ဖိနပ်ဆိုဒ်ကို ကွက်တိဖြစ်နေတာပဲ ယူပေးပါ။ ဖိနပ်ဆိုဒ်ကြီးနေတာက ဘေဘီလေးကို လမ်းလျှောက်ရတာ အခက်အခဲဖြစ်စေနိုင်ပြီး ပင်ပန်းစေနိုင်ပါတယ်။ ဒါ့အပြင် ဆိုဒ်ကြီးနေတဲ့ ဖိနပ်တွေက ကလေးကို ချော်လဲနိုင်ခြေပိုများစေနိုင်ပါတယ်။ ဒါကြောင့် ဘေဘီလေးကို ဖိနပ်ဝယ်ပေးတဲ့အခါ ဆိုဒ်ကွက်တိဖြစ်နေတာကိုရွေးပေးပါ။
ဖိနပ်တိုင်းတဲ့အခါ ဘေဘီလေးကို မတ်တတ်ရပ်ခိုင်းပါ
ဘေဘီလေးကို ဖိနပ်တိုင်းပေးတဲ့အခါ ထိုင်ခိုင်းပြီးတော့ မတိုင်းပါနဲ့။ ခြေထောက်ရဲ့အရွယ်အစားကို အတိအကျသိရစေဖို့က ဘေဘီလေးကို မတ်တတ်ရပ်ပြီးတိုင်းခိုင်းတာက ပိုအဆင်ပြေပါတယ်။
ခြေမအတွက်နေရာပေးပါ
ဖိနပ်ဝယ်တဲ့အခါ ခြေထောက်ဆိုဒ်ကိုတိုင်းမယ်ဆိုရင် ကွက်တိဖြစ်တာကိုရွေးဖို့လိုပေမယ့် ဘေဘီလေးရဲ့ ခြေမနေရာကို ကွေးလို့ဆန့်လို့အဆင်ပြေအောင်ထားပေးပါ။ လမ်းလျှောက်တဲ့အခါ ခြေမကို အဓိကအားပြုရတာဖြစ်တာကြောင့် ခြေမကွေးရ ဆန့်ရအဆင်ပြေစေဖို့အတွက် နေရာချောင်ချောင်ချိချိဖြစ်အောင်ဂရုစိုက်ပါ။
ဖိနပ်ကို ထိပ်ပိတ်ဖိနပ် ဝယ်ပေးပါ
လမ်းလျှောက်သင်စ ဘေဘီလေးမှာ ခလုတ်တိုက်နိုင်ခြေ ထိခိုက်မိနိုင်ခြေက အခြားသူတွေထက်ပိုများပါတယ်။ ဒါကြောင့် ခြေထောက်ထိခိုက်မှုနည်းစေဖို့အတွက် ခြေချောင်းလေးတွေကို ကာကွယ်ပေးနိုင်မယ့် ထိပ်ပိတ်ဖိနပ်ကိုရွေးချယ်ပေးပါ။
ပေါ့ပေါ့ပါးပါးဖြစ်တာကိုရွေးပါ
လမ်းလျှောက်တတ်စ ကလေးတစ်ယောက်အတွက် လေးလံတဲ့ ဖိနပ်က ဝန်ပိစေနိုင်ပါတယ်။ ဒါကြောင့် လမ်းလျှောက်တတ်စဘေဘီလေးကို ဖိနပ်ဝယ်ပေးတဲ့အခါ ပေါ့ပါးပြီး သက်တောင့်သက်သာရှိတာမျိုးပဲရွေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။