ဒါပေမယ့် နို့ဖြည့်စွက်အာဟာရတွေကို ဆက်ကျွေးလို့ရတယ်ဆိုတာကိုတော့ သိပ်မသိကြပါဘူး။ အဲဒီနို့ဖြည့်စွက် အာဟာရတွေထဲမှာ ကလေးအတွက် ပြည့်ဝတဲ့ အာဟာရတွေ ပါဝင်နေတယ်ဆိုတာကိုလည်း အသိနည်းကြပါတယ်။
တဖွဖွပြောနေတဲ့ အာဟာရဓာတ်တွေက ဘာတွေများကောင်းလို့လဲ………….
ဉာဏ်ရည်ထက်မြက်စေဖို့ အရေးပါတဲ့ DHA – DHA က Omega-3 fatty acids တစ်မျိုးပါ။ ဦးနှောက် နဲ့ ဉာဏ်ရည်ဖွံ့ဖြိုးစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးမှာပါ။ မှတ်ဉာဏ်တည်ဆောက်နေတဲ့ ကြီးထွားဖွံ့ဖြိုးဆဲ ကလေးတစ်ယောက်ကို DHA ပြည့်ဝအောင် ကျွေးမွေးတာက ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်အဖြစ် ကြီးပြင်းလာစေမှာပါ။
lcFos (အကျိုးပြု ဘက်တီးရီးယားအာဟာရ) (Prebiotics) – lcFos (အကျိုးပြု ဘက်တီးရီးယားအာဟာရ) ဆိုတာက (Prebiotics) တစ်မျိုးပါ။ အစာခြေစနစ် တလျှောက်မှာရှိတဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေ ကျန်းမာစေဖို့ အာဟာရဖြည့်တင်းပေးတာပါ။
ကလေးကို လေနာတာကစလို့ ဝမ်းချုပ်တာ၊ ဝမ်းပျက်ဝမ်းလျှောတာလိုမျိုး အစာခြေစနစ်ပြဿနာတွေ ကင်းစေပြီး အာဟာရပြည့်ဝအောင်ထောက်ပံ့ပေးပါတယ်။ ကိုယ်ခံအားကောင်းပြီး ကျန်းမာစေဖို့လည်း ထောက်ပံ့ပေးပါသေးတယ်။
ဗီတာမင် A – အမြင်အာရုံအတွက် အဓိကအရေးပါတဲ့ ဗီတာမင်ဖြစ်ပါတယ်။ အရောင်တွေကို ခွဲခြားတတ်စေဖို့ အားဖြည့်ပေးသလို ကြက်မျက်သင့်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ နောက်တစ်ခုကတော့ ကိုယ်ခံအားကို အားဖြည့်ပေးတာပါ။
ဗီတာမင် C – ကိုယ်ခံအားကောင်းစေပြီး ရောဂါပိုးတွေအန္တရာယ်ကနေ ကာကွယ်ပေးပါတယ်။ အနာကျက် မြန်စေပြီး ဖျားနာမှု ကင်းစေမှာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။