာလာတာလိုမျိုး အရေးပေါ်အခြေအနေလက္ခဏာတွေဖြစ်လာရင် အမြန်မကုသရင် အသက်အန္တရာယ်ရှိနိုင်ပါတယ်။ ဒါ့ကြောင့် ဒီအခြေအနေမရောက်ခင် အမြန်သက်သာအောင် ဟန့်တားနိုင်တဲ့inhaler ဟာ ဆရာဝန်တွေရဲ့ ကုသမှုဆေးညွှန်းမှာ ပါဝင်နေတာဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။