backup og meta

သင့်ကလေးများသည် သင့်ကို အသက်ပိုရှည်စေနိုင်ပါ သည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကလေးများသည် သင့်ကို အသက်ပိုရှည်စေနိုင်ပါ သည်။

    ကလေးယူခြင်း ဒုက္ခသည် ကြီးမားလှသောကြောင့် မိဘ များစွာသည် ကလေးများကြောင့် အသက်တိုရပါသည်ဟု အခိုင်အမာပြောကြသည်။ အခြားတစ်ဖက်တွင် လူတစ်ယောက် ၏ သက်တမ်းသည် မိဘ ဘဝကြောင့် ပိုရှည်သည်ဟု လေ့လာမှုများက ဆိုသည်။ ၎င်းသည် ကလေး မွေးပြီး ပြုစုစောင့်ရှောက်ဖူးသော မိဘများအတွက် ရယ်စရာ ဖြစ်နေနိုင်သော်လည်း ၎င်းသည် အမှန်တကယ် မှန်ကန် ပါသည်။

    သုတေသနနှင့် အံ့အားသင့်ဖွယ် ရလဒ်များ

    လူပျို၊ အပျိုများထက် မိဘများသည် ပို၍ အသက်ရှည်သ လား ဖော်ထုတ်ရန် ဆွီဒင်ရှိ Karolinska Institute မှ Dr Karin Modig သည် လေ့လာမှုတစ်ခုကို ဆောင်ရွက်ခဲ့သည်။ ဆွီဒင်ရှိ လူဦးရေ အချက်အလက်များကို စစ်ဆေးပြီနောက် ၁၉၁၁ နှင့် ၁၉၂၅ ကြားတွင် ကလေးရှိသော ယောက်ျားများ သည် ကလေးမရှိသော ယောက်ျားများထက် အသက် ၂နှစ် ပိုရှည်နိုင်ကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။ မိန်းမများတွင် ၁.၅ နှစ် ပိုရှည်သည်။

    Professor Esben Agerbo နှင့် လုပ်ဖော် ကိုင်ဖက်များသည် အခြားလေ့လာမှုတစ်ခုကို ဆောင်ရွက်ခဲ့ သည်။ သူတို့သည် ၁၉၉၄ တွင် ဖန်ပြွန်သန္ဓေသား မျိုးပွားမှု ဆေးခန်းသို့သွားသော ကလေးမရှိသော လူပေါင်း ၂၁၂၇၆ တွင် လေ့လာခဲ့သည်။ ၂၀၀၅ ရောက်သောအခါ အမျိုးသမီး ၉၆ ယောက်နှင့် အမျိုးသား ၂၂၀ သေဆုံးခဲ့သည်။ ထိုလေ့လာ မှုအရ ကလေးမရှိသော အမျိုးသမီးများသည် ပိုပြီးသေဆုံး နိုင်ပြီး ကလေးမရှိသော အမျိုးသားများသည် ကလေးရှိသူများ ထက် နှစ်ဆပို၍ သေဆုံးနိုင်ကြောင်း သုံးသပ်နိုင်သည်။

    အကြောင်းရင်းများ၏ နောက်ကွယ်ရှိ ထင်မြင်ချက်များ

    ရုပ်ပိုင်းဆိုင်ရာ ရှုထောင့်အရ

    ကလေးမရှိသူများထက် မိဘများသည် ပိုပြီးကျန်းမာသော နေထိုင်မှုပုံစံရှိသည်ဟု Dr.Modig ကဆိုသည်။ ဥပမာ- မိဘ များသည် ကလေးများကို ကျွေးမွေးရန်ရှိသောကြောင့် စောစောအိပ်ရာထခြင်း၊ ပိုပြီးအိပ်စက်ခြင်း စသော ကျန်းမာ သော လုပ်ရိုးလုပ်စဉ်များ ဖြစ်လာသည်။ အမျိုးသမီးများသည် လည်း ကလေးများကို နို့တိုက်ရမည် ဖြစ်သောကြောင့် မကောင်းသော အကျင့်များ ဥပမာ ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်လာသည်။ ကလေးရှိခြင်းသည် အမျိုးသမီးများတွင် ကင်ဆာဖြစ်နိုင်ချေကို လျော့ချပေးသည်ဟူသော ထင်မြင်ချက် လည်းရှိသည်။ မိဘများ အသက်ကြီးလာသောအခါ ကလေး များသည် ဆေးဝါးနှင့် စိတ်ပိုင်းဆိုင်ရာ အကူအညီများ ပေးခြင်းဖြင့် မိဘများ ကျန်းမာအောင် ကြိုးစားကြသည်။ ကလေးမရှိပါက လူမှုရေးဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ စိန်ခေါ်မှု များကို ပိုပြီး ရင်ဆိုင်ရသည်။ ဤဖြစ်စဉ်ကို သဘာဝ ရွေးချယ်မှု ဟုခေါ်သည်။

    စိတ်ပိုင်းဆိုင်ရာ ရှုထောင့်အရ

    အသက်ကြီးသူများသည် လူမှုရေးဆိုင်ရာ ဆက်ဆံရေးမှ လည်း အကျိုးရသည်ဟု Northwell Health in Great Neck, New York မှ သက်ကြီးရွယ်အို စောင့်ရှောက်မှု သင်ကြားရေး ဒါရိုက်တာ Dr Gisele Wolf-Klein ကဆိုသည်။ သူမသည် ကျန်းမာစွာ အသက်ကြီးခြင်းအပေါ်တွင် လူမှုရေး၏ အရေးပါပုံ ကို အလေးပေး လေ့လာခဲ့သည်။

    လူသားများသည် အပေါင်း အသင်းနှင့်နေသော သတ္တဝါများ ဖြစ်သောကြောင့် အပေါင်း အသင်းများဖြင့် တိုးတက်ကြီးထွားကြသည်။ ကလေးများနှင့် ဆက်ဆံရေးသည် ကောင်းသည် ဆိုးသည်ဖြစ်စေ ကလေးများ ရှိခြင်းသည် မိဘများကို ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ရှင်သန်စေသည်။ အထူးသဖြင့် အိမ်ထောင်မရှိသော ဖခင်များ တွင်ဖြစ်သည်။ သူတို့သည် စိတ်ပိုင်းဆိုင်ရာ ရှုထောင့်အရ ဇနီးသည်မရှိသောကြောင့် ကလေး များအပေါ်တွင် ပိုပြီး မှီခိုသောကြောင့် ဖြစ်သည်။ မိဘများသည် အသက်ကြီးလာ သောအခါ ကလေးများထံမှ ထောက်ပံ့ရန် မျှော်လင့်ကြပြီး ၎င်းသည် အမှန်တကယ် အကူအညီဖြစ်ပါသည်။

    ကလေးမရှိသူများသည် သက်တမ်းရှည်ကြာရန် ဘာလုပ်ရ မလဲ။

    ကလေးမရှိခြင်းသည် မိမိကိုယ်ကို လူထုနှင့် မဆက်သွယ် နိုင်ပါဟု ဆိုလိုခြင်းမဟုတ်ပါ။ လူမှုရေး အစီအစဉ်များနှင့် ဆက်သွယ်ခြင်းသည် သားသမီးများထံမှ မျှော်လင့်ရသော ထောက်ပံမှုများကို ပေးကမ်းနိုင်သည်။ ပရဟိတ အလုပ်များ နှင့် မိမိဘာသာ မိသားစုတည်ဆောက်ခြင်းသည် ကလေးမရှိ သူများကို သက်တမ်း ရှည်ကြာစေပြီး ပျော်ရွှင်စွာနေထိုင် နိုင်စေသည်။

    Hello Health Group does not provide medical advice, diagnosis or treatment.

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement