backup og meta

နေအိမ်မှာထိခိုက်မိနိုင်တဲ့ မတော်တဆထိခိုက်မှုတွေကို ဒီလိုကာကွယ်ပါ

နေအိမ်မှာထိခိုက်မိနိုင်တဲ့ မတော်တဆထိခိုက်မှုတွေကို ဒီလိုကာကွယ်ပါ

ကျွန်မတို့တော်တော်များများယူဆထားတာက အိမ်ဆိုတာက လုံခြုံတဲ့နေရာတစ်ခုလို့လေ။ ဒါပေမယ့်လေ့လာမှုတွေအရတော့ အိမ်ကမတော်တဆမှုတွေ အများဆုံးဖြစ်နိုင်တဲ့နေရာပါ။ အထူးသဖြင့် ကလေးငယ်တွေနဲ့ အသက်ကြီးတဲ့လူတွေဟာနေအိမ်မှာ မတော်တဆထိခိုက်မိတာများပါတယ်။ ကျွန်မတို့အနေနဲ့နေအိမ်မှာဖြစ်နိုင်တဲ့ မတော်တဆထိခိုက်မှုတွေကို မကာကွယ်နိုင်ပေမယ့်နေအိမ်ထဲမှာ လူကြီးတွေနဲ့ ကလေးတွေကို လုံခြုံဘေးကင်းအောင်ထားပေးလို့တော့ရပါတယ်။

နေအိမ်မှာဖြစ်နိုင်တဲ့ မတော်တဆမှုတွေက

နေအိမ်မှာဖြစ်နိုင်တဲ့ မတော်တဆမှုတွေက –

အိမ်တွင်းမှာဖြစ်နိုင်တဲ့ မတော်တဆထိခိုက်မှုတွေကို ဒီလိုကာကွယ်ပါ

အိမ်တွင်းမှာဖြစ်နိုင်တဲ့ မတော်တဆထိခိုက်မှုတွေကို ကာကွယ်ချင်ရင် ဒီနည်းလမ်းလေးတွေက အသုံးဝင်မှာပါ။

အိမ်သာနဲ့ရေချိုးခန်းကြမ်းပြင်တို့ကိုသေချာတိုက်ထားပေးပါ – အိမ်သာနဲ့ရေချိုးခန်းက မဖြစ်မနေ အသုံးပြုရမယ့်နေရာတွေဖြစ်တာကြောင့်ချောနေတာမျိုးမဖြစ်အောင်သေချာဂရုစိုက်ဖို့လိုအပ်ပါမယ်။ကြွေပြားခင်းထားတာဆိုရင်တော့ အခင်းတစ်ခုခုခင်းပေးထားတာ အဆင်ပြေဆုံးဖြစ်မှာပါ။

လှေကားတွေကိုသေချာဂရုစိုက်ပေးပါလှေကားတွေကနေလည်း မတော်တဆခြေချော်ကျတာမျိုးဖြစ်နိုင်တာကြောင့်လှေကားမှာ အလှဆင်တဲ့အနေနဲ့ အခင်းခင်းထားတာမျိုး မလုပ်ပါနဲ့။နောက်တစ်ခုကလှေကားကိုအလင်းရောင်ကောင်းကောင်းရအောင်ထားပေးဖို့လည်းမမေ့ပါနဲ့။

ကော်ဇောခင်းတဲ့အခါ အစပ်နေရာတွေကိုသေချာတိပ်နဲ့ကပ်ပါ -ကော်ဇောတွေခင်းပြီး အိမ်ကိုအလှဆင်ထားတယ်ဆိုရင်တော့ကော်ဇောတွေတစ်ခုနဲ့တစ်ခုဆက်တဲ့နေရာကို တိပ်သုံးပြီးသေချာကပ်ထားပါ။ မတော်တဆခလုတ်တိုက်မိပြီးချော်လဲတာမျိုးဖြစ်နိုင်ပါတယ်။

ညမီးဖွင့်ထားပေးပါ – ညဘက်အိပ်တဲ့အခါ မီးအားလုံးမှိတ်ပြီး အိပ်မှ အိပ်ပျော်တယ်ဆိုရင်တောင် ညမီးခပ်မှိန်မှိန်လေးတော့ဖွင့်ထားပေးပါ။ အိပ်ခန်း၊လျှောက်လမ်း၊အိပ်သာနဲ့ရေချိုးခန်းတို့မှာ မီးခပ်မှိန်မှန်လေးထွန်းထားပေးပါ။ အိပ်ရာထဲမှာ ဒါမှမဟုတ် အလွယ်တကူယူလို့ရတဲ့နေရာမှာ လက်နှိပ်ဓါတ်မီးထားပေးပါ။

ပရိဘောဂတွေကိုသေချာထားပေးပါ – အိမ်ကို တတ်နိုင်သမျှ ရှင်းရှင်းလေးပဲထားပေးပါ။ ပရိဘောဂတွေကိုလည်း အစွန်းထွက်နေတာမျိုးမဖြစ်အောင်လုပ်ပေးပါ။နောက်တစ်ခုကပြတင်းပေါက်နားမှာ ခုံတွေ၊စားပွဲတွေနဲ့ ကလေးတွေတက်လို့ မှီလောက်တဲ့ပရိဘောဂတွေမထားပါနဲ့။ မတော်တဆပြတင်းပေါက်ကနေပြုတ်ကျတာမျိုးဖြစ်နိုင်တာကြောင့်ပါ။

ဒီလိုတွေသတိထားနေရက်က မတော်တဆမှုတွေ ဖြစ်လာခဲ့မယ်ဆိုရင်တော့ ထိခိုက်မိတဲ့ဒဏ်ရာသေးရင် အိမ်မှာပဲ ကိုယ်တိုင် အနာကိုဆေးကြောတာ၊ဆေးထည့်တာ၊ ပလာစတာကပ်တာ၊ ပတ်တီးစည်းတာတွေလုပ်ပေးလို့ရပါတယ်။ အနာကကြီးမယ်ဆိုရင်တော့ အနာဆေးတာလောက်လုပ်ပြီး နီးစပ်ရာဆေးခန်းကို သွားရောက်ပြသပေးပါ။ ဒီလိုတွေလုပ်ပေးဖို့ဆိုရင်တော့ နေအိမ်မှာ အရေးပေါ်ဆေးသေတ္တာလေးတစ်လုံးလောက်ဆောင်ထားဖို့လိုပါမယ်။ဘေးကင်းလုံခြုံတဲ့နေအိမ်လေးအဖြစ် ဒီနည်းလေးတွေ သုံးပြီး ဖန်တီးကြည့်ပါနော်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Home Safety: Preventing Burns, Cuts, and Morehttps://www.webmd.com/a-to-z-guides/wound-care-10/preventing-common-home-injuries?page=1 Accessed Date 1 November 2018

4 Ways to Prevent Injuries at Homehttps://www.careworkshealth.com/blog/4-ways-to-prevent-injuries-at-home/ Accessed Date 1 November 2018

10 Most Common Accidents in the Home and How to Treat Themhttps://www.benenden.co.uk/be-healthy/lifestyle/10-most-common-accidents-in-the-home-and-how-to-treat-them/ Accessed Date 1 november 2018

ယခုပုံစံ

19/08/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အစာအိမ်အနာအဖြစ်များစေတဲ့ အကြောင်းအရင်းများ

ဖိနပ်ပေါက်တဲ့အနာ အမာရွတ်မကျန်စေဖို့ ဒါတွေကို သတိထားပါ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 19/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement